Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 8 September 2013

မလေးရှားရှိ မြန်မာလုပ်သားများအထောက်အထားထုတ်ပေးရာတွင် ဘိုင်အို မက်ထရစ်စနစ် အသုံးပြုရန်ရှိခြင်း


ယခုစက်တင်ဘာလ(၁)ရက်နေ့မှာစတင်ကာ မလေးရှားနိုင်ငံမှာ စီမံချက်ချမှတ်ပြီး  အထောက် အထားမဲ့ တရားမ၀င်လုပ်ကိုင်လျက်ရှိတဲ့ ပြည်ပလုပ်သားတွေကို
ဖမ်းဆီးလျက်ရှိရာ အဖမ်းခံရမှု တွေထဲမှာ ပြည်ပနိုင်ငံတွေမှလုပ်သားတွေအပါဝင် ပြည်တွင်းမှလေးရှား နိုင်ငံရောက်လုပ်သား အချို့လည်းပါဝင်တယ်လို့ သိရပါတယ်။ 
ဒါကြောင့် ပြည်တွင်းမှသက်ဆိုင်ရာတာဝန်ရှိသူတွေမှ အခုလိုဖမ်းဆီးခံရတဲ့ လုပ်သားတွေထဲမှာ  မြန်မာနိုင်ငံသားများကိုစိစစ်ပြီး အထောက်ထား တွေပြုလုပ်ပေးနိုင်ဖို့  လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အခုလို အထောက်အထားရရှိ အောင် ပြုလုပ်ပေးရာမှာတော့ အချက်လက်များတိကျစေဖို့ ဘိုင်အိုမက်ထရစ်စနစ်ကို အသုံးပြုသွားဖို့ရှိတယ်လို့ သိရပါတယ်။
အဆိုပါစနစ်ဟာ မျက်လုံးနဲ့လက်ဗွေတို့ကို Data  ကောက်ယူတဲ့စနစ်ဖြစ်တာကြောင့် နိုင်ငံသားစိစစ်ရာမှာအထောက်အကူပြုမှာဖြစ်ပါတယ်။ အဲ့ဒီလိုကောက်ယူမှုဟာ   မြန်မာနိုင်ငံသား ဖြစ်မှသာ လိုအပ်တဲ့အထောက်အထားပြုလုပ်နိုင်ဖို့ဆောင်ရွက်မှာဖြစ်တဲ့အတွက်  ဖမ်းဆီးရမိသူတွေထဲမှ မြန်မာနိုင်ငံသားတွေကိုထပ်မံရွေးချယ်ရမှာဖြစ်တယ်လို့ အလုပ်သမားအလုပ်အကိုင်နှင့်လူမှုဖူလုံ ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲ့ဒီလိုဆောင်ရွက်ဖို့အတွက်ကိုတော့ ယခုလ(၉)ရက်နေ့မှာတော့ တာဝန်ရှိသူတွေအနေနဲ့ မလေးရှားသို့သွားရောက်ပြီး ပြည်တွင်းမှအထောက်အထားမဲ့လုပ်သားတွေကို ကာကွယ်နိုင်ဖို့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ယခုလိုဆောင်ရွက်ဖို့အပိုင်းတွေကိုလည်း မလေးရှားနိုင်ငံမှ တာဝန်ရှိသူတွေနဲ့ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ကာမြန်မာနိုင်ငံသားဖြစ်ကြောင်း စီစစ်တွေ့ရှိရ သူတွေကိုတော့ မြန်မာနိုင်ငံကိုပြန်လည်ခေါ်ယူနိုင်ဖို့ဆက်လက်ဆောင်ရွက် သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာမှထုတ်ပြန်ချက်တွေအရ မလေးရှာနိုင်ငံမှာ ဖမ်းစီးခံရတဲ့ လုပ်သားတွေထဲမှာ မြန်မာနိုင်ငံသား (၅၅၅)ဦးပါဝင်တယ်လို့လည်း သတင်းရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့