Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 30 October 2014

သွေးလွန်တုတ်ကွေး တိုက်ဖျက်တဲ့ ခြင်တွေကို စေလွတ်ပြီ

သြစတြေးလျနိုင်ငံ ​မြောက်ပိုင်း ​ကွင်းစလန်း ပြည်နယ်မှာ ​သွေးလွန်တုတ်ကွေး ရောဂါ ​ကာကွယ်နိုင်မယ့် ​ခြင်အကောင်ပေါင်း များစွာကို ​ကျန်းမာရေး အာဏာပိုင်တွေက ​လွတ်ပေး လိုက်ပြီ ​ဖြစ်ပါတယ်။

အဲဒီခြင်တွေထဲမှာ ​Wolbachia ​ဆိုတဲ့ ​ဘက်တီရီးယားပိုးကို ​ထည့်ထားပြီး ​အဲဒီ ​ဘက်တီးရီးယားပိုးဟာ ​သွေးလွန်တုတ်ကွေးကို ​တိုက်ဖျက်နိုင်တဲ့အတွက် ​အဲဒီလို ​ခြင်တွေကို ​လူနေအိမ်တွေမှာ ​အများအပြား ​လွတ်ပေးလိုက်တာ ​ဖြစ်ပါတယ်။

အဲဒီလို ​သွေးလွန်တုတ်ကွေးကို ​တိုက်ဖျက်နိုင်တဲ့ ​ခြင်တွေ ​ပေါက်ပွားမှုများလာရင် ​သွေးလွန်တုတ်ကွေးရောဂါပါတဲ့ ​ခြင်အကောင်ရေ ​တဖြေးဖြေး ​နည်းလာပြီး ​သွေးလွန်တုတ်ကွေးရောဂါ ​လုံးဝမရှိတော့တဲ့အထိ ​ဖြစ်နိုင်တယ်လို့ ​ယူဆနေကြပါတယ်။

ဒီလို ​စမ်းသပ်မှုတွေကြောင့် ​လာမယ့်နှစ်အနည်းငယ်အတွင်း ​သြစတြေးလျနိုင်ငံ ​အပူပိုင်းဒေသဖြစ်တဲ့ ​နိုင်ငံရဲ့ ​မြောက်ပိုင်းမှာ ​သွေးလွန်တုတ်ကွေး ​ရောဂါ ​ဖြစ်ပွားမှုနှုန်း ​ပိုနည်းလာမယ်လို့ ​မျှော်လင့်နေကြပြီး ​မျှော်လင့်သလို ​ဖြစ်လာရင်တော့ ​အဲဒီ ​ခြင်ကောင်တွေကို ​သွေးလွန်တုတ်ကွေး ​အဖြစ်များတဲ့ ​အရှေ့တောင်အာရှ ​နိုင်ငံတွေကို ​ပို့ဆောင်ပေးမယ်လို့ ​သိရပါတယ်။




ISIS စစ်သွေးကြွ များအား သုတ်သင်မှုအတွက် တစ်ရက်အသုံးစရိတ် ဒေါ်လာ ၈ ဒသမ ၃ သန်းခန့် ကုန်ကျဟု ပင်တဂွန်စစ်ဌာနချုပ် ခန့်မှန်း

ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ ISIS စစ်သွေးကြွ များအား လေကြောင်းမှ ထိုးစစ်ဆင် ချေမှုန်းသုတ်သင် ရာတွင် တစ်ရက် အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ သန်းခန့် ကုန်ကျသည့် ခန့်မှန်းချက်အား ပင်တဂွန် စစ်ဌာနချုပ် က ပြန်လည် သုံးသပ်မှု ပြုလုပ်ခဲ့ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့ AFP သတင်းတစ်ရပ် အရ သိရသည်။

အမေရိကန်နိုင်ငံ အနေဖြင့် သြဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့သည့် အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၅၈ဝ ကုန်ကျခဲ့ကြောင်း ပင်တဂွန်၏ ပြောရေး ဆိုခွင့်ရှိသူ Bill Urban က ပြောကြားခဲ့သည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် မူလက တစ်ရက် အသုံးစရိတ် အမေရိကန် ဒေါ်လာ ၇ သန်းကျော် အသုံးပြုရန် ပျမ်းမျှ သတ်မှတ် ခဲ့သည်။ သို့ရာတွင် ဇွန်လလယ်ပိုင်းမှ စတင်ခဲ့သည့် အီရတ် စစ်ဘက်အား အကြံပေးရေး နှင့် ဘဂ္ဂဒက်မြို့ရှိ အမေရိကန် သံရုံး လုံခြုံရေးအတွက် အမေရိကန် တပ်ဖွဲ့ဝင် ရာပေါင်းများစွာ တပ်ဖြန့် ချထားမှုများ ပါဝင်သည့် အဆိုပါ စစ်ဆင်ရေးဆိုင်ရာ အသုံးစရိတ်အား အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနက ထည့်သွင်း တွက်ချက်မှု မပြုလုပ် ခဲ့ကြောင်း အလွတ်သဘော လေ့လာ ဆန်းစစ်သူ များက ပြောကြား ခဲ့သည်။

အသုံးစရိတ် ဆိုင်ရာ တာဝန်ရှိသူ အရာရှိဟောင်း များနှင့် အခြားသော ကျွမ်းကျင်သူ အချို့က လက်ရှိတွင် စစ်အသုံးစရိတ် သည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံထက် ကျော်လွန် ခဲ့သည်ဟု ခန့်မှန်းထားပြီး လာမည့် ၁ နှစ်အတွင်း ဒေါ်လာ ဘီလီယံပေါင်း များစွာ တိုးမြင့် လာနိုင်ကြောင်း ခန့်မှန်း ထားသည်။ အလားတူ အဆိုပါ စစ်ဆင်ရေး အသုံးစရိတ်သည် ၁ နှစ်လျှင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံမှ ၃ ဒသမ ၈ ဘီလီယံ အကြား ရှိလိမ့်မည် ဖြစ်ကြောင်း အမေရိကန် မဟာဗျူဟာ နှင့် အသုံးစရိတ် ဆိုင်ရာ အကဲဖြတ်ရေး ဌာနက စက်တင်ဘာလ ၂၉ ရက်နေ့တွင် အကဲဖြတ် ဆန်းစစ်မှု တစ်ရပ် ထုတ်ပြန် ခဲ့သည်။

သို့ရာတွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ တိုးချဲ့ဆောင်ရွက်မည် ဆိုပါက အသုံးစရိတ်သည် ၁ နှစ်လျှင် အမေရိကန် ဒေါ်လာ ၄ ဒသမ ၂ ဘီလီလယံ မှ ၆ ဒသမ ၈ ဘီလီယံ အကြား ကုန်ကျမည် ဖြစ်ကြောင်း အမေရိကန် မဟာဗျူဟာ နှင့် အသုံးစရိတ် ဆိုင်ရာ အကဲဖြတ်ရေး ဌာနမှ Tood Harrison က ပြောကြား ခဲ့သည်ဟု သိရှိရသည်။




ISIS အဖွဲ့က အသေခံဗုံးခွဲသမားများ နှင့် လူသားတံတိုင်းများ အဖြစ် ကလေးစစ်သားများကို အသုံးပြုလျက်ရှိ


ISIS စစ်သွေးကြွ အဖွဲ့သည် ၆ နှစ်သား အရွယ်မျှသာ ရှိသေးသည့် ကလေးသူငယ် များကို အသေခံ ဗုံးခွဲသမားများ အဖြစ် လေ့ကျင့်ပေးလျက် ရှိကြောင်းနှင့် ဒဏ်ရာရရှိသည့် ISIS စစ်သွေးကြွ များအတွက် သွေးလှူရှင်များ အဖြစ် ရှေ့တန်း စစ်မြေပြင်သို့ ခေါ်ဆောင်လျက် ရှိကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့ NEWSnow သတင်းတစ်ရပ် အရ သိရသည်။

ကလေးစစ်သားများ ပါဝင်သည့် အရေအတွက်အား အတိအကျ မဖော်ပြ နိုင်သော်လည်း ကလေးများအား စစ်သင်တန်း ပေးနေမှု အလျင်အမြန် တိုးပွားလာလျက် ရှိကြောင်း လူ့အခွင့်အရေး အဖွဲ့များနှင့် သတင်းထောက် များက ပြောကြားလျက် ရှိပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး နှင့် အီရတ်နိုင်ငံရှိ ကုလသမဂ္ဂ အထောက်အပံ့ ပေးရေးမစ်ရှင် ဆိုင်ရာ လူ့အခွင့်အရေး ရုံးတို့က ပူးတွဲ ရေးသားသည့် အစီရင်ခံစာ တစ်စောင်အရ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ အနေဖြင့် အသက် ၁၂ နှစ်၊ သို့မဟုတ် ၁၃ နှစ်အရွယ် မျှသာ ရှိသေးသည့် ကလေးသူငယ် များသည် အီရတ်နိုင်ငံ Mosul မြို့တွင် ISIS စစ်သွေးကြွ အဖွဲ့က စီစဉ်သည့် စစ်ရေး သင်တန်းများတွင် တက်ရောက်လျက် ရှိကြကြောင်း အတည်ပြု ထားသောအစီရင်ခံမှု များကို လက်ခံ ရရှိထားသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Ivan Simonovic သည် အီရတ်နိုင်ငံ ဘဂ္ဂဒက်၊ Dohuk နှင့် Erbil မြို့များရှိ အိမ်ရာစွန့်ခွာ ထွက်ပြေးလျက် ရှိသော အီရတ် ပြည်သူများနှင့် တွေ့ဆုံ မေးမြန်းမှု ပြုလုပ်ခဲ့ရာ ISIS စစ်သွေးကြွ များ၏ တပ်သားသစ် စုဆောင်းမှု အစီအစဉ်သည် ကြီးမား ကျယ်ပြန့်၍ ကြောက်မက်ဖွယ်ရာ အောင်မြင်မှု ရရှိလျက် ရှိကြောင်း ပြောကြားခဲ့သည်။

ISIS စစ်သွေးကြွ အဖွဲ့အနေဖြင့် ကလေးစစ်သား များကို အသုံးပြုမှုသည် အရွယ်ရောက်ပြီး သူများလောက် သိသိသာသာ အသုံးဝင်မှု မရှိသောကြောင့် ၄င်းတို့အား အခြားနည်းလမ်း များဖြင့် အသုံးချမှု ပြုလုပ်လျက် ရှိကြောင်း၊ ကလေးစစ်သား များကို လူသားတံတိုင်း များအဖြစ် အသုံးပြုလျက် ရှိသည့်အပြင် ISIS စစ်သွေးကြွ အဖွဲ့ဝင်များ အတွက် သွေးသွင်းမှုများ ပြုလုပ် ပေးရန်လည်း အသုံးပြုလျက် ရှိကြောင်း ကနေဒါနိုင်ငံ အခြေစိုက် ကလေးစစ်သား အရေး လှုပ်ရှားမှု အဖွဲ့ဖြစ်သည့် Romeo Dallaire အဖွဲ့မှ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဖြစ်သူ Shelly Whitman ၏ ပြောကြားချက် အရ သိရှိရသည်။








အိန္ဒိယ ရထား သံလမ်း ဘေးတွင် ကိုယ်လက် အင်္ဂါ ပြတ်တောက် သေဆုံး နေသည့် ဗြိတိန် နိုင်ငံသား အလောင်းတွေ့ရှိ

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ် ကမ်ပူမြို့နားက ချန်ဒါရီဘူတာရဲ့ ရထား သံလမ်းဘေးမှာ ကိုယ်လက်အင်္ဂါတွေ ပြတ်တောက်ပုံ ပျက်နေတဲ့ ဗြိတိန်နိုင်ငံသား တယောက်ရဲ့ အလောင်းကို အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ရပါတယ်။

အိန္ဒိယအစိုးရ မီးရထားရဲတွေရဲ့အဆိုအရ ဒီသေဆုံးမှုကို ခုချိန်ထိ မတော်တဆမှုအဖြစ် သတ်မှတ်ထား ပါတယ်။

ဒီအမျိုးသားဟာ မောင်းနှင်နေဆဲ ရထားပေါ်က ပြုတ်ကျသေဆုံးပုံ ရတယ်လို့ ချန်ဒရီ မီးရထားဘူတာရဲ့ စစ်ဆေးရေးမှူး မဟာဒေ့ဗ်က ပြောပါတယ်။ သူ့ရဲ့ နိုင်ငံကူး လက်မှတ်အရ သူ့ဇာတိနိုင်ငံကိုပဲ သိသေးတယ်။

သူနိုင်ငံကူး လက်မှတ်က အသက်အရ အသက် ၅၆ နှစ်ရှိပြီလို့ သူက ဆက်ပြောပါတယ်။ သေဆုံးမှုကို အိန္ဒိယရဲတွေက စုံစမ်းစစ်ဆေးနေဆဲပါ။




(၅)လွှာတိုက်ခန်းဝရန်တာ အုတ်ခုံပေါ်တွင်ထိုင်နေသူ အမျိုးသမီးငယ်တစ်ဦး ပြုတ်ကျသေဆုံး

၂၉.၁၀.၂၀၁၄ ရက်နေ့ ၁၉၄၀ အချိန်တွင် ပန်းဘဲတန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမျိုးသမီးတစ်ဦး (၅)လွှာတိုက်ခန်းမှ ပြုတ်ကျသေဆုံးပြီး ရန်ကုန် ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ရှမ်းပြည်နယ်၊ လားရှိုးမြို့နေ မတင့်တင့်စိုး၊ (၂၀)နှစ်ဖြစ်ပြီး ၎င်းတွင် ပါးစပ်သွေးထွက်၊ မေးစေ့ကွဲ ဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရှိ ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် လွန်ခဲ့သော(၁)လခန့်မှစတင်၍ ပန်းဘဲတန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းရှိ အမျိုးသမီး ဘော်ဒါဆောင်သို့ ရောက်ရှိနေထိုင်ခဲ့ကြောင်း၊ ၂၉.၁၀.၂၀၁၄ ရက်နေ့
၁၉၃၀ အချိန်တွင် ၎င်းနေထိုင်သော (၅)လွှာတိုက်ခန်း ၀ရန်တာ အုတ်ခုံတန်း ပေါ်တွင်ထိုင်နေရာမှ မြေပြင်ပေါ်သို့ပြုတ်ကျခဲ့ပြီး ဒဏ်ရာများရရှိကာ သတိလစ်နေသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ပန်းဘဲတန်းမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၄) ဖြင့် ရေးဖွင့် ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။




