Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Saturday 30 June 2012
ချစ်သူမောင်အတွက် မေ့ရဲ့ချစ်သဝဏ်လွှာ
ချစ်ရတဲ့ မောင်ရေ.........
ရေမြေတွေ ခြားနေတဲ့ မောင့်ကို မေ့ရင်ထဲက ပွင့်ထွက်လာတဲ့ ချစ်ခြင်းတွေ သဝဏ်လွှာနဲ့ ပါးလိုက်ပါတယ်မောင်။
မောင့်ကို ချစ်တဲ့အကြောင်း ဖွင့်ချပြဖို့ မေ့နှလုံးသားလေး ရှက်နေတယ် မောင် ။ ပန်းနုရောင် လဲ့လဲ့ဖြာနေတဲ့ ပါးပြင်ပေါ် ရှိန်တိန်းတိန်း ဖြစ်နေတဲ့ ခံစားမှုတွေနဲ့ ခေါင်းလေးငုံ့လျှိုပြီး တိုးတိုးလေး ပြောမယ်နော်။
“မေ မောင့်ကို ချစ်တယ်”
မေ့ ရဲ့ နံဘေးမှာ မရှိတဲ့ မောင် ကြားရဲ့လားလို့ မေ မမေးတော့ပါဘူး. မေတို့တွေ အနေချင်း ဝေးပေမဲ့ နှလုံးသားချင်း နီးနေမြဲမို့ မေ့ရဲ့ မြန်ဆန်လွန်းတဲ့ ရင်ခုန်သံ အချက်တိုင်း မောင့်ရဲ့ နှလုံးသားလေးကို ရိုက်ခတ်နေတယ်ဆိုတာ ခံစားမှုတွေနဲ့ မေ သိနေတယ်မောင်။
မောင်ရေ အဆင်မပြေသေးတဲ့ ဘဝမှာ ရုန်းကန်ခြင်းတွေကို ဦးစားပေး နှလုံးသားရေးကို နောက်ချန်ထားခဲ့ရပေမဲ့ မောင့်အချစ်ကို ဘယ်တော့မှ လျစ်လျူမရှု ခဲ့ဘူးဆိုတာ ယုံတယ်မဟုတ်လားမောင်။
ကံကြမ္မာက ကျီစယ်လို့ မေတို့တွေ ရေမြေတွေခြားခဲ့ရတယ်။ မောင့်ကို အချိန်တိုင်း လွမ်းနေတယ်လို့ မေ မပြောပါဘူးမောင်ရယ်။ မေ့နှလုံးသားထဲမှာ ကိန်းအောင်းနေတဲ့ မောင်က မေ့ရဲ့ ရင်ခုန်သံတစ်ချက်စီတိုင်းမှာ နေရာယူနေတယ်လေ။ မပြုံးနဲ့မောင်။
အခြားသူတွေ မကြားအောင် ခပ်တိုးတိုးလေး မောင်တစ်ယောက်ထဲ ကြားယုံပြောမယ်။ မောင်သေချာနားထောင်နော်။
“မောင့်နဲ့ ချစ်သူဖြစ်ပြီးတဲ့ နောက်ပိုင်း မေ ကျန်းမာရေး ညံ့ဖျင်းလာတယ်။ မေ့ရဲ့ နှလုံးခုန်သံတွေ မမှန်တော့ဘူးမောင်။ ဆရာဝန်နဲ့ ဆေးစစ်တိုင်းမှာ ဆရာဝန်က ပြောတယ် မေ့နှလုံးခုန်သံက မူမမှန်ဘူးတဲ့.
