Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 11 March 2013

မြေယာဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ

၂၀၁၃ ခုနှစ် မတ်လ  ၉ ရက်

ယနေ့ မနက် ၉ နာရီ တွင် ပဲာဟိုးမြို့ လေသာ ဘုန်းတော်ကြီးကျောင်းတွင် မြေယာ ဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကြောင်း သိရပါသည်။

၂၀၁၂ ခုနှစ် သြဂုတ်လတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့သော မြေယာဥပဒေ များကို ဒေသခံ တိုင်းရင်းသားတောင်သူများ သိရှိရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း  ဟဲဟိုးကျေးရွာအုပ်စု/ ဘော်ဆိုင်း/ ရွှေညောင်/ အောင်ပန်း/ ရွာငံ/ အင်းလေးဟော်တယ်ဇုံ ဒေသခံ တောင်သူ (၅၀) ဦးခန့် တက်ရောက် ဆွေးနွေးကြောင်း ရှမ်းပြည်မျိုးဆက်အင်အားစု  မှ ကိုညီညီမိုး ကပြောပါသည်။

ဥပဒေ ၏ အားသာချက် အားနည်းချက်များကို သိရှိရန်လိုအပ်ကြောင်း  တောင်သူလယ်သမားများ၏ အခွင့်အရေးကို ကာကွယ်ပေးသော ဥပဒေများပေါ်ပေါက်ရန်လိုအပ်ကြောင်း တရားလွတ်တော်ရှေ့နေ ဦးမြင့်သွင် မှ တက်ရောက် လာသော တောင်သူများနှင့်  အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲ ကို ၂၀၁၃ ခုနှစ် မတ်လ ၁၀ ရက်နေ့ထိ ၂  ရက်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

သတင်း  -- စိုင်းလျံ   (တောင်ကြီး)



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့