Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 31 October 2012

မျက်လှည့်ကမ္ဘာ,

မျက်လှည့်ကမ္ဘာ

ထူးဆန်းထွေလာ...ပုံလေးများ



တောင်ရှာမြောက်ရှာစုစည်းတင်ပြပါသည်။

SWF FLV to MP3 Converter 3.0.0.569 | 1.35 MB



အသုံးပြုရတာ အင်မတန်ရိုးရှင်းလှပါတယ်..
SWF FLV to MP3 Converter Key Features
Easy-to-use
Convert SWF to MP3
Convert SWF to WAV
Convert FLV to MP3
Convert FLV to WAV
Support any versions of SWF and FLV files
Merge multiple extracted MP3 files into single one file
Support batch conversion
Support adding folder(s) such as Internet cache folder
Support drag and drop
swflv2mp3converter ကို Install လုပ်ပါ.
နောက်ဆုံးမှာ Launch SWF FLV to MP3 Converter ကိုအမှန်ခြစ်ဖြုတ်ပြီး ပိတ်လိုက်ပါ.
swf.flv.to.mp3.converter.3.0.0.569-patch ကို Copy လုပ်ပြီး
C > Program Files > SWF FLV to MP3 Converter ထဲကိုထည့်ပြီးတော့
Patch လုပ်ပါ.

CCleaner Professional + Business Edition 3.23.1823 | 3.74 MB




Cleans the following:
1. Internet Explorer: Temporary files, history, cookies, super cookies, Autocomplete form history,
index.dat files.
2. Firefox: Temporary files, history, cookies, super cookies, download history, form history.
3. Google Chrome: Temporary files, history, cookies, super cookies, download history, form history.
4. Opera: Temporary files, history, cookies, super cookies, download history.
5. Safari: Temporary files, history, cookies, super cookies, form history.
6. Other Supported Browsers: K-Meleon, Rockmelt, Flock, Google Chrome Canary, Chromium, SeaMonkey,
Chrome Plus, SRWare Iron, Pale Moon, Phoenix, Netscape Navigator, Avant and Maxthon.
7. Windows: Recycle Bin, Recent Doc**ents, Temporary files, Log files, Clipboard, DNS Cache, Error
Reporting, Memory Dumps, Jump Lists.
8. Registry Cleaner: Advanced features to remove unused and old entries, including File Extensions,
ActiveX Controls, ClassIDs, ProgIDs, Uninstallers, Shared DLLs, Fonts, Help Files, Application Paths,
Icons, Invalid Shortcuts and more…
9. Third-party applications: Removes temp files and recent file lists (MRUs) from many apps including
Windows Media Player, eMule, Google Toolbar, Microsoft Office, Nero, Adobe Acrobat, WinRAR,
WinAce, WinZip and many more…

Angry Birds Space v1.3.0 Mars the Red Planet for PC


Photoshop အသုံးပြုပြီး ပုံပြင်လိုသူများအတွက် (အခြေခံနည်း)