ပုံမှန် ဒုတ်.. ဒုတ် ..ဒုတ် ..ဆိုပြီး ကြားနေရမယ့် အသံက ခုဆို
မောင်...မောင်....မောင် လို့ အော်နေလို့ သူနားစည်ကြီးတောင် ကွဲတော့မယ်တဲ့”
အချစ်ဆိုတာ ကွယ်ဝှက် ဖုံးကွယ်လို့မရပါဘူးမောင်။
မေနဲ့မောင် ခွဲခွာခါနီးတုန်းက မောင့်လက်လေးကိုဆုပ်ကိုင်ပြီး မေပြောခဲ့တာ အမှတ်ရနေသေးတယ် မဟုတ်လားမောင်။
မေတို့ ခွဲခွာရတာ ခဏတာအတွက်ပါ။မေတို့ ကျခဲ့တဲ့ မျက်ရည်တွေကို အရင်းတည်ပြီး ရှေ့ဆက်အောင်မြင်အောင်ကြိုးစားကြမယ်။ အောင်မြင်ခြင်း လှေခါးထစ်တွေ တစ်ထစ်ခြင်း လှမ်းနိုင်စေဖို့ မေတို့ စိတ်တွေ ခဏတာ ပင်ပမ်းခြင် ပင်ပမ်းနေလိမ့်မယ်။ မေတို့ရဲ့ ဘဝတွေလဲ လှေခါးထစ်တွေ အဖြစ် ပေးဆပ်ခြင် ပေးဆပ်ရလိမ့်မယ်။
မေတို့ကျောပြင်တွေနေလောင်နေပေမဲ့ နှစ်ယောက်တစ်ဘဝ ဆိုတဲ့ စိတ်ကူးလေး တစ်ခုကို သယ်ဆောင်နေတာကြောင့် မေ့တို့ရင်ထဲ အေးချမ်းနေမှာပါမောင်။
မောင်ရေ အလုပ်ဒဏ်ကြောင့် မေတို့ လက်ဖဝါးလေးတွေ ကြမ်းတမ်းခြင် ကြမ်းတမ်းနေလိမ့်မယ်..။ မောင့်ကိုချစ်တဲ့ နှလုံးသားက ချိန်ခါမရွေး နူးညံ့ဆဲပါမောင်။
အနေဝေးပေမဲ့ မောင့်ရဲ့ အချစ်ကို မေယုံကြည်ပြီးသားပါ။တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ရန် ခက်ခဲနေတဲ့ အချိန်တွေမှာ မောင့်ဆီက စာလွှာတွေ မလာလဲ နောက်တစ်ယောက်နှင့်များလားဆိုတဲ့ သံသယ မေထားပြီးမတွေးဘူးမောင်။
သံသယဆိုတာ ချစ်သူနှစ်ဦးကို နောက်ကျောက ထိုးတဲ့ ဓားထက်ထက်တစ်ချောင်းမို့ သူခိုးဓားရိုးကမ်း မေ့ရင်ဘတ်ထဲ မေကိုယ်တိုင် ဓားနောက်ပြန်မသွင်းဘူးမောင်။
သစ္စာရှိတဲ့ မောင့်အတွက် သစ္စာတရား လက်ကိုင်ထားတဲ့ ချစ်သူမေ အဖြစ် တစ်ရွက်ပြီးတစ်ရွက် ကုန်လွန်သွားတော့မည့် ပြက္ခဒိန်စာရွက်တွေကို တူတူစုတ်ကြရအောင်နော်။
မောင်ရေ ဆင်စီးမြင်းရံစေချင်တဲ့ မိဘနဲ့ သားသမီးကြားမှာ မပြေလည်တာတွေရှိရင် မိဘစိတ်ချမ်းသာအောင် ခဏထားပြီး ယုံကြည်ခေါင်းငြိမ့်လာတဲ့ထိ မေတို့ တစ်ဦးလက်တစ်ဦးကိုင် တူတူရှေ့ဆက်ကြမယ်နော်။
ဝေးနေတဲ့ အချိန်တွေမှာမောင်ပြောခဲ့ဖူးတဲ့ စကားလုံးတိုင်းကိုလဲ အမှတ်ရနေဆဲပါ။
ဆိုပြဖူးတဲ့ မောင့်အသံနဲ့ သီချင်းသံတွေကိုလဲ နားထဲ ကြားယောင်နေဆဲပါ။
အခဲခက်တွေရှိတိုင်း မျှဝေခံစားပေးတတ်တဲ့ မောင့်ရဲ့ အကြင်နာတွေကို တမ်းတဆဲပါ။