ငွေမည်းဖြင့် အိမ်ခြံမြေ ၀ယ်ယူ ဈေးကစားသည့် အဖွဲ့အစည်း ၊ ကုမ္ပဏီများကို အရေးယူမည်

ရန်ကုန် ၊ ၃၀-၁၀-၂၀၁၄

ငွေမည်းဖြင့် အိမ်ခြံမြေ ဝယ်ယူ၍ ဈေးကစားသည့် အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီ များကို ဖော်ထုတ် တွေ့ရှိပါက ဒဏ်ကြေးငွေ ကျပ်သိန်း ၅ဝဝ နှင့် ထောင်ဒဏ် ခုနစ်နှစ်အထိ အရေးယူမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော် အပါအဝင် မန္တလေး နှင့် နေပြည်တော် တို့၌ အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက်နေပြီး အထူးသဖြင့် ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးနှုန်းသည် ကမ္ဘာ့အဆင့်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၊ ဂျပန်နိုင်ငံ တိုကျိုမြို့များ ပြီးပါက တတိယ ဈေးနှုန်း အမြင့်ဆုံး အနေအထားတွင် ရှိနေပြီး အချို့ နေရာများမှာ စင်ကာပူ ထက် ဈေးနှုန်းမြင့်မား နေသည့် နေရာမျိုးလည်း ရှိနေကြောင်း အိမ်ခြံမြေ ဈေးကွက် လေ့လာသူ များက ပြောသည်။

မြေကွက်များ ချထား ပေးရာတွင် အိမ်ရာ ဆောက်လုပ် နေထိုင်ခြင်း သို့မဟုတ် မိမိ သဘောဆန္ဒ အရ ပြန်လည် ရောင်းချမှုများ ရှိနေခြင်းသည် တရားဝင် ပိုင်ဆိုင်ခွင့် ရရှိထား သော သူများ၏ ပုဂ္ဂလိက သဘောဆန္ဒ ဖြစ်ခြင်းကြောင့် လွတ်လပ်စွာ ရောင်းချ နိုင်ခွင့်လည်း ရှိသဖြင့် မူလ မြေကွက် ချထား ပေးစဉ်က ကန့်သတ်ချက် များအား ဖောက်ဖျက်ခြင်း မရှိပါက အရေးယူ ဆောင်ရွက်ရန် မဖြစ် နိုင်ကြောင်း သိရသည်။ သာမန်အားဖြင့် အိမ်ခြံမြေ အရောင်းအဝယ် လုပ်ကိုင် နေကြသည့် နိုင်ငံသား များနှင့် ပတ်သက်သည့် အရေးယူမှု ဆိုင်ရာ ဥပဒေပြဋ္ဌာန်း ထားခြင်း မရှိသည့် အပြင် တည်ဆဲ ဥပဒေများ တွင်လည်း နိုင်ငံသား တစ်ဦး၏ အိမ်ခြံမြေ ပိုင်ဆိုင်ခွင့် အရေအတွက် ကို ကန့်သတ် ထားခြင်း မရှိကြောင်း ဥပဒေ ပညာရှင် တစ်ဦးက ပြောသည်။

တရားမဝင် သော နည်းလမ်းဖြင့် ရရှိသော ငွေကြေးကို အသုံးပြု၍ အိမ်ခြံမြေ ဝယ်ယူခြင်း၊ အိမ်ခြံမြေ ရောင်းဝယ် ရာတွင် ပေးဆောင် ရမည့် ဝင်ငွေခွန် များကို တိမ်းရှောင်ခြင်း၊ နိုင်ငံတော်၏ ဘောဂဗလ၊ ဘဏ္ဍာရေး ဆောင်ရွက်ချက် နှင့် စီမံချက် များကို ထိခိုက်စေရန် ရည်ရွယ် ပြုလုပ်ခြင်း တို့ကို ကျူးလွန်ပါက အဆိုပါ အိမ်ခြံမြေ ရောင်းဝယ်သူ အား တည်ဆဲ ဥပဒေများဖြင့် အရေးယူ နိုင်ကြောင်း သိရသည်။ ငွေကြေး ခဝါချမှု ဥပဒေပုဒ်မ ၄၃ အရ မည်သူမဆို ငွေကြေး ခဝါချမှုကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားလျှင် ထိုသူအား ထောင်ဒဏ် ၁ဝ နှစ်အထိ ဖြစ်စေ၊ ပြစ်မှု ကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း ဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ငွေကျပ်သိန်း ၅ဝဝ အထိ ငွေဒဏ်ချမှတ် နိုင်ကာ အကျိုး ခံစားခွင့် ရှိသူ ပိုင်ရှင်အား ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ် ရမည်ဟု ပါရှိကြောင်း သိရသည်။ (၄၄၃)




ဆီရီးယားတွင် ISIS အဖွဲ့က ဆီးရီးယားစစ်ဘက် အကြီးအကဲ ၇၀ ဦးကို ခေါင်းဖြတ် သတ်ဖြတ်ခဲ့

ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များသည် ယင်း နိုင်ငံအတွင်းရှိ အစိုးရစစ်ဘက် ခေါင်းဆောင် အနည်းဆုံး ၇ဝ ဦးကို ခေါင်းဖြတ် သတ်ဖြတ် ခဲ့ကြောင်း သိရသည်။

ISIS စစ်သွေးကြွ အဖွဲ့ ၊ အယ်လ်ကိုင်ဒါ အဖွဲ့နှင့် ဆက်စပ်သည့် အယ်လ်နူဆာတပ်ဦး တို့သည် ဆီးရီးယားနိုင်ငံ အနောက် မြောက်ပိုင်း Idlib မြို့ရှိ စစ်ဘက်ဆိုင်ရာ စစ်ဆေးရေး ဂိတ်များ၊ ရဲဌာနချုပ်များ နှင့် အစိုးရရုံးများကို တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေစဉ် အတွင်းနှင့် အစိုးရစစ်ဘက် က Idlib မြို့ရှိ အစိုးရ အဆောက်အအုံ များကို စစ်သွေးကြွ များထံမှ ပြန်လည် မသိမ်းပိုက်နိုင်မီ ခေါင်းဖြတ်၍ သတ်ဖြတ်ခံရခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း ဆီးရီးယား အစိုးရ က ယူဆထားသည်။

ကိုဘာနီမြို့ကို ထိန်းချုပ်နိုင်ရန် အတွက် အောက်တိုဘာ ၂၇ ရက်က ISIS စစ်သွေးကြွ အဖွဲ့များနှင့် ကာ့ဒ်မျိုးနွယ်စု တိုက်ခိုက်ရေး သမားအကြား ဖြစ်ပွားလျက် ရှိသော တိုက်ခိုက်မှုသည် လွန်ခဲ့သည့် နှစ်နှစ်ကျော် ကာလအတွင်း ဆီးရီးယား သူပုန်များက ဆီးရီးယား နိုင်ငံအတွင်းရှိ ကျေးရွာနှင့် မြို့များကို သိမ်းပိုက်ပြီး ကတည်းက အပြင်းထန်ဆုံး တိုက်ခိုက်မှု အဖြစ် ထွက်ပေါ် လာခဲ့သည်။

အယ်လ်နူဆာတပ်ဦး နှင့် အခြားအဖွဲ့ များသည် Idlib မြို့အား အမြောက်များဖြင့် ပစ်ခတ်ခဲ့ပြီး ယင်းမြို့ရှိ စစ်ဆေးရေး ဂိတ်များကို တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့မှ ပြောကြား ခဲ့ကြောင်း သိရှိရသည်။






ငွေကြေး ရင်းနှီးမြှုပ်နှံသူများ ဒေါ်လာဘက်သို့ လှည့်လာ

ရန်ကုန် ၊ ၃၀-၁၀-၂၀၁၄

ပြည်တွင်း၌ သာမက ပြည်ပဈေးကွက် များတွင်ပါ ရွှေဈေးနှုန်း များမှာ ကျဆင်းသွားပြီး အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းမှာ မြင့်တက် လာခဲ့ရာ မြန်မာနိုင်ငံ တွင်လည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ခြောက်သိန်း ခြောက်သောင်းကျပ် ခန့်ထိ ကျဆင်းသွားပြီး အမေရိကန် ဒေါ်လာ ငွေလဲနှုန်းမှာမူ ယခုရက်ပိုင်း တွင် ပြင်ပ ဈေးကွက်၌ တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၂၀၀ နီးပါးအထိ မြင့်တက် လာခဲ့သည်။

ထိုသို့ ဒေါ်လာဈေး မြင့်တက် လာရခြင်းမှာ ကမ္ဘာ့ ရွှေဈေးကွက် တွင် ရွှေထုတ်လုပ်မှု ပမာဏ များပြားလာခြင်း၊ ရွှေဝယ်လိုအား ကျဆင်း သွားခြင်း တို့ကြောင့် ရွှေဈေးနှုန်း မှာလည်း ကျဆင်း သွားသဖြင့် အမေရိကန် ဒေါ်လာ ရောင်းဝယ်ရေး ဘက်သို့ ပြောင်းကာ ငွေကြေး ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်လာကြ သည့်အတွက် ကြောင့် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ ရှိ ကုမ္ပဏီကြီး များနှင့် ဆက်စပ်လျက် ရှိသော ပြင်ပငွေလဲ ဈေးကွက်မှ ဒေါ်လာဝယ် - ရောင်း အကျိုးဆောင် တစ်ဦး ကလည်း ''နိုင်ငံတကာမှာ ရွှေဈေးတွေက ဆက်တိုက်ကျ နေတော့ အခု လောလောဆယ် ရွှေကို ရင်းနှီးမြှုပ်နှံမှု မလုပ်ကြ တော့ဘဲ ပိုပြီး တန်ဖိုးခိုင်မာတဲ့ အမေရိကန် ဒေါ်လာဘက် ကို လှည့်လာ တာကြောင့် ငွေလဲနှုန်းတွေ တက်လာခဲ့ တာပါ။ ကျွန်တော်တို့ အပြင် ဈေးကွက်မှာ တစ်ဒေါ်လာ ကို ရောင်းဈေး က ၁၂၀၀ ကျပ် လောက်အထိ ဖြစ်လာတယ် ၊ ဈေးတက် လာတော့ ပို့ကုန် သမားတွေ အရင်ကထက် ပိုပြီး အဆင်ပြေ လာတာပေါ့။ ဗဟိုဘဏ် ကလည်း ရည်ညွှန်း ငွေလဲနှုန်း တွေကို နေ့စဉ်ထုတ်ပြန် ပေးပါတယ် ... '' ဟု ပြောဆို သွားသည်။

ယနေ့ နေ့လည် ပိုင်းတွင် ရန်ကုန်မြို့ရှိ ငွေလဲ စင်တာများမှ အမေရိကန် ဒေါ်လာ ရောင်းဈေး တစ်ဒေါ်လာလျှင် ၁ဝ၁၆ ကျပ်အထိ ရှိပြီး ရွှေဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၆၀၅၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။




ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ရေမြောင်းထဲ ထိုးကျ ခြောက်ဦး သေဆုံး

မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲကင်း စခန်းမှူး ဒုတိယ ရဲအုပ် သိန်းဇော်သည် ယမန်နေ့ နံနက် ၆ နာရီ ၄၈ မိနစ်က တာဝန်မှူး တာဝန် ဆောင်ရွက်နေစဉ် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ မြောက်ခင်ရန်း ကျေးရွာနှင့် သင်တောကျေးရွာကြား ဂန့်ဂေါ-ကလေးသွား ကားလမ်း မိုင်တိုင် အမှတ်(၃၅/ဝ)နှင့် (၃၅/၁)အကြား၌ မြောက်ခင်ရန်းကျေးရွာမှ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့သို့ ဈေးဝယ်ရန် ခရီးသည် ၁၂ ဦးခန့် တင်ဆောင်ပြီး ယာဉ်မောင်း ပါသဲ ၂၇ နှစ် တီအိုကျေးရွာ ထန်တလန်မြို့နယ် နေသူ မောင်းနှင်သော FOTON အဖြူရောင် ခြောက်ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဘယ်ဘက် ပေ ၄ဝ ခန့်ရှိ ရေမြောင်းထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။

ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် ပြင်ပဒဏ်ရာများ မတွေ့ရှိဘဲ သေဆုံးသူ သုံးဦး မှာ ဖိုးချက် ၃၈ နှစ်၊ မမိတိုး ၃၆ နှစ် မြိုင်မြို့နယ် ဆိပ်သား ကျေးရွာနေသူနှင့် ခင်ဇော်နိုင် သုံးနှစ် ရွာသစ်ကုန်း ကျေးရွာ ဆိပ်ဖြူမြို့နယ် နေသူ တို့ဖြစ်ကာ ပြင်ပ ဒဏ်ရာများ ရရှိ၍ သေဆုံးသူ သုံးဦးမှာ ဒေါ်ကြည်လင် ၆ဝ နှစ် တောင်ခင်ရန်း ကျေးရွာ ဂန့်ဂေါမြို့နယ် နေသူတွင် ဝဲဘက်နားထင် ဖူးယောင်ဒဏ်ရာ၊ အောင်သူလင်း ၂ဝ နှစ် တောင်ခင်ရန်းကျေးရွာ ဂန့်ဂေါမြို့နယ် နေသူတွင် ယာနားသွေးထွက် ဒဏ်ရာ၊ မခင်ဌေးကြည် ၄၁ နှစ် ရွာသစ်ကုန်း ကျေးရွာ ဆိပ်ဖြူမြို့နယ် နေသူတွင် ယာနားထင် ပေါက်ပြဲဒဏ်ရာ ရရှိကာ သေဆုံးခဲ့ပြီး ကျန်ခရီးသည် ခြောက်ဦးမှာ ဒဏ်ရာ အသီးသီး ရရှိခဲ့သည်။

ထို့ကြောင့် ယာဉ်မောင်း ပါသဲကို ဂန့်ဂေါ မြို့နယ် ကန်နယ်မြေ ရဲစခန်းက ယာဉ် (ပ)၁၅/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈/၃၃၇ အရ အရေးယူ ထားကြောင်း သိရသည်။




စစ်သွေးကြွတွေ နှိပ်စက်ခံရတဲ့ အမျိုးသမီးတွေဘ၀ (ရုပ်/သံ)

