Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 18 September 2013

Yangon International Auto Show အား ၄ ရက်ကြာ ပြုလုပ် သွားမည်


မြန်မာနိုင်ငံရဲ့ အကြီးဆုံးနဲ့ အစည်ကားဆုံး ပြပွဲကြီး တစ်ခု ဖြစ်လာမယ့် Yangon International Auto Show ကားပြပွဲကြီးကို အောက်တိုဘာလ ၁၇
ရက်နေ့မှ ၂၀ ရက်နေ့ အထိ ၄ ရက်တိုင်တိုင် မိုင်ဒါကွင်း မြို့မကွင်း ကြီးမှာ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ကားပြပွဲကြီး မှာတော့ မော်တော်ယာဉ် အကျိုးဆောင် ကုမ္ပဏီများနဲ့ လုပ်ငန်းများ၊ မော်တော်ယာဉ် ထုတ်လုပ် ရောင်းချသူများ၊ ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့် ရရှိသူများ၊ လုပ်ငန်းသုံး ယာဉ်နဲ့ စက်ယာဉ် ယန္တယားကြီးများ၊ ကားနဲ့ ဆက်စပ် အပိုပစ္စည်းများကို အရောင်းပြခန်းပေါင်း ၄၀၀ ကျော်နဲ့ ကျင်းပ သွားမှာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ကားပြပွဲ အတွင်း Car Show Room များ၊ ကားဝယ်ရောင်းများ၊ ကားပွဲစားများနဲ့ အိမ်စီးကားများ ရောင်းချလိုတဲ့ တစ်ဦးချင်း ယာဉ်ပိုင်ရှင်များ အနေနဲ့လည်း ပြပွဲအတွက် သတ်မှတ်နှုန်းထား ပေးသွင်းကာ ပါဝင်ပြသ ရောင်းချနိုင်အောင် စီစဉ်ထားရှိ ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ ကားပြပွဲသို့ သွားရောက် ကြည့်ရှုရုံနဲ့ လူတစ်ဦးကို ကံစမ်းမဲ တစ်စောင် အခမဲ့ ရရှိမှာဖြစ်ပြီး တိုယိုတာ ကားသစ် တစ်စီး အပါအ၀င် တီဗွီ၊ ရေခဲသေတ္တာ၊ ထမင်းပေါင်းအိုး စတဲ့ ဆုမဲပေါင်း ၁၀၀ ကျော်ကို ပြပွဲ ကျင်းပမယ့် ၄ ရက်လုံးမှာ ဖွင့်လှစ်ကံစမ်း သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့