အားငယ်တတ်တဲ့ မေ့ကို အားပေးစကားတွေ ပြော နှစ်သိမ့်ပေးတတ်တဲ့ မောင့်ရဲ့ ဂရုဏာတွေကို လွမ်းတယ်မောင်။
မောင့်ရဲ့ စကားသံတွေ မကြားရတဲ့ ရပ်ဝန်းမှာ မောင့်ကို တမ်းတလာတဲ့ အချိန်တိုင်း စိတ်ကူးနဲ့ရူး မောင့်လက်ဖျားလေးတွေကို ဖွဖွ ဆုပ်ကိုင်ဖူးတယ်မောင်။
ခြေဖျားလေးထောက် မောင့်ရဲ့ ပါးပြင်ကိုလဲ ဖွဖွလေး စိတ်ကူးနဲ့ ခိုးနမ်းခဲ့ဖူးတယ်။
မောင့်ကို လွမ်းလို့ ကျခဲ့ဖူးတဲ့ မျက်ရည်တွေကို မေ့ရဲ့ ခေါင်းအုံးလေးက အသိဆုံးပါ။ မေ့မျက်ရည်တွေ သိမ်းထုတ်ထားတဲ့ ခေါင်းအုံးလေး  “လွမ်းခြင်းသက်သေ  မေ့မျက်ရည် ”အဖြစ် ပြန်ဆုံတဲ့ တစ်နေ့ မောင့်ကို မေ လက်ဆောင်ပေးမယ်နော်။
မောင်ရေ လွမ်းတဲ့ အကြောင်းတွေ ရေးနေရင် ခွဲခွာနေရတဲ့ရက်တွေ ရှည်ကြာနေတဲ့ မေတို့ နှစ်ယောက်အတွက် ကိန္နရီ ၊ကိန္နရာထက် လွမ်းချင်းတွေ ပိုရှည်နေမှာမို့ မောင့်ကို လွမ်းတိုင်း အလွမ်းတွေကို အသုံးချ မေ အလုပ်တွေ ကြိုးစားနေပါတယ်။ မောင်လဲ မေနဲ့ ထပ်တူဆိုတာ မောင်မပြောပဲ မေ သိနေတယ်မောင်။
ဘဝတစ်ခု အောင်မြင်ဖို့ ၊ အနာဂတ် တစ်ခု လှပဖို့ အလွမ်းတွေကို ခဏသိမ်း မေတို့ ဆက်ကြိုးစားကြမယ်မောင်။
လက်ခံရရှိလာတဲ့ ကံကြမ္မာ..ဘဝက ပေးလာတဲ့ တာဝန်တွေမှာ မေတို့နှစ်ဦး ကိုယ်စီ မိသားစု ဝန်ကို ထမ်းလို့ တာဝန်ထမ်းဆောင်ရင်း မိဘတွေ စိတ်ချမ်းသာအောင် ပေဆပ်ဖွင့်ရတုန်း ပေးဆပ်ကြတာပေါ့မောင်ရယ်။
ဖန်တီးလာတဲ့ အခြေအနေတွေကြောင့် ကြမ္မာက ပေးတဲ့ ရာထူးနဲ့ မေတို့ ပုခုံးမှာ တာဝန်တွေက ပါလာခဲ့တာကိုး။ ဒီတာဝန်တွေ ကျေချိန်အထိ မငြီးမငြူပဲ ပြုံးပြုံးလေး ထမ်းဆောင်ကြမယ်နော်။
မောင့်ကို လွမ်းတဲ့ အချိန်တိုင်းမှာ အလွမ်းတွေကို ခေတ္တသိမ်းဖို့ မေ အလွမ်း ခရီးသည် လေးကို ဖန်တီးရင်ဖွင့် ငိုကြွေးရင်း မောင်နဲ့ ဆုံတွေ့ဖို့ မှန်းမျှော်နေလျှက်ပါ။
ပြန်ဆုံမဲ့ တစ်နေ့အတွက် စကားတစ်ခွန်း တိုးတိုးလေး ထပ်ပြောမယ်။
“မောင့်ကို အရမ်းချစ်တယ်”
မောင်ကလွှဲလို့ အခြားသူတွေ မကြားပါဘူးနော်။ မေ ရှက်သွေးတွေ ဖြာနေတယ် မောင်။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥
ကောင်မလေးတယောက်ရွေးသင်.တဲ.ချစ်သူ...ဆိုတာ
ကောင်မလေးတစ်ယောက်ရွေးချယ်သင့်တဲ့ ချစ်သူဆိုတာ ...
