Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 18 September 2013

မဟာမိတ် နိုင်ငံများအား နည်းမျိုးစုံဖြင့် ကာကွယ်ပေးသွားမည့် NATO တပ်ဖွဲ့

NATO တပ်ဖွဲ့၏ Supreme Allied Commander of Europe အစည်းအဝေးကို ဟန်ဂေရီနိုင်ငံ ၊ Budapest မြို့တွင် ၃ ရက်ကြာကျင်းပခဲ့ရာ
ဆီးရီးယား နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော တူရကီ နိုင်ငံကို နည်းမျိုးစုံသုံး၍ ကာကွယ်သွားမည် ဖြစ်ကြောင်း NATO တပ်ဖွဲ့၏ ဥရောပဒေသ စစ်ဆင်ရေး ဆိုင်ရာ တပ်မှူး ဗိုလ်ချုပ်ကြီး Philip Breedlove က ပြောကြားခဲ့သည်။

ဆီးရီးယား နိုင်ငံတွင် ပဋိပက္ခ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ NATO တပ်ဖွဲ့ အနေဖြင့် လိုအပ်ပါက တူရကီ-ဆီးရီးယား နယ်စပ်တွင် တပ်ဖြန့်ချထားသည့် Patriot ဒုံးခွင်းဒုံးများကို ကာကွယ်ရေးအတွက် အသုံးပြုမည် ဖြစ်ကြောင်း ၊  စီးပွားရေး ကျဆင်းနေသော်လည်း မဖြစ်မနေ လိုအပ်သော စစ်ဆင်ရေးများကို ပြုလုပ်သွားရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး Breedlove က ဖြည့်စွက် ပြောကြားခဲ့သည်။

http://www.politics.hu/20130913/nato-task-to-defend-turkey-in-syria-conf...


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့