ဖိုတိုရှော့ပ်နဲ့ ပုံပြင်ချင်သူများအတွက် အခြေခံနည်းလေးပဲဖြစ်ပြီး ပုံနှင့်တကွ သိလွယ်အောင် ဖော်ပြပေးထားပါတယ်ရှင်။ အရမ်းသိလို့တက်လို့ရေးတာမဟုတ်ပဲ ကိုယ်ကလိနေကျအတိုင်းလေးပဲ ရိုးရှင်းလွယ်ကူစွာနဲ့ လုံးမသိသေးသူများအတွက် အသုံးပြုဖို့ လွယ်ကူစေရန် ရေးသားဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်ရှင်။
ပထမဦးဆုံးအနေဖြင့်  photoshop  software လေးကို အရင်ဖွင့်လိုက်ပါ။ ပြီးရင် File --> open ကိုဖွင့်လိုက်ပါ။
Open ကို နှိပ်လိုက်ရင် open box တစ်ခုကျလာပါလိမ့်မယ်။ ထို open box ထဲကနေ မိမိအသုံးပြုမယ့်ပုံရှိတဲ့ နေရာကိုရွေးပြီး ထိုပုံကို Mouse ဖြင့် တစ်ချက်နှိပ်ပြီးမှ Select မှတ်လိုက်ပါ ပြီးရင် open ကိုနှိပ်လိုက်ရင် မိမိအသုံးပြုမယ့်ပုံကို ဖွင့်ပြီးသွားပါပြီ။
ကဲ ဒါဆို စပြီးမှ ပုံလေးတွေပြင်တာကို စကြည့်လိုက်ကြရအောင်နော်။
ပထမဆုံး မိမိပြင်မယ့် ဖလားပုံကို ဖွင့်ပြီးသွားပြီဆိုရင်တော့ဖြင့် ဒီပုံလေးကို တစ်ခြားနောက်ခံပုံလေးပေါ်မှာ ဖြတ်တင်ရမှာဖြစ်လို့ ဒီပုံလေးကို အရင်ဆုံး ဖြတ်ထုတ်ရမှာဖြစ်ပါတယ်။ အဲ့လို ပုံလေးကို ဖြတ်ထုတ်ရာမှာ မူရင်းပုံအသေးလေးကိုဆိုရင် ဖြတ်ရာမှာ သေချာချာမမြင်ရပဲ ဖြတ်တဲ့နေရာမှာ မသပ်မရပ်ဖြစ်တတ်တာမို့ ဖြတ်မယ့်ပုံလေးကို အရင်ဆုံး ချဲ့လိုက်မယ်ဆိုရင် ပိုအဆင်ပြေမှာဖြစ်လို့ ပုံမှာပြထားတဲ့အတိုင်း window --> Navigator ဆိုတာလေးကို ဖွင့်ထားဖို့လို့ပါတယ်။ မြှားပြထားတဲ့အတိုင်း ပုံကို မူလထက်ကြီးချင်ရင် ပုံ ညာဘက်က မြှားပြထားတဲ့နေရာက အတုံးလေးနဲ့ အတိုးအလျှော့လုပ်ပေးလိုက်ရင် မူလပုံထက် ကြီးသွားမှာဖြစ်ပါတယ်။

ပုံကို မိမိလိုအပ်သလောက် ချဲ့ပြီးသွားပြီဆိုရင်တော့ ဖလားပုံလေးကို စပြီးဖြတ်ထုတ်ရအောင်လို့ မြှားပြထားတဲ့အတိုင်း polygonal lasso Tool ဆိုတာလေးကိုရွေးလိုက်ပါ။ ပြီးရင် ကိုယ်ဖြတ်ထုတ်မယ့် ပုံရဲ့ ပတ်ပတ်လည်ကို လိုက်ပြီး select မှတ်သွားလိုက်ပါ မိမိပထမဆုံး မှတ်တဲ့နေရာနဲ့ဆုံပြီ ပြန်ရောက်ပြီဆိုရင်တော့ Enter key ကိုနှိပ်လိုက်ပါ။

Enter key ကိုနှိပ်လိုက်ရင်တော့ ပုံမှာပြထားတဲ့အတိုင်း dashed လေးတွေနဲ့ Select မှတ်ထားတဲ့ ပတ်လည်လေးကိုမြင်ရမှာဖြစ်ပါတယ်ရှင်။ ပြီးရင်တော့ ပုံကို တစ်ခြားစာမျက်နှာကို ဖိဆွဲရာမှာ မိမိဖြတ်ထားတဲ့ပုံရဲ့ ဘေးပတ်လည်တွေကို တုံးတိကြီးမဖြစ်ပဲ ပုံပတ်လည်မှာ ၀ါးတားတားလေနဲ့ ဖြတ်ထားတာမသိသာအောင် ပုံမှာပြထားတဲ့အတိုင်း Select --> Modify --> Feather ဆိုတာလေးကိုနှိပ်လိုက်ပါ။

