Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 31 July 2013

ယာဉ်နောက်လိုက်၏ ဦးခေါင်း (၃၉) အထူးယာဉ် ကြိတ်

 ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ဘုရင့်နောင်လမ်းနှင့် ပါရမီလမ်းဆုံ မီးပွိုင့်တွင် ဇူလိုင်လ ၂၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က မ.ထ.သ (၃၉) အထူးယာဉ်မှ အသက် ၂၅ နှစ်ခန့်ရှိ ယာဉ် နောက်လိုက် တစ်ဦး ယာဉ်ပေါ်သို့ ခုန်တက်စဉ် ခြေချော်ကျကာ ၎င်း၏ ဦးခေါင်းကို အဆိုပါယာဉ် ၏ နောက်ဘီးဖြင့် ကြိတ်မိပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း လှိုင်မြို့နယ် ယာဉ်ထ...ိန်းတပ်ဖွဲ့စု (၁၆) ရုံးမှ ယာဉ်ထိန်း အရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ လှိုင်သာယာ မြို့နယ်သို့ ပြေးဆွဲသော မ.ထ.သ (၃၉) အထူးယာဉ် သည် ပါရမီလမ်းသို့ ကွေ့ကြောမှ ကွေ့ဝင်ကာ ယာဉ်ကို ဂငယ်ကွေ့ ကွေ့၍ ဘုရင့်နောင်လမ်းမ ပေါ်သို့ ပြန်အတက် ယာဉ်နောက်လိုက်က ယာဉ်ပေါ် ခုန်တက်ရာ ခြေချော် ပြုတ်ကျပြီး ဦးခေါင်း ကို ကြိတ်မိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ဘုရင့်နောင် လမ်းမကြီးနှင့် ပါရမီလမ်းဆုံ မီးပွိုင့်တွင် မ.ထ.သ (၃၉) အထူးယာဉ် အများစုသည် မီးပွိုင့်မိပါက ပါရမီလမ်းအတွင်းသို့ ကွေ့ဝင်ကာ ပါရမီလမ်းအတွင်း ရောက်ပါက ဂငယ်ကွေ့ ပြန်ကွေ့ကာ ဘုရင့်နောင် လမ်းပေါ်သို့ ပြန်လည် ဝင်ရောက်လေ့ရှိကြောင်း အဆိုပါ မီးပွိုင့် တာဝန်ကျ ယာဉ်ထိန်းရဲ တစ်ဦးက ပြောကြားသည်။

ယာဉ်နောက်လိုက်သည် မောင်းဟု အော်ပြီး ယာဉ်ပေါ်သို့ ခုန်တက် စဉ် ဘောင်းဘီနှင့် တံခါး ငြိကာ တလိမ့်ခေါက်ကွေး ပြုတ်ကျပြီး တက်ကြိတ်ခံ ရခြင်း ဖြစ်ကြောင်း အဆိုပါ အနီးရှိ ကုန်တင် ယာဉ်မောင်း တစ်ဦးက ပြော ကြားသည်။

(၃၉) အထူးယာဉ်လိုင်းမှ ယာဉ်မောင်းသည် ယာဉ်ကို ထားကာ ထွက်ပြေး ခဲ့ပြီး ညနေ ၄ နာရီတွင် လှိုင်မြို့နယ် ပိတောက်ချောင်း ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

မိုးအဆက်မပြတ် ရွာသွန်းသဖြင့် ရေကြီး ရေလျှံမှုများ မိုင်းဆတ်၌ ဖြစ်ပေါ်

 ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် ဇူလိုင် ၂၈ ရက်၊ ညနေ ၅ နာရီ ခန့်က စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းသဖြင့် မြေနိမ့်ပိုင်းနေရာများဖြစ်သည့် မယ်ဆွမ်ေ...မြာက်ရပ်ကွက်တွင် လူနေအိမ်ခြေ(၂၀)လုံး၊ ဟိုနားကျေးရွာအုပ်စု၊ ဟိုနားကျေးရွာတွင် လူနေအိမ်ခြေ (၂)လုံးနှင့် ဈေးဆိုင်(၁)ဆိုင်တို့ အတွင်းသို့ ရေများအမြင့် (၂)ပေခန့် ယနေ့ နံနက်က ၀င်ရောက်ခဲ့သည်။

အဆိုပါ ရေကြီး၊ ရေလျှံခြင်းများ ဖြစ်ပေါ်လျက်ရှိသည့် နေရာများသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်တို့ ဦးဆောင်ပြီး၊ တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ စားသောက် ဖွယ်ရာများနှင့် လိုအပ်သည်များ ပံ့ပိုးကူညီစောင့်ရှောက် ပေးလျက် ရှိသည်။

မိုင်းဆတ်မြို့တွင် မိုးရာသီ၌ မိုးအဆက်မပြတ် ရွာသွန်းပါက နှစ်စဉ် ရေကြီးရေလျှံခြင်းများ ကြုံတွေ့ရကြောင်း ဒေသခံတစ်ဦးဖြစ်သူ က ပြောကြားသည်။

သတင်းပေးပို့သူ။ ။ ဝေယံလင်းလက်(မိုင်းဆတ်)

ပါကစ္စတန် အကျဉ်းထောင်ကို တာလီဘန်တွေက တိုက်ခိုက်ခဲ့

 ပါကစ္စတန် အနောက်မြောက်ဖက်က အကျဉ်းထောင်တခုကို တာလီဘန် စစ်သွေးကြွတွေက ဆန်းဆန်းပြားပြား တိုက်ခိုက် ခဲ့ကြပြီး ရာနဲ့ချီတဲ့ အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက် နိုင်အောင် ကြိုးစားခဲ့ကြောင်း အရာရှိတွေက ပြောပါတယ်။

Dera Ismail Khan မြို့နားမှာ ရှိတဲ့ ထောင်ကို လျှပ်စစ်မီးလိုင်းတွေကို ဖောက်ခွဲ ဖြတ်တောက်ကာ ထောင်အပြင်ဖက် နံရံကို ပေါက်ကွဲ စေတက်တဲ့ အရာ တွေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ထောင်ပိုင်က ပြောပြီး တိုက်ခိုက်သူတွေ ထဲက တချို့က ရဲ အယောင်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။

နောက်ပြီး ပြိုကျသွားတဲ့ ထောင်နံရံပေါက်တွေကနေ ဝင်ပြီး ဒုံးကျည်တွေ ၊ သေနတ်တွေ ၊ တခြား ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့ကြတယ်လို့ သိရပါတယ်။

ပါကစ္စတန် တာလီဘန် ပြောခွင့်ရသူ ကတော့ အကျဉ်းသား သုံးရာကျော် ထွက်ပြေး လွတ်မြောက်သွားတယ် ဆိုပေမယ့် ဒါကို အတည်ပြုချက် မရသေးပါဘူး။

ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကနီမြို့တာရိုးပြိုကျ



စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာခရိုင် ကနီမြို့သည် ချင်းတွင်းမြစ်ကမ်းနံဘေးတွင်တည်ရှိသော မြို့ဖြစ်သဖြင့် နှစ်စဉ် မိုးရာသီ ရောက်တိုင်း ချင်းတွင်းမြစ်ရေတက်ချိန်တွင်  မြစ်ရေတိုက်စားခြင်းကြောင့် တာပေါင်များကျိုးခြင်းနှင့် မြစ်ရေလျှံ တက်ခြင်းတို့ ခံရမြဲဖြစ်သည်။

ယခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် မိုးရွာသွန်းသဖြင့် ချင်းတွင်းမြစ်ရေတက်ပြီး ဇူလိုင် ၂၇ ရက် နံနက် ၆ နာရီ ၂၅ မိနစ်တွင် ကနီမြို့၌   ချင်းတွင်း မြစ်ရေ စိုးရိမ်ရေမှတ် ၁ဝ၆၉ စင်တီမီတာသို့ရောက်ရှိခဲ့ သည်။ အရှိန်ပြင်းစွာ စီးဆင်းမှုကြောင့်  ကနီမြို့ကမ်းနား လမ်းရှိ ရေထိန်းနံရံနှင့် တာပေါင် ပေ ၂ဝ ခန့်ပြိုကျခဲ့ကြောင်း  သိရသည်။

ချင်းတွင်းမြစ်ရေတက်မှုနှင့် ပတ်သက်ပြီး အမှတ် (၂) ရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးက  ချင်းတွင်းမြစ်ရေ ဆက်လက် မြင့်တက်လာလျှင် ကနီမြို့အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်ရှိ မြေအနိမ့်ပိုင်းများသို့ ရေများဝင်ရောက်မှု ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။  

ကလေးတွေ ပြည့်တန်ဆာ အဖြစ် အသုံးချခံနေရတာကိုFBIနှိမ်နင်း

အက်ဖ်ဘီအိုင် စစ်ဆင်ရေး အကြောင်း ရှင်းပြနေတဲ့ ရွန် ဟော့စ်ကို အမေရိကန် ပြည်ထောင်စုမှာ ကလေးတွေ ပြည့်တန်ဆာ အဖြစ် အတင်း အဓမ္မ ရောင်းစားခံနေရတာတွေကို နှိမ်နင်းတဲ့ သူတို့အဆိုအရ အကြီးဆုံး စစ်ဆင်ရေး တခု ဆင်နွှဲခဲ့တယ်လို့ ဆိုပြီး ကလေး တရာကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အက်ဖ်ဘီအိုင် FBI ထောက်လှမ်းရေး အဖွဲ့ကြီးက ပြောပါတယ်။

အများအားဖြင့် မိုတယ် တည်းခိုခန်းတွေ ၊ လောင်းကစားဝိုင်းတွေနဲ့ ကုန်တင်ကား ရပ်နားရေးစခန်း တွေက ပြည့်တန်ဆာခေါင်း အယောက် ၁၅ဝ ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ အက်ဖ်ဘီအိုင်က ဆိုပါတယ်။

သူတို့ဟာ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေ ၊ လူကုန်ကူးမှုတွေနဲ့ ဗဟို အစိုးရ ၊ ပြည်နယ် အစိုးရ ဆိုင်ရာ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

အက်ဖ်ဘီအိုင် အဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူးရဲ့ အပြောအရ ကလေးတွေကို ပြည့်တန်ဆာ အဖြစ်အသုံးချမှုဟာ အမေရိကန် တလွှားက ကလေးတွေကို ဆက်လက် ခြိမ်းခြောက် အန္တရာယ် ပေးနေတယ်လို့ ဆိုပါတယ်။

တရားဝင်မှတ်ပုံတင်ဖို့ ကားစာရင်း ပေးပို့ရန် တောင်ပိုင်း ဝ တပ်ဖွဲ့အား တိုင်းမှူးညွှန်ကြား

ဝ ထိန်းချုပ်နယ်မြေအတွင်းမှကားများ (Photo:SHAN) ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA တောင်ပိုင်း ဝ တပ်ဖွဲ့ပိုင် ကားစာရင်းပေးပို့ရန်  အစိုးရက ညွှန်ကြားထားသော်လည်း တောင်ပိုင်း ဝ တပ်ဖွဲ့က တစုံတရာ တုန့်ပြန်မှု မပြုသေးကြောင်း သိရှိရပါသည်။

“SW, NW တံဆိပ်ပါ တောင်ပိုင်း ဝ တပ်ဖွဲ့ရဲ့ကားစာရင်းအားလုံး ပို့ပေးဖို့ ပြောလာတယ်။ ဥပဒေနဲ့ အညီ လိုင်စင်လုပ်ဖို့၊ အခွန်ပေးဆောင်ဖို့ပေါ့။ ဒါမှလွတ်လွတ်လပ်လပ်သွားလာနိုင်မှာလေ။ ဒါပေမဲ့ ဝ တပ်ဖွဲ့က ပို့ပေးမှာလား မပို့ပေးဘူးလားဆိုတာ ဘာမှအကြောင်းမပြန်သေးဘူး” ဟု မိုင်းဆတ် ဒေသခံတစ်ဦးက ပြောပါသည်။

ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA နှင့် အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ဂျူလိုင် ၁၂ ရက်နေ့ ကျိုင်းတုံ၌ တွေ့ဆုံပြီးနောက် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထွန်းဦးက တောင်ပိုင်း ဝ တပ်ဖွဲ့ စစ်ဒေသ အမှတ် ၁၇၁ ပိုင် ကားစာရင်း ပေးပို့ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ဆို၏။

“ကျိုင်းတုံမှာတွေ့ဆုံတုန်းက နှစ်ဘက်တပ်တွေ ရုပ်သိမ်းမယ်လို့ ကျိုင်းတုံတိုင်းမှူးက ပြောတယ်လို့ လူကြီးတွေက ပြန်ပြောပြတာ။ ကျနော်တို့ဘက်ကလဲ ကားတွေကို တရားဝင်လိုင်စင်တင်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာရှိသမျှကားစာရင်းတွေပေးပို့ဖို့တော့ မဖြစ်နိုင်ဘူး” ဟု မိုင်းတုံမြို့နယ်အတွင်းရှိ ၀ တပ်ဖွဲ့အရာရှိငယ်တဦးကသျှမ်းသံတော်ဆင့်အား ပြောပါသည်။

ဂျူလိုင်လဆန်းပိုင်း မိုင်းဆတ်မြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် UWSA တောင်ပိုင်း ဝ တို့ စစ်ရေး တင်းမာစဉ်က ဝ တပ်ဖွဲ့ကားများ သွားလာမည်ဆိုပါက အစိုးရဂိတ်များထံ ကြိုတင်အကြောင်းကြား ခဲ့ရကြောင်း သိရှိရပါသည်။

၁၉၈၉ ခုနှစ်မှစ၍ စတင်အပစ်ရပ်ခဲ့သော ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA သည် သီးခြားပြည်နယ် ထူထောင်ရန် နေပြည်တော်အစိုးရထံအကြိမ်ကြိမ်တင်ပြထားသည်။

တရားရုံးက စီရင်လိုက်သည့်အမှုများကို ဝေဖန်နိုင်ပြီ

 လွန်ခဲ့သော နှစ်ကိုးဆယ်နီးပါးက ပြဌာန်းထားသည့် ဥပဒေဟောင်းကို ဖျက်သိမ်းပြီး ဇူလိုင် ၂၉ ရက်တွင် အသစ်ပြဌာန်းလိုက်သည့် တရားရုံး မထီမဲ့မြင်ပြုမှုဥပဒေသစ်တွင် တရားသူကြီးက အမိန့်ချမှတ်ပြီးသည့် အမှုကို ဝေဖန်နိုင်ကြောင်း ထည့်သွင်းပြဌာန်းထားသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ယင်းပြဌာန်းချက်သည် “ စီရင်ချက် ချလိုက်လို့ အဲ့ဒီ စီရင်ချက်ကြီးက မမှန်ကန်ဘူး၊ မမျှတဘူး၊ တစ်ဖက်ဖက်ကို ဘက်လိုက်တဲ့အကြောင်း ရှိနေတယ်၊ ဘာညာ သုံးသပ်မယ်ဆိုရင် သုံးသပ်လို့ ရသွားပြီပေါ့ဗျာ။ အင်မတန် ကောင်းတဲ့အချက်ပါပဲ”ဟု မှတ်ချက်ပြုသည်။

အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ကိုလိုနီ ပြုလုပ်ထားသည့်အချိန် ၁၉၂၆ ခုနှစ်က ပြဌာန်းထားသည့် တရားရုံး မထီမဲ့မြင်ပြုမှုဥပဒေကို ပယ်ဖျက်ပြီး အသစ်ပြဌာန်းသည့် ယင်းဥပဒေ၏ ပုဒ်မ ၈ တွင် ထိုသို့ ပြဌာန်းထားခြင်းဖြစ်သည်။

စီရင်ချက်ချပြီးသည့် အမှုအပေါ် ဝေဖန်မှု၊ သုံးသပ်မှုများကိုလည်း ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်းများလည်း လုပ်ဆောင်နိုင်ပြီး ထိုသို့ ပြုလုပ်မှုသည် တရားရုံးကို မထီမဲ့မြင် လုပ်မှုမမြောက်ကြောင်း ထိုပုဒ်မတွင်ထည့် သွင်းထားသေးသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အထက်လွတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ထိုအချက်သည် တရားစီရင်ရေး၏ အလားအလာကောင်း ဖြစ်သည်ဟုလည်း သုံးသပ် ပြောဆိုသည်။

ထို့ပြင် တရားစီရင်နေဆဲ ကာလတွင်လည်း အမှုနှင့်ပတ်သက်၍ မှန်ကန်တိကျ ခိုင်လုံသော အကြောင်းအရာ တစ်ရပ်ရပ်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထုတ်ဖော်ကြေငြာခြင်း၊ သတင်းအဖြစ် ရေးသားခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းနှင့် ဖြန့်ချိခြင်းသည် တရားရုံးကို မထီမဲ့မြင်ပြုမှု မမြောက်စေရဟုလည်း အဆိုပါဥပဒေ၏ ပုဒ်မ ၇ တွင် ပြဌာန်းထားသည်။

တရားခွင်ကို အများပြည်သူ ၀င်ရောက်ခွင့်မရှိဘဲ သီးသန့် စစ်ဆေးသည့် အမှုများကိုပင်လျှင် ဥပဒေမချိုးဖောက်ဘဲ ရေးသားလျှင် လည်းကောင်း၊ တရားရုံးက အတိအလင်း ပိတ်ပင်မထားလျှင် လည်းကောင်း၊ တရားစီရင်ရေးတွင် အငြင်းပွားဆဲ လျှို့ဝှက်ကိစ္စ မဟုတ်လျှင်လည်းကောင်း ပုံနှိပ်ထုတ်ဝေ ဖြန့်ချိနိုင်သည်ဟုပင် ထိုဥပဒေက ကင်းလွတ်ခွင့်ပေးထားသည်ကိုလည်း လေ့လာတွေ့ရှိရသည်။

သို့သော် တရားရုံးကို မထီမဲ့မြင်လုပ်မှု မြောက်စေသော လုပ်ရပ်များကို ပြုလျှင်မူ အများဆုံး ငွေဒဏ် တစ်သိန်းနှင့် ထောင်တစ်နှစ် ချမှတ်နိုင်ပြီး၊ တရားမဆိုင်ရာ မထီမဲ့မြင်မှု ဖြစ်လျှင် ငွေဒဏ်တစ်သိန်းနှင့် ထောင်သုံးလ ချနိုင်ကြောင်းလည်း ဥပဒေတွင် ထည့်သွင်း ပြဌာန်းထားသည်။

မိန်းကလေး စိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ ချစ်ကြိုက်ခဲ့ပြီးမှ မိန်းမယူသွား၍ လူသတ်မိသူ ထောင်ဒဏ် ခုနစ်နှစ်ချမှတ်