IS စစ်သွေးကြွတွေ ဖမ်းဆီးသွားခဲ့တဲ့ ရာနဲ့ချီတဲ့ အမျိုးသမီးတွေဟာ အဓမ္မပြုကျင့်မှု၊ အတင်းအကျပ် ထိမ်းမြားလက်ထပ်မှု၊ လိင်ကျွန်အဖြစ် အသုံးချခံခဲ့ရမှုတွေနဲ့ ကြုံခဲ့ရပါတယ်။ ဗွီအိုအေသတင်းထောက် Ayesha Tanzeem


တောင်ကိုရီးယား စစ်သား ၄ ဦး ထောင် နှစ်ရှည် ကျ

တောင်ကိုရီးယား နိုင်ငံမှာ လက်အောက် ငယ်သား စစ်သား တစ်ယောက်ကို လဲကျ သေဆုံးတဲ့ အထိ ညှဉ်းပမ်း နှိပ်စက် ခဲ့တဲ့ တပ်ကြပ်ကြီး တစ်ယောက်ကို စစ်ခုံရုံးက ထောင်ဒဏ် ၄၅ နှစ် ချမှတ် လိုက်ပါတယ်။

ဥပဒေ အရ မဖြစ်မနေ စစ်မှုထမ်းရသူ ၂၃ နှစ်အရွယ် တပ်ကြပ် တစ်ယောက် ဖြစ်တဲ့ Yoon Seung-joo ဆိုသူဟာ တစ်လကျော် ကြာအောင် နေ့စဉ် အရိုက် ခံခဲ့ရပြီး သေဆုံး သွားခဲ့တဲ့ အဖြစ်က တောင်ကိုရီးယား တစ်နိုင်ငံ လုံးကို တုန်လှုပ် သွားစေ ခဲ့ပါတယ်။

သူဟာ တစ်လကြာ အစာ မကျွေးဘဲ ထားခံရတဲ့ အပြင် အိပ်ခွင့် လည်း မရခဲ့ပါဘူး။

မတရား အနိုင်ကျင့်မှုမှာ ပါဝင် ပတ်သက် ခဲ့ကြတဲ့ တခြား တပ်ကြပ် ၃ ဦးကိုလည်း ထောင်ဒဏ် ၂၅ နှစ်ကနေ နှစ် ၃၀ အထိ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ဒီအမှုကြောင့် စစ်တပ်ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေက တဆင့် မတရား အနိုင်ကျင့်မှု အထိ ရောက်မသွားအောင် ဘယ်လို လုပ်မယ် ဆိုတာ အခြေအတင် ဆွေးနွေးစရာ ဖြစ်လာတယ်လို့ ဆိုးလ်မြို့က



တောင်ကိုရီးယားမှာ ဥပဒေအရ မဖြစ်မနေ စစ်မှုထမ်းကြရ

အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

31.Oct_.14_mal.pdf

အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

31.Oct_.14_km.pdf

အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ

Uniond daily 31-10-2014.pdf

အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် အားကစား မြင်ကွင်း ဂျာနယ်- အတွဲ ၃ အမှတ် ၄၃

Sport View Journal Vol 3 No 43.pdf

အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် Auto World Journal Volume-3-issue-42

Auto World Vol 3 No 42.pdf

အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ(၃၅)၊ အမှတ်(၆၉၆)

201435696

နိုဝင်ဘာလ (၁)ရက်နေ့ ထုတ် Netguide Vol. (3) , Issue (58)

Net Guide Journal Vol 3 No 58.pdf

အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းပြဿနာ (ရုပ်/သံ)

ကွန်ပြူတာ အဟောင်းတွေ၊ အဆင့်မြင့်လက်ကိုင်ဖုန်းတွေလို e-waste လို့ခေါ်တဲ့ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းတွေ တောင်ကိုရီးယားနိုင်ငံမှာ တောင်ပုံရာပုံ ဖြစ်လာနေတဲ့အတွက် ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။ ဗွီအိုအေ သတင်းထောက် Jason Strother ရဲ့



ဘူကီနာဖာဆိုတွင် ဒေါသထွက်နေသည့် လူအုပ်ကြီးက ပါလီမန်ကို မီးတင်ရှို့

ဘူကီနာဖာဆိုနိုင်ငံတွင် ဒေါသထွက်နေသည့် လူအုပ်ကြီးက ပါလီမန်ကို မီးတင်ရှို့လိုက်ကြောင်း သိရသည်။

လက်ရှိသမ္မတ Blaise Campaore သည် တိုင်းပြည်ကို အုပ်ချုပ်လျက်ရှိ သည်မှာ ၂၇ နှစ်ရှိနေပြီ ဖြစ်သည်။ ၎င်းအား လာမည့် သမ္မတ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပြုသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ်ကို ပါလီမန်က အတည်ပြုခဲ့ သည့်အတွက် လူအများက စိတ်ဆိုး ဒေါသ ထွက်ကာ ပါလီမန်ကို မီးတင်ရှို့သည် အထိဖြစ်လာရကြောင်း ဘီဘီစီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ဆန္ဒပြသူများသည် သမ္မတနန်းတော်သို့လည်း ချီတက်သွားကြပြီး ပင်မလေယာဉ် ကွင်းကြီး တစ်ကွင်း ကိုလည်း ပိတ်ထား လိုက်ကြောင်း သိရသည်။

ဆန္ဒပြပွဲအတွင်း လူငါးဦး သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အစောပိုင်းကမူ ပါလီမန်သို့ ဆန္ဒပြသူများ ၀င်ရောက်စီးနင်းစဉ် စစ်တပ်က ကျည် အစစ်များဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

သမ္မတ Blaise Campaore သည် ၁၉၈၇ ခုနှစ်အတွင်း အာဏာသိမ်းချိန်မှစတင် ၍ သမ္မတအဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မစ္စတာ Campaore မည်သည့်နေရာသို့ရောက်ရှိနေကြောင်း ရှင်းလင်းစွာ မသိရသေးပေ။




ဘာ​ကီ​နာ​ဖာ​ဆို နိုင်ငံမှာ အစိုးရ ဖျက်​သိမ်း​ကြောင်း စစ်​တပ်​က ကြေညာ

အနောက်အာဖရိက ကုန်းတွင်းပိတ် နိုင်ငံတစ်ခု ဖြစ်တဲ့ Burkina Faso မှာ၊ လက်ရှိ အစိုးရနဲ့ လွှတ်တော်ကို ဖျက်သိမ်း လိုက်ကြောင်း စစ်တပ် အကြီးအကဲ ဗိုလ်ချူပ် ဟိုနိုရီ ထာရာအိုရေး က ကြေညာ လိုက်ပါတယ်။

နိုင်ငံရေး ပါတီတွေ နဲ့ ညှိနှိုင်းပြီး အသွင်ကူးပြောင်းရေး အစိုးရ တစ်ရပ်က ၁၂ လ ကြာမျှ အာဏာ လွှဲပြောင်း ယူမယ် လို့ ဆိုပါတယ်။

ဒီလို စစ်ဦးစီးချူပ် ရဲ့ ကြေညာချက် ထွက်မလာသေးခင်၊ သမ္မတ ဘလက်ဇ် ကွန်ပါအိုးရေး က တိုင်းပြည်မှာ အရေးပေါ် အခြေအနေ ကြေညာပြီး၊ အတိုက်အခံတွေ နဲ့ စကားပြောမယ် ဆိုတဲ့ ထုတ်ပြန်ချက် ထွက်လာ ခဲ့ပါသေးတယ်။

အခု လောလောဆယ်ဆယ် ဘာကီနာ ဖာဆို နိုင်ငံရဲ့ အပြောင်းအလဲ မှာ ဘယ်သူက ခေါင်းဆောင် နေတယ် ဆိုတာ ရှင်းရှင်း လင်းလင်း မသိရဘူး လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

၂၇ နှစ်တာ အာဏာ ရယူထား တဲ့ သမ္မတ ကွန်ပါအိုးရေး ပဲ အာဏာကို ဆက်လက် ဆုပ်ကိုင် ထားနိုင်အောင် ပြင်ဆင် လာခဲ့တာမှာ၊ သောင်းနဲ့ချီတဲ့ လူတွေဟာ တနေ့လုံး လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။



၂၇နှစ်တာ ဆုပ်ကိုင်ထားတဲ့ သမ္မတ သက်တမ်း ကို ပို ဆွဲဆန့်ဖို့ လုပ်လာခဲ့တာမှာ လူတွေ လမ်းပေါ် ထွက်ခဲ့ ကြပါတယ်။

လွတ်တော်တွင် ကြက်ဆူပင်စီမံကိန်းဆိုင်ရာ မေးခွန်း လယ်/ဆည်ဒုဝန်ကြီးမဖြေနိုင်

ယခင်အစိုးရ လက်ထက်က စတင် အကောင်အထည် ဖော်ခဲ့သည့် ဆယ်နှစ် ကြာခဲ့ပြီ ဖြစ်သော ကြက်ဆူပင်စီမံကိန်းနှင့် ပတ်သက်သည့် ကြယ်ပွင့်ပြ မေးခွန်းကို အောက်တိုဘာ ၂၉ ရက်နေ့ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးအောင်က မေးမြန်းခဲ့ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြား ရာတွင် မေးခွန်းနှင့် အဖြေကွာခြားနေ၍ ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

ယင်းစီမံကိန်းအတွက် နိုင်ငံတော်၏ အချိန်၊ ငွေကြေး၊ မြေယာ၊ အဆောက်အဦ၊ လုပ်အားများစွာ ရင်းနှီးအသုံးပြုခဲ့ပြီး ယခုအခါ ၁၀ နှစ်ခန့်ကြာမြင့်ပြီဖြစ်သောကြောင့် အဆိုပါကြက်ဆူပင်စိုက်ခင်းကြီးများ မည်မျှအောင်မြင်နေသည်၊ ကုန်ကြမ်း များမည်မျှစုဆောင်းသိုလှောင်ရရှိနေသည်၊ ကုန်ချော Bio ဒီဇယ်များကို ပြည်သူများ မည်မျှသုံးစွဲနေကြရသည် စသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ မေးမြန်းခဲ့မှုအပေါ် ဒုဝန်ကြီးက လောင်စာဆီနှင့်ပတ်သက်၍ ပြည်သူများ၏အကျိုးစီးပွားမြှင့်တင်နိုင်ရန် ပြည်ပထွက်ငွေများလျော့ကျစေရန် အကြောင်းပြချက်ဖြင့် Bio ဒီဇယ်အတွက် ကြက်ဆူပင်စီမံကိန်းအား တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ကြက်ဆူမှာ ခြံစည်းရိုးကြက်ဆူနှင့်ဆီကြမ်း သီးနှံကြက်ဆူဟူ၍ နှစ်မျိုးရှိကြောင်း၊ မြန်မာနိုင်ငံအပူပိုင်းဒေသ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် တောင်ပေါ်ဒေသများဖြစ်သည့်ရှမ်းပြည်နယ် ကယားပြည်နယ်တို့တွင် ရှေးနှစ်ပေါင်း များစွာကတည်းက နေအိမ်ကျေးရွာများတွင် ခြံစည်းရိုးပင်အဖြစ် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ တိုင်းနှင့်ပြည်နယ်အသီးသီးတွင်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မြို့နယ်ရပ်ကွက်များတွင် စိုက်ခင်းအဖြစ်နည်းပါးကြောင်း၊ ကာဗွန်ဒိုင် အောက်ဆိုဒ်ထုတ်လုပ်မှုလျှော့ချနိုင်ရေးအတွက် တိုကျိုသဘောတူညီချက်အရ စက်မှုဖွံ့ဖြိုးသောနိုင်ငံများတွင် တွင်းထွက် ဆီနှင့်ဇီဝဒီဇယ်ဆီအား ရောနှောအသုံးပြု လျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံတွင်လည်း စွမ်းအင်လောင်စာဆီ ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ရောနှောသုံးနေကြောင်း၊ မြန်မာနိုင်ငံတွင်လည်းအနာဂတ်အစားထိုး လောင်စာဆီအဖြစ်အစားထိုးနိုင်ရန်အတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မျိုးကွဲများ သုတေသနပြုလုပ်ခြင်းဒီဇယ်ထုတ်လုပ်ခြင်း နှင့်စိုက်ပျိုးရေးဦးစီးဌာန၏ သုတေသနဌာနမှာ သုတေသနလုပ်ငန်းများဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသွားခဲ့သည်။

ဒုဝန်ကြီးပြန်လည်ဖြေကြားခဲ့ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်မေးမြန်းခဲ့သည့် ကြက်ဆူပင် စိုက်ခင်းကြီးများ အောင်မြင်မှုအခြေအနေ၊ ကုန်ကြမ်းများသိုလှောင်ထားမှုနှင့်ကုန်ချော ဇီဝဒီဇယ်များကိုပြည်သူများသုံးစွဲနေရသည့် အခြေအနေများအား ထည့်သွင်းဖြေကြား နိုင်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။




မြန်မာ့ရုပ်သေးပွဲ ကမ္ဘာ့အလယ်တွင် ပေါ်လွင်ထင်ရှားတင့်တယ်

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ကျင်းပမည့် ကမ္ဘာ့ရုပ်သေးပွဲတော်တွင် ထိုင်းနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး Sirinchaya Guntiya ၏ ဖိတ်ကြားမှုဖြင့် မြန်မာ ကိုယ်စားပြု ထွေးဦး(မြန်မာ) ရုပ်သေးအဖွဲ့ သွားရောက်ကပြ မည်ဖြစ်သည်။ နိုင်ငံပေါင်း ၆၆ နိုင်ငံမှ ၁၁၄ အဖွဲ့ တက်ရောက် ကြမည်ဖြစ်ပြီး အာရှနိုင်ငံ ရှစ်နိုင်ငံမှ ၁၁ ဖွဲ့ပါဝင်မည် ဖြစ်သည်။ ပွဲတော်ကျင်းပရခြင်းမှာ နိုင်ငံအသီးသီးရှိ ရုပ်သေးအနုပညာရှင်တို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများကို ထုတ်ဖော်ပြသဖလှယ်ခွင့် ရရှိစေရန်ဖြစ်သည်။