Feather ဆိုတာလေးကိုနှိပ်လိုက်ရင်တော့အောက်ကပုံမှ ပြထားတဲ့အတိုင်း Feather Selection box လေးကျလာပါလိမ့်မယ်။ Feather Radius ဘေးက မြှားပြထားတဲ့ လေးထောင့်ကွက်လေးထဲမှာတော့ ဖြတ်ထားတဲ့ပုံရဲ့ ဘေးပတ်လည်မှာ ဘယ်လောက် ၀ါးချင်တာလဲ ကိုယ့်စိတ်ကြိုက် နံပါတ် ပြောင်းထည့်နိုင်ပါတယ်။ ဥပမာ- 5 လောက်ထားလိုက်ရင် ပုံကို ဖြတ်ပြီး တစ်ခြားနောက်ခံမှာတင်တဲ့အခါ ပုံဘေးတွေက အရမ်းဝါးဝါးကြီးဖြစ်နေပါလိမ့်မယ်။ ပုံဖြတ်ရင်တော့ မူလအားဖြင့် 2 ပဲထားတာအဆင်ပြေပါတယ်။ စိတ်ကြိုက်နံပါတ်ထည့်ပြီးရင်တော့ ok ကိုနှိပ်လိုက်ပါ။
Feather ထည့်ပြီးသွားပြီဆိုရင်တော့ ပုံလေးကို တစ်ခြားနောက်ခံပေါ်ကို ဆွဲထည့်လို့ရပြီဖြစ်လို့ ပုံလေးကို မိမိလိုရာကို ဖိဆွဲဖို့အတွက် မြှားပြထားတဲ့အတိုင်း Move Tool(v) ဆိုတာလေးကို mouse နဲ့ တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင်တော့ ပုံလေးကို လိုရာသို့ ဖိဆွဲနိုင်ပြီဖြစ်ပါတယ်။
Move Tool(v) ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးရင်တော့ ဖြတ်ထားတဲ့ပုံလေးကို ဖိဆွဲပြီးမှ မိမိလိုရာပုံပေါ်ကို ရွေ့တင်လိုက်ပါ။
မိမိရွေ့တင်လိုက်တဲ့ပုံဟာ တစ်ခြားနောက်ခံပုံပေါ်ရောက်သွားပါပြီ။ ဒါပေမယ့် ပုံက ကြီးနေတာတို့ သေးနေတာတို့ ဖြစ်တက်ပါတယ်။ ဒီလိုဆို ဒီပုံလေးကို မိမိစိတ်ကြိုက် အရွယ်အစားကို ကြီးမယ်သေးမယ်ဆိုရင်တော့ Ctrl + t ကိုတစ်ချက်တွဲနှိပ်လိုက်ရင် ပုံမှာပြထားတဲ့အတိုင်း လေးထောင့်ကွက်လေးပေါ်လာပါလိမ့်မယ်။ မြှားပြထားတဲ့ပုံအတိုင်း ပုံထောင့်အစုံလေးကနေ ပုံလေးကို ချုံ့လို့ ချဲ့လို့ ရပါပြီ။ မိမိစိတ်ကြိုက် အရွယ်ရပြီဆိုရင်တော့ Enter တစ်ချက်ခေါက်လိုက်ရုံပါဘဲ။
မိမိစိတ်ကြိုက် အရွယ်လေးရပြီဆိုရင်တော့ ဖလားကိုင်းထဲက အသားအဖြူလေးကို ဖြတ်ထုတ်ကြရအောင်နော်။ ခုနအပေါ်မှာပြောခဲ့သလိုပဲ ပုံမှာမြှားပြထားတဲ့ polygonal lasso Tool ဆိုတာလေးကိုရွေးလိုက်ပါ။ ပြီးရင်တော့ မိမိဖြတ်မယ့်အလယ်ကအဖြူကွက်လေးနေရာလေးကို Select မှတ်ပြီးမှ စတင်ပြီး select မှတ်တဲ့နေရာပြန်ဆုံရင်တော့ enter ခေါက်ပေးလိုက်ပါ။
Enter ခေါက်လိုက်ပြီဆိုရင်တော့ အောက်ကပုံကိုကြည့်လိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း dashed လေးတွနဲ့ စလပ်မှတ်ပြီးသားလေးကိုတွေ့မြင်ရပါလိမ့်မယ်။ စလပ်မှတ်ပြီးတဲ့အခါမှာတော့ အလယ်သားကိုဖြတ်ပစ်ချင်တဲ့အတွက် delete key ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် အပေါ်မှာပြောသလိုမျိုး Feather ကိုအရင်ထည့်ပြီး delete လုပ်မှာ အလယ်ကဖြတ်လိုက်တဲ့ အဖြူကွက်ကြီးက မသပ်မရပ်မဖြစ်ပဲ ၀ါးတားတားလေးဖြစ်နေမှာဖြစ်ပါတယ်။
ဒီနေရာမှာတော့ select မှတ်ပြီး delete လုပ်ပစ်မှာမို့ အောက်ကပုံမှာပြထားတဲ့အတိုင်း Feather Radius မှာ နံပါတ်ကို စိတ်ကြိုက်ထည့်ရပါတယ် ပိုဝါးမသွားအောင် ဖြတ်ထားတာလည်းမသိသာရလေအောင် ပုံမှန်တော့ 1 ပဲထားပြီးဖြတ်ပါတယ်။ နံပါတ်ထည့်ပြီးရင်တော့ ok ကိုနှိပ်လိုက်ပါ။ ပြီးမှ Deleter key ကိုနှိပ်လိုက်ရင် အလယ်ကအဖြူကွက်လေး ပြတ်သွားပါလိမ့်မယ်။
အပေါ်မှာပြောပြခဲ့တဲ့အတိုင်း နောက်တစ်ဖက်ကိုလည်း အဲ့လိုလေးပဲ ဖြတ်ထုတ်လိုက်မယ်ဆိုရင်တော့ အောက်ကပြထားတဲ့ပုံလေးအတိုင်း မြင်တွေ့ရမှာဖြစ်ပါတယ်။
အခုဆိုပုံလေးပြင်တာ တစ်ဝက်လောက်တော့ပြီးနေပါပြီ ဒီလိုဆို ဖလားပေါ်မှာ ဖဲပြားလေးတင်ကြည့်ရအောင်နော်။ အောက်ပုံမှာပြထားတဲ့အတိုင်း အပေါ်ကပြောခဲ့သလိုပဲ စလပ်မှတ်ပြီး ဖြတ်လိုက်ပါ။ ပြီးရင် Feater ထည့်လိုက်ပါ။
ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း Move Tool(v) ဆိုတာလေးကို ရွေးပြီးမှ ဖဲပြားလေးကို ဖလားပုံလေးအပေါ်ကို ဖိဆွဲပြီးထည့်လိုက်လို့ရပါပြီ။
