Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 11 September 2013

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကာချုပ်တချို့ ပုံကို စစ်ရုံးတွေမှာ ချိတ်ဆွဲမယ်

 မြန်မာ့ ​တပ်မတော်ရဲ့ ​တပ်ရင်းတပ်ဖွဲ့ရုံးတွေမှာ ​ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ​အစဉ်အဆက်ခေါင်းဆောင်တွေရဲ့ ​ဓာတ်ပုံတွေကို ​စက်တင်ဘာလက ​စပြီး ​ချိတ်ဆွဲရမယ်ဆိုပြီး ​ညွန်ကြားထားတယ်လို့ ​တပ်မတော်နဲ့ ​နီးစပ်တဲ့ ​အသိုင်းအ၀ိုင်းကပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ​ဗိုလ်ချုပ်နေ၀င်း၊ ​ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်စတဲ့ ​ကာကွယ်ရေးဦးစီးချုပ်အဖြစ် ​တာဝန်ထမ်းဆောင်ခဲ့တဲ့ ​လူတွေရဲ့ ​ပုံကို ​ချိတ်ဆွဲဖို့ ​ညွှန်ကြားလာတာလို့ ​တပ်နဲ့ ​နီးစပ်သူတွေက ​အတည်ပြုပြောကြားပါတယ်။

ဒါပေမဲ့ ​တပ်မတော်ရဲ့ ​သမိုင်းမှာ ​ကာကွယ်ရေး ​ဦးစီးချုပ်အဖြစ် ​အမြင့်ဆုံးတာဝန်ယူဖူးခဲ့တဲ့ ​ဗိုလ်ချုပ်ကြီး ​စောမောင်နဲ့ ​ဗိုလ်ချုပ်ကြီး ​တင်ဦးတို့ရဲ့ပုံကို ​ချန်လတ်ခဲ့တာတော့ ​မကောင်းဘူးလို့ ​တပ်မတော်မှာ ​ဗိုလ်မှူးကြီးအဆင့်ထိ ​တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ​အမျိုးသားလွှတ်တော် ​ကိုယ်စားလှယ် ​ဦးလှဆွေက ​ပြောပါတယ်။

တပ်မတော် ​ကာကွယ်ရေးဦးစီးချုပ်တွေ ​တန်းစီမယ်ဆိုရင်တော့ ​အကုန်လုံးတန်းစီ ​သင့်တာပေါ့ဗျာ။ ​ဗိုလ်ချုပ်အောင်ဆန်းကစပြီး ​အကုန်လုံး ​တန်းစီသင့်တယ်။ ​တစ်ယောက်မှာ ​မချိန်ထားသင့်ဘူး။ ​သမိုင်းကို ​မြုတ်မထားသင့်ဘူး။ ​ထောင်ကျသွားတဲ့ ​လူပဲ ​ဖြစ်ဖြစ်၊ ​အတိုက်အခံ ​ဖြစ်သွားတဲ့သူပဲ ​ဖြစ်ဖြစ်ပေါ့။ ​ဗိုလ်ချုပ်ကြီး ​စောမောင်တို့ကိုလည်း ​ချန်မထားသင့်ဘူးလေ။ ​သူတို့လည်း ​တပ်မတော်သမိုင်းမှာ ​ပါခဲ့တဲ့သူတွေပဲ။

အရင်စစ်အစိုးရတွေ ​လက်ထက်က ​ဗိုလ်ချုပ်အောင်ဆန်း ​ပုံကိုတောင် ​ဖျောက်ဖျက်ထားခဲ့ရာကနေ ​အခုလို ​စစ်ရုံးတွေမှာ ​ဗိုလ်ချုပ်ပုံကို ​ပြန်လည် ​ချိတ်ဆွဲမယ်ဆိုရင် ​ကောင်းမွန်ပေမယ့် ​တချို့လူကို ​ချန်ထားတာတော့ ​မလုပ်သင့်ဘူးလို့ ​ဗိုလ်ချုပ်အောင်ဆန်းခေတ်ကို ​မှီခဲ့တဲ့ ​၀ါရင့် ​နိုင်ငံရေးသမားကြီး ​တစ်ဦး ​ဖြစ်တဲ့ ​ဦးသုဝေ ​ကပြောပါတယ်။

ဟိုတုန်းကဆိုရင် ​ဦးနုလို ​ပုဂ္ဂိုလ်တောင် ​သူတို့ ​ချန်ထားခဲ့တာပဲလေ။ ​အစပိုင်းမှာဆိုရင် ​ဗိုလ်ချုပ်အောင်ဆန်းပုံကိုတောင် ​ဖျောက်ထားတာတွေရှိခဲ့တာပဲ။ ​သူတို့က ​မလိုလားဘူးဆိုရင် ​ဒီလိုပဲ ​ချန်ထားခဲ့တာတွေ ​ရှိတယ်။ ​ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ​သူတို့က ​စိတ်ဓာတ်ရေးရာမှာ ​ပျက်ပြားလို့ဆိုပြီး ​အရေးယူတယ်လို့ ​ဟိုတုန်းက ​ပြောထားတာပေါ့ဗျာ။ ​ဒါတွေကြောင့်ပဲ ​ဗိုလ်ချုပ်မှုးကြီးကို ​အသိအမှတ်မပြုတာလား ​ဘာလားဆိုတာ ​မပြောတတ်သေးဘူးပေါ့နော်။ ​အခု ​ချိတ်မယ့်ထဲ ​မပါဘူးဆိုတော့။ ​သမိုင်းဆိုတာကတော့ ​ဖြစ်စဉ်အတိုင်း ​အမှတ်အတိုင်းကို ​ရေးရမှာပဲကို။ ​ဖြစ်စဉ်အတိုင်း ​မှတ်တမ်းတင်ရမှာပဲလေ။ ​ဥပမာအားဖြင့်  ​ဦးစီးချုပ်တွေ ​အကုန် ​လုံးရဲ့ ​ပုံ ​ကို ​ချိတ်မယ် ​ဆိုရင် ​ဦးစီးချုပ်တွေ ​အကုန်လုံးပါသင့်တာပေါ့။ 

အရင်တုန်းကတော့ ​ ဗိုလ်ချုပ်မှူးကြီး ​သန်းရွှေရဲ့ပုံတစ်ပုံထဲကိုသာ ​စစ်ဖက်နဲ့ ​အရပ်ဖက် ​ရုံးတွေမှာ ​ချိတ်ဆွဲခဲ့ရာက ​ခုလို ​အပြောင်းအလဲလုပ်မယ်ဆိုတဲ့ ​သတင်းထွက်ပေါ်နေတဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မဝေစန္ဒာကျော် ​က ​သတင်းပေးပို့ထားပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့