ထွေးဦး(မြန်မာ)တည်ထောင်သူ ဦးခင်မောင်ထွေးက ''ဦးထွေးတို့ ဒီတစ်ခေါက် နိုဝင်ဘာ၂ ရက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာရှိတဲ့ တော်ဝင်အမျိုးသားပြဇာတ်ရုံမှာ မြန်မာနိုင်ငံကိုယ်စားပြုကပြမှာပါ။ မနှစ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပွဲပြုလုပ်တော့ သူတို့ကဆက်သွယ်တယ်။ဖွင့်ပွဲမှာ အင်ဒိုနီးရှားသမ္မတတက်ရောက်မယ်။မိတ်ဆက်တဲ့အနေနဲ့ဖျော်ဖြေရမယ်ဆိုတော့ အခွင့်ရတုန်း ကိုယ့်မြန်မာ့ယဉ်ကျေးမှုကို ပြရမယ်ဆိုပြီး ဝမ်းသာသွားတာပေါ့။ဒါပေမယ့်လည်း တကယ်တမ်း လေယာဉ်လက်မှတ်ခက သိန်း ၃ဝ လောက်ကုန်ကျမယ်ဆိုတော့ ဦးထွေးတို့ မတတ်နိုင်တော့ဘူး၊ သူတို့ဘက်ကလည်း လေယာဉ်လက်မှတ်ခပေးတဲ့ထုံးစံလည်းမရှိတော့ နောက်ဆုံးအချိန်ကျမှ မလာဖြစ်တော့ဘူးလို့ ပြောလိုက်ရတယ်။ ''ဒီနှစ်ထိုင်းနိုင်ငံ ဗန်ကောက်မှာလုပ်တော့ သူတို့က ထပ်ဖိတ်တယ်၊ လာစေချင်တယ်။ ဦးထွေးတို့ ခြောက်ယောက်သွားမယ်။ ခါတိုင်း နိုင်ငံခြားပွဲတွေတုန်းက အချိန်ကနည်းနည်းပဲရတော့ ပဒေသာကကွက်လေးတွေပဲ ကပြဖြစ်တယ်။ ခေါင်းစဉ်တွေ ဘာတွေမရှိဘူး။ အခုကမ္ဘာ့ရုပ်သေးပွဲမှာတော့ မြန်မာ့ရုပ်သေးပွဲဆိုတဲ့ ခေါင်းစဉ်နဲ့ ကပြမယ်''။

''ဦးထွေးတို့ မြန်မာပြည်မှာက ဘုရားပွဲရက်တွေဆို ရုပ်သေးပွဲတွေကို တစ်ညလုံး ကပြဖျော်ဖြေကြတာလေ။အဲလိုကပြတဲ့ ထုံးစံလေး တွေသိအောင်ပြချင်တယ်၊ အချိန်တစ်နာရီပဲရတော့ အချိန်တိုအတွင်းဝင်အောင် ပဒေသာကကွက်တွေအပြင် သောတ္ထိတေနသမ္ဘူလ ဇာတ်တော်ကြီးတွေကိုပါ ကမယ်။ အဆုံးသတ်ကိုတော့ ဦးရွှေရိုး ဒေါ်မိုးနဲ့ပိတ်လိုက်မယ်။ ၂ဝ၁၂ စင်ကာပူမှာ အောင်မြင်ခဲ့တဲ့ပွဲလို ဆိုင်းအခွံကြီးတွေ၊ တကယ့်အဆိုတော်ကြီးတွေမပါပေမယ့် စနစ်တကျနဲ့ မြန်မာ့ရုပ်သေးဆိုတာ ဒီလိုပါလားဆိုတာ ကမ္ဘာကသိသည်ထက် ပိုသိအောင် မြန်မာ့ရုပ်သေး ကမ္ဘာ့အလယ်ဝင့်ထည်နေအောင် အကောင်းဆုံးကပြခဲ့မယ်''ဟု ပြောကြားခဲ့သည်။

ရုပ်သေးအနုပညာသည် လူကိုယ်တိုင်အစား အရုပ်ကလေးများကို လှုပ်ရှားကပြသရုပ်ဆောင်စေသည့် ပွဲသဘင်ဖြစ်သည်။ ရုပ်သေးသဘင် ပေါ်ပေါက်လာရခြင်း၏အကြောင်းရင်းမှာ သက်မဲ့အရုပ်ကလေးများကို နည်းအမျိုးမျိုးဖြင့် အသက်ဝင်လှုပ်ရှားအောင် ကြံစည်တီထွင်သည့် မြန်မာ့လက်မှုပညာ၏ ကြိုးပမ်း မှုပင်ဖြစ်သည်။ မြန်မာ့ရုပ်သေးသဘင်သည် ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက အရေးပေးမြှောက်စားခြင်းခံခဲ့ရသည်။ မြန်မာ့ရုပ်သေးသည် သီချင်းသီဆိုမှုအလိုက် ကြိုးဆွဲသူ၊ သီဆိုသူ၊ တီးမှုတ်သူ သုံးဦးတစ်ပြိုင်နက် အကွက်ကျဆီလျော်အောင် ကပြလှုပ်ရှားရသည့်အတွက် နှစ်ကိုယ့်တစ်စိတ်၊ သုံးကိုယ့် တစ်စိတ်ပညာလို့ပင် ခေါ်ဆိုကြသည်။ လက်နှစ်ဖက်သာရှိသည့်လူသည် ဆယ့်ခြောက်ကြိုးမှ ကြိုးပေါင်းခြောက်ဆယ်ရှိသော ရုပ်သေးရုပ်ကို လိုသလိုစည်းဝါးတကျ ခုန်ပျံလှုပ်ရှားစေပြီး သက်ရှိလူကဲ့သို့ ပွဲကြည့်ပရိသတ်ကို ငိုစေ၊ ရယ်စေ၊ မုန်းစေ၊ ချစ်စေအောင် စိတ်ကိုဆွဲဆောင်ခြယ်လှယ်နိုင်စွမ်းဖြင့် လှုပ်ရှားစေနိုင်ခြင်းမှာ ရုပ်သေးအနုပညာ၏ ခက်ခဲလေးနက်မှုများပင်ဖြစ်သည်။

ယနေ့ခေတ်တီထွင်ဆန်းသစ်လာသည့် ခေတ်သစ်ဖျော်ဖြေမှုများနှင့် အနောက်တိုင်းတေးဂီတယဉ်ကျေးမှုများ လွှမ်းမိုးလာမှုများကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာများ မတိမ်ကောမပျောက်ပျက်ရလေအောင်၊ တိုင်းတစ်ပါးယဉ်ကျေးမှု၏ လွှမ်းမိုးခြင်းမခံရလေအောင် နိုင်ငံတော်မှ အမြော်အမြင်ကြီးစွာဖြင့် အဆင့်အတန်းမြင့်မားလှသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ပိုမိုမြတ်နိုးထိန်းသိမ်းရေးအတွက် ၁၉၉ဝ ပြည့်နှစ်မှစပြီး အဆို၊ အက၊ အရေး၊ အတီးပြိုင် ပွဲကြီးများကို နှစ်စဉ်ကျင်းပပေးခဲ့သည်။

မြန်မာ့ယဉ်ကျေးမှုသည် မြန်မာပြည်သူတို့၏ နှလုံးသည်းပွတ်ဖြစ်ပြီး မြန်မာပြည်သူတို့ အလေးအမြတ်ထားအပ်သော ဘိုးဘွားပိုင် အဖိုးမဖြတ်နိုင်သည့် ရတနာအမွေအနှစ်များ ဖြစ်ပေသည်။ ခေတ်လူငယ်များအနေဖြင့်လည်း လက်ဆင့်ကမ်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြလျှင် မြန်မာ့ရုပ်သေးပွဲမှသည် မြန်မာ့ယဉ်ကျေးမှုများ ကမ္ဘာ့အလယ်ဝင့်ထည်လှပနေတော့မည်။




Wednesday 29 October 2014

စောင့်ဥပဒေအမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး လူထုဆန္ဒထုတ်ဖော်ပွဲ အတွက်


30.10.2014 ရက်နေ့မှာ ကျင်းပမည့် အမျိုး စောင့်ဥပဒေအမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး လူထုဆန္ဒထုတ်ဖော်ပွဲ အတွက် ပွဲမိန့်ခံထားသည်မှာ တစ်ပတ်ကျော်ပြီဖြစ်သည်။
သာသနာရေးဌာန၏ မေတ္တာရပ်ခံမှုကြောင့် မူလရွေးချယ်ထားသော စုရပ်နှင့် ချီတက်ရာလမ်းကြောင်းကို မသတ်မှတ်တော့ဘဲ အတိုဆုံးနှင့် အရှင်းဆုံးလမ်းကို ရွေးချယ်ပြင်ဆင်သတ်မှတ်ပေးခဲ့သည်။
စီတန်းလှည့်လည်ခြင်းကို အချိန်မပေးတော့ ၄င်းအစား စုဝေးဟောပြောပွဲကို အချိန်ယူရန် ဆုံးဖြတ်ခဲ့ကြသည်။
၎င်းတို့ မေတ္တာရပ်ခံသော သံဃာတော်များ အကြည်ညိုပျက်စေသော အမူအရာများကို ရှောင်ကြဥ...်ရန် တာဝန်ယူဆောင်ရွက်မည့်အကြောင်းလည်း အသေးစိတ်ချပြခဲ့သည်။
အုပ်ချုပ်ရေးပိုင်းနှင့် လုံခြုံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများက အားလုံးပြင်ဆင်ပြီးဖြစ်သော်လည်း သာသနာရေး ဌာနက ခလုတ်ထိန်း၍ ယခု(29.10.2014)(6:45) အထိ ခွင့်ပြုချက် ချမပေးသေးပေ။ ထွေအုပ်မှ နှုတ်မိန့်သာ ချပေးထားပြီး စာမိန့်ချမပေးခြင်းမှာ သာသနာရေးဌာနက ခွင့်မပြုသေးသောကြောင့်ဖြစ်သည်။
မဟန ဆရာတော်ကြီးတစ်ပါးက သြဝါဒပေးလာသည့်အခါ အစိုးရကို ဆန့်ကျင်သည့်ပွဲမဟုတ်ကြောင်း၊ နိုင်ငံတကာဧည့်သည်တော်များကို ကန့်ကွက်သည့်ပွဲမဟုတ်ကြောင်း၊ သံဃာတော်များ သင်္ကန်းရုံ၍ ကြွကာ လက်သီးလက်မောင်းတန်းကြွေးကြော်ခြင်း၊ ဆိုင်းဘုတ်ကိုင်ဆောင်ခြင်းများ ပြုမည်မဟုတ်ကြောင်း လျောက်ထားရာ အဆိုပါ ဆရာတော်ကြီးခွင့်ပြုတော်မူသည်။
မဟန ဆရာတော်ကြီး၏ လမ်းညွှန်မှုအရ မန်း မဘသ အဖွဲ့က တိုင်းဥက္ကဋ္ဌဆရာတော်ကြီးထံ သြဝါဒခံယူရာ ဆရာတော်ကြီးက စည်းကမ်းကျနသောကြောင့် ခွင့်ပြုကြောင်း မိန့်တော်မူသည်။
ထို့ကြောင့် သာသနာရေးဌာနက ခွင့်မပြု၍ ပွဲမိန့်မကျလျှင်လည်း မဖြစ်မနေ ကျင်းပမှာဖြစ်ကြောင်း အတိအလင်း ကြေညာလိုက်သည်။
နေ့ရက်-30.10.2014
အချိန်-မွန်းလွဲ 10:00 မှ 3:00
စုရပ်-၃၅×၃၄လမ်းကြား၊ ၈၅လမ်း၊ ဦးလှသိန်းဗိမာန်
လမ်းကြောင်း-၃၅လမ်းမှ ရတနာပုံရုပ်ရှင်ရုံဟောင်းလမ်းအတိုင်း ၂၆ ဘီလမ်း
စုဝေးရာ-အိမ်တော်ရာဘုရားဝင်း
စုံစမ်းရန်-မန်း မဘသ ရုံး=09.259 846 969
ဝီရသူ(မစိုးရိမ်)

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)မှ ဦးဆောင်ကျင်းပမည့်

အမျိုးစောင့်ဥပဒေအမြန်ပြဋ္ဌာန်းပေးရေး ဆန္ဒထုတ်ဖော်ပွဲ ခွင့်ပြုမိန့် ကျလာပါပြီ ။
ခွင့်ပြုမိန့်ရရှိရေးအတွက် ၂၃ - ၁၀ - ၂၀၁၄ ရက်တွင် ခွင့်ပြုချက်တောင်းခံခဲ့ပါသည်။
ခွင့်ပြုချက်အား ၂၉- ၁၀ - ၂၀၁၄ ရက်နေ့ ည ၁၂:၁၀ နာရီတွင် ပြုခွင့်မိန့်ချပေးလိုက်ပါပြီ ။
အမျိုး ဘာသာ သာသနာအတွက် အမှန်တကယ်လိုအပ်နေသော အမျိုးစောင့်ဥပဒေ ဆန္ဒထုတ်ဖော်ပွဲအား ခွင့်ပြုမိန့်ချပေးသော တာဝန်ရှိ ပုဂ္ဂိုလ်အားလုးံ ကျေးဇူးတင်ရှိပါသည်။...
အားလုးံကျန်းမာချမ်းသာကြပါစေ
အမျိုးစောင့်ဥပဒေအားလည်း အမြန်ဆုးံ ပြဋ္ဌာန်း ပေးနိုင်ကြပါစေ ။

"အမျိုးစောင့်ဥပဒေ အောင်ရမည်"
"အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး အားလုးံပါဝင် ဆောင်ရွက်ပေး "
မန်း မ ဘ သ