ဖဲပြားလေးကို ဖလားပုံလေးပေါ် ဖိဆွဲပြီးရင်တော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း Ctrl + T တွဲနှိပ်ပြီးမှ ပုံလေးကို ချုံ့ပြီး ချဲ့ပြီး စိတ်ကြိုက်ဖြစ်ရင်တော့ Enter key ကိုနှိပ်လိုက်ပါ။
အားလုံးပြီးသွားပြီဆိုရင်တော့ ဖလားအောက်မှာ သက်ဆိုင်ရာ စာလေးတွေကို ရေးပါမယ်။ ဒါပေမယ့် အဲ့ဖလားအောက်က အ၀ါရောင်နေရာလေးမှာက တစ်ခြားစာတွေရှိနေပြန်ရော အဲ့နေရာမှာ စာရေးဖို့ ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် နဂိုပါနေတဲ့ စာတွေကို ဖြတ်ဖို့အတွက် ပုံမှာပြထားတဲ့အတိုင်း Clone Stamp Tool ဆိုတာလေးကို တစ်ချက်နှိပ်ပြီး ရွေးလိုက်ပါ။
Clone Stamp Tool ဆိုတာလေးလေးကိုတစ်ချက်နှိပ်လိုက်ရင် အောက်ကပုံမှာပြထားတဲ့အတိုင်း အ၀ိုင်း အတုံးလေးပေါ်လာပါလိမ့်မယ်။ စာလုံးတွေဘေးက နေရာလွတ်က အ၀ါရောင်အသေားလေးကိုယူပြီး စာလုံးတွေပေါ်မှာလိုက်ဖြတ်မှာဆိုတော့ Alt ကိုဖိထားပြီးမှ နေရာလွတ်က အ၀ါရောင်လေးကို မောက်လေးနဲ့ တစ်ချက်နှိပ်လိုက်ပါ ပြီးရင်တော့ မိမိဖြတ်မယ့် စာလုံးလေးပေါ်မှာ လိုက်ပြီး Click နှိပ်ပေးလိုက်မယ်ဆိုရင် မူရင်းရေးထားတဲ့စာလုံးတွေကို ဘေးကပွားတဲ့ အသားလေးတွေနဲ့ အုပ်ပြီးမှ ဖြတ်ပြီးသားဖြစ်သွားပါတယ်။
မူရင်းပါတဲ့ စာတွေကို ဖြတ်ပြီးသွားပြီဆိုရင်တော့ ဒီနေရာလေးမှာ မိမိတို့စိတ်ကြိုက်စာလေးတွေရေးရအောင်နော်။ ဒီလိုဆိုရင် စာရိုက်တဲ့ T ပုံစံလေးကို တစ်ချက်နှိပ်လိုက်ပါ သူ့ဘေးမှာ ဖောင့်ကို အလျား၊ အနံ ဘေးတိုက်ရိုက်မလား ဒေါင်လိုက်ရိုက်မလား မြှားပြထားတဲ့အတိုင်း ရွေးပေးပြီး မိမိရိုက်မယ့်ပုံစံကို တစ်ချက်နှိပ်လိုက်ပါ
ရွေးပြီးရင်တော့ စာရိုက်မယ့်နေရာမှာ cursor တစ်ချက်ချလိုက်ပါ ပြီးရင်တော့ အောက်က ပုံကိုကြည့်လိုက်ပါ။ မြှားပြထားတဲ့နေရာမှာကတော့ မိမိရိုက်ချင်တဲ့ စာလုံးဖောင့်ပုံးစံကိုရွေးရမှာဖြစ်ပါတယ်။
အောက်ကပုံကတော့ မိမိရိုက်မယ့်စာလုံး အရွယ်အစား font size ကိုရွေးပေးရမှာဖြစ်ပါတယ်။
အားလုံးစိတ်ကြိုက်ရွေးပြီးသွားရင်တော့ စာစရိုက်လို့ရပါပြီ။ မိမိရိုက်တဲ့ စာလုံးပေါ်မှာ cursor တစ်ချက်ချပြီးမှ အောက်ကပုံမှာ မြှားပြထားတဲ့အတိုင်း font Style ဆိုတဲ့နေရာမှာ စာလုံးပုံစံေးလကို တစ်ချက် click နှိပ်ပေးလိုက်ရင် စာလုံး ပုံစံအရောင် ပြောင်းသွားမှာဖြစ်ပါတယ်။
မိမိစိတ်ကြိုက်ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ ဒီပုံလေးကို သိမ်လိုက်ကြရအောင်နော်။ File--> Save As.. ကိုနှိပ်လိုက်ပါ။
Save As box တစ်ခုကျလာပါလိမ့်မယ်။ ပထမဆုံး မိမိသိမ်းမယ့် Folder ကို ရွေးပေးလိုက်ပါ ပြီးရင်တော့ ပုံကို Jpg အနေနဲ့ သိမ်းမယ်ဆိုရင် ရွေးပေးလိုက်ပါ။ ပြီးရင်တော့ Save ကိုနှိပ်လိုက်ပါ။
Save ကို နှိပ်လိုက်ရင် နောက်ထပ် JPEG Options ဆိုတဲ့ box လေးတစ်ခုထပ်ကျလာပါလိမ့်မယ်။ အဲ့မှာမှ ok ကို ထပ်နှိပ်ပေးလိုက်မယ်ဆိုရင်တော့ မိမိရဲ့ ပုံလေးကို ရွေးထားတဲ့ folder လေးထဲမှာ သိမ်းဆည်းပြီးသွားပြီ ဖြစ်ပါတယ်ရှင်။
ဆုဖလားပုံလေးပြင်တာလည်းပြီးသွားပြီဆိုတော့ အခြေခံအနေနဲ့ ဖလားပုံလေးပြင်တာကို ဥပမာပြထားပေးတာဖြစ်ပြီး တစ်ခြားပုံတွေကိုလည်း ထို့နည်းအတူ အသုံးပြုပြီး ပြင်နိုင်ကြပါတယ်ရှင်။  ပုံပြင်တာ ပုံဖြတ်တာ ပုံတစ်ပုံလှပသပ်ရပ်မူကတော့ ပုံကိုပြင်တဲ့သူရဲ့ စိတ်ဝင်စားမူနှင့် စိတ်ရှည်မူနဲ့ အလှပဖန်တီးမူ စိတ်ကူးအပေါ်တွင်သာ မူတည်ပါသည်။ မိမိအသုံးပြုသလို အဆင်ပြေသလို ရေးသားမျှဝေပေးလိုက်တာမို့ အမှားပါခဲ့လျှင်လည်းခွင့်လွှတ်နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ချစ်သူပြန်လာမဲ့လမ်း



