Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 8 September 2013

တောင်ဒဂုံကျီစု အနောက်ရပ်ကွက် ပြည်သူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ

စိုက် ပျိုးစရိတ်ချေးငွေထုတ်ပေးရန် လက်မှတ်ထိုးမပေးဟုဆိုကာ ရပ် ကွက်အုပ်ချုပ်ရေးမှူးကို တောင် ဒဂုံမြို့နယ် ကျီစုအနောက်ရပ် ကွက်မှပြည်သူများ စီတန်းလမ်း လျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြ ကြောင်း သိရသည်။

စက်တင်ဘာ ၆ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့၏ခွင့်ပြုမိန့်ဖြင့် ကြွေးကြော် တောင်းဆိုချက်လေးချက်ကို ဆန္ဒ ထုတ်ဖော်ကြခြင်းဖြစ်၍ ယင်း ကြွေးကြော်ချက်များမှာ (က)လယ် သမားအခွင့်အရေးအပြည့်အဝ ရရှိရေး၊ (ခ)ကျီစုအနောက်ရပ် ကွက်စိုက်ပျိုးစရိတ်ချေးငွေအ ပြည့်အဝရရှိရေး၊ (ဂ)တရားဥပ ဒေစိုးမိုးရေး၊ (ဃ)ပြည်သူ့ဝန် ဆောင်မှုပျက်ကွက်သည့်ဝန်ထမ်း အလိုမရှိဟူ၍ဖြစ်သည်။
ယင်းဆန္ဒထုတ်ဖော်ပွဲအား ဦးဆောင်သည့် တောင်ဒဂုံမြို့ နယ်လယ်သမားရေးရာ တာဝန်ခံ ဦးကြည်လင်းက ''ကျန်တဲ့အနီးအ နားက ရွာတွေအားလုံးက ချေး ငွေရတယ်။ ဒီရွာတစ်ရွာတည်း မရတာဆိုတော့ ဒါဟာ မတရား မှုပါပဲ။ ကျိုးကြောင်းခိုင်လုံမှုမ ရှိတဲ့အကြောင်းပြချက်တွေနဲ့ညစ် နေတဲ့ ဒီအုပ်ချုပ်ရေးမှူးကို ပြည် သူတွေ အလိုမရှိတော့ပါဘူး''ဟု ပြောသည်။

ကျီစုအနောက်ရွာမှာ မြို့ ပြအိမ်ရာစီမံကိန်းတွင် ပါဝင် သောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကပင် ချေး ငွေထုတ်မပေးခဲ့ခြင်းကြောင့်နှင့် ကြံ့ခိုင်ရေးပါတီမှ ချေးငွေများမ ကျေသောကြောင့်ဟူသော အ ကြောင်းပြချက်များကြောင့် ချေး ငွေထုတ်ရန် လက်မှတ်မထိုးပေး ခြင်းဖြစ်သည်ဟု သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းစိုးက ''အောက်ခြေကို ဆင်းပြီးလေ့လာကြည့်ပါ။ ဒီနေရာ တွေက အိုးအိမ်ကပိုင်ဆိုင်တဲ့မြို့ ပြစီမံကိန်းနေရာတွေဖြစ်တယ်။ အဲ့ဒါကိုလစ်လပ်နေတဲ့ အချိန်မှာ လယ်ကျူးအနေနဲ့ဝင်ရောက် လုပ် ကိုင်ကြတယ်။ လယ်မြေမဟုတ် တဲ့အတွက် ဘယ်လိုမှလက်မှတ် ထိုးပေးလို့မရပါဘူး''ဟု ပြောသည်။

ကျီစုအနောက်ရပ်ကွက်နေ မမြင့်မြင့်အေးက ''ကျွန်မတို့ချေး ငွေမရတဲ့အတွက် အပြင်ကနေ ၁၀ဝကို ၂ဝတိုးနဲ့ ချေးရတယ်။ အ တိုးကကြီးတော့ ပြန်ဆပ်ရတာနဲ့ တင်လုံးလည်ချာလည်လိုက်နေ တာ ငါးနှစ်ရှိပြီ။ တော်သလင်း ရောက်မှ အချိန်အခါမဟုတ်စိုက်ရ တဲ့ လယ်သမားတွေလဲရှိတယ်။ ကျွန်မတို့ ဒုက္ခရောက်နေတာ ကြာပါပြီ။ အခုလိုပြောခွင့်ရတဲ့အ ချိန်ကျမှ ပြောရဲတာပါ''ဟု ပြော သည်။
ကျီစုအနောက်ရပ်ကွက် တွင် အိမ်ခြေ ၇၀ဝကျော်ရှိ၍ လယ်ဧကစုစုပေါင်းတစ်ထောင် ကျော်ခန့်ရှိသည်ဟုသိရသည်။

ယင်းကဲ့သို့စိုက်ပျိုးချိန်ရောက်ရှိ သည့်တိုင်အောင် ရပ်ကွက်အုပ် ချုပ်ရေးမှူး၏လက်မှတ်ထိုးမပေး ခြင်းကြောင့် ချေးငွေမရရှိခြင်းနှင့် ပတ်သက်၍ ဇူလိုင် ၁၅ရက်တွင် ဌာနဆိုင်ရာငါးခုသို့ တိုင်စာပေးပို့ ခဲ့ပြီးဖြစ်သည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် သမ္မတ ထံသို့လည်းဆက်လက်တိုင်ကြား သွားမည်ဟု သိရသည်။

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့