၁)မိုးသက်လေပြင်းကျချိန် ချစ်သူ စိုမှာ  စိုးလို့  အကာအကွယ်ပေးပြီးလိုက်မိုးပေးသူ...
   (လိုအပ်ရင် အကျီင်္လေးပါချွတ်ပေးလို့ ကာမိုးပေးသူ...)
၂)သူ့ လက်ကို တွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့ မှုတွေ အဝေးကို ပြေးစေသူ...
   (ဘယ်လောက်ပဲ ဇောချွေးပူလို့ သူ့ မှာသောကတွေများနေပါစေ  သူ့ လက်တစ်စုံနဲ့ ကိုယ့်ကိုအင်အားတွေပေးစေသူ ...)
၃)ချမ်းအေးတဲ့  ဆောင်းမနက်ခင်းမျိုးမှာ ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ...
   (လိုအပ်ရင် ရင်ခွင်ထဲ ဆွဲပွေ့ ပေးထားတတ်သူ...)
၎)ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံအဖြစ် အသင့်ရှိနေသူ...
   (မင်းမျက်ရည်ကျတာကိုယ်မမြင်ချင်ဘူးကွာဟုတားမည် ။...သို့ သော်လိုအပ်လာလျှင်
၅)Avril lavigne  မဟုတ်ပေမယ်လဲ မင်းသီချင်းဆိုတာလေးက အရမ်းနားထောင်လို့ 
    ကောင်းတယ်လို့ ကိုယ့်ကိုကျေနပ်အောင်ပြောပေးတတ်သူ ... 
၆)Romance moviesတွေကိုကြိုက်သော်လည်း ကိုယ်နှစ်သက်တဲ့ 
    harry potter  ကားမျိုးကို   မပျင်းမရိလိုက်ကြည့်ပေးတတ်သူ ...
၇)ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့ အတူ စိတ်ရှည်လက်ရှည် လိုက်ရေတွက်တတ်သူ...    
  (တခါတရံကောင်းကင်ယံက ဒဏ္ဍာရီချစ်မောင်နှံ ခွန်စံလောနဲ့ နန်းဦးပြင်ကြယ်လေးအကြောင်းပါ
   စိတ်ဝင်စားဖို့ ကောင်းအောင် ပြောပြပေးတတ်သူ ...)
၈)ကိုယ်မွေးနေ့ ကိုမှတ်မိပြီး မှတ်မှတ်ရရ အမှတ်တရတွေဖန်တီးပေးတတ်သူ... 
  (သူများနဲ့ မတူပဲ ကိုယ့်ရင်ကို လှုပ်ခတ်နိုင်မဲ့ လက်ဆောင်မျိုးပေးနိုင်အောင် ဖန်တီးတတ်သူ ...)