 ရေတာရှည်    ဇူလိုင်      ၃ဝ

ရေတာရှည်မြို့နယ်  ဆွာချောင်းရေလှောင်တမံရေပြင်  ဝံဂဲတဲစုတွင်  မိန်းကလေးစိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ အတူ နေထိုင်လာသူက အိမ်ထောင်ပြုသွားသည်ကို မကျေနပ်၍ သတ်လိုက်သူကို ဇူလိုင် ၁၇ ရက်က အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဆွာချောင်းရေလှောင်တမံရေပြင်အတွင်းရှိ ဝံဂဲတဲစုနေ ဝင်းဇော်ဦး(၃ဝ)နှစ်  ၄င်း၏တဲပေါ်တွင် ရင်ဝ၌ထိုးသွင်းဓားဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးနေကြောင်း သတင်းအရ ဆွာနယ်မြေ ရဲစခန်းမှ  စခန်းမှူး ရဲအုပ်သောင်းစံ  ဦးစီးရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သည့် မိန်းကလေးစိတ်ပေါက်နေသူ မော့လေး(ခ)ချစ်ထွေး(၂၂)နှစ်ကို ကျွန်းပင်ဆိပ်ကျေးရွာတွင် ဖမ်းဆီးရမိခဲ့သည်။

ဆွာချောင်း ဆည်ရေပြင် အတွင်း ငါးရှာသည့်အလုပ်လုပ်ကိုင်သော ဝင်းဇော်ဦးက မော့လေး(ခ)ချစ်ထွေးကို ဝင်ငွေကောင်းသော ငါးရှာခြင်းအလုပ်ကို လုပ်ကိုင်ရန် ပြောဆိုပြီး ဝင်းဇော်ဦးတို့နေထိုင်သော ဝံဂဲတဲစုတွင် အတူနေထိုင်ကာ ငါးရှာသည့် အလုပ်ကို ဝင်းဇော်ဦးနှင့် အတူ လုပ်ကိုင် ခဲ့ပြီး ဝင်းဇော်ဦးနှင့် မိန်းကလေးစိတ်ပေါက်နေသူ မော့လေး(ခ)ချစ်ထွေးတို့ ချစ်သူအဖြစ် ခုနစ်နှစ်ကြာ အတူနေထိုင်လာ ခဲ့ကြောင်း ယခုနှစ်သင်္ကြန်အပြီး ဝင်းဇော်ဦးက တစ်တဲစုတည်းနေ မိန်းကလေးနှင့်ချစ်ကြိုက်ကာ ခိုးယူထွက်ပြေးသွားသည် ကို မော့လေး(ခ) ချစ်ထွေးက မကျေနပ်၍ မေ ၃ ရက် မွန်းလွဲပိုင်းက ငါးဖိုးစာရင်း ရှင်းကြရင်း စကားများရာမှ ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်းသိရ၍ ဆွာ နယ်မြေ ရဲစခန်းက ပြစ်မှုကျူးလွန်သူ မော့လေး(ခ)ချစ်ထွေးအား (ပ)၇၄/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ပြီး စွဲချက်အမှတ် ၉၁/၂ဝ၁၃ ဖြင့် တောင်ငူခရိုင် တရားသူကြီးရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ (ဒု)ခရိုင်တရားသူကြီးရုံးမှ ရာကြီး ၃၁/၂ဝ၁၃ ဖြင့် လက်ခံကြားနာစစ်ဆေးကာ ပြစ်မှုထင်ရှား၍ ပြစ်မှုပုဒ်မ ၃ဝ၂ (၂)အရ အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် ဇူလိုင် ၁၇ ရက်က အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။   

မြန်မာ့အလင်း

Monday 29 July 2013

ပရိသတ်ရင်ထဲလည်း မရောက်နိုင်ဘူးဆိုရင် မရိုက်ချင်တော့ဘူး လို့ဆိုတဲ့ သရုပ်ဆောင် နဝရတ်နှင့် တွေ့ဆုံခြင်း

အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ရုံတင်ပြသတော့မည့် တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကား နှင့်အတူ ပရိသတ်များနှင့် တစ်ကျော့ပြန် ပြန်လည်ထိတွေ့ဖို့ ကြိုးစားလာသော သရုပ်ဆောင နဝရတ်နှင့် တွေ့ဆုံပြီး ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ဇာတ်ကားရိုက်ကူးမှု များကို ၂ နှစ်နီးပါးကြာ ရပ်နားထားရသည့် အကြောင်းအရင်းနှင့် မလေးရှားနိုင်ငံတွင် ရိုက်ကူးမည့် မဟာဆန်တဲ့ မာယာမျက်နှာဖုံး ရုပ်ရှင်ဇာတ်ကားများ အကြောင်းကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice : တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖြစ်သွားပုံကနေ စပြောပေးပါဦး။

NWR : ဒီရုပ်ရှင်ကား ရိုက်ဖြစ်သွားပုံက နဝရတ်က ဒါရိုက်တာနေပိုင်နဲ့ မြခွာညို အိမ်ရာမှာ ဇာတ်ကားရိုက်နေတုန်း ဈေးထဲက မိန်းမတစ်ယောက်က ကလေးလေးချီပြီးတော့ ရောက်လာပြီး တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ဝတ္ထုအရမ်းကောင်းတယ်တဲ့။ မနဝရတ်နဲ့လည်း လိုက်တယ်၊ ရိုက်ပါလား လို့ပြောတော့ မနက်ဖြန် ရိုက်ကွင်းကို ယူလာခဲ့၊ ဖတ်ကြည့်မယ်လို့ ပြောလိုက်တယ်။ သူယူလာတော့ ဒါရိုက်တာနေပိုင်က သူအရင် ဖတ်ကြည့်မယ်ဆိုပြီး ယူသွားတယ်။ သူဖတ်ပြီးတော့ ငိုရတယ်လို့ ပြောတယ်။ နဝရတ်မဝယ်ရင် ကျွန်တော်ဝယ်မယ်လို့ ပြောတော့ နဝရတ်လည်း ဝယ်ဖြစ်သွားတယ်။ ဝတ္ထုဝယ်ပြီးတော့ ဇာတ်ကားရိုက်ဖို့ ၂ နှစ်လောက် ငွေစုရတယ်။ ဇာတ်ရုပ်နဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်တွေကို သေချာရွေးပြီး ပရိသတ်တွေအတွက် စေတနာအပြည့်နဲ့ အကောင်းဆုံး ရိုက်ကူးခဲ့တယ်။ အများကြီးလည်း ကုန်တယ်။ သူများကားတွေထက် နှစ်ဆလောက် ကုန်တယ်။

Voice : ဒီဇာတ်ကား ရိုက်ကူးစဉ်က ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ အမှတ်တရတွေရှိရင် ပြောပြပေးပါဦး။

NWR : အမှတ်တရတွေ ကြုံခဲ့ရတာတော့ အများကြီးပါပဲ။ ရိုက်မယ်လို့စပြီး ကန်တော့ပွဲပေးကတည်းက ထူးထူးဆန်းဆန်း တွေချည်းပဲ ဖြစ်တာ။ မြွေတွေ တွေ့တယ်။ ကန်တော့ပွဲ ထိုးဖို့အတွက် အလိုတော်ပြည့် ဆရာတော်က ပိတောက်ပန်းမှရမယ်လို့ ပြောတော့ လိုက်ရှာပေမယ့် ပိတောက်ပန်းက ရှာလို့မရဘူး။ ရှုတင်မန်နေဂျာ ကိုဆွေက သူတို့ရပ်ကွက်ထဲမှာ မိုးတွေရွာတော့ ကျိုးကျတဲ့ ပိတောက်ကိုင်းမှာ ပိတောက် ပန်းလေးတစ်ခက်တည်း ပါတာကို ယူလာပေးလို့ အဆင်ပြေသွားတယ်။ အဲ့ဒီလိုမျိုး ထူးဆန်းတာလေးတွေ တောက်လျှောက် ဖြစ်တယ်။

Voice : ဒီကားမှာ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ရတာဆိုတော့ ဇာတ်ကောင်စရိုက် ကွဲပြားဖို့အတွက် ဘယ်လိုအားထုတ်ခဲ့ရလဲ။

NWR : နဝရတ် ဒီကားကို ရိုက်တော့မယ် ဆိုတဲ့အချိန်မှာ ဇာတ်ကောင်ရဲ့ Mood ကတော့ ကိုယ့်မှာအပြည့်ပဲ။ ဇာတ်ကောင်က ကိုယ်နဲ့လည်း အရမ်း လမိုင်းကပ်တယ်။ ရိုက်ကူးရေးပိုင်း မှာလည်း မိုးတွင်းရိုက်ခဲ့ပြီးတော့ မိုးတစ်စက်မှ မရွာဘူး။ မိုးရွာလို့ ထိုင်စောင့်နေရတာမျိုး မရှိခဲ့ဖူးဘူး။ သရုပ်ဆောင်တွေ များပေမယ့်လည်း အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းပဲ။ အရမ်း ရိုက်လို့ကောင်းတယ်။ ကိုယ်သရုပ်ဆောင်ခဲ့ရတဲ့ အခန်းတွေကိုလည်း ကျေနပ်တယ်။ အခုအချိန် ပြန်လုပ်ရင်တောင် မရနိုင်တော့တဲ့ အိုက်တင်တွေကို လုပ်ခဲ့ရတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် အရမ်းကျေနပ်တယ်။ အစ်မတို့ အနုပညာလောက စကားနဲ့ပြောရရင် လမိုင်းကပ်တယ်လို့ ခေါ်မှာပေါ့။

Voice : သစ်ရိပ်စံနဲ့ မေမြတ်ထန်ဆိုတဲ့ ဇာတ်ကောင်နှစ်ခုမှာ ကိုယ်ကိုယ်တိုင်ကရော ဘယ်ဇာတ်ကောင်စရိုက်ကို သရုပ်ဆောင်ရတာ ပိုအားရလဲ။

NWR : သစ်ရိပ်စံကတော့ ဒရာမာ ဇာတ်ကားတွေမှာ အစ်မလုပ်နေကျ ပုံစံမျိုးပဲ။ မေမြတ်ထန်လို ပုံစံမျိုးကတော့ အစ်မအတွက် နည်းနည်းခက်တယ်။ အဲဒီအတွက် မေမြတ်ထန်နေရာမှာ သရုပ်ဆောင်နိုင်ဖို့ ပိုပြီးကြိုးစားခဲ့ရတယ်။

Voice : ဒီဇာတ်ကားမှာ နှစ်ကိုယ်ခွဲလည်း သရုပ်ဆောင်ထားတယ်၊ ကိုယ်ကိုယ်တိုင်ကလည်း အားရတယ်ဆိုတော့ ထူးချွန်ဆုတစ်ဆု မျှော်လင့်ထားတာမျိုး ရှိလား။

NWR : အစ်မက ဒီဇာတ်ကားလေးကို ပရိသတ်ရဲ့ရင်ထဲ အနက်ရှိုင်းဆုံး နေရာအထိ ရောက်ရင်ကျေနပ်ပြီ။ ကျန်တာကတော့ အစ်မရဲ့ကံပါပဲ။

Voice : ဒီဇာတ်ကားကို ပြည်တွင်းမှာအပြင် ပြည်ပမှာပြဖို့ စီစဉ်ထားတာရှိရင် ပြောပြပေးပါဦး။

NWR : အစကတော့ ဒီကားကို ပြည်ပမှာအရင်ပြဖို့ စီစဉ်ထားတာ။ ကိုယ့်ရဲ့ ပရိသတ်တွေအတွက် သူများထက် နှစ်ဆလောက် အကုန်ခံပြီး သေချာလေး ရိုက်ထားတဲ့ကားဆိုတော့ ဦးဦးဖျားဖျား မြန်မာ ပရိသတ်တွေကို အရင်ပြချင်တယ်။ အမေရိကမှာ ပြိုင်ပွဲဝင်ဖို့ အစီအစဉ် လုပ်ထားတာကို အစ်မဖျက်လိုက်ပြီးတော့ မြန်မာပြည်မှာပဲ အရင်ရုံတင်မယ်။ နောက်နှစ်ကျမှ နိုင်ငံခြားမှာ ပြဖို့လုပ်တော့မယ်။

Voice : နဝရတ်က ဇာတ်ကားတွေ မရိုက်ဖြစ်တာ တော်တော်လေးကြာပြီနော်။ ဘာကြောင့် နားဖြစ်သွားတာလဲ။

NWR : ဇာတ်ကားတွေ မရိုက်တော့တာ ၂ နှစ်လောက်ရှိပြီ။ လုံးဝကို အပြင်ထုတ်လုပ်ရေး တွေနဲ့ မရိုက်တော့တာ။ အဓိကကတော့ ကိုယ်လုပ်ချင်တာလေးတွေကို စိတ်ပါမှပဲ လုပ်ချင်တော့တယ်။ ဇာတ်လမ်းကလည်း ဘာမှလည်းမထူးဆန်းဘူး။ ပရိသတ်ရင်ထဲလည်း မရောက်နိုင်ဘူးဆိုရင် မရိုက်ချင်တော့ဘူး။ ဆယ်ကား ရိုက်မယ့်အစား ကောင်းတဲ့တစ်ကားလောက်ပဲ ရိုက်မယ်ဆိုပြီး ရွေးလိုက်တဲ့ သဘောပေါ့။ ကိုယ့်ကိုယ်ပိုင် ငွေလမင်း ထုတ်လုပ်ရေးနဲ့ပဲ ပရိသတ်တွေအတွက် ကိုယ်ချပြချင်တဲ့ ဇာတ်ကားလေးတွေကို ပရိသတ်တွေအတွက် ရိုက်ပြချင်တယ်။ အရင်တုန်းကလို တစ်နှစ်ကိုသုံးကားလောက် လှည့်ပတ်ရိုက်ပြီးတော့ ကိုယ့်အတွက် ဘာမှမကျန်တဲ့ ဇာတ်ကားမျိုးတွေဆို မရိုက်ချင်တော့ဘူး။

Voice : ငွေလမင်း ထုတ်လုပ်ရေးကနေရော ဇာတ်ကားတွေ ဘယ်နှကားလောက် ရိုက်ပြီးသွားပြီလဲ။

NWR : နဝရတ်တို့ ငွေလမင်း ထုတ်လုပ်ရေးကနေ ဗီဒီယိုဇာတ်ကား ခြောက်ကားနဲ့ ရုပ်ရှင်ဇာတ်ကား သုံးကား ရိုက်ပြီးသွားပြီ။

Voice : မလေးရှားမှာရိုက်မယ့် မဟာဆန်တဲ့ မာယာမျက်နှာဖုံး ရုပ်ရှင်ဇာတ်ကား အကြောင်း ပြောပြပေးပါဦး။

NWR : ဒီရုပ်ရှင်ရိုက်ဖို့ အစ်မတို့ မလေးရှားကို သြဂုတ်လ ၁၀ ရက်နေ့သွားမယ်။ အစ်မက မလေးရှားရောက် မြန်မာအလုပ်သမား တစ်ယောက်နေရာက သရုပ်ဆောင်ရမယ်။

Voice : ဒီဇာတ်ကားမှာ သရုပ်ဆောင်ဖို့ မူလကသဘောတူထားတဲ့ မင်းသားတစ်ယောက်ကတော့ နုတ်ထွက်သွားတယ်။ နဝရတ်ကရော ဒီကားကို ရိုက်ဖို့ ဘယ်လိုယုံကြည်ချက်တွေနဲ့ လက်ခံဖြစ်တာလဲ။

NWR : အစ်မနဂိုကတည်းက ဒီကားရဲ့ ရည်ရွယ်ချက်ကို ကြိုက်တဲ့အတွက် ရိုက်ဖို့လက်ခံဖြစ်တယ်။ ဟိုမှာ ဘယ်လိုအန္တရာယ် မှလည်း မတွေ့နိုင်ဘူးလို့ ယုံကြည်တယ်။ အခုဆိုရင် အားလုံးငြိမ်းချမ်းသွားပြီ။ မြန်မာပရိသတ်တွေ အပေါ်မှာထားတဲ့ အစ်မရဲ့စေတနာ အကျိုးပေးတယ်လို့ ပြောရမှာပေါ့။

Voice : တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်ပြော ပြပေးပါဦး။

NWR : တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ဇာတ်ကားက နဝရတ်ကို အားပေးတဲ့ ပရိသတ်တွေအတွက် ကျေးဇူးဆပ်တဲ့ အနေနဲ့ ရိုက်ကူးထားတဲ့ ကားလေးပါ။ ပရိသတ်တွေရဲ့ရင်ထဲကို အနက်ရှိုင်းဆုံး ရောက်လိမ့်မယ်ထင်လို့ ခက်ခက်ခဲခဲ ကြိုးကြိုးစားစားနဲ့ သရုပ်ဆောင်ထားပါတယ်။ ပရိသတ်တွေက အသိအမှတ်ပြုတယ်ဆိုရင် ကျေနပ်ပါတယ်လို့ ပြောချင်ပါတယ်။

(သန့်ဇင်ဦး) The Voice Weekly

ကိုယ့်မြန်မာ ဝတ်စုံတွေကိုတော့ မပျောက်ပျက် စေချင်ဘူး။(ယုသန္တာတင်)


မြန်မာမိန်းကလေး တစ်ဦးအနေနဲ့ မြန်မာဆန်ဆန် အဝတ်အစားတွေ ဝတ်တာ မလိုက်ဖက်ဘူး ရယ်လို့ မရှိပါဘူး။ အမှန်ပြောရရင် ကိုယ့်မြန်မာ ဝတ်စုံတွေကိုတော့ မပျောက်ပျက် စေချင်ဘူး။(ယုသန္တာတင်)


 မေး - မြန်မာဆန်ဆန်ဝတ်စုံလေးတွေကို အများ ဆုံးဝတ်ဆင်လာတာ တွေ့ရတယ်နော်။ မြန်မာ ဝတ်စုံကိုကြိုက်တာလား။

ဖြေ - အင်းဟုတ်တယ်။ အခုလို မြန်မာဆန်ဆန် ပုံစံလေးတွေဝတ်ဆင်ရတာကို ပိုသဘောကျတယ်။ နောက်ပြီးတော့ ယုအဲဒီလိုမျိုးဝတ်တာကို ပရိသတ် ကလည်း လက်ခံအားပေးတယ်။ ကြိုက်နှစ်သက် တယ်။ နောက်တစ်ခုက ယုကိုယ်တိုင်လည်း ကြိုက် လို့ပါ၊

မေး - မြန်မာဝတ်စုံတွေကို ဘယ်အချိန်ကနေစပြီး နှစ်သက်ခဲ့တာလဲ။ ဒီဇိုင်နာနဲ့အပ်ပြီး ဝတ်တာလား။

ဖြေ - ယုတို့ ပဉ္စမတန်းနှစ်တက်တုန်းက ကျောင်းစိမ်းအင်္ကျီက ထဘီနဲ့တွဲပြီးဝတ်ရတာဆို တော့ အဲဒီကတည်းက နှစ်သက်ခဲ့တာ။ နောက်ပြီး တော့ ဘုရားသွား၊ ကျောင်းကန်တွေသွားရင်လည်း ဝတ်တဲ့အခါမှာ တအားကိုကျက်သရေရှိတဲ့ မြန် မာဝတ်စုံတွေကိုဝတ်ရတာ ပိုပြီးတော့ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုရှိလာတယ်လို့ထင်တယ်။ ဝတ်စုံ တွေကို ဒီဇိုင်နာဆီမှာအပ်ပြီးချုပ်ဝတ်တာ တော် တော်များပါတယ်။