သန်းခေါင်ကျော်မှရတဲ့ ခွင့်ပြုမိန့်

  မန္တလေးမြို့တွင် အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လူထုဆန္ဒထုတ်ဖော်ပွဲ ကျင်းပရန်အတွက် 23.10.2014 ရက်နေ့က စတင်ကာ သက်ဆိုင်ရာတာဝန်ရှိသူများထံ ခွင့်ပြုချက် တောင်းခံခဲ့ပါသည်။ ထိုသို့ ခွင့်ပြုချက်တောင်းခံရာတွင် သက်ဆိုင်ရာမှ သတ်မှတ်ထားသော လိုအပ်သည့် စာရွက်စာတမ်း၊ အထောက် အထားများ ပြည့်စုံစွာ တင်ပြခဲ့ပါသည်။
...
သက်ဆိုင်ရာမှ ညှိနှိုင်းမေတ္တာရပ်ခံချက်များအရ လူထုဆန္ဒထုတ်ဖော်ပွဲအား မူလစီစဉ်ထားသည့် လမ်းကြောင်းမှ နေ၍ ယခု ဆန္ဒထုတ်ဖော်မည့်လမ်းကြောင်းသို့ ပြုပြင်ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။ ထိုသို့ ညှိနှိုင်း ဆောင်ရွက် ခဲ့သော်လည်း 30.10.2014 ရက် နေ့လည် 12:00 နာရီတွင် ပြုလုပ်မည့် ဆန္ဒထုတ်ဖော်ပွဲအတွက် ခွင့်ပြုမိန့်အား သက်ဆိုင်ရာ တာဝန်ရှိသူများက 30.10.2014 ရက် နံနက် 00:10 နာရီ အချိန်ရောက်ရှိမှသာ ခွင့်ပြုမိန့် စာရွက်စာတမ်းများအား တရားဝင် ထုတ်ပေးခဲ့ပါသည်။
======================================================

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့
ချမ်းအေးသာစံမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံး
ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းအတွက် ခွင့်ပြုမိန့်
(အမှတ်စဉ်၊၅)
စာအမှတ်၊ ၁၀၀၂(၂၂)/၁၀၃/ဦး၁
ရက်စွဲ၊ ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်၊
၁။ တင်ပြလျှောက်ထားသူ ဒေါ်ကြည်ကြည်မာ(ဘ)ဦးဘရှင်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် ၉/မရတ(နိုင်) ၀၅၆၂၀၆ ကိုင်ဆောင်သူအား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၅-အရ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းအတွက် အောက်ပါအတိုင်း ခွင့်ပြုလိုက်သည်-
(က)နေ့ရက်။ ၃၀-၁၀-၂၀၁၄
(ခ) စုဝေးမည့်နေရာ။ ၈၅×၃၅လမ်းထောင့်၊ ဦးလှသိန်းဗိမာန်
(ဂ) စုဝေးခြင်းပြုမည့်အချိန်။ ၂း၀၀ မှ ၁၃း၀၀ နာရီအချိန်ထိ
(ဃ) စတင်လှည့်လည်ရမည့်နေရာ။ ၃၅×အနောက်ဘက်သို့
(င) လှည့်လည်ရမည့်လမ်းကြောင်း။ ၃၅ လမ်းအတိုင်း အနောက်ဘက်သို့ စတင်ထွက်ခွါပြီး ၃၅×၉၀လမ်း ထောင့်၊ ၄င်းမှ လမ်း၉၀အတိုင်း မြောက်ဘက် ၂၆ လမ်းအထိ၊ ၄င်းမှ ၂၆လမ်းအတိုင်း အရှေ့ဘက် ၈၉လမ်းအထိ၊ ၄င်းမှ ၈၉လမ်းအတိုင်း တောင်ဘက် အိမ်တော်ရာစေတီအထိ
(စ) ပြီးဆုံးမည့်နေရာ။ အိမ်တော်ရာစေတီ
(ဆ) အချိန်အပိုင်းအခြား။ ၁၂း၀၀မှ ၁၆း၀၀ နာရီအချိန်အထိ
(ဇ) ပါဝင်မည့်ခန့်မှန်းဦးရေ။ (၂၀၀)ဦးခန့်
(ဈ) ဦးဆောင်မည့်ပုဂ္ဂိုလ်။ ဒေါ်ကြည်ကြည်မာ
(ည) ဟောပြောခွင့်ရှိသူ(များ)။
(၁) ဦးဣန္ဒာစက္ကာဘိဝံသ(သြဝါဒ)
(၂) ဒေါ်ယဉ်ယဉ်နု(မန္တလေး၊ စာရေးဆရာမ)
(၃) ဦးမောင်မောင်ညို
(၄) ဦးသန့်ဇင်ဦး
(၅) ဒေါ်ဝါဝါလွင်
(ဋ) ဟောပြောခွင့်ပြုသည့် အကြောင်းအရာ။ အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရန်
(ဌ) ခွင့်ပြုသည့်ကြွေးကြော်သံများ။
(၁) အမျိုးစောင့်ဥပဒေ အမြန်ပြဋ္ဌာန်းပေးရေး (ဒို့အရေး)
(၂) အမျိုးစောင့်ဥပဒေ အမြန်ဖော်ဆောင်ရေး (ဒို့အရေး)
(၃) အမျိုးစောင့်ဥပဒေ အမြန်ပေါ်ပေါက်ရေး (ဒို့အရေး)
(ဍ) ခွင့်ပြုသည့် ပိုစတာ၊ ဆိုင်းဘုတ်ပါ စာသားနှင့် ရုပ်ပုံများ(နောက်ဆက်တွဲ (က) ဖြင့်ဖေါ်ပြထားပါသည်။)
၂။ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် တောင်းခံဆောင်ရွက်သူများသည် ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ(က)မှ (ဋ) အထိတွင် ဖော်ပြထားသည့် စည်းကမ်းကို လိုက်နာရမည့်အပြင် ပုဒ်မ ၈၊ ပုဒ်မခွဲ(င)အရ သတ်မှတ်ထားသည့် အောက်ပါစည်းကမ်းများကိုပါ လိုက်နာရမည်။ (နောက်ဆက်တွဲ ခဖြင့် ပူးတွဲဖော်ပြပါသည်)
၃။ ဤထုတ်ပေးသည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ အသုံးပြုသူများသည် စနစ်တကျဖြင့် အောင်မြင်ပြီးမြောက်စေရေးအတွက် သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်ကြရန် ဖြစ်ပါသည်။
မြို့နယ်ရဲတပ်ဖွဲ့မှူး မန္တလေးမြို့။


ပုဂံတွင် ကမ္ဘာလှည့်ခရီးသွား စုံတွဲများအတွက် ရိုးရာဓလေ့ မင်္ဂလာဆွမ်းကျွေးခြင်းနှင့် မင်္ဂလာဆောင်ခြင်း ၀န်ဆောင်မှုများ ဆွဲဆောင်မှုအသစ်ဖြစ်လာ

ပုဂံဒေသသို့ ကုမ္ပဏီအစီအစဉ်များဖြင့် လာရောက်
လည်ပတ်ကြသော ကမ္ဘာလှည့်ခရီးသွားများ
တွင် ကြင်စဦးဇနီးမောင်နှံများ ပါရှိလာပါက
 ခရီးစဉ်အတွင်း ရိုးရာဓလေ့ ဒေသခံများ
 ထုံးတမ်းအစဉ်အလာတိုင်း မင်္ဂလာ


ဆွမ်းကျွေးခြင်းနှင့် မင်္ဂလာဆောင်ခြင်း ဝန်ဆောင်မှုများသည် ဆွဲဆောင်မှုတစ်ရပ်ဖြစ်လာကြောင်း သိရသည်။

ဂျာမန်လူမျိုး Frau Angelika Esser နှင့် Herr Dr.Gerd Peter Esser တို့သည် ညောင်ဦးမြို့ ငှက်ပစ်တောင် ဘုန်းတော်ကြီးကျောင်းတွင် မြန်မာ့ရိုးရာ ဒေသခံများ ဓလေ့ထုံးစံအတိုင်း မင်္ဂလာဆွမ်းကျွေးခြင်းကို အောက်တိုဘာ ၂၃ ရက်နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

မဟာငှက်ပစ်တောင်ကျောင်းတွင် ဆရာတော်ဦးဥတ္တရသာရ အမှူးပြုသော သံဃာငါးပါးအား နေ့ဆွမ်းကပ်လှူခြင်း၊ ဧည့်သည်များအား ရိုးရာမုန့်ဟင်းခါးဖြင့် တည်ခင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဂျာမန်လူမျိုး မင်္ဂလာစုံတွဲအတွက် မင်္ဂလာဆွမ်းကျွေးခြင်းကို Easia ခရီးသွားကုမ္ပဏီမှ စီစဉ်ခဲ့ကြောင်း သိရသည်။

“မကြာသေးခင်ကပဲ တစ်ပွဲကျင်းပပေးပြီးသွားပြီ။ မနှစ်ကလည်း မင်္ဂလာပွဲတွေ စီစဉ်ပေးခဲ့ရတာတွေ ရှိပါတယ်။ ဒီနေ့ကတော့ ဂျာမန်စုံတွဲပါ” ဟု မင်္ဂလာဆွမ်းကျွေးပွဲ စီစဉ်ပေးသူ ကိုထွေးက ပြောကြားသည်။

“ဒီမှာလာပြီး ဆွမ်းကျွေးတဲ့ နိုင်ငံခြားသားတွေ၊ မင်္ဂလာဆွမ်းကျွေးတာတွေ မကြာခဏရှိတယ်။ လာမယ့် ၂၇ ရက်မှာလည်း ဆွမ်းကပ်မယ့် နိုင်ငံခြားသားအဖွဲ့ရှိတယ်” ဟုငှက်ပစ်တောင်ဘုန်းတော်ကြီးကျောင်း
ဆရာတော် ဦးဥတ္တရသာရက မိန့်ကြားသည်။

အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ဦးဗုဒ္ဓဘာသာသို့ကူးပြောင်း အစ္စလာမ်ဘာသာဝင် အမျိုးသားများနှင့် အိမ်ထောင်ကျခဲ့သော အမျိုးသမီး ၁ဝ ဦးဗုဒ္ဓဘာသာသို့ပြန်လည်ဝင်ရောက်ပွဲကျင်းပ

အစ္စ လာမ်ဘာသာဝင် အမျိုးသားတစ်ဦး မှ ဗုဒ္ဓဘာသာသို့ကူးပြောင်းဝင်ရောက် ခြင်းနှင့်
 အစ္စလာမ်ဘာသာဝင်အမျိုး သားများနှင့်
အိမ်ထောင်ကျခဲ့သော အမျိုးသမီး ၁ဝဦး
မှာလည်း ဗုဒ္ဓဘာ သာသို့ ပြန်လည်ဝင်ရောက်


ပွဲ ကျင်းပခဲ့ ကြောင်း သိရသည်။

''မဘသ(ဗဟို)အနေနဲ့ဆိုရင် ငါးကြိမ်မြောက်ရှိပြီ။ ဗုဒ္ဓဘာသာကို ကူးပြောင်းလာတာကလဲ သူတို့စိတ် ဆန္ဒအတိုင်းပြောင်းတာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီကို ဆက်သွယ်လာ လို့ ပြောင်းပေးတယ်။ စာချုပ်လဲပေး တယ်။ ဗုဒ္ဓဘာသာကို ကူးပြောင်းချင် တယ်ဆိုရင် တရားဝင်လျှောက်လွှာ တင်ရတယ်။

 သေချာအောင်လို့ အချိန် ငါးရက် ထပ်ပေးတယ်။ သေချာပြီ ဆိုရင်တော့ ပြောင်းပေးတယ်''ဟု အမျိုးဘာသာသနာစောင့်ရှောက် ရေး(ဗဟို)ဥပဒေအကြံပေးရှေ့နေ ဦးအေးပိုင်က ဆိုသည်။
အစ္စလာမ်ဘာသာဝင် အမျိုး သားတစ်ဦးမှာ အသက်အရွယ်အား ဖြင့်လည်း အရွယ်ရောက်ရှိပြီဖြစ် သည့်အပြင် ၄င်း၏မိဘများမှလည်း ပိတ်ပင်တားမြစ်ခြင်း မရှိသည့်အတွက် ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်းဖြစ် ကြောင်း၊ အမျိုးသမီးဆယ်ဦးမှာလည်း ၄င်းတို့၏ စိတ်သဘောဆန္ဒအရ ဗုဒ္ဓဘာသာသို့ ပြန်လည်ဝင်ရောက် ခြင်းဖြစ်ကြောင်း သိရသည်။


''ကျွန်တော့်အမျိုးသမီးက ဗုဒ္ဓ ဘာသာဝင်ဖြစ်တဲ့အတွက် ကူးပြောင်း ဖြစ်တာပါ။ ပြီးတော့ ကျွန်တော့် မိဘတွေကလဲ ကိုယ်လုပ်မှကိုယ်စား ရမယ်လို့ပြောတဲ့ အတွက် ဗုဒ္ဓဘာ သာကိုကူးပြောင်းတယ်။ အစ္စလာမ် ဘာသာက ကျွန်တော့်ရဲ့အနုပညာ အလုပ်နဲ့လဲ ကိုက်ညီမှု မရှိတဲ့အ တွက် အခွင့်အရေးတွေရအောင်လို့ ကူးပြောင်းခဲ့တာဖြစ်ပါတယ်'' ဟု အစ္စ လာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူး ပြောင်းခဲ့သော ဇန်ဘိုရှိန်းက ပြော ကြားခဲ့သည်။


လက်ရှိတွင် မွတ်စလင်လူမျိုး ဇန်ဘိုရှိန်းသည် အနုပညာလောက တွင် မော်ဒယ်သရုပ်ဆောင်နှင့် ရုပ်ရှင် ကားများကို ဇန်အမည်ဖြင့် ဝင်ရောက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။


အဆိုပါပွဲကို အောက်တိုဘာ ၂၆ရက် အင်းစိန်ရွာမ ပရိယတ္တိစာသင် တိုက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုး ဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ ပြုလုပ်သည့် ငါးကြိမ် မြောက်ကျင်းပသော ဘာသာကူး ပြောင်းပွဲဖြစ်ကြောင်း သိရသည်။

မော်ကျွန်းတွင် ဓာတ်ကြိုးပြတ်ကျ၍ လေးဦးသေဆုံး

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့
နယ် ကျွဲခြံကျုံလမုရွာတွင် အောက်တိုဘာလ
၂၅ ရက်နေ့က ရွာတွင်း ပေးဝေလျက်ရှိသော
 လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျ၍ လူလေးဦး
 သေဆုံးကြောင်း အဆိုပါကျေးရွာနေ ဒေသခံများ


ထံမှ သိရသည်။

ယင်းနေ့ ညနေ့ ၄ နာရီခွဲခန့်က အသက် ၇၀ နှစ်ရှိ ဒေါ်လှမြင့်၏ အိမ်ရှေ့တွင် အသက်သုံးနှစ် မပန်းအိဖြူနှင့် အသက် ၁၁ နှစ်အရွယ် မောင်မင်းထက်ကျော်တို့ ကစားနေစဉ် သီရိရွှေစင်ဆန်စက်က ဓာတ်အားဖြန့်ဝေနေသော ဓာတ်ကြိုးပြတ်ကျခဲ့ခြင်း ဖြစ်ကြောင်း ကျေးရွာနေ မျက်မြင်များက ပြောကြားသည်။