ချစ်သူ………………
အလွမ်းဆိုတာကို
အတောင်တပ်ပြီး
ပျံသန်းခွင့်ရှိမယ်ဆိုရင်
ငါ့ရဲ့အလွမ်းတွေအတွက်
အတောင်ပေါင်း
ထောင်သောင်းမက
ရှိနေလိမ့်မယ်…။။။
နင်နဲ့ဝေးသွားကတည်းက
နင်ပေးခဲ့တဲ့ ဒဏ်ရာတွေကြောင့်
အက်ကွဲနေတဲ့နှလုံးသားတစ်စုံနဲ့
ငါတစ်ယောက်တည်း
ကြေကွဲနေရသူ့ပါ….။။။
နင့်အပေါ်ထားခဲ့တဲ့
ငါ့မေတ္တာတရားက
နင့်ရဲ့ခြေရင်းးးးးးးးးး
ဝပ်ဆင်းပေးခဲ့ရပေမဲ့
နင့်အတွက်ငါထားခဲ့တဲ့
သစ္စာတရားကတော့
ခုချိန်ထိ ထင်ကျန်နေတုန်းပါ….။။။
နင်သာပြန်လာခဲ့မယ်ဆိုရင်
နွေးထွေးတဲ့အပြုံးကလေးနဲ့
ဆီးကြိုနေဖို့
အဆင်သင့်ပါ….။။။
မျှော်လင့်ချက်များစွာနဲ့
နင်ပြန်လာမဲ့
မဟူရောင်လမ်းမကြီးထက်မှာ
ငါ့ဘ၀အတွက်
တန်ဖိုးရှိတဲ့ အချိန်တွေ
ကုန်ဆုံးသွားခဲ့တာ
ဘယ်လောက်တောင်ကြာနေပြီလဲ?????။။။