မေး - ယုသန္တာတင်ရဲ့ အခုလတ်တလောအနု ပညာလှုပ်ရှားမှုလေးတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ - အခုက ရမည်းသင်းဆေးရုံမှာ ကြော်ငြာ တစ်ခုရိုက်နေတယ်။ ဩဂုတ်ကျရင်တော့ ဗီဒီယို ဇာတ်ကားရိုက်ဖို့ရှိတယ်။ 'ကျန်စစ်မင်းကြီး အား တရားစွဲပေးပါ'ဆိုတဲ့ ဇာတ်ကားပါ။ ဒါရိုက်တာ ဒေါနရိုက်ကူးထားပြီး ကိုနေတိုးနဲ့ပါ။

မေး - အခုချိန်မှာ အချိန်တိုအတွင်း အောင်မြင်တဲ့ သူတွေထဲမှာပါလာပြီဆိုတော့ အရင်နဲ့ အခု ဘာတွေ ကွာသွားလဲ။

ဖြေ - ပရိသတ်က ယုကို လက်ခံအားပေးတဲ့အ တွက် ကြိုးစားထားတဲ့အရာတစ်ခုက ပြန်ရသလို ပဲ တအားဝမ်းသာတယ်။ အခက်အခဲတွေက တော့ အများကြီးပဲပေါ့။ နောက်တစ်ခုက ဒီလော ကထဲကိုဝင်ဖို့ စပြီးတော့ ကြိုးစားကတည်းက အခက် အခဲတွေကရှိတာပေါ့နော်။ အောင်မြင်မှုတစ်ခုရ ဖို့ဆိုတာ ဘယ်တော့မှ အလွယ်တကူမရပါဘူး။ အလွယ်တကူနဲ့ရတဲ့အောင်မြင်မှုကလည်း ရေ ရှည်မတည်မြဲဘူးလို့ ယု ထင်ပါတယ်။

မေး - 'အနုပညာပျိုးခင်း'ကနေ တက်လာတာဆို တော့ အဲဒီက ဘယ်လိုအထောက်အပံ့တွေပေးသလဲ။

ဖြေ - အခု ယုရိုက်နေတဲ့ဇာတ်ကားတွေက လည်း 'အနုပညာပျိုးခင်း'နဲ့ပဲ ရိုက်နေတာပါ။ ရှေ့ ဆက်ပြီးတော့လည်း သူတို့နဲ့ပဲ ဇာတ်ကားတွေရိုက် ဖို့ရှိပါတယ်။

မေး - 'အနုပညာပျိုးခင်း'က အနုပညာမောင်နှမတွေ ကရော ယုတို့ကို ဘယ်လိုမျိုးတွေ သင်ကြားပေးခဲ့လဲ။

ဖြေ - သူတို့က အကောင်းဆုံးဖြစ်အောင် သင်ကြားပေးတယ်။ နောက်ပြီးတော့ ဇာတ်လမ်းတွေကိုလည်း ရွေးပြီတော့ ယုနဲ့ လိုက်ဖက်မယ့် ဇာတ်ကားတွေကိုရွေးပြီး တော့ ရိုက်ခိုင်းတယ်။

မေး - 'အနုပညာပျိုးခင်း'ကနေ အခုလို တက်လာတာဆိုတော့ ယုသန္တာတင်အနေ နဲ့ ဘယ်လိုပြောင်းလဲမှုမျိုးတွေ ဖြစ်ပေါ် ခဲ့လဲ။

ဖြေ - ကားတွေကို ယုနဲ့လိုက်မယ့် ဇာတ်ကားတွေကို ရွေးပြီးပေး တယ်။ သူတို့ကြောင့်ပဲ သရုပ်ဆောင် တစ်ဦးအနေနဲ့ အနုပညာလောက ထဲမှာ အခုလို ပရိသတ်တော်တော် များများ သိလာတာပါ။

မေး - ယုသန္တာတင်က ဆံပင်အရောင် ဆိုးတာ သိပ်မတွေ့ရသလိုပဲ ဘာဖြစ် လို့လဲ။

ဖြေ - ယုက ဆိုးတာတော့ ဆိုး တယ်။ ဒါပေမဲ့ ကာလာအရောင် ရဲရဲကြီးတွေဆိုးတာကို မကြိုက် ဘူး။ မနှစ်သက်ဘူး။ အဲဒါကြောင့် ခပ်ပါးပါးနဲ့ အရောင်သိပ်မထွက် တဲ့ ကာလာလေးတွေကို ဆိုးတာ ပါ။ နောက်ပြီးတော့ နောက် ရိုက်မယ့် ဇာတ်ကားတွေမှာ လည်း မြန်မာဆန်တဲ့ပုံစံတွေကို ပဲ အများဆုံးရိုက်ဖြစ်မှာဆို တော့လေ။ ယုက တက္ကသိုလ် ဝင်တန်းနှစ်ကတည်းကစ ပြီး ဆံပင်ကို အရှည်ထား ထားတာပါ။

မေး - ညီမရုပ်ရှင်ကား တွေရိုက်ထားတာရောရှိ လား။

ဖြေ - ရုပ်ရှင်ကားကြီး ရိုက်ထားတာလဲ မရှိသေးပါ ဘူး။

မေး - မြန်မာမိန်းကလေးတစ် ဦးအနေနဲ့ မြန်မာ ဝတ်စုံလေးတွေ နဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ - မြန်မာမိန်းကလေးတစ်ဦးအနေနဲ့ မြန်မာဆန်ဆန် အဝတ်အစားတွေဝတ်တာ မလိုက်ဖက်ဘူးရယ်လို့ မရှိပါဘူး။ လိုက်ဖက်မှာ ပါ။ အမှန်ပြောရရင်တော့ ကိုယ့်မြန်မာဝတ်စုံတွေ ကိုတော့ မပျောက်ပျက်စေချင်ဘူး။

ရတနာစုစည်းသည်။

ရန်ကုန်တိုင်း(မ်)

ကော လာ ဟ လ နဲ့ စံရတီမိုးမြင့်

စံရတီမိုးမြင့်က ဒါရိုက်တာကျော်ဇောရိုက်ကူးနေတဲ့ 'တသသ' ဇာတ်ကားကို ရဲအောင်၊စွမ်း၊ စိုးမိုးကြည်တို့နဲ့ အတူရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားလေးထဲမှာ စံရ တီမိုးမြင့်က စွမ်းရဲ့ ညီမဖြစ်သူအဖြစ် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားလေးက မိသားစုဇာတ် ကားလေးလည်းဖြစ်ပါတယ်။ အရင်ကထက်ပိုပြီး ဇာတ်ကားတွေကို ရွေးချယ် ရိုက်ကူးခွင့်ရလာတဲ့ အပေါ်မှာလည်း စံရတီမိုးမြင့်က "အရင်တုန်းကဆိုရင် ဇာတ်ကားကို ရိုက်တဲ့အခါမှာ ရွေးချယ်ခွင့် သိပ်ပြီး မရှိဘူး။ အခုနောက်ပိုင်းကျတော့ တဖြည်းဖြည်းရွေး ချယ်ခွင့်ပို ပြီးရလာတယ်။

ပြီးတော့ အခု နောက်ပိုင်း ကိုယ့်ဆီရောက်လာတဲ့ ဇာတ်တွေကလည်း ကိုယ့် အတွက် တအားအဆင်ပြေပြီး ကောင်းတဲ့ဇာတ် တွေလာတဲ့အတွက် အလုပ်မှာ အဆင်ပြေပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ ဇာတ်ကားထဲမှာ ကိုယ့်ရဲ့ သရုပ်ဆောင်မှုက လည်းကောင်းရမယ်။ ဥပမာ ကိုယ်ရွေး ချယ်ထားတဲ့ ဇာတ် က တအား ကောင်း နေပြီး ကိုယ့်ရဲ့ သရုပ်ဆောင်မှု က အဆင်မပြေ ရင် လည်း ဇာတ် ကား အောင်မြင် မှုလို့ ပြောလို့မရ ဘူး။ ဇာတ်ကားက လည်း ကောင်းရ မယ်။ကိုယ့်ရဲ့ သရုပ် ဆောင်မှုကလည်းကောင်းမယ်။ပရိသတ် ကလည်း အကြိုက်တွေ့ နိုင်မယ့် ဇာတ်ဆိုရင်တော့ အကောင်း ဆုံးပါပဲ။ အဲဒီလိုမျိုး အဘက် ဘက်က ပြည့်စုံပြီး ကောင်း နေ ရင်တော့ ကိုယ်ရွေးချယ် တဲ့ ဇာတ်ကားအောင်မြင် တယ်လို့ ပြောလို့ ရပါတယ်။ ရိုက်သမျှဇာတ် တွေကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ရိုက်ဖြစ်ပါတယ်" လို့ ပြောပါတယ်။

စံရတီမိုးမြင့်က ဟာသ ဇာတ်ပဲဖြစ်ဖြစ်၊ ဒရာမာ ဇာတ် ပဲဖြစ်ဖြစ် ဇာတ်ထဲကို စိတ် နှစ်ထားပြီး သရုပ်ဆောင်ရင် တော့ အခက်အခဲသိပ်ပြီး မရှိပါ ဘူးလို့ ဆိုပါတယ်။ အနုပညာ ရှင်နဲ့ ကောလာဟလသတင်းဆိုတာ ကလည်း ဒွန်တွဲနေတဲ့အတွက် ကောလာဟလသတင်းတွေ ထွက် လာရင် ခေါင်းထဲကို ထည့်မထားတော့ ပါဘူးလို့ စံရတီမိုးမြင့်က ပြောပါတယ်။

"ကိုယ်တွေ ငယ်ငယ်တုန်းက တခြားအနုပညာရှင်တွေရဲ့ ကောလာ ဟလ ထွက်သံတွေကို ကြားဖူးတယ်။ အဲဒီအချိန်တုန်းကဆိုရင် ကြားလိုက် ပြီဆိုတာနဲ့ ဟုတ်တယ်လို့ကို စိတ်ထဲမှတ် လိုက်တယ်။ အဲဒီလို အတွေး မျိုးတွေရှိ တယ်။ ကြားလိုက်တာနဲ့ ဟုတ်ဟုတ် မဟုတ်ဟုတ် တကယ်လို့ ထင်မိတယ်။ အခုချိန်မှာကိုယ်က အနုပညာရှင်ဖြစ် လာပြီ။

ကိုယ်တိုင်ဒီလိုမျိုး ကောလာဟလတွေကို ပထမဦးဆုံးကြုံရတဲ့အခါကျတော့ ဘာဖြစ်လို့ မဟုတ်ဘဲနဲ့ ဒီလို မျိုး ပြောရတာလဲဆိုပြီး စိတ်ထဲမှာ ခံစားရတယ်။

နောက်ပိုင်းကျတော့ နေတတ်သွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်တစ်ယောက်တည်း အပြောခံရတာမှ မဟုတ်တာ ကိုယ်သိသလောက် ဆိုရင် အနုပညာရှင်တော်တော်များများ အပြောခံရ တယ်။ အဲဒီလို မျိုးဖြစ်အောင် ပြောတဲ့ သူတွေကလည်း ရှိတယ်။

ကိစ္စသေးသေးလေးတစ်ခုကို အကြီးကြီး ဖြစ်အောင် ချဲ့ပြီး ပြောတဲ့ သူတွေလည်း ရှိတယ်။ အဲဒါကြောင့် အဲဒီအတွက်ကို ကိုယ့်ရဲ့ခေါင်းထဲ ဘာမှကို မထည့်တော့ဘူး။ အဲဒီလို ကောလာဟလတွေက ကိုယ့်ရဲ့ အလုပ်ကိုလည်း စိတ်အနှောင့်အယှက် တအားဖြစ်စေတယ်။

အခုနောက်ပိုင်း ခေါင်း ထဲမထည့်တော့တဲ့အတွက် အလုပ်လုပ်ရတာ အခက်အခဲလည်း မရှိ အနှောင့်အယှက်လည်း မရှိတော့ဘူး။ လုပ်ရတာ အဆင်ပြေတယ်။ တစ်ခါတလေတော့ ကိုယ်ဖြေရှင်းမှရမယ့် ကိစ္စမျိုးဆိုရင်တော့ ပြဿနာမကြီးခင်မှာ ဖြေရှင်းတယ်။
မလိုတဲ့ကိစ္စမျိုးဆိုရင်တော့ မဖြေရှင်းတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် ကိုယ် လုပ်လုပ်မလုပ်လုပ် ပြောနေတဲ့ ကိစ္စကို ကျွန်မမလုပ်ပါဘူးလို့ သွားဖြေ ရှင်း ရင်လည်း ယုံချင်တဲ့ သူမှယုံမှာ လေ။အဲဒီအတွက် ခေါင်းထဲကို သိပ်ပြီး မထည့်တော့ ဘူး။ ကိုယ့်ခေါင်း ထဲမှာ အလုပ်ကိုပဲ ဦးစားပေးပြီး လုပ် ဖြစ် တယ်" လို့ပြော ပါတယ်။

နှိပ်စက်ညှင်းပန်း ခြိမ်းခြောက်ပြီး ပရောဂါလို့ စွပ်စွဲ ကုသနေပုံ


မြန်မာ့ ယဉ်ကျေးမှုကို အရုပ်ဆိုး အကျည်းတန် စေတဲ့ အောက်လမ်း ယောင်ယောင် ၊ အထက်လမ်း ယောင်ယောင် ၊ နှိပ်စက် ခြိမ်းခြောက်ပြီး ပရောဂါ ကုနေတဲ့ ဗီဒီယိုလေးပါ။ စာဖတ်သူတွေ ဗဟုသုတ ဖြစ်စေဖို့ တင်ပြပေးလိုက်ပါတယ်။ ဒီ ဗီဒီယို ဖိုင်ကတော့ အခုရက်ပိုင်း အတွင်း ဖေ့ဘုတ်မှာ ပြန်နှံနေတဲ့ ဗီဒီယို ဖိုင်လေးပါ။ အသိဥာဏ် ဖွံ့ ဖြိုးမှု အားနည်းတဲ့ ဒေသက ပရောဂါကုနေပုံ လို့ ယူဆရပါတယ်။




Sunday 28 July 2013

အဓမ္မပြုကျင့်ခံရသည်ဆိုသော သူငယ်တန်းကျောင်းသူနှင့် အတန်းဖော်နှစ်ဦးကို အုပ်ထိန်းသူ ကျောင်းထုတ်

 ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် မူလတန်းကျောင်းတစ်ကျောင်း တွင် အဓမ္မပြုကျင့် ခံခဲ့ရသည်ဟုဆိုသည့် သူငယ်တန်းကျောင်းသူ နှင့်အ တူ နေထိုင်သည့် အတန်းဖော်ကျောင်းသူနှစ်ဦး တို့ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် အုပ်ထိန်းသူက ကျောင်းထုတ်သွားကြောင်း ကျောက်တန်း မြို့နယ်ပညာရေး မှူးက The Voice သို့ ပြောကြားသည်။

တည်းခိုခန်းပိုင်ရှင်က ခေါ်ယူမွေးစားထားသည့် အဆိုပါ အဓမ္မပြုကျင့်ခံရ သည့် ကျောင်းသူသည် ဇွန်လ ၂၇ ရက်နေ့က နေမကောင်း ဟုဆိုကာ အုပ်ထိန်းသူက ခွင့်တိုင်ခဲ့ပြီး ကျောင်းထုတ်သွားသည့် အချိန်အထိ ကျောင်းပြန် မတက်ခဲ့ကြောင်း၊ အခြားနှစ်ဦးမှာ ခွင့်မဲ့ ပျက်ကွက်နေသဖြင့် စာသင်ကျောင်းသို့ လာရောက်တွေ့ဆုံရန် အုပ်ထိန်းသူကို အကြောင်းကြားခဲ့ကြောင်း မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ဆိုသည်။

ကလေးများကို မူလအုပ်ထိန်းသူဖြစ်သည့် ဗဟန်းမြို့နယ် တောင်ကြီးကျောင်း တိုက်တွင် သီတင်းသုံးနေသည့် ဆရာတော်တစ်ပါးက ပြန်လည်ခေါ်ယူ သွား ၍ ကျောင်းထုတ်ခွင့်ပြုရန် တည်းခိုရိပ်သာ မန်နေဂျာက စာသင်ကျောင်းသို့ လာရောက် ပြောဆိုသဖြင့် နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ၎င်းကထပ်မံ ပြော ဆိုသည်။

“အုပ်ထိန်းသူကိုယ်တိုင် ခွင့်တောင်းမှတော့ ခွင့်မပြုလို့မရဘူး” ဟု ကျောင်းအုပ်ဆရာကြီးက ပြောကြားသည်။

အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်သည် ၎င်းနေထိုင်ရာ တည်းခိုရိပ်သာ အတွင်းရှိ ကောက်ရိုးပုံတွင် လူကြီးတစ်ဦးက အဓမ္မ ကျူးလွန်သည်ဟု မြို့နယ်ဆရာဝန်၊ ပညာရေးမှူး၊ အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များရှေ့တွင် ထွက်ဆိုခဲ့ကြောင်း၊ တစ်ပတ်ခန့် အကြာတွင် အတန်းဖော် ကျောင်းသားတစ်ဦးက ကျူးလွန်ပါသည်ဟု ပြောင်းလဲထွက်ဆိုခဲ့၍ အတန်းဖော် သူငယ်တန်း ကျောင်းသား ၁၇ ဦးကို ရဲတပ်ဖွဲ့က စစ်ဆေး ရန် တောင်းဆိုခဲ့ကြောင်း ယင်းကျောင်းသားများ၏ မိဘများက The Voice သို့ ပြောကြားသည်။

အဆိုပါ ကျောင်းသူ၏ ဒဏ်ရာများသည် သာမန်ဒဏ်ရာ မဟုတ်ဘဲ အဓမ္မပြုကျင့်ခံရသည့် ဒဏ်ရာဖြစ်ပြီး ကလေးချင်း ကျူးလွန်ခြင်း လုံးဝမဖြစ်နိုင်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် မှုခင်းကျွမ်းကျင် ဆရာဝန်ကြီးများနှင့် ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားမီးယပ် ဆရာဝန်များ၏ စစ်ဆေးချက်ကို ကိုးကားကာ ကျောက်တန်းမြို့နယ် ဆရာဝန်ကြီးက ဆိုသည်။

အဆိုပါကျောင်းသူ အဓမ္မပြုကျင့်ခံရသည်ဟု ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ အုပ်ထိန်းသူ တည်းခိုခန်းပိုင်ရှင်ကို The Voice က ဆက်သွယ်မေးမြန်းခဲ့ရာ မီဒီယာမှတစ်ဆင့် ပြန်လည် ဖြေကြားလိုခြင်း မရှိကြောင်း ပြန်လည်ဖြေကြား သည်။