ဓာတ်ကြိုးပြတ်ကျ၍ ဓာတ်လိုက်နေသူ ကလေးနှစ်ဦးကို အိမ်ရှင်ဒေါ်လှမြင့်၊ သမီးဖြစ်သူ အသက် ၄၀ နှစ်ရှိ ဒေါ်အေးအေးမူ၊ ပန်းအိဖြူ၏ မိခင် အသက် ၂၈ နှစ်ရှိ ဒေါ်ဝင်းသူဇာနှင့် ဒေသခံ ရွာသား အသက် ၂၅ နှစ်ရှိ ဦးမျိုးသူရအောင်တို့က အဆင့်ဆင့် ဝင်ဆွဲကြရာ ဝင်ဆွဲသူ လေးဦးစလုံး ဓာတ်လိုက်ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

မပန်းအိဖြူ၊ မောင်မင်းထက်ကျော်နှင့် အခြားကယ်ဆယ်သူတစ်ဦး ဖြစ်သည့် အသက် ၂၆ နှစ်ရှိ ဦးဖြိုးမင်းတို့ ဒဏ်ရာအသီးသီး ရရှိခဲ့သဖြင့် မော်ကျွန်းဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ခဲ့ရကြောင်း ရွာသားများက ပြောကြားသည်။

ယင်းဖြစ်စဉ်အတွက် မော်ကျွန်းမြို့နယ် မြတ်သာရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၄ ဖွင့်လှစ်ထားပြီး ဓာတ်ကြိုးပြတ်ကျရခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မိတ္ထီလာ အကျဉ်းထောင်တွင် မူးယစ်တရားခံအား ဧည့်တွေ့လာသူ ဇနီးသည်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၁၃၇ ပြား ဖမ်းဆီးရမိ

အောက်တိုဘာ ၂၃ ရက်က မိတ္ထီလာမြို့
မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မိတ္ထီလာ
အကျဉ်းထောင်တွင် မူးယစ်အမှုဖြင့်
ချုပ်ထားသော တရားရုံး အမှုစစ်ဆေးဆဲ
 တရားခံ ဇော်ထက် အား ဧည့်တွေ့လာသည့်


ဇနီး မဖြိုးသူဇာစိုး ထံ၌ မူးယစ်ဆေးဝါးများပါလာကြောင်း သတင်းအရ ရှာဖွေရာ ၎င်းဝတ်ဆင်ထား သော ဘော်လီအင်္ကျီခါးရှည်အိတ်အတွင်း အပြာရောင်ပလပ်စတစ်အိတ်ငယ် (၁ဝ) အိတ်အတွင်းမှ
စိတ်ကြွရူးသွပ်ဆေးပြား ၁၉၄၃ ပြားနှင့် ၎င်းယူဆောင်လာသည့် ဂျပ်ဖာဗူးအတွင်းရှိ ယမ်ယမ်ချဉ်စပ် အထုပ်သေး (၂၉) ထုပ် အတွင်းရှိ အပြာရောင် ပလပ်စတစ်အိတ်ငယ်(၁၆)အိတ် အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၁၉၄ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၅၁၃၇ ပြား သိမ်းဆည်းရမိခဲ့သည်။


စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ မူဆယ်မြို့နယ်၊ မော့ထောင်းကျေးရွာနေ မထန်ရာ အား မိတ္ထီလာမြို့၊ မြို့မ(၄)ရပ်ကွက်၊ ရွှေမန္တလာ ကားဂိတ်အနီး တွင် ဖမ်းဆီးရမိသဖြင့် မဖြိုးသူဇာစိုး (၃၄ နှစ်) နှင့် မထန်ရာ (၃၈ နှစ်) တို့ (၂) ဦး အပေါ် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော သေားဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်။

၇ နှစ်သမီးလေးအား ငွေတစ်ထောင်ပေး ဈေးဝယ်ခိုင်းပြီး အဓမ္မပြုကျင့်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်း
မြို့နယ် ကံပေါက်တာကျေးရွာတွင် အဓမ္မပြုကျင့်မှု
တစ်ခုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၅ ရက် နံနက်


၇နာရီက ကောလင်းမြို့နယ်ကံပေါက်တာရွာနေ ဒေါ်.....၏ နေအိမ်တဲတွင် တဲနီးချင်း ခင်မင် ရင်းနှီးသူ
မိုးမြင့်နိုင်ဆိုသူရောက်ရှိလာပြီး အရက်သောက်နေရာမှ ဒေါ်....၏သမီး ဖြစ်သူ
မ..... ခုနစ်နှစ်အား ငွေကျပ် ၁၀၀၀ပေး၍ ရွာထဲသို့ သကြားနှင့် ကော်ဖီမစ်
ဝယ်ခိုင်းပြီး နာရီဝက်ခန့် အကြာ မိုးမြင့်နိုင်ဆိုသူသည် နောက်မှ လိုက်သွားခဲ့ကြောင်း၊

မိခင်ဖြစ်သူ ဒေါ်..... က သမီးအချိန်မီပြန်မလာသဖြင့် လိုက်သွားရာရွာတောင်
ဘက်ချောင်းအတက်တွင် တဲနီးချင်း ကိုညိုကြီးဆိုသူနှင့် သမီးဖြစ်သူအား တွေ့ရှိ
မေးမြန်းရာ နေအိမ်တဲသို့လာလည်သည့် မိုးမြင့်နိုင်ဆိုသူက ခြံထဲသို့ဆွဲခေါ်သွားပြီး
အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိရသဖြင့် မိုးမြင့်နိုင်အား ဥပဒေအရအရေးယူ
ပေးပါရန် မ.....၏မိခင်ဖြစ်သူဒေါ်.....က တရားလို ပြုလုပ်တိုင် ကြားခြင်း
ဖြစ်သည်။

အရက်သေစာသောက်စား၍ အရွယ်မရောက်သူအား အဓမ္မပြုကျင့်သူ
မိုးမြင့်နိုင်(၂၈)နှစ် ရွာရှည်တောင်ရွာ ကောလင်းမြို့နယ်နေသူအား (ပ)၂၉၉/၂၀၁၄၊
ပြစ်မှုပုဒ်မ- ၃၇၆အရ အမှုဖွင့်ထားသည်။

ခွင့်ပြုချက်မရဘဲညပိုင်းတွင်ဗလီခိုးပြင်နေတာသက်ဆိုင်ရာ များကအချိန်မှီတားမြစ်ပေးပါရန် (ပေးစာ)



မကွေးတိုင်းဒေသကြီးသရက်ခရိုင်အောင်
လံမြို့မှာညဖက်တွင်ခွင့်ပြုချက်မရဘဲဗလီ
ခိုးပြင်နေပြီးသက်ဆိုင်ရာများက အချိန်မှီ
 ဖြေရှင်းချက် ထုတ်ပြန်ကာ ထိရောက်
စွာအရေးယူပေးရန်တိုင်ကြားအပ်ပါသည်။



ထိုဗလီသည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့လမ်းမပဲခြားပြီး အရင်တုန်းက ခွင့်ပြုချက်ရသလား မရဘူးလာဆိုတာ မသိရပေးမယ့်။ ညပိုင်းဆိုရင် ထိုဗလီကို ပြင်ဆင်နေကြောင်းဖြစ်ပြီး ယခုကဲ့သို့  ခွင့်ပြုမိမရရှိဘဲ အဆောက်အဦးဆောက်လုပ်နေခြင်းသည် မလိုလားအပ်သော ပြဿာနာများဖြစ်သွားနိုင်ပြီး သက်ဆိုင်အစိုးရများအနေဖြင့် အမြန်ဆုံးအရေးယူမူပြုလုပ်ပေးပါရန် တိုင်းတန်းအပ်ပါသည်။


ပို့ ပေးသူ
မင်းထက် (မကွေး)

ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်လူနာများကို ဓာတ်ခွဲခန်းစမ်းသပ်မှု အခမဲ့ဖြင့် ချက်ချင်းကုသပေးလျက်ရှိ

ရန် ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် နှင့် ပြင်ပလူနာအထူးကုဌာနမှလူနာ များအား
အခမဲ့ကုသပေးခြင်းအပါ အဝင် ဆေးဝါးများ
 အခမဲ့ပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်မှုများကို
အခမဲ့ ဆောင်ရွက်ပေးနေပြီး အရေးပေါ်


လူနာများကို ချက်ချင်းကုသနိုင်ရန် အတွက်အရေးပေါ်ကုသမှု ဆေးပညာ ဌာန (Department of Emergency Medicine) ကိုပါဖွဲ့စည်း၍ အချိန်နှင့် တစ်ပြေးညီ ကုသပေးလျက်ရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံ၊ ဆေး ရုံအုပ် ဒေါက်တာပပက ဒီမိုကရေစီတူဒေး သတင်းစာသို့ အောက်တိုဘာ ၂၇ ရက်က ပြောသည်။

ပြည်သူများ၏ စိုက်ထုတ်ကုန် ကျငွေလျော့ကျရန် ကွန်ပျူတာ ဓာတ်မှန်ရိုက်ကူးခြင်း (CT Scan)၊ အခြေခံဆေးဝါးများ အခမဲ့ပေးခြင်း၊ အခြေခံဓာတ်ခွဲစမ်းသပ်မှု ခုနစ်မျိုး အခမဲ့စမ်းသပ်ပေးခြင်း၊ ဓာတ်မှန် (X Ray) ရိုက်ကူးခြင်း၊ တယ်လီဗေး ရှင်းဓာတ်မှန် (Ultrasound) ရိုက်ကူး ခြင်းတို့ကို သြဂုတ် ၁ရက်မှစတင်ကာ အခမဲ့ဆောင်ရွက်ပေးနေခြင်းဖြစ် ကြောင်း ဆေးရုံအုပ် ဒေါက်တာပပ က ပြောသည်။

''အရင်ကဆို လူနာမှတ်တမ်း စာအုပ်လုပ်တာကစ ဝန်ဆောင်ခ ပေးရပေမယ့် အခုဆိုရင် လူနာမှတ် တမ်းစာအုပ်ကအစ အခမဲ့လုပ်ပေး နေပါတယ်။ သွေးအိတ်တွေ၊ သွေး ပိုက်ဖိုးတွေ၊ သွေးစစ်တာတွေကိုလဲ အခမဲ့ဆောင်ရွက်ပေးနေပါတယ်''ဟု ရန်ကုန်ပြည်သူ့ဆေးရုံ၊ ဆေးရုံ အုပ် ဒေါက်တာပပက ဒီမိုကရေစီ တူဒေးသတင်းစာသို့ ပြောသည်။

အရေးပေါ်ကုသမှုဌာနသို့ ရောက်ရှိလာသော အရေးပေါ်လူနာ များကို ကုသနိုင်ရန်အတွက် အရေး ပေါ်ကုသမှုဆေးပညာဌာန (Department of Emergency Medicine) ကိုပါ ဧပြီလတွင်ဖွဲ့စည်း၍ အရေး ပေါ်ဆေးကုသမှု အထူးကုဆရာဝန် ကြီးများကိုယ်တိုင် အချိန်ပြည့်ကြီး ကြပ်ဆောင်ရွက်နေကြောင်း သိရ သည်။

''လူနာရဲ့အသက် ကယ်တင်ရေး သည်သာ အဓိကဆိုတဲ့အတိုင်း အ ရေးပေါ်ဌာနကို ရောက်လာတာနဲ့ ကုသမှုတွေကို စလုပ်ပါတယ်။ တချို့ ပြည်သူတွေထင်နေသလို မတော်မ ဆမှုနဲ့ရောက်လာတဲ့သူတွေကို ရဲစာ ပါမှကုသပေးတာဆိုတာ လုံးဝမဟုတ် ပါဘူး။ ရဲမှုခင်းနဲ့လာလဲ အရေးပေါ် ဌာနမှာ မှုခင်းရဲက ရှိနေပြီးသားပါ''ဟု ဆေးရုံအုပ် ဒေါက်တာပပက ပြောသည်။

အခမဲ့ကုသပေးခြင်းနှင့် ပတ် သက်၍ ''အခမဲ့ဆိုတော့ လူနာတွေ က ပိုများနေတော့ တန်းစီရတာတော့ ရှိတာပေါ့။ ဒါပေမဲ့ ဟိုအရင်တုန်းက ထက် ပိုပြီးဝန်ဆောင်မှုတွေ ကောင်း လာတာတော့သေချာပါတယ်။ ကျွန် တော်တို့လဲ ဒီရောက်မှ အခမဲ့ဆိုတာ သိတာ။ အပြင်မှာ သတင်းတွေကြား ခဲ့ရသလိုမဟုတ်တော့ တော်တော် လေးကျေနပ်မိပါတယ်။ အပြင်က ပြည်သူတွေလဲ သိအောင် သတင်း ထုတ်ပြန်မှုတွေကို ဒီထက်ပိုလုပ်ပေး ရင်ကောင်းမယ်ထင်ပါတယ်''ဟု အ ရေးပေါ်ကုသမှုဌာနတွင် ကုသမှုခံ ယူနေသည့် လူနာရှင်တစ်ဦးက ပြော သည်။

ဆေးရုံဝန်ထမ်းများကို ပြည်သူ များထံမှ ငွေကြေးများတောင်းခံမှု မရှိစေရန် စည်းကမ်းများ ထုတ်ပြန် ထားပြီး စီစီတီဗွီများ တပ်ဆင်ကာ စနစ်တကျစောင့်ကြည့်နေပြီး မသမာ မှုများရှိပါက တိုင်ကြားသူရှိသည်ဖြစ် စေ၊ မရှိသည်ဖြစ်စေ အရေးယူမှုများ ပြုလုပ်နေကြောင်းနှင့် ပြင်ပမှလူများ က ဆေးရုံဝန်ထမ်းများအသွင်ဆောင် ၍ ငွေကြေးလိမ်လည်တောင်းခံမှုများ ပြုလုပ်သည်များကိုလည်း စောင့် ကြည့်နေကြောင်း သိရသည်။