အချစ်ပန်းခင်း


အချစ်ဆိုတဲ့  ပန်းခင်းလေးမှာ အလွမ်းဆိုတဲ့ချောင်းလေးစီးမှာ စိုးတယ်
သံသယဆိုတဲ့  မြူမှုန်တွေမအုံ့ဆိုင်းရအောင်
နားလည်မှု့ဆိုတဲ့  နေရောင်ခြည်လေး ဖုံးလွမ်းထားပါနော်
ုယုံကြည်မှု့ဆိုတဲ့  အမြစ်ကလေးခိုင်မာနေသလို
မျှော်လင့်ခြင်းဆိုတဲ့ ကိုယ်တို့ရဲ့ အနာဂတ်ခရီးကို 
တွဲလက်ညီညီ  လျှောက်လှမ်းကြပါစို့လား 
ချစ်သူ

ဓာတ်ပုံလေးတွေအလှပြင်ဖို့


သူငယ်ချင်းတို့တွက်ဓာတ်ပုံပြင်ဖို့
ဆော့ဝဲလေးတင်လိုက်ပါတယ်
ဒီဆော့ဝဲလေးတော့လူတိုင်မြင်ဖူးမှာပါ
ဒါလေးကတော့FREE သုံးလို့ရအောင်လုပ်ထားတာပါ
ဒါပေမဲ့အခုဟာကဆိုဒ်နဲနဲကြီးတယ်နော်
ညအိပ်ခါနီးဒေါင်းထားလိုက်မနက်အိပ်ယာထရင်တော့
ရလောက်ပါပြီ:P
(မှတ်ချက်)အရင်ဒီဆော့ဝဲကို FREE မရတဲ့ဟာ
သုံးဖူးထားရင်ဒီကောင်းလို့ရမရမပြောနိုင်ပါ
ဒါလေးကိုတော့ပိုစုံလင်ပါတယ်
INSTALLလုပ်စရာမလိုပဲ
သုံးလို့အစဉ်ပြောအောင်လုပ်ထားပါတယ်
ဆိုဒ်ကတော့184 MB