အဓမ္မပြုကျင့်ခံရသည့် သူငယ်တန်းကျောင်းသူမှာ ပအို့ဝ် တိုင်းရင်းသူ တစ်ဦးဖြစ်ပြီး မြန်မာစကားကို ‘ဟုတ်ကဲ့’ စကားတစ်ခွန်းသာ ပြောဆိုတတ်ပြီး ကိစ္စတစ်စုံတစ်ရာရှိပါက ၎င်းနှင့်အတူနေ အတန်းဖော် ကျောင်းသူနှစ်ဦးတို့က တစ်ဆင့်ပြောဆို ဆက်ဆံရကြောင်း ကျောင်းအုပ်ဆရာကြီးက ဆိုသည်။

မိခင်အလောင်းကို စားသောက်သူအဖြစ် သံသယရှိသူကို ရဲများက ဖမ်းဆီး

 ဟင်းအိုးနှင့် ရေခဲသေတ္တာထဲတွင် မိခင်ဖြစ်သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို တွေ့ရှိခဲ့ရသည့် အတွက် မိခင်အလောင်းအားပြန်စားသည်ဟု သံသယဖြစ်ကာ လီနိုရန်ဇီဆိုသူအား ဖမ်းဆီးလိုက်သည့် အမှုအခင်းတစ်ခု အီတနိုင်ငံဆယ်လာနိုမြို့တွင် ဖြစ်ပွားခဲ့သည်ဟု နယူးယောက်နေ့စဉ်သတင်းဌာနက ဖော်ပြလိုက်သည်။

လီနိုရန်ဇီသည် အသက် ၇၀ အရွယ်မိခင်ဖြစ်သူ မာရီယာပီယာနှင့် တစ်အိမ်တည်း နေထိုင်သူဖြစ်ပြီး နှစ် ပေါင်းများစွာ စိတ်ရောဂါဝေဒါနာခံစားနေရသူတစ်ဦး ဖြစ်သည်ဟုလည်း သိရသည်။

ရန်ဇီ၏ နေအိမ်အတွင်းမှ မနှစ်မြို့ဖွယ် အနံ့အသက်များထွက်နေသည်ကို အိမ်နီးချင်းများက စောဒက တက်သည့်အတွက် ရဲများမှ၎င်း၏ နေအိမ်အတွင်းသို့ ၀င်ရောက်စုံစမ်းရာမှ ယခုကဲ့သို့တွေ့ခဲ့ရ ခြင်းဖြစ်သည်။

ဓာတ်ငွေ့များ ဆိမ့်ထွက်နေခြင်းအားတွေ့ရမည့်အစား လွန်ခဲ့သောသုံးရက်ခန့်အကြာက သေဆုံးခဲ့ပြီဟု ခန့်မှန်းရသော ၎င်း၏မိခင်ဖြစ်သူ၏ ခံန္ဓာကိုယ်အစိတ်အပိုင်းများကိုသာ တွေ့ရှိခဲ့ရသည်ဟု ရဲများကဆိုသည်။

ရန်ဇီသည် မိခင်ဖြစ်သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့အား ဟင်းအိုးထဲထည့်ပြုတ်နေသည့်အပြင် အခြား ဟင်းအိုးများနှင့် ရေခဲသေတ္တာများတွင်လည်း ထည့်သွင်းသိမ်းဆည်းထားသည်ကိုလည်း တွေ့ရှိခဲ့ရသည် ဟုဆိုသည်။

ထို့ပြင် ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကိုလည်း ရေချိုးခန်းအတွင်း တွေ့ရှိခဲ့ရသည်ဟု ထိုဒေသအခြေစိုက် သတင်းဌာနက ဖော်ပြထားသည်။
သေဆုံးသူ မာရီယာပီယာသေဆုံးခဲ့သည့် အချိန်ကို တိတိကျကျသိရန် စစ်ဆေးမည်ဟုလည်း သိရသည်။

မိခင်ဖြစ်သူအား ပြုစုစောင့်ရှောက်ရန် ရန်ဇီကို ကျန်းမာရေးစောင့်ရှောက်မှုစင်တာမှ ပြန်လွှတ်ပေးခဲ့သည် မှာတစ်လခန့်သာရှိသေးသည်။

ရန်ဇီ၏ အိမ်အတွင်းသို့ ရဲများဝင်ရောက်ရှာဖွေရာ ၎င်းမှာအိပ်ယာပေါ်တွင် ၀တ်လစ်စလစ်ဖြင့် လဲလျောင်း နေသည်ကို တွေ့ရှိခဲ့ရပြီး သူ့ကိုဆေးစစ်မှုပြုလုပ်ရန် ဆေးရုံသို့ပို့ဆောင်ထားပြီဖြစ်သည်ဟု ဟပ်ဖင်တန် ပို့စ်သတင်းဌာနက ရေးသားဖော်ပြထားသည်။

ဆက်သွယ်ရေးဝန်ကြီးဟုဆိုကာ ငွေကျပ် သိန်း ၅၀ ကျော် လိမ်သူအား အမှု ဖွင့်

 ရန်ကုန် ၊ ဇူလိုင် - ၂၆ ။                 ။ဆက်သွယ် ရေးဝန်ကြီးဟုလိမ်ညာကာ ငွေ ကျပ် ၅၁သိန်းလိမ်ညာယူခဲ့သော ဖြစ်ရပ်တစ်ခု မန္တလေးတိုင်းဒေသ ကြီး တောင်သာမြို့နယ်တွင် ဇူ လိုင် ၂၄ရက်ကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံး မှသိရ သည်။ တောင်သာမြို့တွင်နေထိုင် သူ မနုနုဆွေဆို သူထံ ဖုန်းနံပါတ် ဝ၉၄၂၁၀၇၃၂၂၆ဖြင့် အမျိုးသား တစ်ဦးဖုန်းခေါ်ရာ မိမိသည်ဆက် သွယ်ရေးဝန်ကြီးဖြစ်ကြောင်း၊ ချ ပေးထားသော ဂျီအက်စ်အမ်ဖုန်း များကို နိုင်ငံတော်မှ ကျေးဇူးတုံ့ ပြန် သော အနေဖြင့် ဖုန်းနံပါတ်သုံး လုံးကို ကံစမ်းမဲနှိုက်ပေးရာ မနုနု ဆွေဖုန်းနံပါတ် ပါဝင်နေကြောင်း ပြောခဲ့သည်။

ရရှိမည့် ဆုငွေမှာ သိန်း၂၀၀၀ ဖြစ်ပြီး ဇူလိုင်၂၄ရက်နောက်ဆုံး ထုတ်ပေးမည်ဖြစ်ရာ အခွန်ငွေ ကျပ် ၁၀၉သိန်းအား ပေးဆောင် ရန် အဆိုပါဝန်ကြီးဆိုသူမှတောင်း ခံခဲ့၍ မနုနုဆွေက လောလော ဆယ်တွင် မိမိ၌ ငွေကျပ် ၅၁သိန်း သာရှိကြောင်း ပြောပြရာ ယင်းငွေ များအား ဒေါပုံကမ္ဘောဇဘဏ် သို့ ဦးဘိုဘိုဟိန်း အမှတ်ပုံတင် အမှတ် ၁၂/သကတ(နိုင်) ၁၉၆ ၈၃၁ဖြင့်လွှဲပေးပါရန်နှင့် ဆုကြေး ငွေသိန်း ၂ဝဝဝအား ပြန်လည်လွှဲ ပေးမည်ဖြစ်ကြောင်း ဖုန်းဖြင့်ပြော ဆိုမှုကို မနုနုဆွေ က ယုံကြည် ကာ ကျပ်၅၁သိန်းကိုလွှဲပေးခဲ့ကြောင်း၊ ရန်ကုန်ရှိ ယောက်မဖြစ်သူထံပြော ပြရာ လိမ်လည်ခြင်းဖြစ်နိုင်ကြောင်း၊ ယောက်မဖြစ်သူကပြော၍ ဘဏ် သို့ ဆက်သွယ်မေးမြန်းရာ ငွေများ ထုတ်ယူသွားကြောင်း သိရသည်။

ထိုသို့ ငွေများလိမ်ယူသွား သူဦးဘိုဘိုဟိန်းဆိုသူအား အရေး ယူပေးပါရန် မနုနုဆွေ၏ယောက် မဖြစ်သူ မယဉ်မျိုးသူမှ တရားလို အဖြစ် တိုင်တန်းထားသောကြောင့် ဒေါပုံ မမစ(ပ)၂၄၇/၁၃ ပုဒ်မ ၄၂ဝဖြင့် အမှုဖွင့်ထားကာ တရား ခံဖမ်းဆီး ရမိရေး စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

တစ်လအတွင်း ဗီဒီယိုဇာတ်ကား ၂၁ ကား ဆင်ဆာထိနေ

 ရန်ကုန် ၊ ဇူလိုင် - ၂၆။             ။၂၀၁၃ခု နှစ်ဇွန်လအတွင်း ရိုက်ကူးထား သည့်ဗီဒီယိုဇာတ်ကားများတွင် ဆင်ဆာနှင့်မလွတ်သည့် ဇာတ် ကား ၂၁ကားခန့်ရှိနေကြောင်း နှင့် ယင်းဇာတ်ကားများအား ပြန် လည်ပြုပြင်ရန်အတွက် ဆင်ဆာအ ဖွဲ့မှ အသိပေး ပြောကြားထား ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ''အခု လိုဆင်ဆာဖြတ်တယ်ဆိုတာ သူ တို့အတွက်ကောင်းအောင်လို့ ဦး တို့ရဲ့ဆင်ဆာအဖွဲ့က အခုလိုမျိုး တွေလုပ်တာ၊ အခုဆိုရင် ပရိ သတ်ထဲတွေထဲမှာ မြန်မာဇာတ် ကားတွေကြည့်ရင် ရီမုဒ်ကိုင်ပြီး ကြည့်ရမယ် ဆိုပြီး တော့ အသံတွေ ထွက်လာတယ်။ အဲဒီတော့ ကောင်း မလား။ သူတို့ကိုပြောလိုက်ရင် Arts , Arts နဲ့ ဖန်တီးထားတဲ့ အနု ပညာတွေကလဲ တော်တော်ကိုဆိုး လာတယ်၊ ထုတ်လုပ်သူတွေကလဲ သူတို့စီးပွားရေးကိုပဲ ကြည့်ပြီးလုပ် နေတာ။ အဲဒါကြောင့် မြန်မာ့ ယဉ်ကျေးမှုနဲ့ မသက်ဆိုင်တဲ့ ဇာတ် ကားတွေကို အခုလိုဆင်ဆာဖြတ် ပြီးသတိပေးရတာပါ''ဟု ဆင်ဆာ ဘုတ်အဖွဲ့မှ ဦးခင်မောင်ချင်းက ပြောသည်။ ဇူလိုင်လအတွက် ရိုက်ကူး ထားပြီး ဆင်ဆာဘုတ်အဖွဲ့သို့ တင်ပြထား သည့် ဗီဒီယိုဇာတ် ကားများ ကိုလည်း ဆင်ဆာဘုတ် အဖွဲ့မှကြည့်ရှုပြီး ပြန်လည်တည်း ဖြတ်နေပြီဖြစ်ကြောင်း သိရသည်။

ဆင်ဆာဘုတ် အဖွဲ့မှ ဦးခင် မောင်ချင်းက ''ဦးတို့ခေတ်တုန်း ကဇာတ်ကားတွေဆိုရင် အကုန် လုံးက ပရိသတ်ရင်ထဲကို စွဲစွဲမြဲ မြဲနဲ့ရောက်ခဲ့တဲ့ဇာတ်ကားတွေပဲ၊ အခုခေတ်ကျမှ အနောက်နိုင်ငံ တွေကိုအားကျပြီး လုပ်ဆောင်နေ တာ ကိုယ့်နိုင်ငံနဲ့ သူများ နိုင်ငံ က တူတာမဟုတ်ဘူး။ သူတို့ယဉ် ကျေးမှုနဲ့ ကိုယ့်ယဉ်ကျေးမှုကလဲ တူတာမဟုတ်။ အဲဒီလိုမတူတဲ့ နေရာဒေသတွေကိုလိုက်ပြီး အတု ခိုးမယ်ဆိုရင်တော့ ဘယ်လိုလုပ် ပြီး ရုပ်ရှင်လောကတိုးတက်မှာလဲ။ အရင်တုန်းက ရိုက်ခဲ့တဲ့ ဇာတ်ကားတွေက တစ်ခန်းနဲ့တစ်ခန်း ကတ် ဖြတ်တာချင်းကအစ မတူဘူး''ဟု ပြောသည်။ ဇွန်လအတွင်းရိုက်ကူးထား သည့်ဗီဒီယိုဇာတ်ကားများအ နက် တခိျု့ဗီဒီယိုဇာတ်ကားများ အားဆင်ဆာဘုတ်အဖွဲ့မှသတိ ပေးခြင်းခံခဲ့ရကြောင်း လည်း သိ ရသည်။ အဆိုပါဗီဒီယိုဇာတ်ကားများ စကတ်တိုလွန်းခြင်း၊ ဘောင်းဘီ ကျပ်လွန်းခြင်းနှင့် အောက်ခံ ဘောင်းဘီပေါ်ခြင်းစသည့် သရုပ် ပျက်ဇာတ်ကွက်များပါဝင်ခြင်း ကြောင့်ဖြစ်သည်ဟု သိရသည်။

The Voice Weekly Vol.9/No.29

The Voice Weekly Vol.9/No.29 Pdf Download

Mediafire မှ Download ရယူရန် -
http://www.mediafire.com/?p1pa1j98dghtvbc

Dropbox မှ Download ရယူရန် -
https://www.dropbox.com/s/anbycaqdhtnw351/voice_9-29.pdf

Pdf ကို ဖတ်ရှုရန်အတွက် အောက်ပါလင့်မှ font ကို download ရယူပြီး မိမိ သုံးနေသော ကွန်ပျူတာတွင် Install လုပ်ပေးရပါမည်။

ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ်၊ အတွဲ(၂)၊ အမှတ်(၂၀)

Myanmartandawsint Vol-2_No-20

ဇူလိုင်လ (၂၆)ရက်နေ့ ထုတ် Focus Online ဂျာနယ် အတွဲ(၁၂)၊ အမှတ်(၅၁)

MFO Issue 51_ Vol 12

ဇူလိုင်လ (၂၃)ရက်နေ့ ထုတ် ကုမုဒြာ ဂျာနယ် အတွဲ ၃၊ အမှတ် ၁၆

kmd-3-16

ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

277newsm

ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

277newsk

ဌာနေ ပြန်ချင်တဲ့ မလေးရှားရောက် မြန်မာတွေ အခက်တွေ့နေ

မလေးရှားကနေ ပြန်လာတဲ့ မြန်မာ အလုပ်သမားပေါင်း ၃ထောင်နီးပါး ရှိ မလေးရှားနိုင်ငံမှာ မြန်မာ အလုပ်သမား တခိျု့ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေကြောင့် သေဆုံးသူ ဒဏ်ရာရသူတွေ ရှိနေတဲ့အတွက် စိုးရိမ်ပြီး မြန်မာနိုင်ငံကို ပြန်လာဖို့ လုပ်နေကြသူ အလုပ်သမားတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

မလေးရှားမှာ တရားမဝင် အလုပ်လုပ်နေသူ မြန်မာ အလုပ်သမားတွေဟာ မြန်မာနိုင်ငံကို ပြန်လာဖို့ အတွက် မလေးရှား လူဝင်မှု ကြီးကြပ်ရေး ရဲတပ်ဖွဲ့ထံ မှာ ဒဏ်ငွေ ဆောင်ရပါတယ်။

အရင်က မလေးရှားငွေ ရင်းဂစ် ၄ဝဝ ပေးရပေမယ့် အခုရက်ပိုင်းမှာတော့ ရင်းဂစ် ၃ဝဝဝ အထိ တိုးမြှင့် ကောက်ခံ ယူလိုက်တယ်လို့ သိရပါတယ်။

မြန်မာ သံရုံးဘက်က အခမဲ့ လုပ်ပေးနေတာ ဖြစ်ပေမယ့် မလေးရှား လူဝင်မှု ကြီးကြပ်ရေး ဘက်ကို ပေးရတဲ့ ငွေက အဆမတန် တိုးသွားတဲ့ အတွက် မြန်မာ အလုပ်သမားတွေ ဒုက္ခတွေ့နေရတယ်လို့ မလေးရှားရောက် မြန်မာ အလုပ်သမားတွေကို တတ်နိုင်သလောက် အကူအညီပေးနေတဲ့ ပညာအိမ် ဦးမျိုးညွှန့် က ဘီဘီစီကို ပြောပါတယ်။

အခုအခါ မြန်မာနိုင်ငံကို ပြန်သွားတဲ့ အလုပ်သမားပေါင်း ၂ထောင်ကျော် ၃ထောင်နီးပါးလောက် ရှိနေပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ပြန်ဖို့ အလုပ်ထွက်လိုက်ပြီးမှ ပြန်လို့ မရ ဖြစ်ပြီး အလုပ်လက်မဲ့ ဒုက္ခ ရောက်နေကြသူတွေလည်း ရှိတယ်လို့ ဦးမျိုးညွန့်က ပြောပါတယ်။

တခိျု့ကတော့ အန္တာရာယ် များပေမယ့် ဈေးသက်သာတဲ့ နည်း ဖြစ်တဲ့ ထိုင်းနိုင်ငံကနေ တဆင့် ဖြတ်ပြန်တဲ့ အောက်လမ်းကို သုံးပြီး ပြန်သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ မလေးရှားနိုင်ငံမှာ မြန်မာ အလုပ်သမားတွေ အပေါ် အကြမ်းဖက် တိုက်ခိုက်တာမျိုးတွေ မရှိပဲ ငြိမ်နေတယ်လို့လည်း သူက ပြောပါတယ်။

Saturday 27 July 2013

Adobe Photoshop Cs4

ဓါတ်ပုံပြုပြင်မှုပညာတွေကို အသေးစိတ်သိရှိတတ်မြောက်စေဖို့ photoshop cs4
မြန်မာဘာသာပြန် စာအုပ်လေးကိုလေ့လာကြပါစို့ ..
update တွေကအများကြီးဘဲ လိက်လို့ ကိုမမှီနိုင်တော့ဘူး။ထုတ်သမျှလိုက်ပြီး
လေ့လာထားရင်တော့ နောက်ကျမကျန်ဘူးပေါ့။

Friday 26 July 2013

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊




၁။ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ် တန်ဖိုးနည်းမိုဘိုင်းဖုန်း(၃၅၀၀၀၀)စီကို ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏အစီအစဉ်ဖြင့် ၂၀၁၃ ခုနှစ်၊ ဧပြီလမှ စတင်၍ပြည်သူများ အလွယ်တကူ အဆင်ပြေချောမွေ့စွာ ဆက်သွယ်အသုံးပြုနိုင်ရေး အတွက် ခွဲဝေရောင်းချပေးခဲ့ပြီးဖြစ်ပါသည်။