''ဆေးရုံကြီး အရေးပေါ်လူနာ ဌာနက အရင်ကနဲ့ လုံးဝကိုပြောင်းလဲ သွားတယ်။ ကျွန်တော်တို့အရင်ကြား ဖူးတာက ဆရာဝန်၊ ဆရာဝန်မတွေ က မျက်နှာထားတင်းတင်းနဲ့ဟောက် ထုတ်ဆိုပဲ။ အခုတော့ အဲဒီလိုမဟုတ် လို့ ကျွန်တော်တောင် တော်တော် အံ့သြနေတယ်။ ကျွန်တော်တို့ အရေး ပေါ်လူနာကို သူတို့ကုသပေးနေပုံက တော်တော် ဂရုတစိုက်ရှိပြီး မျက်နှာ အမူအယာကအစ အရမ်းပြေပြစ် တယ်။ စေတနာပါတာ တွေ့ရတယ်။ အနံ့အသက်တွေ ဘာတွေလဲ တော် တော်သန့်ရှင်းတာ တွေ့ရတယ်။ အ ရင်က ဘယ် ဒီလိုဟုတ်မလဲ''ဟု ဆေး ရုံကြီး၏အပြောင်းအလဲကို ကိုယ်တွေ့ ကြုံသူတစ်ဦးက ပြောပြသည်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနတွင် လူနာရောက်ရှိလာသည် နှင့်တစ်ပြိုင်နက် လူနာ၏အခြေအ နေကို ခွဲခြားဆုံးဖြတ်၍ အရိုးအရေး ပေါ်ဌာန၊ ဦးနှောက်အာရုံကြောအရေး ပေါ်ဌာန၊ အရေးပေါ် အသက်ကယ် ကုသခန်းများသို့ မိနစ်ပိုင်းအတွင်း ပို့ဆောင်နိုင်ရန် စီစဉ်ထားပြီး ၂၄ နာရီလုံး အလှည့်ကျ တာဝန်ထမ်း ဆောင်ကာ ဆောင်ရွက်ပေးနေ ကြောင်း သိရသည်။

ဓါတ်ကြိုးပြုတ်ကျမှုကြောင့်ဆော့ကစားနေသည့်ကလေးငယ် (၂)ဦး ဓါတ်လိုက်ခံရ၍လဲကျသွားစဉ်ဝင်ရောက်ကယ် ဆယ်သူများအနက် (၄)ဦးသေဆုံး


နေပြည်တော်၊ အောက်တိုဘာ ၂၇
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့
 ည ၉ နာရီိခွဲအချိန် ဧရာဝတီတိုင်းဒေသကြီး၊
 မော်လမြိုင်ကျွန်းမြို့၊ ကုတင်(၁၀၀)ပြည်
သူ့ဆေးရုံသို့ ဓါတ်လိုက်သေဆုံးသူများနှင့်
ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း


သတင်းအရ မော်လမြိုင်ကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွဲခြံကျုံလမုကျေးရွာနေ ဒေါ်လှမြင့်(၇၀)နှစ်၊ ဒေါ်အေးမူ(၄၀)နှစ်၊ မ၀င်းသူဇာ(ခ) ၀င်းဝင်း(၂၈)နှစ်နှင့် ကိုမျိုးသူရအောင်(၂၅)နှစ်တို့ ၄ ဦးမှာ ဓါတ်လိုက်ခံရသည့်ဒဏ်ရာများဖြင့် သေဆုံး နေပြီး တစ်ရွာတည်းနေ ကိုဖြိုးမင်း(၂၆)နှစ် မောင်မင်းထက်ကျော်(၁၁)နှစ်နှင့် မပန်းအိဖြူ(၃)နှစ်တို့ ၃ ဦး ဆေးကုသမှုခံယူနေသည်ကို တွေ့ရှိရသည်။

စစ်ဆေးချက်အရ ယင်းနေ့ ည ၆ နာရီအချိန် ဒေါ်အေးမူ၏ နေအိမ်ရှေ့တွင် မောင်မင်းထက်ကျော်မှ မပန်းအိဖြူအားပွေ့ချီ၍ ဆော့ကစားနေစဉ် ကျေးရွာအတွင်း ပုဂ္ဂလိကပိုင် မီးပေးရန်သွယ်တန်းထားသည့် ဓါတ်ကြိုးပြတ်ကျရာမှ မောင်မင်းထက်ကျော်နှင့် မပန်းအိဖြူတို့ ဓါတ်လိုက်၍ လဲကျသွားသဖြင့် မပန်းအိဖြူ၏မိခင်ဖြစ်သူ မ၀င်းသူဇာ(ခ)၀င်းဝင်း၊ ဒေါ်လှမြင့်၊ ဒေါ်အေးမူ၊ ကိုဖြိုးမင်းနှင့် ကိုမျိုးသူရအောင်တို့မှ သွားရောက်ဆွဲထူခဲ့ရာက ဓါတ်လိုက်ခံရပြီး သေဆုံး/ဒဏ်ရာရရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် မော်လမြိုင်ကျွန်းမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

နာမည်ကြီးကာ့ဒ်တပ်ဖွဲ့ ဝင်အမျိုးသမီးကိုအိုင်အက်စ်တို့  ခေါင်းဖြတ်လိုက်ပြီ

အိုင်အက်စ်တို့ ကို တိုက်ပွဲဝင်နေသည့် ကာ့ဒ်တပ်
ဖွဲ့ မှ အမျိုးသမီးတပ်ဖွဲ့ ဝင်တစ်ဦး ငြိမ်းချမ်းရေး
အမှတ်အသားပြ လက်နှစ်ချောင်းထောင်ကာ
 ရိုက်ထားသည့် ဓာတ်ပုံ တွစ်တာပေါ်တွင် ပျံ့ နှံ့ 
 သွားခဲ့ပြီးနောက် ယင်းတပ်ဖွဲ့ ဝင်အမျိုးသမီး
သည် နာမည်ကြီးသွားခဲ့ပြီး ယခုအခါ အဆိုပါ အမျိုးသမီးအား အိုင်အက်စ်အဖွဲ့  က ခေါင်းဖြတ်ကွပ်မျက်ခြင်းခံလိုက်ရပြီဖြစ်သည်။



အမည်ဝှက်အရ ရီဟာနာဟုသိထားသည့်ကာ့ဒ်တပ်ဖွဲ့ ဝင်ယင်းအမျိုးသမီးသည်အိုင်အက်စ် တိုက်ခိုက်ရေးသမား၁၀၀ကိုတစ်ကိုယ် တည်း သုတ်သင်ထားနိုင်ခဲ့သူဟုသိရသည်။ ဆီးရီးယားနယ်စပ်မြို့  ကိုဘာနီအတွက် ယင်းအမျိုးသမီးက မျှော်လင့်ခြင်း သင်္ကေတ အဖြစ် သရုပ်ပြကာ ဂျာနယ်လစ်တစ်ဦး၏ ဓာတ်ပုံရိုက်ခံရာတွင် လက်ညိုးနှင့် လက်ခလယ်ထောင်ပြ သည့် ငြိမ်းချမ်းရေး အမှတ် လက္ခဏာပြုကာ ဓာတ်ပုံရိုက်ခံခဲ့ခြင်းဖြစ်သည်။ ယင်းပုံက တွစ်တာပေါ်ရောက်ရှိပျံ့ နှံ့ သွားခြင်းနှင့် အတူ အမျိုးသမီးလည်း လူသိ များခဲ့ခြင်းဖြစ်သည်။
        
တွစ်တာတွင် ဓာတ်ပုံဖော်ပြပြီးနောက်တွင် မက်ဆေ့ခ်ျပေါင်း ၅၀၀၀ကျော်ခန့် ရရှိခဲ့သည်။ သို့ သော်လည်း အိုင်အက်စ်တို့ ၏တွစ် တာတွင် ၎င်း၏ခေါင်းပြတ်ကို မြှောက်ပြထားသည့် ခြောက်ခြားဖွယ်ရာဓာတ်ပုံထွက်ရှိလာပြီးနောက် ရီဟာနားသေဆုံး သွားပြီဖြစ်   ကြောင်းသိရှိခြင်းဖြစ်သည်။
         
ကာ့ဒ် YPJ (ပြည်သူ့ ကာကွယ်ရေးယူနစ်) သို့ မဟုတ် အမျိုးသမီးစစ်ယူနစ်အတွက် တိုက်ခိုက်ပေးနေသည့် ရီဟာနားသေ ဆုံးမှု ကို သတင်းဌာနများက ထုတ်လွှင့်သော်လည်း သေချာအတည်မပြုနိုင်သေးပေ။  YPJ သို့ မေးလ်အွန်လိုင်းသတင်းဌာနက မှတ် ချက်ပေးရန် တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာ မပြန်ကြားသေးပေ။


ကိုဘာနီမြို့ ကို အိုင်အက်စ်တို့ က တစ်လကြာမျှထိုးစစ်အပြင်းအထန်ဆင်နွှဲနေလျက်ရှိပြီး တစ်ဖက်ရှိ သည်။ ကိုဘာနီမြို့ အရှေ့ ၊တောင်နှင့် အနောက်ဖက်အရပ် မျက်နှာများကို အိုင်အက်စ်တို့ က ဝန်းရံ ထားပြီဖြစ်ရာ ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့ များက ခုခံနေရလျက်ရှိသည်။








soilder-1

ထောင် ၁၅နှစ် ကျလည်း ကျပါစေ ဟုဆိုကာ သားမယားပြုကျင့်သူ

ဗြိတိန် နိုင်ငံက လူငယ် တစ်ဦးသည် ၁၆ နှစ်
ရွယ် မိန်းမပျိုလေး တစ်ဦးကို သားမယား
 အဖြစ် အကြိမ်ကြိမ် ပြုကျင့် နေခဲ့ရာ
ငါးကြိမ်မြောက် သားမယား ပြုကျင့် ချိန်တွင်
 မိန်းကလေးက ဖုန်းဖြင့် တိတ်တခိုး


မှတ်တမ်းတင် ထားခဲ့ နိုင်ခြင်းကြောင့် ၎င်းကို ထောင်ဒဏ် ဆယ့်နှစ်နှစ်ခွဲ ချမှတ် နိုင်ခဲ့သည်။ အဆိုပါ လူငယ်သည် အဓမ္မပြုကျင့်သည့် နောက်ဆုံး အကြိမ်တွင် “ထောင် ၁၅ နှစ် ကျရင်ကျပါစေ” ဟုပင် ပြော ဆိုခဲ့ပြီး မိန်းကလေးကို အကြမ်းပတမ်း ကျူးလွန်ခဲ့သေးသည်။



ဘာမင်ဂမ်တွင် အသက် ၂၀ရွယ် လူးဝစ်ကိုးလ် ဆိုသည့် လူငယ်က ဆယ့်ခြောက်နှစ် အရွယ် မိန်းကလေးကို ၂၀၁၃ ဇွန်မှ ၂၀၁၄ ဖေဖော်ဝါရီ အထိ ၉ လတာ ကာလအတွင်း အကြိမ်ကြိမ် သားမယား အဖြစ် ပြုကျင့်နေခြင်း ဖြစ်သည်။ မိန်းကလေးကို လယ်ကွင်း တစ်ခုသို့ သွေးဆောင် ခေါ်ယူ၍ ငါးကြိမ်မြောက် သားမယား ပြုကျင့် ချိန်တွင် မိန်းကလေးက ဖုန်းဖြင့် ဗီဒီယို ရိုက်ကူး ခဲ့ခြင်း ဖြစ်သည်။

“ပြုကျင့် ခံရတဲ့ မိန်းကလေးက ကိုးလ်ခေါ်တဲ့ နေရာကို လာဖို့ လက်ခံ လိုက်တယ်။ အဲဒီမှာ သူ့ အမေရဲ့  ဖုန်းကိုပါ တစ်ပါတည်း ယူသွား ခဲ့ပြီး ခုလို လက်ပူး လက်ကြပ် ဝန်ခံနိုင်အောင် မှတ်တမ်း ယူလိုက်တာပဲ ဖြစ်တယ်”ဟု ရှေ့ နေ တွမ်စကိုဖီးကပြောသည်။




ယင်းဖုန်းမှတ်တမ်းဗီဒီယိုတွင် “ကြောက်မနေ စမ်းပါနဲ့ ။ ငါကြမ်းရ လိမ့်မယ်။ ဒါအတွက်နဲ့ ထောင် ၁၅ နှစ်တောင် ငါအကျ ခံနိုင်တယ်” စသည်ဖြင့် ကိုးလ်၏ ပြောဆိုမှု များကို တွေ့ ရှိရသည်။ ထိုသို့  မိန်းကလေးကို အနိုင်အထက် အတင်း ဗလက္ကာရ ပြုကျင့် နေခြင်းကြောင့် မိန်းကလေးက တော်ရန်၊ ဆက်မလုပ်ရန် တောင်းပန်သည်။ သို့ သော်လည်း ကိုးလ်က “ငါဘာလုပ်လို့ လဲ။ ငါက လူမသမာ ပဲလေ ဘာဖြစ်လဲ” ဟု ဆိုကာ မရပ်နားဘဲ ဆက်လက် မုဒိမ်း ပြုကျင့်သည် ကိုလည်း တွေ့ ရသည်။

ကနဦး စစ်ဆေး ကြားနာမှုတွင် ကိုးလ်က ပြစ်မှုနှင့် ပတ်သက်ပြီး ငြင်းချက် ထုတ်ခဲ့သည်။ ၎င်း သားမယား အဖြစ် ပြုကျင့်ခဲ့သူ မိန်းကလေး၏ ဖခင်ထံ ၎င်းပေးပို့ ထားသည့် “ဘယ်လို သနားစရာ မိန်းကလေး မျိုးက မုဒိမ်းကျင့် ခံရတာကို လိမ်ထားသလဲ” ဆိုသည့် မတ်ဆေ့ခ်ျ သက်သေ ခံချက် အပါအဝင် ပြစ်မှု လျှောက်လဲချက် များကို ငြင်းဆန် ခဲ့သေးသည်။

သို့ သော်လည်း ၎င်း၏ လူမဆန်သော ပြစ်မှုက သက်သေ ထင်ရှားသဖြင့် ၎င်းကို ဘာမင်ဂမ်တရားရုံးက ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ် လိုက် သည်။ “ဒါက အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှု တစ်ရပ်ပါ။ နောက်ပြီး စိတ်ပိုင်း ဆိုင်ရာ နိုင်ထက်စီနင်း ပြုမှုလည်း ဖြစ်ပြီး လူမဆန်တဲ့ လုပ်ရပ် တစ်ခုလည်း ဖြစ်တယ်”ဟု ရှေ့ နေ စကိုဖီးက ပြောခဲ့သည်။