၉)ငါဒီလောက်ဆိုးတာနင်ဘာလို့ ချစ်တာလဲလို့ မေးတိုင်း..ဆိုးတာလေးကိုပဲချစ်တာဟု ပြုံးကာဖြေတတ်သူ...
၁၀)မျိုမကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ...
      (ဆွေးမျိုးမေ့အောင်ကောင်းပါတယ်ဟေ့ လို့ ...တခါတခါ ၀မ်းသာအောင်ပြောပေးတတ်သူ ...)
ကောင်လေးတစ်ယောက်ရွေးချယ်သင့်တဲ့ ချစ်သူမျိုးက ...
၁)ကိုယ်စိတ်ညစ်လို့ စိတ်ဓါတ်ကျနေချိန်မှာ ကိုယ့်အတွက် တစုံတခုကို ဖန်ဆင်းပေးချင်သူ ...
   (ဖြစ်နိုင်ရင် ကိုယ်ရဲ့ ဝေဒနာတွေကို ဟိုးအဝေးကိုမောင်းထုတ်ပြစ်ပေးချင်သူ ...
    အာလာဒင်သာဖြစ်ရင်ဆိုတဲ့ အတွေးမျိုးတခါတရံမှာ ၀င်တတ်သူ...)
၃)ကိုယ်ဟာလူတကာအမြင်မှာ ချွတ်တားလေးဖြစ်နေပေမယ့် သူ့ စိတ်အစဉ်ထဲမှာ ဟီးရိုးလို့ မှတ်ယူပေးထားတတ်သူ ...
၎)သာမာန်ထက်မထူးခြားတဲ့ကိုယ့်ကို ချစ်ဖို့ အရမ်းကောင်းတယ် ၊ချစ်ဖို့ အရမ်းကောင်းတယ်ဟုပြောကာ အူတိုနေတတ်သူ ...
၅)ဘာတွေဖြစ်လာဖြစ်လာ ကိုယ့်ကိုဦးဆုံးစဉ်းစား၊သတိရတတ်သူ ...(ဥပမာ-အစားအသောက်ကောင်းလေးများ၊ 
    ဇာတ်လမ်းကောင်းလေးများနဲ့ ကြုံကြိုက်လာတာမျိုးကအစ...)  ၆)ဖယောင်းတိုင်လို ကိုယ့်အပူကိုသူ့ ကိုယ်မပေးချင်ပဲ ...သူပျော်နေတာတွေကိုပဲ ဝေမျှခံစားပေးချင်သူ ...
၇)ဗေဒင် လက္ခဏာတွေကိုမယုံပါနဲ့ ...အနာဂတ်ကငါတို့ ရဲ့ လက်ထဲမှာပါလို့  ရဲဝင့်စွာကြွေးကြော်တတ်သူ ...
၈)ချစ်သူကို တစ်နေ့ မမြင်ရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ ...
   (သူ့ အတွက်ကိုယ်ဟာ necessary ဟုလို့ ပင်မှတ်ယူထားတတ်သူ...)
၉)မောပန်းနွမ်းလျလို့ အားအင်ချိနဲ့ ပင်ပန်းနေတဲ့အခိုက် လိမ္မော်ရည်လေးတစ်ခွက်လောက်နဲ့ အသင့်ပြင်ဆင်ထားတတ်သူ ...
  (အနည်းဆုံးရေအေးအေးလေးလောက်တော့ တိုက်ပေးတတ်သူ..)
၁၀)ပျော်ရွှင်စရာတွေယူဆောင်လာပေးတဲ့အတွက် ကျေးဇူးပါလို့ ခဏခဏပြောကာ...
    ( နင့်ကြောင့်  ငါပျော်ခဲ့ရတာလေ ဆိုပြီး ချစ်သူကို ဂုဏ်ယူစရာမရှိ ကြံဖန်ဂုဏ်ယူပေးတတ်သူ ...)