မိုးတွေသည်းရင် ငိုချင်တယ်


နွေနှောင်းပြီပြန်လာခဲ့တော့လေ
ရှေ့ပြေးမုတ်သုံလေညင်းရယ်
မိုးကိုမနှေး အမြန်သယ်ဆောင်လာ
ရွာပါတော့လား မိုးရယ်
ဒီနှလုံးသား အချစ်မီးတောက်လောင်နေ
အမုန်းအချစ်တွေရဲ့ အကြောင်းကို
အသိဆုံး မင်းမှ အခြားမရှိနိုင်ပါပြီ
သံယောဇဉ်ရင်ထဲ လက်ကျန်ရှိသေးတယ်
ရွှေမိုးဝသန် မိုးတွေသည်းရင် ရင်ခုန်လာ
ပြန်မလာရင်လည်း ဒီနေရာမှာ
ထာဝရစောင့်နေမယ်
ချစ်သလောက်ကို တို့ခံစားရမှာ
သိထားလျှက်နဲ့ ဆက်ချစ်နေပါ့မယ်
ရွာသောမိုးနဲ့ အတိတ်ပုံပြင်
သစ္စာရှိခဲ့သော ရွှေမိုးဝသန်သာ
အသိဆုံးအချစ်သက်သေ
မိုးသည်းရင်း ပျော်သလောက်လွမ်းနေမယ်
တခါတုန်းက တို့ချစ်သူတွေ
မိုးတွေသည်းတဲ့ ဒီလမ်းပေါ်မှာ
ပျော်မြူးခဲ့ဘူးတယ်
မိုးသည်းနေ့များ မမေ့နိုင်ပါပြီ
ပြန်မရောက်တာပြန်လို့မရတာ
ဘယ်အတွက်ကြောင့်ရယ်မသိလည်း
မိုးတွေသည်းရင် ငိုချင်တယ်
မင်းပြန်လာမဲ့
လမ်းမှာမျှော်နေမယ်
တစ်ယောက်ထဲတည်း လမ်းပေါ်မှာ
မိုးသည်းတဲ့နေ့ပေါင်းများစွာ
အမုန်းလွမ်းရသလောက်ချစ်နေမယ်..
အမုန်းရဲ့ ရင်ဖွင့်ကဗျာလေးပါရှင်....

ငါ ကျေနပ်ပါတယ်



ငါကျေနပ်ပါတယ်
နင့်အတွက် ပေးဆပ်လိုက်ရတဲ့အချိန်တွေနဲ့
ငါ့ကြောင့် နင်ခံစားနေရတဲ့နေ့တွေ
လဲလှယ်ခွင့်ရှိတာကို…………….။

ငါကျေနပ်ပါတယ်
နင့်ကြောင့် ငါ့မျက်ရည်တွေကျခဲ့ရသလို
ငါ့ကြောင့် နင်နာကျင်ဆွေးမြည့်ပြီး…….
နင့်အလွမ်းတွေအတွက် အစားထိုးခွင့် နောက်ထပ်မရှိနိုင်တော့တာကို….။

ငါကျေနပ်ပါတယ်
ငါ့ကို တန်ဖိုးမထားခဲ့တဲ့အရင်ကနင်…..
အခု ငါ့တန်ဖိုးနားလည်ပြီး…….
နောင်တတွေတပွေ့တပိုက်
ပြန်မဆုံနိုင်ခြင်းအတွက် နင်ကြေကွဲနေတာကို…..။

ငါကျေနပ်ပါတယ်
အရင်က ငါ့မြတ်နိုးခြင်းတွေ နင့်အတွက် အသုံးမ၀င်ခဲ့သလို
နင့်တမ်းတမှုတွေက အခု ငါ့အတွက်
အရာမ၀င်တော့တာကို…….။

ငါကျေနပ်ပါတယ်
နင့်လောက်ရက်စက်နိုင်တဲ့သူ
ငါ့အတွက် နောက်တစ်ယောက်မရှိနိုင်တော့သလို
ငါ့လောက် ချစ်နိုင်တဲ့သူ
နင် နောက်ထပ်ရှာဖွေမတွေ့နိုင်တော့တာကို…….။

` စောင့်နေနော်...´


` စောင့်နေနော်...´


အွန်လိုင်း ပေါ်ကို စတင် ၀င်..
ခင်မင်စရာကောင်းတဲ့ နင့်ကိုတွေ့
မေ့မရတော့ အလွန်ခက်..
အသက်တွေကိုဖယ်…
ပါးပါးလေး တော့ နင်ကငယ်တယ် ထား..
အများအလယ်မှာ အထာမကျ
ပကာသနတွေ မသယ်ခဲ့ကြေး..။