Ref: Mirror

Mizzima News Daily




မုဒိမ်းသမား လူးဝစ်ကိုးလ် အနေဖြင့် တရားရုံး၌ သူ၏ပြစ်မှု အတွက် ကြားနာနေချိန် တွင်လည်း မိန်းကလေးအပေါ် အားတောင့်အားနာ ဖြစ်သည့် အမူအရာ တစ်ချက်မျှ ကိုပင် မမြင်ခဲ့ရပေ။

လစာနည်းပါးမှုနှင့် လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရမှုကြောင့် ဟိန္ဒားသတ္တုတွင်းမှ အလုပ်သမားအများစု အလုပ်မဆင်းဘဲ သပိတ်မှောက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့
နယ်ခွဲရှိ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့်
ထိုင်းနိုင်ငံပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီ (Myanmar
 PongPiPat Co;Ltd- MPC) တို့ အကျိုးတူဖက်စပ်
လုပ်ကိုင်နေသည့် ဟိန္ဒားသတ္တုတွင်းစီမံကိန်း၌


အလုပ်သမားများအပေါ် လုပ်ခလစာ နည်းပါးစွာပေးချေမှုအပြင်

အလုပ်သမားအခွင့်အရေး မရရှိမှုများနှင့် ဒေသခံလုပ်သားများနေထိုင်သည့် ဟိန္ဒားကျေးရွာအတွက် ဆောင်ရွက်ပေးမှု မရှိခြင်းကြောင့် အချက်ခုနစ်ချက်ပါစာဖြင့် လက်မှတ်စုပေါင်းရေးထိုးကာ MPC ကုမ္ပဏီ၏ ဟိန္ဒားသတ္တုတွင်းစီမံကိန်း အထွေထွေမန်နေဂျာထံသို့ အောက်တိုဘာ ၂၆ ရက်က စာပေးပို့တင်ပြထားပြီး စီမံကိန်းမှ အလုပ်သမားအများစုမှာ အလုပ်မဆင်းကြဘဲ သပိတ်မှောက်လျက်ရှိကြောင်း သိရသည်။




အလုပ်သမားအများစုမှာ လုပ်သက်ရင့် အလုပ်သမားများ ဖြစ်သော်လည်း နေ့စားအလုပ်သမားအဆင့်မှ ပုံသေလခစားဝန်ထမ်းအဖြစ် ကုမ္ပဏီမှ သတ်မှတ်ပေးခြင်းမရှိဘဲ လစာနည်းပါးစွာဖြင့် လုပ်ကိုင်နေရကြောင်း၊ အချိန်ကြာမြင့်စွာ လုပ်ကိုင်နေရသည့်အပြင် အချိန်ပို OT ကြေးများအား အပြည့်အဝ ပေးအပ်ခြင်းမရှိကြောင်း၊ အလုပ်ခွင်အတွင်း၌ လူမဆန်စွာ ပြောဆိုဆက်ဆံ၍ ခေါင်းပုံဖြတ် အဓမ္မ စေခိုင်းခြင်းများလည်းရှိကြောင်း စီမံကိန်းလုပ်သားများထံမှ သိရသည်။

“စာတင်ခဲ့တဲ့ ၂၆ ရက်ကစပြီး စီမံကိန်းက အလုပ်ခွင်အားလုံးမှာရှိတဲ့ အလုပ်သမား အများစုက အလုပ်မဆင်းကြတော့ဘူး။ ဦးတို့စက်မှုအဖွဲ့က ၁၇ နှစ်ယောက်စလုံးလည်း အလုပ်မဆင်းကြတော့ဘူး။ လက်ရှိဦးတို့ တစ်နေ့ကို ကျပ် ၄၅ဝဝ ရပြီး OT ကြေးပါဆိုရင် ၆ဝဝဝ လောက်ရတယ်။ ဒါပေမဲ့ လက်ရှိရတဲ့ OT ကြေးက တစ်နာရီကို မူရင်းလစာထက် နှစ်ဆရမှာဖြစ်ပေမယ့် ကုမ္ပဏီက တစ်ဆပဲပေးပါတယ်။ MPC ကစလုပ်ခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ အလုပ်သမားတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ အလုပ်သမားအိမ်သာ ဆိုတာတောင် ထားမပေးပါဘူး။ မနက်ကျ အလုပ်ဆင်းရင် MPC က ထိုင်းမန်နေဂျာက ယိုးဒယားစကားနဲ့ နေ့တိုင်းဆဲတယ်။ ထိုင်းမှာ တစ်နေ့ကို အနည်းဆုံးလုပ်ခလစာ ဘတ် ၃ဝဝ (မြန်မာငွေ ကျပ် ၉ဝဝဝ ဝန်းကျင်) သတ်မှတ်ထားပေမယ့် ဦးတို့ကတော့ ဘတ် ၂ဝဝ တောင်မရတာ ဝမ်းနည်းမိတယ်။ ကိုယ့်မြေပေါ်လာပြီး ခေါင်းပုံဖြတ်ခံနေရသလိုပဲ” ဟု MPC ကုမ္ပဏီတွင် လုပ်သက်ခုနစ်နှစ်ခန့် ရှိပြီဖြစ်သည့် နေ့စားအလုပ်သမား ဦးဝင်းနိုင်က ပြောကြားသည်။


ဟိန္ဒားသတ္တုတွင်းစီမံကိန်း လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအား တွေ့ရစဉ်

အလုပ်သမားများမှ ကုမ္ပဏီထံသို့ တောင်းဆိုထားချက်အရ အနိမ့်ဆုံးတစ်နေ့ လုပ်ခလစာ ၂ဝဝဝ ကျပ်အစား ၈ဝဝဝ သို့ တိုးမြင့်ပေးရန်၊ အချိန်ပိုလုပ်ခအား တစ်နာရီလျှင် ကျပ် ၂ဝဝဝ ပေးရန်၊ အလုပ်ခွင်အတွင်း လုပ်ကိုင်ရာတွင် လုပ်အားနှင့်မမျှဘဲ မတန်မရာ လုပ်ကိုင်ရသဖြင့် ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးပေးခန်းများနှင့် သောက်သုံးရေ မရရှိခြင်းအတွက် ဆောင်ရွက်ပေးရန်၊ လုပ်သားများအား လူမဆန်စွာ ပြောဆိုစေခိုင်းခြင်း မပြုလုပ်ရန်နှင့် ဟိန္ဒားကျေးရွာရှိ ဒေသခံများအတွက် လိုအပ်ချက်များ ဆောင်ရွက်ပေးရန် စသောတောင်းဆိုချက်များကို တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်း၌ ထိုင်းအလုပ်သမား ၂ဝ ဦးခန့်နှင့် မြန်မာအလုပ်သမား ၃ဝဝ ခန့်ရှိပြီး လုပ်ငန်းဆိုက်လေးခုမှ အလုပ်မဆင်းဘဲ သပိတ်မှောက်ကာ တောင်းဆိုနေသည့် အလုပ်သမား ၁၉ဝ ကျော်ရှိကာ လာမည့်အောက်တိုဘာ ၃၁ ရက်နောက်ဆုံးထား၍ တင်ပြတောင်းဆိုချက်များအား ဆုံးဖြတ်ပေးရန် တင်ပြထားကြောင်း အလုပ်သမားများထံမှ သိရသည်။

နိုင်ငံ၏အချုပ်အခြာကို မထိပါးရန် အိန္ဒိယနှင့်ဗီယက်နမ်ကို တရုတ်သတိပေး

တရုတ်အစိုးရက သူ့နိုင်ငံရဲ့အချုပ်အခြာကို
 ထိခိုက်အောင်မလုပ်ဖို့ အိန္ဒိယနဲ့ ဗီယက်နမ်
ကို မနေ့က သတိပေးလိုက်ပါတယ်။
ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဒွန်ရဲ့


အိန္ဒိယကို ၂ ရက်ကြာ အလည်အပတ်ခရီးစဉ်အတွင်း အိန္ဒိယနဲ့ ဗီယက်နမ်တို့ ပူးပေါင်းပြီး အငြင်းပွား တောင်တရုတ်ပင်လယ်မှာ ရေနံရှာဖွေရေး သဘောတူ လက်မှတ်ထိုးဖို့ မျှော်လင့်ထားတယ်လို့ အိန္ဒိယမီဒီယာတွေက အစီရင်ခံထားပါတယ်။

ပေကျင်းမြို့ ပုံမှန်သတင်းစာရှင်း လင်းပွဲအတွင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ ဟောင်လီက “တရုတ်ဟာ Spratly ကျွန်းစုတွေနဲ့ အနားကရေပိုက်နက်နဲ့ပတ်သက်ပြီး အငြင်းမပွားနိုင်တဲ့ အချုပ်အခြာရှိတယ်။ တောင်တရုတ်ပင်လယ်တွင်း ကျိုးကြောင်းသင့်လျော်ပြီး ညှိနှိုင်းလို့ရတဲ့ ရေနံနဲ့ဓာတ်ငွေ့ရှာဖွေမှုကို မဆန့်ကျင်ပေမယ့် တရုတ်အကျိုးစီးပွားရဲ့ ပိုင်နက်အချုပ်အခြာကို ထိပါးမယ့် လှုပ်ရှားမှုတွေကိုတော့ ခိုင်ခိုင်မြဲမြဲ ဆန့်ကျင်တယ်” လို့ ပြောပါတယ်။

တရုတ်ကတော့ ရေနံနဲ့ဓာတ်ငွေ့ကြွယ်ဝတဲ့အပြင် ငါးသယံဇာတလည်း ပေါများတဲ့ တောင်တရုတ်ပင်လယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ပိုင်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။

တောင်တရုတ်ပင်လယ်တွင်း နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ထရီလီယံ ပင်လယ်ရေကြောင်းအခြေပြု ကုန်သွယ်မှုတွေရှိနေပါတယ်။ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်ဝမ်တို့နဲ့ တရုတ်နိုင်ငံကြား ရေပိုင်နက် အငြင်းပွားနေပါတယ်။

ပညာရေးရံပုံငွေ သိန်း ၆၀၀ နီးပါး အလွဲသုံးမှု ပညာရေးဝန်ထမ်းများ အရေးယူခံရ

ပဲခူးတိုင်း ပြည်မြို့တွင် ပညာရေးရံပုံငွေ သိန်း
 ၆၀၀ နီးပါး အလွဲသုံးစားမှု ဖြစ်ခဲ့ပြီး ပညာရေး
ဌာနမှ တာဝန်ရှိသူ ဝန်ထမ်းများကို
 နေပြည်တော် ပညာရေးစီမံခန့်ခွဲမှု ကော်မတီ
က အရေးယူလိုက်ကြောင်း အရေးယူခံရ


သူတစ်ဦးဖြစ်သည့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးနိုင်အောင်ထွန်းက မဇ္ဈိမကို ပြောသည်။

“နေပြည်တော် ပညာရေးစီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ အပြစ်ပေးလိုက်တာပါ” ဟု ဦးနိုင်အောင်ထွန်းက ပြောသည်။ ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ယင်းအလွဲသုံးမှုကို ကော်မတီက အောက်တိုဘာ ၂၂ရက်နှင့် ၂၄ရက်တို့တွင် အရေးယူရန် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မူလတန်းကျောင်းသားများ ပညာသင်စရိတ် ထောက်ပံ့ငွေနှင့် ကျောင်းထောက်ပံ့ကြေးငွေ စုစုပေါင်း ကျပ် (၅၈၃) သိန်းကို ယခင် ပြည်မြို့နယ်တာဝန်ခံ ပညာရေးမှူး ဦးဇော်မြလက်မှတ်ဖြင့် စာရေး(၃) ဦးဌေးနိုင်က ထုတ်ယူသုံးစွဲခဲ့သည့်အတွက် ပညာရေးဌာနမှ တာဝန်ရှိသူ ၀န်ထမ်းများကို အရေးယူ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖြစ်စဉ်တွင် ပါဝင်သူ စာရေး(၃)ဦးဌေးနိုင်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး ပညာရေးမှူးဦးဇော်မြကို အောင်ဆန်းအလယ်တန်း ကျောင်းအုပ်အဖြစ် ရာထူးချ ပြစ်ဒဏ်ပေးခဲ့သည်။

ပဲခူးတိုင်းပညာရေးမှူး၊ ပဲခူးတိုင်းအနောက်တိုင်းခွဲ ပညာရေးမှူး၊ ပြည်ခရိုင်ပညာရေးမှူး တို့ကို ပြင်းထန်စွာ သတိပေးခဲ့ပြီး ပြည်မြို့နယ် ပညာရေးမှူး ဦးတင်ဦးကို ပြည်ခရိုင် ပညာရေးမှူးရုံးတွင် ဦးစီအရာရှိအဖြစ် ရာထူးတစ်ဆင့်ချပြစ်ဒဏ်ပေးခဲ့သည်။

ဒုတိယမြို့နယ်ပညာရေးမှူး ဦးသောင်ဌေးကို ရွှေတောင်မြို့နယ် ပညာရေးမှူးရုံးသို့ မူလရာထူးအတိုင်း ပြောင်းရွှေ့စေခြင်း၊ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးနိုင်အောင်ထွန်းကို ပေါက်ခေါင်းမြို့နယ် ပညာရေးမှူးရုံးသို့ မူလရာထူးအတိုင်း ပြောင်းရွှေ့စေပြီး လက်ထောက်မြို့နယ်ပညာရေးမှူး နှစ်ဦးကိုလည်း နယ်ပြောင်းပြစ်ဒဏ်များပေးခဲ့သည်။

ထို့အပြင် ပြည်မြို့နယ်ပညာရေးမှူးရုံးမှ စာရေး (၂) ဦးဝင်းစိန်ကိုလည်း ပြင်းထန်စွာ သတိပေးခဲ့ကြောင်း အရေးယူခံရသူ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးနိုင်အောင်ထွန်းက ပြောသည်။
၎င်းအလွဲသုံးစားမှုအတွက် ပညာရေးမှူးဟောင်း ဦးဇော်မြနှင့် စာရေး(၃)ဦးဌေးနိုင်တို့ကို ပြည်မြို့မရဲစခန်းတွင်လည်း (ပ) ၇၃၅ /၂၀၁၄ ပြစ်မှုပုဒ်မ ၄၀၉ အရ အမှုဖွင့်ထားသည်။


Mizzima News Daily


နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့