ဟာသကမ္ဘာ
ကျွန်တော့်ဆိုဒ်လေးထဲကိုဝင်ကြည့်တဲ့မိတ်ဆွေအားလုံး....... အမောပြေစေရန်အတွက်......မထမဦးစွာ......ငှက်ပျောသီးဖျော်ရည်ကိုသုံးဆောင်ကြပါခင်ဗျာ.....
သဘောပေါက်တယ်နော်.....ခိခိခိခိ....
နှစ်သိန်းတန်ဖုန်းနဲ့ .....ရွာကအပျိုကြီးမမတို့တော့.......ဟော့ဒီလိုကိုကဲနေတာဗျို့..........
ဒူတယ်ပဲပြောပြော ... Fashion ဆိုတာကို နားကိုမလည်ဝူး.......
ကြားဖူးတယ် မဟုတ်လား ............ငယ်ထိပ်မြွေပေါက်တယ်ဆိုတာ
ရွာထိပ်က DJ မူတူးဆိုတာငါပဲကွ........
 မှတ်မိတယ်မရား...ငယ်ငယ်တုန်းကလေ.......ဟီးဟီးဟီးးးးးးး
အပြန်အလှန်.......နာလည်မှုဆိုတာ.......ဒါမျိုးမှပေါ့........
  အခမဲ့ ကြေငြာပေးနေသည်.......အကူညီလိုတယ်ဆိုဆက်သွယ်လိုက်ပါ......ဒီဇင်ဘာဘွိုလ်လေး ( မုံရွာ )
          “ အထူးသတိပေးကြေငြာချက်လေးပါ........ဟဲဟဲဟဲ”
ယောကျာင်္းဆိုတာ.......အဲ့ဒီလိုဖြစ်နေရမယ်.......ဟုတ်တယ်မဟုတ်လား.......ဘော်ဘော်တို့ရေ
   မူမနေနဲ့.......ခေါ်နေတုန်းအရောက်သွားလိုက်နော်
တို့မောင်နှမနှစ်ယောက်........ဟောဒီလိုချစ်ကြသည်
ကိုကိုဇီးကွက်လို ......ညမအိပ်ပဲ......မျက်ပြူးလုပ်နေသူများ......ရှိကြသေးလား
ကဲကဲကဲ.........ဒီပုံလေးကိုကြည့်ပြီးတော့လည်းအဖြေမှန်ပေးခဲ့ပါအုံးနော်
တင်ထားတဲ့ပုံတွေ.......မကြည့်ဘူးဆိုအကုန်လုံးကို ဖောက်ခွဲပစ်လိုက်မှာနော်.......ဟိဟိဟိဟိ
  ဝင်ရောက်အပမ်းဖြေသွားကြတဲ့.......သယ်ချင်း၊ အပေါင်းအသင်း၊ မိတ်ဆွေ၊ အားလုံးရယ်ရွှင်ခြင်းဖြင့်........အသက်ရှည်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်.........
