Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 16 September 2013

ရွှေတောင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းသဖြင့် ရပ်ကွက်များသို့ရေ၀င်

၁၄-၉-၂၀၁၃ ရက်နေ့မှ ၁၅-၉-၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ တက်လျက်ရှိရာ ကြာနီကန် ရပ်ကွက်နှင့် ယွန်းတန်းရပ်ကွက်အတွင်းသို့ ၂ ပေမှ ၃ ပေခန့်အထိ ရေများဝင်ရောက်ခဲ့သည်။ ထိုသို့ရေ၀င်ရောက်သဖြင့် ကြာနီကန်ရပ်ကွက်မှ အိမ်ခြေ ၅၇ လုံး၊ ယွန်းတန်းရပ်ကွက်မှအိမ်ခြေ ၆၇ လုံးတို့အား ယွန်းတန်းရပ်ကွက် ““ရွှေမျက်မှန်”” ဘုန်းကြီးကျောင်း အတွင်းသို့ ယာယီပြောင်းရွှေ့ပေးခဲ့ပြီး အိမ်ထောင်စု(၁၂၆)စု၊ လူဦးရေ ကျား(၂၇၄)ဦး၊ မ(၂၈၄)ဦး၊ စုစုပေါင်း(၅၅၈)ဦးတို့အား ရွှေတောင် မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက လုံခြုံရေးနှင့်လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့