၂။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် CDMA 800 MHZ (MEC Tel) မိုဘိုင်းဖုန်းနှင့် GSM မိုဘိုင်းဖုန်းများကို ၂၀၁၃ခုနှစ် ဇူလိုင်လတွင် ဆက်လက်ရောင်းချပေးသွားရန် စီစဉ်လျှက်ရှိရာ လက်ရှိတပ်ဆင်ပေးထားသော လိုင်းအင်အားနှင့် အမှန်တကယ် သုံးစွဲနေသောအခြေအနေ များအရ ကယားပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် တပ်ဆင်ပြီး GSM ရေဒီယို လက်ကျန်လိုင်းအင်အား နည်းပါးနေပါ၍အဆိုပါဒေသတွင် လိုင်းကျပ်မှုများကြောင့် ဆက်သွယ်မှု အဆင်မပြေမှုများ မဖြစ်ပေါ်စေရန် အတွက် GSM SIM Card အရေအတွက် လျှော့ပေါ့ရောင်းချသွားမည်ဖြစ်ပြီး ၊ ကျန်ပြည်နယ်နှင့် တိုင်း ဒေသများတွင် မိုဘိုင်းဖုန်းများကို လက်ရှိထပ်မံတပ်ဆင်ပေးနိုင်မည့် လိုင်းအင်အားအခြေအနေအရ အချိုး ကျခွဲဝေပြီး တပ်ဆင်ပေးရန် လျာထားတွက်ချက်ထားပါသည်။
၃။ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏အစီအစဉ် ဖြင့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ် ကြိုတင်သွင်းထားသော CDMA 800 MHZ (MEC Tel) မိုဘိုင်းဖုန်း (၁၅၀၀၀၀)နှင့် GSM မိုဘိုင်းဖုန်း (၂၀၀၀၀၀)၊ စုစုပေါင်း(၃၅၀၀၀၀)ကို SIM Card တစ်ခုအတွက် ၁၅၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။
၎။ ပြည်သူများသက်သာသောနှုန်းထားဖြင့် အမှန်တကယ်အသုံးပြုနိုင်ရန်ရည်ရွယ်၍ ရောင်းချခြင်း ဖြစ်ပါ၍ဖုန်းကဒ်ဝယ်ယူထားသည့် နေ့မှစ၍
(၁၅)ရက်အတွင်း တယ်လီဖုန်း SIM Card တွင် မူလထည့်သွင်း ပေးထားသည့်တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ်မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ကျပ် တန် ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ငွေဖြည့်သုံးစွဲရမည်။ SIM Card ကို အခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်း ရောင်းချခြင်းမှကာကွယ်ရန်အတွက် ၁၅ရက်အတွင်းအသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလို အလျောက်လိုင်းပိတ်သွားမည်ဖြစ်ပါသည်။

၅။ ဤတန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်းများကို လစဉ်ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ပြောဆိုခကျပ် ၂၅၀၀ အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီးဖြစ်ပါ၍နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကဒ်မှ ၅၀၀၀ကျပ်ကို အပြည့်မသုံးစွဲပါက အလိုအလျောက်ကျပ် ၅၀၀၀ပြည့်သည်အထိ ဖြတ်တောက်သွားမည်ဖြစ်ပြီး ဖြည့်သွင်း ထားသောငွေကုန်ဆုံးပြီးနောက် ၁၅ရက်အတွက် ငွေထပ်မံဖြည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက်လိုင်းပိတ်သွားမည်ဖြစ်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း



'V Root အသုံးပြုပုံလေးပါ ...'

VRoot ကို ကွန်ပြူတာမှာ Install လုပ်လိုက်ပီပေါ့ဗျာ ဒါဆို အရင်ဆုံးဖွင့်လိုက်ရင် ဒီလိုမြင်ရမှာပါ
အင်တာနက် ကွန်နရှင်တပ်ဆင်ထားတဲ့ PC  မှာဆိုရင် New Version Up Date ရနေရင် Auto Update လုပ်လိမ့်မယ်
Update လုပ်ပီးရင် (အချိန်တိုင်းလုပ်တယ်လို့ မဆိုလိုပါ) Popup Box ကိုပိတ်လိုက်ပါ
Root လုပ်မယ့် Device ကို Root နေကျ အတိုင်း USB Debugging (ON) ပါ Unknown Sources ကိုအမှန်ခြစ်လေးပေးပါ
ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ ဒါဆိုရင် အောက်ကပုံလေးတိုင်းမြင်ရမှာပါ
ခုချိတ်ဆက်ထားတာက Root ဖြစ်ပီးသားဖုန်းဖြစ်တာကြောင့် မြင်ကွင်းပြောင်းလဲနိုင်ပါတယ်
Root လုပ်ဖို့ အတွက် ROOT Button လေးကို Click ပါ
ဒါဆိုရင် Loding အချိန်အနည်းငယ်လုပ် ပါလိမ့်မယ် ပြီးရင် Device မှာ Auto Reboot ကျသွားပါမယ်
Reboot ပြန်တက်လာတာနဲ့ App ထဲမှာ တရုတ်လို့ စာလုံးရေးထားတဲ့ SupreUser လေးရလာမှာပါ
Superuser  က ခွင့်ပြုချက်တောင်းလာတဲ့ App တွေ ရှိလာရင်တော့ ညာဖက်က စာလေးကိုသာနှိပ်ပေတော့
တရုတ်လိုရေးထားတော့ ဘယ်ညာပဲ မှတ်နိုင်ပါတယ်...
ကျွန်တော်ရေးပြရှင်းပြတာ မပြည့်စုံခဲ့ရင် ခွင့်လွှတ်ပါ သိသလောက်လေးကိုတင်ပြရခြင်းဖြစ်တဲ့အတွက်
http://www.mgyun.com/vroot မှာသွားပီးတရုတ်လိုတတ်ခဲ့ရင်လေ့လာနိုင်ပါတယ်..:P

'Android Phone တော်တော်များများကို Root လုပ်ပေးနိုင်တဲ့ VRoot ပါ'

http://www.myanmarmobileapp.com ကနေပီး မျှဝေ ရေးသားတာပါခင်ဗျာ
ကျွန်တော်ကိုယ်တိုင်လဲ ဖုန်းလေးတွေ ကလိရင်း ပိုက်ပိုက်ရှာနေတော့ လွယ်ကူမြန်ဆန်တဲ့
One Clck Root Tool လေးမှာအကောင်းဆုံးလို့ ပြောလို့ ရတဲ့ ဒီ VRoot လေးကို သိသူများရှိသလို
မသိသေးတဲ့ သူငယ်ချင်းများအတွက် ထပ်ဆ့င်မျှဝေလိုက်ပါတယ်....
ဘာမှ ထွေထွေထူးထူး ပြင်ဆင်နေဖို့ မလိုပါဘူး Root မဲ့ Device မှာ USB  Debugging On 
Unknown sources ကို အမှတ်ဖြစ်လေးပေး ပီး ကွန်ပြူတာနဲ့ ချိတ်လိုက်ရုံပဲ
ဒါဆို VRoot မှာ Loding လေးနည်းနည်းလုပ်ပီး ရင် Driver သိတာနဲ့ Root လုပ်မှာပါ
Root လုပ်တဲ့ Device ဟာ အော်တို Reboot ကျပီးပြန်တက်လာတာနဲ့ Super User (ပေါက်ဖော် လေးနော်)

(or)

Root ဖောက်ခြင်း မှ ပိုက်ပိုက်ကုန်ခြင်း ဘေးမှ ကင်းဝေးနိုင်ကြပါစေ...:P

အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ အမျက်ဖြေတရား"'


မြတ်စွာဘုရား သာသနာတော်၌ "ပညာအရာ ဧတဒဂ်ရ ပုဂ္ဂိုလ်မြတ်ကြီး" တစ်ပါးကား "အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး"ပင် ဖြစ်ပါသည်။ သာရီပုဏ္ဏေးမကြီး၏ သားဦးရတနာတပါး ဖြစ်၏။ ငယ်စဉ်ကပင် ပညာဉာဏ် ထူးချွန်သူဖြစ်၏။
တခုသော နက္ခတ်ပွဲသဘင်၌ လူအများ ပျော်ရွှင်နေသည်ကို ကြည့်၍ အိုဘေး နာဘေး သေဘေးကို မေ့လျော့ပြီး ခေတ္တခဏ ပျော်ရွှင်နေရခြင်းပါကလားဟု သံဝေဂဉာဏ် ရရှိခဲ့၏။ ထိုနေ့မှာပင် အို-နာ-သေ လွတ်ရာ တရားရှာရန် အဖော်သူငယ်ချင်း ကောလိတ (အရှင်မောဂ္ဂလာန် အလောင်းလျာ) နှင့် ဆရာရှာထွက်ခဲ့လေသည်။
ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်တော်ကြီးကို ဖူးတွေ့ရသဖြင့် ရေကန်အသင့် ကြာအသင့် ဖြစ်ခဲ့ရပါသည်။ ထို့ကြောင့်လည်း မြတ်ဗုဒ္ဓအောက် တယောက်ဆိုသလို ပညာဂုဏ် ထွန်းတောက်ခဲ့ပေသည်။ ပညာအရာ၌ ငါနှင့် ငါသာ နှိုင်းစရာ-ဟု ဆိုနိုင်လောက်အောင် ထွန်းတောက်ခဲ့သော်လည်း သီတင်းသုံးဖော်တို့အပေါ် ပညာဂုဏ် မမောက်၊ ပညာမာန် မကြီး၊ မိမိကိုယ်ကို ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး-သို့ နှိမ့်ချထားပေ၏။
မြတ်ဗုဒ္ဓ၏ လက်ယာတော်ရံ အဂ္ဂသာဝကကြီးဖြစ်လင့်ကစား သီတင်းသုံးဖော်များ နာမကျန်းဖြစ်သည့်အခါ ကိုယ်တိုင် ဂရုတစိုက် ပြုစုစောင့်ရှောက်၏။ လူမှုဒုက္ခများကိုလည်း အတုမဲ့သော နှလုံးသားဖြင့် သည်းခံခွင့်လွှတ်တော်မူ၏။
တနေ့သ၌ ရဟန်းတပါးက "အရှင်သာရိပုတ္တရာသည် တပည့်တော်အား ဆဲဆိုရိုက်နှက်သွားပါသည်"-ဟု မဟုတ်မမှန် လျှောက်တင်၏။
မြတ်ဗုဒ္ဓက အဖြစ်မှန်ကိုသိသော်လည်း ခေါ်ယူမေးမြန်း၏။
မထေရ်မြတ်က "တပည့်တော်သည် အမှိုက်များ၊ ချေးများ စွန့်ပစ်ရာ မြေကြီးပမာ နှိမ့်ချသောစိတ် ရှိပါသည်"-ဟု လျှောက်ထားလေ၏။
မိမိကိုယ်တိုင် ပညာဧတဒဂ်ဖြစ်သော်လည်း ပညာရှိကို ရိုသေမြတ်နိုးတတ်၏။ တစ်နေ့သော် မထေရ်မြတ်က "အရှင်ပုဏ္ဏ-မထေရ် "အား "၀ိသုဒ္ဓိခုနစ်တန်"ကို မေးလေ၏။ အရှင်ပုဏ္ဏ-မထေရ်က "အာဇာနည်မြင်း,ကသော ရထား ၇-တန် ဥပမာဖြင့်" ဖြေကြား၏။ မထေရ်မြတ် သဘောကျလှ၍ "ပုဏ္ဏ-မထေရ်ကဲ့သို့သော ပညာရှိကို မေးလိုသည့်အခါ အသင့်မေးနိုင်ရန် ဦးခေါင်းပေါ်တင်ထားသင့်၏"-ဟု ပညာဂုဏ်ကို ထုတ်ဖော်ချီးကျူးခဲ့ပါသည်။
လူတို့သည် သူတပါးတို့အား ဆုံးမချင်ကြသလောက် မိမိကိုယ်တိုင် အဆုံးအမ မခံချင်ကြ။ သူတပါးအား ပြစ်တင်ဝေဖန်ချင်ကြသလောက် မိမိကိုယ်ကို ဝေဖန်ခံရမှာ ကြောက်တတ်ကြသည်။
မထေရ်မြတ်ကြီးကား ထိုသို့မဟုတ်။ သူတပါးအား ဆုံးမတတ်သလို မိမိကိုယ်တိုင်လည်း အဆုံးအမကို ခံယူတတ်ပေသည်။ တနေ့တွင် မိမိရှင်ပြုပေးထားသော သာမဏေငယ်အား ရှင်ကျင့်ဝတ်ကို အနည်းအကျဉ်းမျှ သင်ပေးထား၏။
ရှင်ငယ်သည် ထိုနေ့မှာပင် မထေရ်မြတ် သင်္ကန်းဝတ်ပုံ အ၀န်းမညီသည်ကို မြင်သဖြင့်-"အရှင်ဘုရား ဤသို့လည်း သင်္ကန်းဝတ်ကောင်းပါသလား"-ဟု လျှောက်ထား၏။
ထိုအခါ မိမိသင်္ကန်းဝတ်ပုံ အမှန်တကယ် မညီမှန်းသိ၍ ကွယ်ရာတွင် ညီအောင်ဝတ်ပြီး သာမဏေငယ်အား ပြ၍ အဆုံးအမကို ခံယူ၏။ "ခုနစ်နှစ်သား သာမဏေငယ်သည် ငါ့ကို ဆုံးမသည်ဖြစ်စေကာမူ ငါခံယူအံ့"-ဟု မိန့်တော်မူလေ၏။

မထေရ်မြတ်သည် တဖက်သား နားဝင်အောင် အဆင့်ဆင့် ဟောတတ်သလို လက်ခံချင်လာအောင်လည်း အထပ်ထပ် ပြောတတ်၏။ မထေရ်မြတ်၏ အမျက်ဖြေတရားမှာ နားဝင်လွယ်ပြီး လက်ခံဖွယ်၊ လိုက်နာဖွယ်လည်း ဖြစ်ပေသည်။
ထိုတရားမှာ-တစုံတယောက်အား အမျက်ဒေါသ ထွက်မည်ကြံလျှင်
၁။ ပံ့သကူ ပုဆိုးကောက်သူသည် ကောင်းနိုးရာကိုသာ ရွေးကောက်သကဲ့သို့ အမူအကျင့် မကောင်းသူဖြစ်မူ နှုတ်ကောင်းသည်ကို ဆင်ခြင်၍ အမျက်ဖြေပါ။
၂။ ရေညှိမှေး တင်နေသော ရေကန်၌ အပေါ်ရေညှိ လှစ်၍ အတွင်းရေကို သောက်ရာသကဲ့သို့ နှုတ်မကောင်းသူဖြစ်ပါက အမူအကျင့်ကောင်းသည်ကို ဆင်ခြင်၍ အမျက်ဖြေပါ။
၃။ ရေငတ်သူသည် နွားခြေရာခွက်၌ရှိသော ရေကို ပုဆစ်တုပ်ဝပ်၍ သောက်ရာသကဲ့သို့ အမူအကျင့်ရော၊ နှုတ်ပါ မကောင်းသူဖြစ်မူ တခါတရံ နှစ်သက်ဖွယ်ရှိသည်ကို ဆင်ခြင်၍ အမျက်ဖြေပါ။
၎။ အရပ်တပါးသို့ တဦးတည်း ခရီးသွားပြီးလျှင် လမ်း၌ နာမကျန်းဖြစ်၍ ပြုစုစောင့်ရှောက်မည့်သူ မရှိသော လူနာအား မြင်ရသူများ သနားကြသကဲ့သို့ အမူအကျင့်ရော၊ နှုတ်ပါ မကောင်းသည့်အပြင် နှစ်သက်ဖွယ်လည်းမရှိသူ ဖြစ်ပါက-ဪ ဤသူကို လောက၌ ရခဲလေစွတကား-ဟု သနားခြင်းကို ရှေးရှု၍ အမျက်ဖြေပါ။
၅။ ချိန်မြိန်အေးမြသည့် ရေကို သောက်ပြီး စိမ်းလန်းစိုပြည်သော အရိပ်အာဝါသ အောက်တွင် လေညင်းခံကာ အနားယူနေသူသည် နှလုံးမွေ့လျော် ပျော်ရွှင်ကြည်နူးဖွယ်ရာ ဖြစ်သကဲ့သို့ ကိုယ် နှုတ် နှလုံး သုံးပါးစုံ နှစ်သက်ကောင်းမွန်သူဖြစ်မူ ရန်ငြိုးမဖွဲ့ဘဲ အမြဲမြတ်နိုးပါ။

အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် သူတပါးအား အမျက်မထား၊ ဒေါသမပွားစေလိုသည်သာမက မိမိကိုယ်တိုင်လည်း ခန္တီတရားနှင့် ပြည့်စုံအောင်နေလေ့ရှိပေသည်။
ဤမျှ လိုက်နာအတုယူ အားကျဖွယ်၊ စံပြုထိုက်ဖွယ်သော ဂုဏ်ရည်တို့နှင့် ပြည့်စုံတော်မူသော မထေရ်မြတ်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀-ကျော်ကာလ၊ မဟာသက္ကရာဇ် ၁၄၇-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ညဥ့် မိုးသောက်ယံ အချိန်ဝယ် မိမိ၏ မွေးဖွားသန့်စင်သောအခန်း၌ ခန္ဓာချုပ်ငြိမ်း၍ ပရိနိဗ္ဗာန် ၀င်စံတော်မူခဲ့လေသည်။

မှီငြမ်းကျမ်းကိုး-
( ဘဒ္ဒန္တ နာဂသေန-၀မ့်ကွန်, လွိုင်ကော်)၏ (အရှင်သာရိပုတ္တရာ မထေရ်ကြီး၏ နည်းယူဖွယ်ကောင်းသော ဂုဏ်ရည်များ)

'အပျိုသီလ'

ဗုဒ္ဓသာသနာတော်ကို လေ့လာပါလျှင် ဦးစွာပထမ သာသနာတော်သုံးရပ်ကို လေ့လာရပါမည်။ သို့မှသာ ပြည့်စုံပါမည်။

အချုပ်ကို လေ့လာရသော် -

(၁) ပိဋကတ်သုံးပုံဖြင့် ရေတွက်အပ်သော အလုံးစုံသော ဘုရားစကားတို့သည် ' ပရိယတ် သာသနာတော် ' မည်ပါ၏။

(၂) ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ဆယ်ပါးသီလ၊ ဓုတင်အကျင့်၊ ဝတ်အကျင့်နှင့် သမထ ဝိပဿနာ အကျင့်တို့သည် ' ပဋိပတ်သာသနာ ' မည်ပါ၏။

(၃) မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်သည် ' ပဋိဝေဓ သာသနာ ' မည်ပါ၏။

ယင်းသာသနာတော် သုံးရပ်တွင် ပရိယတ် သာသနာတော်သည် ' သင်' သာသနာဖြစ်၏။ မိမိ၌ သင်ယူထားသော ဘုရားဟောကြား ပရိယတ်တရား တစ်ပုဒ်တစ်သုတ်မျှ မရထား၊ မဆောင်ထားနိုင်ပါလျှင် ပရိယတ်သာသနာ ပုဂ္ဂိုလ်ဖြစ်နေသည်ကို အထူးသတိရှိပါ။