နှလုံးသွေး နှင့် ရေးတဲ့ဒိုင်ယာရီ
တကယ်တော့ အမှတ်တမဲ့နဲ့ တွေ့ဆုံခြင်းမှာ အမှတ်တရ နှလုံးသားဒိုင်ယာရီတအုပ်ဖြစ်ခဲ့
မယ်လို့ ယုံတောင်မယုံခဲ့ဘူး။ ဘ၀ပျက်စေနိုင်ပေမယ့် အချစ်မပျက်အောင် အရာရာကို
နှလုံးသားခိုင်းစေသည့်အတိုင်း မသွေမတိမ်းလိုက်နာဆောင်ရွက်ခဲ့တာပဲ။
သက္ကရာဇ်တွေ ခြစားသွားပေမယ့် မပြတ်တွေးနေ သတိယစရာတွေကတော့ ဘယ်အချိန်ရောက်ရောက်
ရင်ထဲမှာအောင်းနေတဲ့ ငုပ်ကောင်လေးတစ်ကောင်ပေါ့။ဒို့နှစ်ယောက်ရဲ့ နှလုံးသားစကားတွေဝိုင်းဖွဲ့ပြောတတ်တဲ့ အိုအေစစ်ကျူရှင်ရှေ့က အုတ်ခုံလေးလဲ အခုတော့ ဘယ်သူတွေအတွက်
ရင်ခုန်ခြင်းရဲ့ ဆုံတွေ့ရာနေရာလေးဖြစ်နေပြီလဲ မသိဘူးနော်။ ခုံတန်းလေးရဲ့ကျောဖက်က မြတ်လေးပန်းရုံလေးကတော့ အရင်အတိုင်း ရနံ့တွေပြောင်းလဲသွားမှာမဟုတ်ဘူးလို့တော့
ငါယုံကြည်ပါတယ်။ ပြောင်းလဲခြင်းတွေမှာနင့်ချစ်ခြင်းတွေပါ ဟောင်းနွမ်းသွားမှန်း
ငါသိလိုက်ချိန် နှလုံးသားရဲ့ သွေးမျက်ရည်တွေ ဒိုင်ယာရီမှာ စွန်းထင်ခဲ့ရတယ် ။ အတူလျှောက်ဖူးတဲ့
လမ်းတွေမှာ အချိန်အခါမဟုတ် သစ်ရွက်တွေကြွေနေသလိုပဲဟာ။ တခါတလေ လမ်းလျှောက်ရင်း ငါ့လက်တစ်ဖက်ပုံမှန်မဟုတ်ဘဲ ဘေးကိုထွက်ပြီး နင့်လက်ကလေးကိုတွဲထားသလိုနဲ့
ငါရင်ခုန်နေပေမယ့် ဘေးကဖြတ်သွားတဲ့လူတွေရဲ့ တစ်ယောက်ထဲပြုံးပြီး ၀ိဥာည်နဲ့လမ်းလျှောက်နေသလိုပဲ ဂေါက်နေလားမသိဘူးဆိုတဲ့ မှတ်ချက်မှာ ငါ့လက်တစ်ဘက် ပြန်ကျပြီးပုံမှန်ဖြစ်တော့မှ
ဒီအချိန်ဆို နင့်လက်တစ်ဖက်ကိုတွဲပြီး နင်တို့နှစ်ယောက်ပျော်နေမှာပေါ့နော်။
အခုတော့ ငါ့ဘေးနားမှာ နင့်ရဲ့ အငွေ့အသက်တွေမရှိပေမယ့် နေထွက်က နေ၀င် အိပ်မက်ထဲမှာတောင် နင်က ငါ့ရဲ့လွမ်းစိတ်ဝတ်ရုံကြား ကြမ်းပိုးတစ်ကောင်ဝင်သလိုပဲ အမြဲနှိပ်စက်နေပါလားဟာ။
နင်နဲနဲတော့များနေပြီ။ နင်ပေးခဲ့တာ နာကျင်ခြင်းဆိုပေမယ့် ကြင်နာခြင်းအကြောင်းတွေပဲ ပြန်ပြန်သတိယပြီး နာကျင်ခြင်းက ရင်ထဲမှာမရှိခဲ့ပါဘူး။ ကြယ်တွေကြွေတာမြင်ရင် ငါသေနေပြီးလားဆိုပြီး
