Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 19 September 2013

iP System Solution နှင့် အင်တာနက် အသုံးပြုနိုင်ရန် မိတ်ဆက်ခဲ့ခြင်း


စက်တင်ဘာလ ၁၈ ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ ပြည်တွင်းမှ Total Technology Engineering ကုမ္ပဏီမှ ကြီးမှူးပြီး Panasonic ရဲ့ iP System
Solution နည်းပညာ အသုံးပြုပြီး အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်မှု တွေကို မိတ်ဆက် ခဲ့တယ်လို့ သိရပါတယ်။ အခုလို အသုံးပြုရာ မှာတော့ ကုမ္ပဏီ လုပ်ငန်းတွေနဲ့ ဘဏ်လုပ်ငန်း အပြင် အင်တာနက် ချိတ်ဆက် အသုံးပြုမယ့် လုပ်ငန်းကြီးတွေ အတွက် ကောင်းစွာ အထောက်အကူ ဖြစ်တယ်လို့ အဆိုပါ Total Technology မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
 
အင်တာနက်ကို ပြည်တွင်းမှာ  မိုဘိုင်းဖုန်း တွေနဲ့ အသုံးပြုမှုတွေ များပြားလာတဲ့ အပြင် နည်းပညာ တိုးတက်နေတဲ့ ခေတ်နဲ့အညီ အဆိုပါ iP Solution ကို ပြည်တွင်းရဲ့ လုပ်ငန်းတွေမှာ အသုံးပြုဖို့ ရည်ရွယ် တယ်လို့ သိရပါတယ်။ အခုလို မိတ်ဆက်ခဲ့တဲ့ Panasonic ရဲ့ iP Solution နဲ့ အင်တာနက် ချိတ်ဆက်မှုကို အာရှပစိဖိတ် ဒေသ၀န်းကျင်မှာ အသုံးပြုသူ ၄၂ ရာခိုင်နှုန်းခန့် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့