'ပဋိပတ်သာသနာ' ၌ ငါးပါးသီလသည် အောက်ထပ်ဆုံး ပဋိပတ်ဖြစ်၏။ မိမိ၌ ငါးပါးသီလလေးမျိုးမှ တစ်မျိုးမျိုးမျှ မရှိလျှင် ပဋိပတ်သာသနာပဖြစ်နေသည်ကို အထူးသတိရှိပါ။

ယင်းသို့ ပရိယတ်၊ ပဋိပတ် နှစ်ရပ်သာသနာ စပ်ခါကျင့်ပါမှ ပဋိဝေဓ သာသနာဆိုသည့် မဂ်, ဖိုလ်, နိဗ္ဗာန်တွေ ပေါ်လာမည် စသည်ဖြင့် မိမိသည် တရားတစ်ပွဲ၌ သီလအကြောင်းကို ဦးစားပေးပြီး ဟောပြောပြသလိုက်၏။

တရားပွဲပြီးသော် အမျိုးသမီးတစ်စုရောက်လာပြီး ရှိခိုးဦးချကာ တစ်ယောက်က လျှောက်ထား၏။

" ဆရာတော်ဘုရား၊ ခုနက ဟောကြားတဲ့ တရားတော်မှာ ဘုရားတပည့်တော်တို့ မကြားဘူး မနာဘူးတာတွေ အများကြီးပါပါတယ်ဘုရား"

"ဘာတွေများပါလဲ"

"ဆရာတော်ဘုရားက ငါးပါးသီလ လေးမျိုးရှိတယ်တဲ့၊ အဲဒီလေးမျိုးက ဘာတွေပါလဲ ဘုရား"

"အမယ်လေး၊ မကြားဘူးလို့သာ မကြားဘူးရတယ်။ အဲဒီလေးမျိုးကို ဘုန်းကြီး ခဏခဏ ဟောပြလေ့ရှိပါတယ်"

"ဘုရားတပည့်တော်တို့ ဒီတစ်ခါ ပထမဆုံး ကြားနာရခြင်းပါ ဘုရား"

"ကဲ… ဒါဖြင့် မှတ်ထား၊ ရှင်းပြမယ် လူအိုသီလ၊ အပျိုသီလ၊ လူပျိုသီလ၊ အနာဂါမ်သီလရယ်လို့ ငါးပါးသီလ လေးမျိုးရှိတယ်"

"အပြည့်အစုံလေးရှင်းပြပါဦးဘုရား"

"ယခု အများစု အမြဲတမ်းဆောက်တည်နေကြတဲ့ ငါးပါးသီလကို 'လူအိုသီလ' လို့ ခေါ်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ လူအိုတွေမှာ ဇနီးခင်ပွန်းရှိကြတယ်။ အဲဒီ ဇနီးခင်ပွန်းအချင်းချင်း ပေါင်းသင်းဆက်ဆံခွင့်ရှိတယ်။ မေထုန်ပြုကျင့်နိုင်တယ်။ မိမိပိုင်ဆိုင်တဲ့ ဇနီးခင်ပွန်းမှတစ်ပါး အခြားကာမတို့နှင့် ပေါင်းသင်းဆက်ဆံခွင့် မရှိဘူး။ ဒါကြောင့် လူအိုတွေဟာ ပဉ္စသီလဆောက်တည်ပြီး အိမ်ထောင်နဲ့ နေကြတာ။ ဒါကြောင့် ဆောက်တည်နေကျ ပဉ္စသီလကို 'လူအိုသီလ' လို့ခေါ်ပါတယ်။

'အပျိုသီလ' 'လူပျိုသီလ' ဟာ အခုခေတ်မှာ ဆောက်တည်သူမရှိတဲ့အတွက် ကွယ်နေတယ်လို့ ပြောရမှာပဲ'အပျို - လူပျိုတွေမှာ အိမ်ထောင်မရှိတာ။ ဇနီးခင်ပွန်းမှ မရှိတာ။ 'အဗြဟ္မစရိယသိက္ခာပုဒ်' ကို လုံခြုံအောင် စောင့်ထိန်းနိုင်တယ်။

အဲဒီသိက္ခာပုဒ်က 'ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်' ထက် အဆင့်အတန်းမြင့်တယ်။ဟုတ်တယ်လေ 'ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်' ကို စောင့်ထိန်းထားသူ လူအိုတစ်ယောက်ဟာ မိမိတို့ ဇနီးမောင်နှံ အချင်းချင်း ပေါင်းသင်းဆက်ဆံခွင့် ရပါတယ်။ ပေါင်းသင်းဆက်ဆံခြင်းကြောင့် အပြစ်မရှိပါဘူး။ အဲ - သူများကာမကို ပေါင်းသင်းဆက်ဆံလျှင်တော့ အပြစ်ဖြစ်၏။

'အပျိုသီလ' ကို 'ကောမာရိဗြဟ္မစရိယသီလ' လို့ ခေါ်ပါတယ်။

' လူပျိုသီလ' ကို 'ကောမာရဗြဟ္မစရိယသီလ' လို့ ခေါ်ပါတယ်။

အပျို - လူပျိုတွေမှာ ဇနီးမောင်နှံ မရှိတော့ 'ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်' နှင့် မသက်ဆိုင်ပါဘူး။'အဗြဟ္မစရိယသိက္ခာပုဒ်' ကို အပျို - လူပျိုတွေဟာ သဘာဝအားဖြင့် စောင့်ထိန်းထားပြီးသား ဖြစ်နေပါတယ်။ ဒါကြောင့် အပျို လူပျိုတွေ စောင့်ရမယ့် သီလဟာ 'ကောမာရိဗြဟ္မစရိယသီလ' နှင့် 'ကောမာရဗြဟ္မစရိယသီလ' တို့ ဖြစ်ပါတယ်။

" ဆရာတော်ဘုရား၊ ဆောက်တည်ပုံကို ရှင်းပြပေးပါဦးဘုရား"

"အပျိုတွေက…'အဟံဘန္တေ တိသရဏေန သဟ ကောမာရိဗြဟ္မစရိယသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံကတွာ သီလံဒေထ မေဘန္တေ' လို့ သီလတောင်းပါ။ ဒုတိယမ္ပိ၊ တတိယမ္ပိ စသည် ဆက်ဆိုပါ။အပျိုသီလနှင့် လူပျိုသီလမှာ 'ရ' မှာ လုံးကြီးတင်ပါတာနှင့် မပါတာပဲထူးပါတယ်။"

"ဆရာတော်ဘုရား၊ 'ကောမာရိ - ကောမာရဗြဟ္မစရိယ'အဓိပ္ပါယ်က ဘယ်လိုပါလဲဘုရား"

"သြော်… ကောမာရိဗြဟ္မစရိယသီလ(ဟာ) ငယ်မူဖြုစင်သူတို့၏ မြတ်သောအကျင့်သီလဟူသာ ဓမ္မသိက္ခာပုဒ်အကျင့် (လို့) အနက်အဓိပ္ပါယ်ဖော်ရပါတယ်"

'ကောမာရိ' နှင့် 'ကောမာရ' မှာ 'ရ' မှာ လုံးကြီးတင်ပါတာမပါတာထူးပေမယ့် အနက်အဓိပ္ပါယ်ကတော့ အတူတူပါပဲ။"

"ဆရာတော်ဘုရား ပို့မယ့်ပို့လျှင် ကူးတို့ရောက်အောင် ပို့ပါဆိုတာလို အဲဒီ အပျိုသီလ လူပျိုသီလကို အစအဆုံးပဲ ယူပုံယူနည်း ပြန်ပြောပေးပါဘုရား"

"အဟံဘန္တေ တိသရဏေန သဟ ကောမာရိဗြဟ္မစရိယသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံကတွာ သီလံဒေထ မေဘန္တေ"

"အရှင်ဘုရား၊ ဘုရားတပည့်တော်သည် သရဏဂုံသုံးပါးနှင့်တကွ ငယ်သွေးငယ်မူ ဖြုစင်သူတို့၏ မြတ်သောအကျင့်သီလဟူသော သိက္ခာပုဒ်အကျင့်ကို တောင်းပန်ပါ၏။ အရှင်ဘုရား… ဘုရားတပည့်တော်အား ချီးမြှောက်ခြင်းကိုပြု၍ သီလကို ပေးတော်မူပါကုန်ဘုရား"

"ဒုတိယမ္ပိ နှစ်ကြိမ်မြောက်လည်း"

"တတိယမ္ပိ သုံးကြိမ်မြောက်လည်း"
ဆိုပါ အတူတူပါပဲ။"

နမော တဿနှင့် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ" စသည်တို့ဟာ အတူတူပါပဲ။

(၁) ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ - သူတစ်ပါးအသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော(ဝါ) ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို စိတ်ထဲ၌ မြဲစွာဆောက်တည်ပါ၏။

(၂) အဒိန္နဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ - ပိုင်ရှင်မှ မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော(ဝါ) ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို စိတ်ထဲ၌ မြဲစွာ ဆောက်တည်ပါ၏။

(၃) အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ - မမြတ်သောမေထုန်အကျင့်မှ ရှောင်ကြဉ်ကြောင်းဖြစ်သော (ဝါ) ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို စိတ်ထဲ၌မြဲစွာဆောက်တည်ပါ၏။

(၄) မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ - မဟုတ်မှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော(ဝါ) ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သောသိက္ခာပုဒ်ကို စိတ်ထဲ၌ မြဲစွာ ဆောက်တည်ပါ၏။

(၅) သူရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ - မေ့လျော့ပေါ့ဆခြင်း၏ အကြောင်းစင်စစ် မူးယစ်စေတတ်သော သေရည်အရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော (ဝါ) ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို စိတ်ထဲ၌ မြဲစွာဆောက်တည်ပါ၏။

ကဲ… ဒီလောက်ဆိုလျှင် သဘောပေါက်လောက်ပါပြီ။ ရိုးရိုးပဉ္စသီလ လူအိုသီလထဲမှာ 'ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်' ကိုဖြုတ်ပြီး 'အဗြဟ္မစရိယသိက္ခာပုဒ်' ထည့်လိုက်ရင် ပြီးတာပါပဲ။"

"ဆရာတော်ဘုရား၊ အဲဒီ အပျိုသီလကို ရှေးက ဘယ်အပျိုတွေ ဆောက်တည်ကြပါသလဲဘုရား"

"ရှေးက ကဿပမြတ်စွာဘုရား လက်ထပ်တော်အခါက ကိကီမင်းကြီးရဲ့သမီးတော် ခုနစ်ဖော်တို့က ရဟန်းမိန်းမပြုဖို့ရာ ခွင့်တောင်းတာမရလို့ အဲဒီသီလကို အပျိုစင်ဘဝနဲ့ အနှစ်နှစ်သောင်းတိုင်တိုင် နေထိုင်သွားကြတယ်"

"အဲဒီ ကိကီမင်းကြီးရဲ့ သမီးတော် ခုနစ်ဖော်တို့ဟာဘုန်းကြီးတို့ဘုရားရှင် လက်ထက်တော်အခါမှာ ခေမာထေရီ၊ ဥပ္ပလ္လဝဏ္ဏာထေရီ၊ ပဋာစာရီထေရီ၊ ကုဏ္ဍကေသာထေရီ၊ ကိသာဂေါတမီ၊ ဓမ္မဒိန္နာထေရီနှင့် ဝိသာခါကျောင်းအမကြီးတို့ရယ်လို့ အကျော်အမော်တွေ ဖြစ်လာပါတယ်။"

"ရှင်းပါပြီ ဆရာတော်ဘုရား။ ငါးပါးသီလ နောက်တစ်မျိုးဖြစ်တဲ့ အနာဂါမ်သီလကို ရှင်းပြပါဦးဘုရား"

"သြော်… အဲဒါက 'ဗြဟ္မစရိယ ပဉ္စမကသီလ' ကို 'အနာဂါမ်သီလ' လို့ပဲ အလွယ်ခေါ်တာပါ။ သီလတောင်းလျှင် -'အဟံဘန္တေ တိသရဏေနသဟ ဗြဟ္မစရိယ ပဉ္စသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံကတွာ သီလံဒေထ မေဘန္တေ'ဒုတိယမ္ပိ၊ တတိယမ္ပိ စသည်ဆိုပါ။

အဓိပ္ပါယ်ကတော့'အရှင်ဘုရား၊ ဘုရားတပည့်တော်သည် သရဏဂုံသုံးပါးနှင့်တကွ ကောင်းမြတ်သောအကျင့်လျှင် ငါးခုမြောက်သော သီလဟူသော သိက္ခာပုဒ်အကျင့်ကို တောင်းပန်ပါ၏။ အရှင်ဘုရား၊ ဘုရားတပည့်တော်အား ချီးမြှောက်ခြင်းကိုပြု၍ သီလကို ပေးတော်မူပါကုန်ဘုရား'

ဒီလောက်ဆိုလျှင်သဘောပေါက်ပါပြီနော်"

"မှန်ပါဘုရား၊ အဲဒီ သီလကို ရှေးက ဘယ်ပုဂ္ဂိုလ်တွေ ဆောက်တည်ခဲ့ပါသလဲဘုရား၊ အခုအခါမှာ ဘယ်သူတွေ ဆောက်တည်သင့်ပါသလဲဘုရား"

"အဲဒီဗြဟ္မစရိယ ပဉ္စမသီလ အနာဂါမ်သီလကို ရှေးက ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်နဲ့ ဝဇ္ဇီတိုင်းသား ဥဂ္ဂသူကြွယ်တို့ဟာ အိမ်ရှိမယားတို့ကိုစွန့်ပြီး တစ်သက်လုံး ဆောက်တည်ကြပါတယ်။ သူတို့က အနာဂါမ်တွေမို့ ဒီသီလကို အနာဂါမ်သီလ ခေါ်တာပါ။

အနာဂါမ်မဟုတ်သော်လည်း အိမ်ထောင်ရှင်များ၊ အိမ်ထောင်ပျက်နေကြတဲ့ အိမ်ထောင်ဘက်မရှိတဲ့ လူအိုများဟာ ဒီဗြဟ္မစရိယ ပဉ္စသီလကို ဆောက်တည်သင့်ပါတယ်။ဟုတ်တယ်လေ၊ သူတို့မှာ ပင်ကိုယ်အားဖြင့် အဗြဟ္မစရိယသိက္ခာပုဒ်ဟာ လုံခြုံနေပြီပဲ။

အပျိုလူပျိုများကတော့ ကောမာရိဗြဟ္မစရိယသီလနှင့် ကောမာရဗြဟ္မစရိယသီလ ဆောက်တည်ရပါမယ်။သူတို့ကလညိး ပင်ကိုယ်အားဖြင့် အဗြဟ္မစရိယသိက္ခာပုဒ် လုံခြုံနေပြီပဲ။အဲဒီလို ပင်ကိုယ်အားဖြင့် အဗြဟ္မစရိယသိက္ခာပုဒ် လုံခြုံနေသူ လူအိုများ၊ အပျို လူပျိုများဟာ ရိုးရိုးပဉ္စသီလ၊လူတို့ ငါးပါးသီလကိုသာ စောင့်ထိန်းနေလျှင် မရှုံးဘူးလား"

"ရှုံးပါတယ်ဘုရား"

"အေး ရှုံးတယ်၊ အဲဒီသီလတွေဟာ ဆောက်တည်သူမရှိလို့ ကွယ်နေတယ်၊ ယခု မေးလို့ သိသွားပြီဖြစ်တော့ မကွယ်အောင် ဆောက်တည်ကြပါနော်။ ဘုန်းကြီးတပည့် တော်တော်များများဟာ အဲဒီသီလတွေကို ဆောက်တည်ကြပါတယ်"

"တပည့်တော်တို့ကိုလည်း တပည့်ရင်း မှတ်ပါဘုရား၊ တပည့်တော်တို့လည်း ယနေ့ကစပြီး ဆောက်တည်ကြပါမယ်ဘုရား"

"အေး… ကောင်းတယ်၊ ကောင်းတယ်"

*အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော်။
*******************************

ကျေးဇူးတော်ရှင် တောင်စွန်း ဓမ္မဒူတ ဆရာတော်ကြီး၏ ဗုဒ္ဓဓမ္မပြဿနာများ - ၁၁ စာအုပ်မှ ကူးယူပါသည်။

Free Make Video Converter အရမ်းအသုံးတည့်ပါတယ်'


Video Converter ထဲမှာတော့တော်တော်လေးသုံးရတာဆင်ပြေပါတယ်
Android ဖုန်းတွေ နဲ့ Tablet တွေ အတွက်ဆိုပိုအသုံးတည့်ပါတယ်
ကို Phone ရဲ့ စခရင် ဆိုဒ် ကိုလိုက်ဖက်တဲ့အချိုးအတိုင်းရွေးချယ်ခွင့်ကအားသာချက်ပါ။
အခြားအခြားသော အားသာချက်အားနည်းချက်များကိုတော့ ကိုယ်တိုင်စမ်းသပ်ကြည့်ကြပါနော်...။
ဒေါင်းလုပ်လင့် ကတော့ File hippo ကနေပဲဒေါင်းရမှာပါ လွယ်ကူစွာဒေါင်းနိုင်ပါတယ်။

အဆင်ပြေကြပါစေခင်ဗျာ

'wifi တွေကိုလွယ်ကူစွာရှာဖွေရင် wifi radar ကိုသုံးပါ'

window 7  Nokebook သုံးသော သူငယ်ချင်းများ wifi များကိုလွယ်ကူစွာရှာဖွေချင်တယ်
ဆိုရင်တော့ EASY WIFI RADAR လေးကူပိုမိုမြန်ဆန်အောင် ကူညီရှာဖွေပေးပါလိမ့်မယ်။
ကောင်းသည်မကောင်းသည်နောက်မှပြော အခုဘဲစမ်းသုံးလိုက်ကြပါစို့ ။ဆိုက်တစ်ခုမှာတွေ့ လို့ 
ချက်ချင်းတင်ပေးလိုက်တာပါ။အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်။
အောက်မှာယူလို့ ရပါတယ်
 

အလွယ်ကူဆုံး ထိုင်းစကားပြော စာအုပ်လေး


ထိုင်းစကားလေ့လာသင်ယူမည့်ဆိုပါက ဒီစာအုပ်လေးက လေ့လာသင်ယူရတာ
လွယ်ကူလှပါတယ်။အထူးသဖြင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြသော သူငယ်ချင်းများ
အတွက် အလွန်သင့်လျှော်လှပါတယ်။မြန်မာနိုင်ငံက သူငယ်ချင်းများအနေဖြင့်လည်း
မိမိတို့ နိုင်ငံရဲ့ အနာဂတ် အချိန်ကာလများတွင် ထိုင်းနိုင်ငံ မှ ရင်းနှီးမြုပ်နှံသော
စက်ရုံအလုပ်ရုံများ များပြားလာသည်နှင်အမျှ ထိုင်းဘာသာစကားသည်လည်း
လေ့လာထားမယ်ဆိုရင်တော့ နောင်တစ်ချိန် သူငယ်ချင်းတို့ ရဲ့ အနာဂါတ်
တစ်ထောင့်တစ်နေရာကို ကူညီပေးနှိုင်မယ်လို့ မျှော်လင့်ပါတယ်။
လေ့လာသင်ယူမယ်ဆိုရင်တော့ ဒီမှာယူလို့ ရပါတယ်။

