Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 19 September 2013

တောင်ကိုရီးယား ထိပ်တန်းကော်ပိုရေးရှင်း တစ်ခုဖြစ်သော SK အုပ်စု မြန်မာနိုင်ငံသို့ ဆောက်လုပ်ရေး လုပ်ငန်းဖြင့် စတင်ဝင်ရောက်

တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းကော်ပိုရေးရှင်း တစ်ခုဖြစ်သော SK အုပ်စုသည် မြန်မာနိုင်ငံသို့ ဆောက်လုပ်ရေး လုပ်ငန်းဖြင့် စတင်ဝင်ရောက်လာကြောင်း သတင်းရရှိသည်။
SK Group Construction (Myanmar) Co.,Ltd ရုံးခွဲဖွင့်လှစ်ရန် လျှောက်ထားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ စက်တင်ဘာ ၁၃ ရက်တွင် ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း သိရသည်။
SK သည် တောင်ကိုရီးယားမှ အကြီးဆုံး ကော်ပိုရေးရှင်း ငါးခုအနက် တစ်ခုအပါအ၀င်ဖြစ်ပြီး လုပ်ငန်းနယ်ပယ် အများအပြား လုပ်ကိုင်သော နယ်ပယ်စုံလုပ်ငန်း (Conglomerate-Chaebol) တစ်ခုဖြစ်သည်။ ၎င်းကော်ပိုရေးရှင်းသည် စွမ်းအင်၊ ဓာတုပစ္စည်း၊ တယ်လီကွန်မြူနီကေးရှင်း၊ ကုန်သွယ်ရေး၊ ၀န်ဆောင်မှု၊ လျှပ်ကူးပစ္စည်း ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနှင့် သင်္ဘောလိုင်း လုပ်ငန်းများကို အဓိက လုပ်ကိုင်လျက် ရှိသည်။
SK အုပ်စုတွင် လုပ်ငန်းပေါင်း နှစ်ရာကျော်ရှိပြီး နိုင်ငံပေါင်း ၄၀ ကျော်ရှိ လုပ်ငန်းပေါင်း ၇၀ ကျော်ကိုလည်း ထိန်းချုပ်ထားသည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း ရုံးခွဲ ၁၂၀ ခန့်အထိ ဖွင့်လှစ်ထားပြီး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
SK အုပ်စုအောက်တွင် SK Holdings၊ SK Innovation၊ SK Telecom၊ SKC၊ SKC Solmics၊ SK Chemical၊ SK C&C၊ SK Networks၊ SK Gas၊ SK Communication၊ SK Broadband၊ SK Hynix၊ SK Securities၊ SK E&C၊ SK Energy၊ SK M&C၊ SK E&S၊ SK Telesys၊ SK Shipping၊ SK Telink၊ Walkerhill၊ SK Wyverns စသည့်ကုမ္ပဏီများ ရှိသည်။ အဆိုပါ ကုမ္ပဏီများအနက် SK Telecom ၏ ADRs သည် နယူးယောက် စတော့အိတ်ချိန်းဝင် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။
SK Telecom သည့် ကမ္ဘာ့ပထမဦးဆုံး အနေဖြင့် CDMA 1X EV-DO နည်းပညာဖြင့် 3G ဆက်သွယ်ရေး ၀န်ဆောင်မှုကို စတင်ပေးအပ်နိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာ့ပထမဦးဆုံး DMB Satellite စနစ်၊ ကမ္ဘာ့ပထမဦးဆုံး 3.5 Generation HSDPA ၀န်ဆောင်မှုတို့ကို ပေးအပ်နိုင်ခဲ့သည့် ကုမ္ပဏီ ဖြစ်သည်။
SK အုပ်စုကို ၁၉၅၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဆိုးလ်မြို့တွင် အခြေစိုက်ထားသည်။ ၂၀၁၁ ခုနှစ် စာရင်းများအရ ၀င်ငွေအမေရိကန်ဒေါ်လာ ၉၉ ဘီလျံခန့် ရရှိခဲ့ပြီး အသားတင်ဝင်ငွေ ၁ ဒသမ ၅၁ ဘီလျံ ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ တောင်ကိုရီးယား အခြေစိုက် ထိပ်တန်းကော်ပိုရေးရှင်းကြီးများဖြစ်သော Samsung၊ LG၊ Hyundai၊ Posco စသည့် ကုမ္ပဏီများ ၀င်ရောက်ခဲ့ပြီးဖြစ်ကာ ယခု SK လည်း စတင်ဝင်ရောက်လာခြင်း ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံ၏ အကြီးဆုံး လေဆိပ်ဖြစ်လာမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တောင်ကိုရီးယား အခြေစိုက် Incheon Airport Consortium က တည်ဆောက်ခွင့် ရရှိခဲ့ပြီး လေးနှစ်တာအတွင်း အပြီးတည်ဆောက်ရမည် ဖြစ်သည်။
(SK အုပ်စု၏ ရုံးအဆောက်အအုံ တစ်ခုကို တွေ့ရစဉ် (photo:en.wikipedia.org))
Eleven Media Group

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့