Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 8 September 2013

ကျင်းပပြုလုပ်သွားမည့် Developer Conference 2013 Yangon


မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကျင်းပပြုလုပ်မည့် Developer Conference 2013    ရန်ကုန်ကို နိုဝင်ဘာလ(၂၃)ရက်နဲ့ (၂၄)ရက်နေ့တွေမှာ
ရန်ကုန်မြို့ရှိ MICT Park မှာကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
အဆိုပါ Developer Conferece  ဟာ တတိယအကြိမ်မြောက် ပြုလုပ်မှာဖြစ်ပါတယ်။ ဒီလို ပြုလုပ်ရာမှာတော့ ပါဝင်ဆွေးနွေးချင်သူများအနေနဲ့ မိုဘိုင်းနဲ့ပတ်သက်တဲ့ အစီအစဉ်များ၊ Web Application ၊ Game Application  နဲ့ Software ပိုင်းဆိုင်ရာတွေအပါအ၀င်  အကြောင်းအရာ(၈)ခုကို တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
အဆိုပါ ခေါင်းစဉ်များနဲ့ ပတ်သက်ပြီး စာတမ်းရေးသားဖတ်ကြားမယ့်သူတွေအနေနဲ့ စာတမ်းခေါင်းစဉ်နဲ့ အကျဉ်းချုပ်ကို စက်တင်ဘာလ(၂၈)ရက်နေ့ နောက်ဆုံးထားပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းကိုပေးပို့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အခုလို Developer Conference 2013 Yangon ကို ပြုလုပ်ပေးမှုဟာ ကွန်ပျူတာပညာရှင်များအနေနဲ့ အိုင်တီအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အသိပညာများ ဖလှယ်နိုင်ဖို့ ရည်ရွယ်တာဖြစ်သလို အိုင်တီအသုံးချ Softwareများ တီထွင်ရေးသား နိုင်ဖို့အတွက် လည်းနှစ်စဉ်ကျင်းပပေးတာ ဖြစ်တယ်လို့ သိရပါတယ်။
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့