ကိုယ်ချင်းစာ နာခဲ့ရပြီ'

ဒီအကြောင်းအရာလေးကို အစကတော့ မရေးတော့ဘူးလို့ ဆုံးဖြတ်ထားပြီးသား။ ရေးဖို့လည်း အစီအစဉ်မရှိခဲ့။ သို့သော် ကိုယ်ကျင့်တရားနဲ့ ပတ်သက်နေသာကြောင့် ရေးသားလိုက်ခြင်း ဖြစ်သည်။
ဝါဆိုလပြည့်ကျော်(1)ရက်နေ့၊ 23 ရက်နေ့ကပေါ့။ (8)မိုင်ကို ကိစ္စတစ်ခုဖြင့် တက္ကစီကားငှါးပြီး သွားခဲ့တယ်။ ကမ္ဘာအေးဘုရားလမ်းမကြီး ချော်တွင်ကုန်းဘက်က တက်လာသော တက္ကစီကားကို ဂမုန်းပွင့်ရှေ့အရောက်တွင် တားပြီး ငှါးစီးခဲ့သည်။ (၈)မိုင်အရောက်တွင် စာရေးသူသွားချင်သော နေရာသို့ မရောက်ခင်တွင် ကားက ဂငယ်ကွေ့ ကွေ့ရမည်ဖြစ်သည်။ ကားတွေလည်း လမ်းပေါ်တွင် အရမ်းကြပ်ပိတ်နေသည်။ ကွေ့ရန် အခက်အခဲ ဖြစ်နေမှာစိုးသောကြောင့် ကားသမားကို ငဲ့ပြီး မကွေ့ရန် ပြောလိုက်သည်။
‘’ ဒကာကြီး ….ဟိုဘက်မကွေ့နဲ့တော့၊ ကားတွေ ပိတ်နေပြီ၊ ဒကာကြီးအတွက် အချိန်ကြာနေလိမ့်မယ်၊ ဦးဇင်း ဒီနားမှာပဲ ဆင်းလိုက်တော့မယ်၊ ကားခလေး ယူပါဦး ဒကာကြီး’’
ရန်ကုန်မြို့ကြီးတွင် ဂငယ်ကွေ့ကွေ့ရတာ သိပ်မလွယ်လှ။ သို့အတွက်ကြောင့် ကားသမားလည်း အဆင်ပြေပါစေ၊ နောက်နောင် ခရီးသည်တွေလည်း ရပါစေဆိုတဲ့ ဆန္ဒဖြင့် မိမိသွားမည့်နေရာ မရောက်ခင်မှာပင် ဆင်းပေးလိုက်၏။ ကားလမ်းကို ဖြတ်ကူးပြီး ငါးမိနစ်ခန့်လမ်းလျှောက်ရင် မိမိသွားမည့်နေရာ ရောက်ပေတော့မည်။ သို့အတွက် ကားသမားကို မကွေ့ခိုင်းတော့ဘဲ ဒီဘက်တွင်သာ ရပ်ခိုင်းလိုက်သည်။
ပြီးနောက် တက္ကစီကားပေါ်က ဆင်းလိုက်သည်။ ကားတံခါးကို ပြန်ပိတ်ပြီး ‘’ကျေးဇူးတင်ပါတယ် ဒကာကြီး’’ဟု ပင် ချေငံစွာ ပြောဆိုနှုတ်ဆက်လိုက်သည်။ ကားသည်လည်း ၀ူးခနဲ မောင်းထွက်သွားသည်။ ထိုအခါမှ
‘’ ဟာ…သွားပြီ’’
ကားထဲတွင် ဖုံးပါသွားပြီ။ အနီးရှိ pco ဖုန်းဆိုင်မှ ဆက်ချင်း ဖုံးဆက်သည်။ ငါးမိနစ်မျှသာ ကြာသေး၏။
စာရေးသူ ဖုံးဆက်သောအခါတွင် ကိုင်၏။ ကိုင်သူကား တခြားမဟုတ်။ တိုးရစ်ဖြစ်သည်။ ထိုသူပြောသော စကားများကို နားမလည်။ ၁မိနစ်ခန့်ပြောသည်။ ထို့နောက်မှ တက္ကစီကားသမားလက်ထဲ ဖုန်းရောက်သွားထင် သည်။ ထိုအခါမှ မြန်မာစကားသံကြားရတော့သည်။ စာရေးသူသည် ကမန်းကတန်း ပြောလိုက်မိသည်။
‘’’ဒကာကြီး အဲဒါဦးဇင်းဖုံးပါ၊ ဒကာကြီးရဲ့ကားပေါ်မှာ မေ့ကျန်ခဲ့တာပါ။ အခု…ဘယ်နားရောက်နေပါသ လဲ..ပြောပေးပါ။ ဦးဇင်းချက်ချင်း လိုက်ခဲ့ပါ့မယ်။ ဒကာကြီးအတွက် တစ်သောင်းခွဲ ပေးစွန့်ပါ့မယ်။ ဖုန်းထဲမှာ ဦးဇင်းရဲ့ဘီအေ စာတမ်းအတွက် မှတ်ထားတဲ့ အကြောင်းအရာတွေ ပါနေလို့ပါ။ ဒကာကြီးအတွက် တစ်သောင်းခွဲ ပေးစွန့်ပါ့မယ်။ ရောက်နေတဲ့ နေရာ ပြောပေးပါ။ ဦးဇင်းချက်ချင်း လိုက်ခဲ့ပါ့မယ်။’’
‘’ တပည့်တော်မှာ ပါစင်ကြယ်ပါတယ်။ ရပ်ပေးလို့ မရဘူးဘုရာ့’’
‘’ ဒကာကြီး ရောက်တဲ့နေရာက ရပ်စောင့်ပေးပါ၊ ခရီသည်ကိုလည်း ပြောလိုက်ပါ။ သူတို့သွားမယ့် ခရီးအတွက် ကားခကို ဦးဇင်းပေးပါ့မယ်လို့။ ‘’
‘’ မရဘူးဘုရာ့၊ အခု ဗိုလ်ချုပ်ဈေးကို ရောက်နေပြီ၊ လာပို့ပေးမယ် ၊ ဘယ်ကို လာပို့ပေးရမလဲဘုရား’’
အော်….မြန်လိုက်ပါဘိ။ (၈)မိုင်က ဆင်းတာ ငါးမိနစ်မျှသာ ရှိသေးသည်။ ဘယ်လိုများ ဗိုလ်ချုပ်ဈေးကို ရောက်သွားသည်မသိ။ ရန်ကုန်မြို့တွင် အမြန်လမ်းကြီးများ ဖောက်ပြီးသွားပြီလော။ ကြပ်ပိတ်နေတဲ့ ကားတွေကို ဘယ်လိုများ ကျော်ခွမောင်းသွားသလော။
‘’’ဒါဆိုလည်း နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ကချင်ဆောင်၊ အခန်း(၃၀)၊ ကမ္ဘာအေးကို လာပို့ပေးပါ….ဒကာကြီးကို တစ်သောင်းခွဲပေးစွန့်ပါ့မယ်’’
ကားသမားသည် ဖုန်းချလိုက်တော့သည်။ (၈)မိုင်က အပြန်တွင် အဆောင်ရှေ့မှ စောင့်နေမိသည်။ ည ၁၀နာရီထိပင် ထိုကားသမားသည် ရောက်မလာခဲ့ချေ။ မိမိမေ့ကျန်ရစ်ခဲ့သော ဖုံးနံပါတ်ကို ဆက်သည်။ ဆက်တိုင်း လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်ပိတ်ထားပါတယ်ရှင် နဲ့သာ အကြိမ်ကြိမ်တိုးနေ တော့သည်။ လက်ချော့လိုက်ပါပြီ။ ဆက်မခေါ်တော့ပေ။
မေ့ကျန်ခဲ့သော ဖုန်းကို မနှမြောပေ။ ထိုဖုန်းထဲတွင် ရှိနေသော စာရေးသူရဲ့ ဘီအေစာတမ်းအတွက် အချက်အလက်များနဲ့ ဓာတ်ပုံများကိုသာ နှမြောမိသည်။ တစ်သိန်းနှစ်သောင်း ပေး၇သော ဟန်းစက်ကို မနှမြောပေ။ ထိုအထဲတွင် ရှိနေသော အချက်အလက်များကို ပြန်ရလျှင် ကျေနပ်ပါပြီ။ ထိုအချက်အလက် များကို စာရေးသူရက်ပေါင်းများစွာ စုစောင်းထားရပါသည်။ ထိုအချက်အလက်တွေ ရလိုဇောဖြင့် အကြိမ် ကြိမ် ဆက်မိသည်။ ဆက်မရတော့ချေ။
စာရေးသူ လက်လျှော့လိုက်ရတော့သည်။ ထိုဖုန်းနံပါတ်ကို ရုံးမှ ချက်ချင်းပိတ်ခိုင်းလိုက်လျှင် ရသည်။ သို့သော် စာရေးသူခိုင်းမည်မဟုတ်ချေ။ ထိုကားသမားအား အလိုရှိရာ ဆက်ပါစေဟူသော ဆန္ဒဖြင့် တစ်ပတ်တိတိ ဖုံးကို ဖွင့်ပေးထားမည်။ ထိုသူသည် လိုရာသို့ ဆက်နိုင်ပါစေ။
နောက်ဆုံးတော့ စာရေးသူ အသိတရား ရလိုက်ပေသည်။ ပစ္စည်းဥစ္စာတို့သည် အခါခပ်သိမ်း မတည်မြဲပေ။ သဗ္ဗေ သင်္ခါရာ အနိစ္စာ- မြင်မြင်သမျှဟာ အနိစ္စပါ။ မတည်မြဲနိုင်ပေ။ ပျောက်ပျက် ပျက်စီးကြရမည်သာ ဖြစ်သည်။ ထိုဒကာအား ကျေးဇူးတင်မိသည်။ ပစ္စည်းတို့ရဲ့ မတည်မြဲမှုကို လက်တွေ့ ပြခဲ့သည်။ ထိုဒကာအား ဆုတောင်းမေတ္တာပို့မိသည်။
‘’ဒကာကြီး ထိုဖုန်းဖြင့် အဆင်ပြေပြေ ဆက်နိုင်ပါစေ”’
‘’ဒကာကြီး ထိုဖုန်းဖြင့် အဆင်ပြေပြေ ဆက်နိုင်ပါစေ”’
‘’ဒကာကြီး ထိုဖုန်းဖြင့် အဆင်ပြေပြေ ဆက်နိုင်ပါစေ”’
ထိုဒကာကြီးအဆင်ပြေ ချောမွေ့နေချိန်တွင် စာရေးသူသည် ဘီအေစာတမ်းကို အစမှ မှတ်စုများ ပြန်ရှာရတော့သည်။ တည်ဆောက်နေသော ဘ၀လမ်းတံတားသည် တစ်ဝက်ရောက်သောအခါမှ ကျိုးကျသဖြင့် အစက ပြန်စရသလို အခုတော့ဖြင့် အမေ့ဂုဏ်ရည်ဆ၇ာတော်လေးသည်လည်း………………………………………။

မန္တလေး ပေါက်ကွဲမှုအတွက် မသင်္ကာသူများကို စတင် စစ်ဆေး


ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် ကားကို တွေ့ရစဉ် 
မန္တလေးမြို့  ဆရာတော် ဦးဝီရသူ တရားပွဲအနီးတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သံသယရှိသူ နှစ်ဦးကို အမှတ် (၉) ရဲစခန်းတွင် ခေါ်ယူ စစ်ဆေးနေကြောင်း သိရသည်။
ဇူလိုင်လ ၂၁ ရက်နေ့ ညပိုင်းက မန္တလေးမြို့ ၃၆ လမ်း၊ ၈၄ နှင့် ၈၅ လမ်းကြားတွင် ဆရာတော် ဦးဝီရသူ တရားပွဲ ကျင်းပခဲ့စဉ် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး တရားပွဲလာ အမျိုးသမီး ပရိသတ် ၄ ဦးနှင့် ကိုရင် ၁ ပါး ဒဏ်ရာရခဲ့သည်။
တရားပွဲအနီးတွင် တပ်ဆင်ထားသော CCTV လုံခြုံရေး ကင်မရာ မှတ်တမ်းများမှတဆင့် သံသယရှိသူများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသားနှစ်ဦးသည် တရားပွဲအနီးတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခြင်း၊ တရားပွဲအတွင်း အင်္ကျီချွတ်၍ သွားလာနေခြင်းနှင့် တခြားသော မသင်္ကာစရာများကို တွေ့ရှိထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ ရဲမှူး ဦးစိုးငြိမ်းက ဧရာဝတီသို့ ပြောသည်။
“လောလောဆယ်တော့ သူတို့နှစ်ယောက်ကို မသင်္ကာတဲ့တွက် စစ်ဆေးနေတုန်းပဲ။ အတိကျတော့ ပြောလို့ မရပါသေးဘူး။ စစ်ဆေးရင်းနဲ့ မဟုတ်ဘူးဆိုရင်လည်း သူတို့ကို ပြန်လွှတ်ရမှာပါ၊ ကျန်တဲ့အပိုင်းတွေကတော့ တရားခံကို လမ်းစ ပေးသလို ဖြစ်သွားမှာ စိုးတဲ့အတွက် ထုတ်ပြောလို့ မရတာတွေ ရှိပါတယ်။ တရားခံဆိုတာ သိတာနဲ့ ချက်ခြင်း ထုတ်ပြန်ပေးသွားမှာပါ” ဟု ၄င်းက ပြောသည်။
ပြီးခဲ့သည့် ဇွန်လကုန်က ပြင်ဦးလွင်မြို့တွင် ဆိုင်ကယ်တစီး ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး စစ်သည်နှစ်ဦးနှင့် အရပ်သားတဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ မသင်္ကာသူများကို စုံစမ်းဆဲဖြစ်ကြောင်း ရဲမှူး ဦးစိုးငြိမ်းက ဆိုသည်။
“ပြင်ဦးလွင်မှာ ခွဲတဲ့ဗုံးအမျိုးစားနဲ့ ဒီမှာကွဲတဲ့ ဗုံးအမျိုးစားတို့က သေချာမသိရင်တော့ ခပ်ဆင်ဆင်ပဲ။ ဒါပေမယ့် ကွဲပြားတယ်။ ပြင်ဦးလွင်မှာ ကွဲခဲ့တဲ့ဗုံးက အထဲမှာ ဘောသီးတွေ ထည့်ထားတာ။ ဗုံးကို ပြင်ဆင်တဲ့ ပုံစံကလည်း နာနတ်သီးလို ဗုံးစံ အပြင်ဘက်ကနေ ပတ်ထားတာ။ ပြီးတော့ ၀ါယာကြိုးစတွေ တွေ့တယ်။ အခုဗုံးက အထဲမှာ ယမ်းရော၊ သံကြွပ်စတွေကို အစုံထည့်ပြီး ပစ်လိုက်တဲ့ဗုံးမျိုး။ ဒါ့ကြောင့်လည်း ဒဏ်ရာ မပြင်းထန်တာပါ” ဟု ရဲမှူး ဦးစိုးငြိမ်းက ရှင်းပြသည်။
မန္တလေးရှိ ပြည်သူများ အနေဖြင့် ယင်းဖြစ်ရပ်ကို မျက်မြင်ကြုံတွေ့ခဲ့ရသူများ၊ အနီးနား သွားလာရင်း မသင်္ကာဖွယ်ရာ တွေ့ရှိခဲ့သူများ ရှိပါက နီးစပ်ရာ ရဲစခန်းများသို့ သတင်းပို့ကြရန် အသိပေးထားကြောင်း သိရသည်။
ဗုံးခွဲမှုနှင့် စပ်လျဉ်း၍ မသင်္ကာသူများကို ဖမ်းဆီးရာတွင် မလိုလားအပ်သော ဖမ်းဆီးမှုများ ဖြစ်မည်ကို စိုးရိမ်ကြောင်း မန္တလေးမှ နိုင်ငံရေးသမား တချို့က ပြောသည်။
“သံသယရှိသူတွေကို စစ်ဆေးမေးမြန်းတာ ကောင်းပါတယ်။ ဒါပေမယ့် သံသယရှိတယ်ဆိုပြီး နှစ်အကြာကြီး ဖမ်းဆီးထားတာမျိုး၊ ပြီးတော့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးထားတာမျိုးတွေတော့ မဖြစ်စေချင်ဘူး။ အဲဒီလိုမျိုးနဲ့ နစ်နာခဲ့ရတဲ့ လူတွေမနည်းတော့ဘူး” ဟု နိုင်ငံရေး အကျဉ်းသာများ လူမှုကူညီရေး ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကိုကိုလေး ပြောသည်။
၂၀၁၁ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့သည့် မန္တလေး ဈေးချို ဗုံးကွဲမှု၊ ပြင်ဦးလွင်နှင့် နေပြည်တော် ဗုံးကွဲမှုများတွင် ရှမ်းတိုင်းရင်းသား တချို့ကို သံသယမှုများနှင့် ဖမ်းဆီးကာ တရားရုံးသို့ တင်ခဲ့သော်လည်း ယခုချိန်အထိ အဖြေမပေါ်သေးပေ။

မကြာမီ ကျင်းပမည့် သီတဂူဆရာတော်ကြီး၏ တရားပွဲအပါဝင် တခြားသော တရားပွဲများကိုလည်း လုံခြုံရေး အပြည့်အ၀ ချထားသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင်သူများကို အမှုဖွင့်ခွင့်မပေး


