Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 8 September 2013

ပြုလုပ်ခဲ့သည့် Taste of TV Batch-9 သင်တန်းဆင်းပွဲ


Myanmar Media Development Center (MMDC) ရဲ့Taste of TV Batch-9  သင်တန်းဆင်းပွဲကို စက်တင်ဘာလ(၇)ရက်နေ့က ရန်ကုန်မြို့ Junction Square
  ရှိ MMDC  သင်တန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ Taste of TV Batch-9  မှာတော့ သင်တန်းသား(၅၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလ(၁)လကြာမြင့်ခဲ့တာဖြစ်ပါတယ်။

သင်တန်းဆင်းပွဲမှာတော့ သင်တန်မှတာဝန်ရှိသူမှ အမှာစကားပြောကြားခြင်း၊ သင်တန်းသား သင်တန်းသူများရဲ့ သင်တန်းကာလအတွင်းပြုလုပ်ခဲ့တဲ့ ပရောဂျက်များကို ရှင်းလင်းပြသခြင်းနဲ့ သင်တန်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း စတာတွေရှိတာတွေကို ပြုလုပ်ခဲ့ပါတယ်။
MMDC သင်တန်းအနေနဲ့ အခုလို Taste of TV  သင်တန်းများအပြင် ရုပ်သံထုတ်လွှင့်မှုမီဒီယာပိုင်းဆိုင်ရာဒီပလိုမာသင်တန်းများကိုလည်း ဖွင့်လှစ် သင်ကြားပေးနေတာဖြစ်ပါတယ်။
အဆိုပါ Taste of TV  သင်တန်းမှာတော့ Journalism, Presentation Skills, Camera Shooting, Video Editing နဲ့ Audio အစရှိတဲ့ ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြား ပို့ချပေးနေတာဖြစ်ပြီး Taste of TV Batch-10  ကိုလည်း လာမယ့်နိုဝင်ဘာလအတွင်းမှာ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အခုလို မီဒီယာသင်တန်းများဖွင့်လှစ်သင် ကြားပေးနေမှုဟာ မီဒီယာလောကအတွက် များစွာအထောက်အကူရရှိစေမှာဖြစ်ပြီး ထူးချွန်တဲ့ လူငယ်များပေါ်ပေါက်စေဖို့အတွက်ရည်ရွယ်ကာ ဖွင့်လှစ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့