 ရုပ်ရည် လှ လှ.. မလှ လှ..
နင်က ပဉ္စပါပီ..
ဒဿဂီရိ  ကငါ…
ဒီတော့ ဘာဖြစ်သေးလဲ..
ကလောင်တစ်ချောင်းကို ကိုက်
ဖူးစာဆိုဒ်မှာ ဘလော့ဂ်တွေကိုရေး..
ငါပေးချင်တာက သိင်္ဂါရ နဲ့ ဟာသ..
ဂရုဏာ လဲ နဲနဲပါ..
နင်လဲ အဲလို နေမှာပေါ့… ။
တစ်နေ့မှာ..
နင့်ရဲ့ဘလော့ဂ် တစ်ခုကိုငါတွေ့
မေ့မရတာ  ခုထက်တိုင်
ဆိုင် မဆိုင် တော့ ငါမသိ..
ရှိတူ မရှိတူ ၀ါသနာတူ…
အသွင်တူကို နှစ်သက်ခဲ့…။
အဲဒီနောက်…
နင်ရေးတဲ့ ဘလော့ဂ်တွေငါကြိုက်
ဘယ်သူမှ မသိအောင် like လုပ်ခဲ့..
နင့် အိမ်ကို ငါ ခဏခဏကြည့်
ရှိထားတဲ့ မန့်တွေကို ငေး..
ပေးထားတဲ့ အချစ်ကဗျာ
ရင်နင့်စွာ ငါဖတ်ခဲ့ရ…
ကောင်မလေး….
ငါ နင်နဲ့. ..  ဝေးရတော့မယ်..ထင်တယ်..။
ခေတ်ပေါ် မော်ဒန် ကဗျာ..
ကာရန်တွေ နဘေတွေ ငါမသိ
ခုထိတော့ ငါ ချစ်နေသေး…
သူတို့တွေ ရေးသလို…
တိမ်တွေကပြို..
အက်ဆစ်မိုး တွေရွာချ…
သွေးမျက်ရည် တွေကျဆင်း…
လမင်းကငို..
ညိုမဲတဲ့ကောင်းကင်
ပြင်မရတဲ့ ကွဲအက်နှလုံးသား
သွား…….
အဲဒါတွေ မသိချင်ဘူး…။
နေပူ မှာ မိုး တဂျိန်းဂျိန်း..
တဒိန်းဒိန်း ခုန်နေတဲ့ ငါ့ရင်ခွင်..
ပင်လယ် က လကို မျို..  
ငိုနေတဲ့ အသဲ တစ်ခြမ်း..
ကျွမ်းနေတဲ့ .. နှလုံးသား..
အပြုံးများ နဲ့ ငါဟန်ဆောင်..
လရောင်နဲ့ ဝေဒနာကု..
လုယူရမဲ့ ချစ်မေတ္တာ
ခုချိန်မှာ ငါပြောပြမယ်…..
အိန်ဂျယ်တွေ တရောထိုး
အက်ဆစ်မိုး ရွာမချခင်..
ပင်လယ်ပြင် လမ်းတစ်လျှောက်..
တဖြောက်ဖြောက်နင်းလာခဲ့ပြီး..
လမင်းကြီးတရေးနိုးတော့
ကောင်မလေး.. နင့်ကို လာခိုးလှဲ့မယ်…။
ကလောင်တစ်ချောင်းနဲ့.. စောင့်နေနော်…။

ငါ.ကိုယ်ငါမုန်းတယ်


ကောင်လေးရေ
နင်.ကိုလွမ်းတယ်လို.ပြောရအောင်လဲ
နင်းနဲ.ငါကချစ်သူတွေမဟုတ်ဘူး
သူငယ်ချင်းဆိုတဲ.ဝေါဟာရလေးရဲ.
နောက်ကွယ်မှာငါနင်.ကိုလွမ်းနေမိတယ်
နင်နဲ.ငါကတကယ်ဆိုသူငယ်ချင်းလေးပါ
ကောင်လေးရေ.............
အမှတ်မထင်ခင်မင်ခွင်ပေးခဲ.တဲ.
ကံကြာမ္မာကိုငါကျေးဇူးလဲတင်သလို
ငါမုန်းလဲမုန်းမိတယ်
နင်.ကိုအချိန်တိုင်းလွမ်းနေမိတဲ.
ငါ.ကိုယ်ငါလဲမုန်းတယ်
နင်ရှိမယ်ထင်လို.အွန်လိုင်းမှာအမြဲ
မျှော်နေမိတဲ.ငါ.ကိုယ်ငါမုန်းတယ်
မုန်းခြင်းများစွားနဲ.ငါ.ကိုယ်ငါမုန်းနေမိတဲ.
ကောင်မလေး


နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့