တောင်သူများကို သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့သည့် ဗိုလ်ချုပ် စိုးရှိန်ကို ယခင် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ ကိုယ်ရေးအရာရှိအဖြစ် ၎င်း၏ဘေး ကပ်လျက်တွင် မြင်တွေ့ရစဉ် 
နေပြည်တော် လယ်ဝေးမြို့နယ် ပေါက်မြိုင်အုပ်စု အင်တိုင်းသာရွာတွင် တောင်သူ ၃ ဦး ပိုင်ဆိုင်သော ဧက ၁၀၀ ၀န်းကျင်ရှိ သီးနှံစိုက်ပျိုးထားသည့် မြေပေါ်တွင် ဗိုလ်ချုပ်စိုးရှိန်က တောင်သူများအား သေနတ်ပြကာ ခြိမ်းခြောက်ခဲ့သည့် ဖြစ်ရပ်ကို ဒေသ အာဏာပိုင်များက အမှုဖွင့် မပေးသေးကြောင်း စုံစမ်း သိရှိရသည်။
ဇူလိုင်လ ၆ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်က မိမိလယ်မြေကို အလုပ်သမား နှစ်ဦးနှင့် ပေါင်း ရှင်းလင်းနေစဉ် ဗိုလ်ချုပ် စိုးရှိန်ဆိုသူက တပည့် ၄ ဦးဖြင့် ၀င်ရောက်လာပြီး ၎င်း၏ ပစ္စတို သေနတ်ကိုထုတ်၍ ယာမြေထဲမှ မထွက်ပေးပါက ပစ်သတ်မည်ဟု အော်ဟစ် ခြိမ်းခြောက်ခဲ့သောကြောင့် ကြောက်လန့်ကာ ထွက်ပြေးခဲ့ရကြောင်း တောင်သူ ကိုအောင်သန်းဦးက ဧရာဝတီသို့ ပြောသည်။
“ဗိုလ်ချုပ်စိုးရှိန်က အခုထွက်၊ မထွက်ရင် သေနတ်နဲ့ ပစ်မယ်ဆိုပြီး သေနတ်နဲ့ လှမ်းချိန်တယ်။ ကျနော်နဲ့ အလုပ်သမား နှစ်ယောက်လည်း ကြောက်ပြီး ထွက်ပြေးလာတာ၊ ထမင်းထုပ်တောင် ကျန်ခဲ့တယ်” ဟု သူက ဆိုသည်။
ထိုဖြစ်စဉ်ကို သက်ဆိုင်ရာသို့ တင်ပြရန် ပေါက်မြိုင်အုပ်စု အင်တိုင်းသာရွာ အပိုင် ဧလာ ရဲစခန်းသို့ သွားရောက် အမှုဖွင့်ခဲ့ရာ လက်မခံဘဲ လယ်ဝေးမြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားရန် ပြောဆိုသောကြောင့် လယ်ဝေးမြို့နယ် တရားရုံးသို့ သွားရောက်ခဲ့ကြောင်း၊ လယ်ဝေးမြို့နယ် တရားရုံးကလည်း လက်မခံဘဲ ရဲစခန်းသို့ သွားရောက် အမှုဖွင့်ရန် ပြောဆို သောကြောင့် မြို့နယ်ရဲစခန်းသို့ ပြန်သွားရာ စခန်းက အမှုဖွင့်ပေးရန် ငြင်းဆိုခဲ့ကြောင်း အမှုဖွင့်ရန် လိုက်ပါသွားခဲ့သူ
တောင်သူတဦးက ပြောသည်။

“ရဲစခန်းမှာ အမှုဖွင့်နိုင်ဖို့ နှစ်ရက်ကြိုးစားခဲ့တယ်။ အမှုက ဖွင့်လို့မရဘူး။ တရားရုံး သွားတော့လည်း လွှဲစာမပါလို့တဲ့ တရားစွဲလို့ မရဘူး။ နောက်တရက်ကျတော့ နေပြည်တော် ရဲချုပ်ရုံးတောင် ရောက်ခဲ့သေးတယ်။ ရဲချုပ်ရုံးကလည်း လယ်ဝေး ရဲစခန်းကိုပဲ ပြန်သွား ခိုင်းလိုက်ပြီး အမှုတော့ ဖွင့်မပေးလိုက်ဘူး” ဟု သူက ဆိုသည်။
ရဲစခန်းတွင် အမှုဖွင့်ရန် လက်မခံသောကြောင့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ထံ တောင်သူများက သွားရောက် မေးမြန်းကြောင်း၊ ထို့ကြောင့် ဒေါ်စန္ဒာမင်းက ကိုယ်တိုင်စာရေးပေး၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တိုင်ကြားရန် လမ်းညွှန်ပေးခဲ့ကြောင်း သိရသည်။
“ရဲစခန်းကို တိုင်တာ လက်မခံဘူးဆိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကို ဒီကိစ္စနဲ့ ပတ်သက်ပြီးအရေးယူပေးဖို့ တောင်သူတွေကို ကျမ စာတင်ခိုင်းလိုက်တယ်။ နှစ်ပတ်အတွင်းမှာ ဖြေရှင်း မပေးဘူးဆိုရင်တော့ ကျမအနေနဲ့ ဆက်ပြီးတော့ တတ်နိုင်တဲ့ ဘက်ကနေ ၀င်လုပ်ပေးမယ်” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
ဗိုလ်ချုပ်စိုးရှိန်က ၎င်းပိုင်ဆိုင်ရာ မြေအတွင်းတွင် ၀င်ရောက်စိုက်ပျိုးခြင်း မပြုလုပ်ရန် ရွာသားများကို အကြိမ်ကြိမ် သတိပေးခဲ့ပြီး ဖြစ်သည်ဟု Myanmar Times သို့ ဇူလိုင်လ ၁၁ ရက်နေ့က ပြောကြားထားသည်။ သေနတ်ဖြင့် ခြိမ်းခြောက်ခြင်း ပြုလုပ်ခဲ့သည်ဟုလည်း သူက အဆိုပါ မီဒီယာကို အတည်ပြု ပြောဆိုထားသည်။
“ဒီလို မလုပ်ဖို့ သူတို့ကို ကျနော် အမြဲ ပြောပါတယ်။ ဒီမြေကို ကျနော် တရားဝင် ပိုင်ဆိုင်တာပါ။ ဒါပေမယ့် သူတို့က ဆက်လုပ်နေတော့ ကျနော်တို့ဘက်က နည်းနည်းတော့ ခြိမ်းခြောက် ချင်လာပါတယ်” ဟု သူက Myanmar Times ကို ပြောသည်။
လယ်ဝေးမြို့နယ် ပေါက်မြိုင်အုပ်စု အင်တိုင်းသာရွာရှိ လယ်သမားများတို့ နှစ် ၂၀ ခန့် ဓားမဦးချ လုပ်ကိုင် စားသောက် လာခဲ့သော နေရာကို ဗိုလ်ချုပ်စိုးရှိန်၏ လူယုံများက ထိုနေရာသည် မြေကွက်အမှတ် ၁၀၅၊ ၁၀၆ အမည် ပေါက်ထားသည်ဟု ပြောဆိုကြောင်း၊ ထိုအကွက်များကို ဗိုလ်ချုပ်စိုးရှိန်၏ လူယုံများက ၀ယ်ယူမည်ဟု ဆိုကာ တိုင်များ လာစိုက်သောကြောင့် တောင်သူများက ၀ိုင်းဝန်း တားမြစ်ခဲ့ကြောင်း၊ ဗိုလ်ချုပ်စိုးရှိန်၏ တပည့်များထံမှ ငွေကြေးလုံးဝ လက်ခံထားခြင်း မရှိကြောင်း၊ တားမြစ်ပြီး နောက်ရက်တွင် ဗိုလ်ချုပ်စိုးရှိန်နှင့် လူအင်အား ၃၀ ခန့် ရောက်ရှိလာကြောင်း တောင်သူ ကိုအောင်သန်းဦးက ရှင်းပြသည်။
“၀ယ်ဖို့ဆိုပြီး သူတို့က ကျနော်တို့ကို ရက်ချိန်းတွေဘာတွေ ပေးပြီးပြီ။ ၆ လ ပိုင်းကတည်းကပဲ။ ကျနော့် အကွက်ကို တစ်ဧက တစ်သိန်းခွဲ ပေးမယ်၊ ဘေးက အကွက်ကိုတော့ တဧက သုံးသိန်းပေးမယ်လို့ ပြောတယ်။ ပြီးရင် ဗိုလ်ချုပ်လာရင် ခင်ဗျားတို့ ရသလောက် တောင်းယူလို့ ပြောတယ်။ ချိန်းတဲ့ရက်ကို သူတို့က ရောက်မလာဘူး။ နောက်ပိုင်း မ၀ယ်တော့ဘဲနဲ့ ဆီးပင်တွေ ၀င်စိုက်သွားတယ်” ဟု သူက ဆိုသည်။
တောင်သူများအနေဖြင့် လက်ရှိမြေကို ဓားမဦးချ လုပ်ကိုင်သည်ဟုသာ ပြောနိုင်ပြီး ပိုင်ဆိုင်ကြောင်း ပြစရာ အထောက် အထားမရှိဟု သိရသည်။
လက်ရှိအချိန်၌ ယင်းမြေပေါ်တွင် နှမ်း ၇ ဧက စိုက်ပျိုးထားပြီး ကြံစိုက်ပျိုးရန် ပြင်ဆင်ထားကြောင်း၊ တခြား အကွက် များတွင်လည်း သီဟိုဠ်၊ ငှက်ပျော စသည့်အပင်များ စိုက်ပျိုးထားကြောင်း တောင်သူများက ပြောသည်။

တောင်သူများကို သေနတ်ဖြင့် ထုတ်ချိန်ခဲ့သူ ဗိုလ်ချုပ်စိုးရှိန်သည် ယခင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အနားယူသွားသည် အထိ ကိုယ်ရေး အရာရှိအဖြစ် တာဝန်ယူပေးခဲ့ရသူ ဖြစ်ပြီး လက်ရှိအချိန်တွင် ကာကွယ်ရေး ၀န်ကြီးဌာနတွင် ဗိုလ်ချုပ် ရာထူးဖြင့် တာဝန်ထမ်းဆောင် နေသူ ဖြစ်သည်။

လက်ပံတောင်း ကြေးနီမိုင်း စက်တင်ဘာမှာ ပြန်စမည်


ကန်ထရိုက်စာချုပ်သစ်အရ အမြတ်ခွဲဝေမှုတွင် မြန်မာအစိုးရက ယခင် ၄ ရာခိုင်နှုန်းသာ ရခဲ့ရာက ယခု ၅၁ ရာခိုင်နှုန်း ရမည် 
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို လာမည့် စက်တင်ဘာလတွင် ပြန်လည် အကောင်အထည် ဖော်မည်ဟု ကြေးနီ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ သမ္မတရုံး ပြန်ထောင်စုဝန်ကြီး ဦးလှထွန်းက ယနေ့ နေပြည်တော်တွင် ကျင်းပသော စာနယ်ဇင်း တွေ့ဆုံရှင်းလင်းပွဲ၌ ပြောဆိုလိုက်သည်။
“လာမယ့် ၂ လအတွင်းမှာ စီမံကိန်းကို စလုပ်တော့မယ်။ စီမံကိန်းစတာနဲ့ လုပ်သားပေါင်း ၁၃၀၀ ကို အလုပ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်”ဟု ဝန်ကြီး ဦးလှထွန်းက ပြောဆိုသည်။
ထို ကြေးနီစီမံကိန်း ပြန်စမည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာ- ဝမ်ပေါင်ကြေးနီကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ မစ္စတာ ဂျန်းရီကလည်း “မြန်မြန် စနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်။ ရပ်ထားတဲ့ အချိန်တုန်းကလို ဆုံးရှုံးမှုတွေ ထပ်မဖြစ်စေချင်ဘူး။ ဒီစီမံကိန်းမှာ အရေးကြီးတာက ဒီစီမံကိန်းကို စလိုက်တာနဲ့ တပြိုင်နက် ဒေသခံတွေအတွက် အကျိုးရှိလာနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ပြောဆိုသည်။
မြန်မာ- ဝမ်ပေါင် ကုမ္ပဏီက လက်ပန်းတောင်းတောင် စီမံကိန်း အကောင်အထည်ဖော်ရာတွင် အမေရိကန် ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်။
လက်ပံတောင်း ကြေးနီသတ္တုတွင်းစီမံကိန်းအတွက် ကန်ထရိုက်စာချုပ်ကို အသစ်တဖန် ပြန်လည်ချုပ်ဆိုခဲ့ရာ မြန်မာအစိုးရအနေဖြင့် အမြတ် ၅၁ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး ဝမ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ၁၉ ရာခိုင်နှုန်း ရရှိကြမည်ဖြစ်ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းပေးပို့ချက်အရ သိရသည်။
စာချုပ်အရ အသားတင်အမြတ် ၂ ရာခိုင်နှုန်းကို  စီမံကိန်းလူမှုတာဝန်အတွက် သုံးစွဲရန် ရာထားခဲ့ပြီး အထူးသဖြင့် စီမံကိန်းဝန်းကျင်မှ ရပ်ရေးရွာရေး လိုအပ်ချက်များကို တာဝန်ယူ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အသုံးပြုမည်ဟု သိရသည်။
စာချုပ်အရ နိုင်ငံတကာ စံချိန်စံညွှန်းများ နှင့် ကိုက်ညီသော သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၀မ်ပေါင် သတ္တုတွင်းလီမီတက်မှ စီးပွားဖြစ် ထုတ်လုပ်ရေး လုပ်ဆောင်နေစဉ် ကာလအတွင်း တနှစ်လျှင် အမေရိကန် ဒေါ်လာ ၂ သန်း ပေးအပ်ရမည် ဖြစ်သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
ပုလဲမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင် က ”အခုလို ပြောင်းလဲလာတဲ့ အပေါ်မှာတော့ ကျမတို့ ကြိုဆိုပါတယ်။ နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေဆုံးရှုံးနေရကနေ အခုလိုပြန်ရတာကိုး။ ဒါပေမဲ့ ပွင့်လင်းမြင်သာမှုက အားနည်းနေတုန်းပဲလို့ ကျမတို့ သုံးသပ်တယ်” ဟု ဧရာဝတီကို ပြောဆိုပြီး စာချုပ်ကို အများပြည်သူတွေ လေ့လာခွင့်ရရှိစေရန် ထုတ်ဝေချပြရန်လည်း တိုက်တွန်းသည်။
ကြေးနီစီမံကိန်းစာချုပ်ကို ပြန်လည်ပြင်ဆင်ခဲ့သော်လည်း ယခင်အစိုးရ နည်းတူ ပွင့်လင်းမြင်သာမှု မရှိဘဲ စာချုပ်ပြင်ဆင်ရေးတွင်လည်း အသိပေးခဲ့ခြင်းမျိုး မရှိခဲ့ဟုလည်း ဆိုသည်။
“လူထုကို သေချာ ချမပြခဲ့လို့ ပြသနာတွေ ဖြစ်ခဲ့ပြီးပြီ။ အခုလည်း လူနည်းစုနဲ့ပဲ စာချုပ်ကို ပြင်တယ်။ ဒါကတော့ မကောင်းဘူး။ မနေ့ကလည်း ဒီကိစ္စကို လွှတ်တော်မှာ ရှင်းပြသွားတာတွေ လုပ်ခဲ့ပေမယ့် အသေးစိတ် ရှင်းပြတာတွေ မလုပ်ခဲ့ဘူး”ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။
စီမံကိန်းကို ဇွန်လ ၃ ရက်နေ့ ညပိုင်းက ခေတ္တရပ်နားပေးရန် ကုမ္ပဏီနဲ့ သဘောတူ ခဲ့ကာ ကြေးနီစီမံကိန်း စာချုပ်ပြင်ဆင်ချက်ကို ဇူလိုင်လ ၂၅ ရက်နေ့က ပြန်လည်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲ အခန်းအနားသို့ သမ္မတရုံးဝန်ကြီး ဦးလှထွန်း၊ သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာ မြင့်အောင် နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး နှင့် ၀မ်ပေါင်သတ္တုတွင်း လီမီတက် ဥက္ကဌ Chen Defeng တို့ တက်ရောက်ခဲ့ကြသည်။
လက်ပံတောင်းကြေးနီ သတ္တုတွင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဖက် စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် တည်ရှိသည်။
စီမံကိန်းကို ကနေဒါနိုင်ငံမှ အိုင်ဗင်ဟိုး ကုမ္ပဏီပြန်လည်ထွက်ခွာသွားပြီး ၂နှစ် အကြာ ၂၀၁၀ခုနှစ် မတ်လတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် နှင့် ၀မ်ပေါင် သတ္တုတွင်းလီမီတက်တို့က သတ္တုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆက်လက်တာဝန်ယူလုပ်ကိုင်ခဲ့ကြသည်။
လက်ပံတောင်း ကြေးနီသတ္တုတွင်း စီမံကိန်း ၏ အကျိုးအမြတ်ခွဲဝေမှုနှင့် ပတ်သက်၍ ယခင်က သဘောတူညီချက်များ အရ မြန်မာအစိုးရက ၁၆.၈ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်မှ ၁၃.၈ ရာခိုင်နှုန်း နှင့် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံ ထားသည့် ဝမ်ပေါင် သတ္တုတွင်းလီမီတက်က ၁၃.၃၃ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး ထုတ်လုပ်ရေးကုန်ကျ စားရိတ် ကို ၅၆ ရာခိုင်နှုန်း သတ်မှတ်ထားသည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ မှစတင်၍ မကြာခဏ ဆိုသလို ဆန့်ကျင် ဆန္ဒပြတောင်းဆိုခြင်းများ ဖြစ်ပေါ်နေခဲ့ရာမှ  ထိုနှစ် နိုဝင်ဘာလတွင် ဆန္ဒပြသူများကို ရဲများက ပြင်းထန်စွာ နှိမ်နင်းဖြိုခွဲခဲ့သည်။
ထို့နောက် မြန်မာအစိုးရက အတိုက်အခံခေါင်းဆောင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော စုံစမ်းရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်စေခဲ့ပြီး အဆိုပါ ကော်မရှင်က သမ္မတထံ သို့ ပေးပို့သော အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အစီရင်ခံစာတွင် နိုင်ငံ၏ စီးပွားရေးအကျိုးအမြတ်နှင့် အထူးသဖြင့် အနာဂတ်မျိုးဆက်သစ်များ ထိုအကျိုးအမြတ်ကို အပြည့်အ၀ခံစားနိုင်စေရန်အတွက် စီမံကိန်းကို ဆက်လက်ဆောင်ရွက်သင့်ကြောင်း ထောက်ခံတင်ပြသည်။
သို့သော် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်သက်ရောက်မှုများ အပြင် နိုင်ငံတကာဆက်ဆံရေး စသည့် ရှုထောင့် ပေါင်းစုံမှ ထည့်သွင်းသုံးသပ်၍ ပြင်ဆင်သင့်သည့် အားနည်းချက်များကိုလည်း ဖော်ပြခဲ့သည်။
အစီရင်ခံစာ ထုတ်ပြန်ခဲ့သည့် နေ့တွင်ပင် အစိုးရက စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာကို အကောင်အထည်ဖော်ရန် နှင့် မြေယာ ဆုံးရှုံးခဲ့သော ဒေသခံ တောင်သူလယ်သမားများကို နစ်နာကြေးထုတ်ပေးရန်နှင့် ပြန်လည်နေရာချထားပေး ရေး အတွက် သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်သော အထူးကော်မရှင် တခုကိုဖွဲ့စည်းပေးခဲ့သည်။
နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီး ဦးလှထွန်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းသည် ယခင်အစိုးရ လက်ထက်ကတည်းက  အကောင်အထည်ဖော်ခဲ့သော်လည်း ဘာပြဿနာမှ မရှိခဲ့ဘဲ ယခုအစိုးရ လက်ထက် နိုင်ငံရေး ကြားဝင် အမြတ်ထုတ်ကြသူတွေကြောင့်သာ  ပြဿနာများ ပေါ်ခဲ့ရကြောင်း ပြောသည်။
ကြေးနီစီမံကိန်းအတွင်းရှိ သာသနိကအဆောက်အအုံတွေကိုလည်း နေရာရွှေ့ပြောင်းပြီး တည်ဆောက်ပေးသွားမည်ဟုလည်း ပြောသည်။

စီမံကိန်းကို ပြန်လည် စတင်လျှင် တလ ကြေးနီ စီးပွားဖြစ် တန်ချိန် ၄ သောင်းမှ ၁ သိန်းအထိ ထုတ်လုပ်သွားမည်ဟု သိရသည်။

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့