ကိုယ့်ပါးကိုယ်ရိုက်ပြီး တစ်ယောက်တည်းအရူးဖြစ်နေမိတယ်။ကြယ်ရောင်တွေကင်း လရောင်မလင်းတဲ့ညထက် နင်မရှိတဲ့ငါ့ဘ၀ကတော့ ပိုပြီးခြောက်ချားစရာကောင်းတဲ့ သရဲမကြည့်ရဲတဲ့
သရဲကားထက်ပိုပြီး ကြောက်စရာကောင်းပါတယ်ဟာ ။
တခါတလေ ဘ၀သစ်မှာ အချစ်သစ်ကနင့်ကို ငါ့လိုများကြင်နာပါ့မလား အလိုလိုက်အကြိုက်မဆောင်ပဲ အတိတ်ကအကြောင်းတွေတူးဆွပြီး နင့်ကို အနိုင်ယူဗိုလ်ကျ လိုသမျှယူပြီး
ပိုနေတာ နင့် ဘ၀ဆိုပြီး ပစ်သွားမလားအတွေးတွေနဲ့ပေါ့။ တခါတလေ မနက်မိုးသောက် အလင်းရောက်ပြန်လဲတရေးမှ မအိပ်လိုက်ရတဲ့အသိတွေ များများလာတယ်။ တကယ်ဆိုနင်ကငါ့ကို သံယောဇဉ်တွေ မတော်တဆ ချောလဲပြီး အပျော်တွဲခဲ့လေသလားတောင် မတွေးချင်ပဲ တွေးနေမိတယ်။
ငါ့မှာတော့ ရင်နဲ့မဆန့်တဲ့ အလွမ်းတွေ ကာရံတွေကလဲ နှလုံးသားကိုလာ လာပြီးပိနေပြီးကဗျာတစ်ပုဒ်နဲ့ရုန်းထဖို့အင်အားတောင် ပျောက်ဆုံးနေပြီ ။
ဒါပေမယ့်လဲ ဘာပဲ ဖြစ်ဖြစ် ဘယ်လိုအကြောင်းပဲရှိရှိ ငါကတော့ နင်နဲ့ ပတ်သက်ပြီးငါ့ နှလုံး သွေးစက်နဲ့ရေးခဲ့တဲ့ကဗျာတွေကိုပဲအမြဲသိမ်းထားပြီ မင်းကိုလွမ်းနေဆဲပါကွယ် ။
..မတူညီတဲ့....နင်နဲ့ငါ
လောကကြီးရေ
နင်ကအိပ်မောကျနေလိုက်တာ
တကယ်ဘဲ...
ငါကတော့ခုထိအိပ်ရသေးဘူး..
နင်က..ပျော်ရွင်ခြင်း..
ဝမ်းနည်းခြင်း...ပူဆွေးခြင်းတွေ..တွေကို
နင်နဲ့မဆိုင်သလို..
လစ်လျု..ရှုနိုင်တယ်လေ..
နောက်....အရာအားလုံးတွေနဲ့ပြည့်စုံပြီး..
လှပတင့်တယ်နေတယ်..
ပျော်ရွင်ခြင်းကင်းတဲ့ငါ..
လွမ်းဆွတ်ခြင်း.တွေ
.ပူဆွေးခြင်းတွေဘဲပိုင်ဆိုင်တဲ့ငါ..
တခါတလေနင်ကိုအရွဲ့တိုက်ချင်တယ်..
စေတနာနဲ့လုပ်ပေမဲ့.စေတနာအမှားဖြစ်ရပြီး
စိတ်မကောင်းဖြစ်မိတဲ့ငါ..
ခင်မင်မူတွေနဲ့သံယောဇဉ်အမြစ်တွယ်ကျန်ခဲ့တဲ့ငါ..
မိုးပြေးလေးလို...ခဏလေးနဲ့ရွာပြီး..
နုတ်မဆက်ဘဲထွက်ခွာသွားသူက..ပေးတဲ့
..မိုးငွေ့လေးတွေနဲ့
ကျန်ခဲ့ရတဲ့ငါ...
ငါကတော့နင်နဲ့ဘာမှမဆိုင်လိုက်တာ
ငါရဲ့လောကကမ္ဘာလေးထဲမှာ..
ငါနေတတ်သလိုနေရင်း..ရူးကြောင်ကြောင်...
အတွေးတွေနဲ့.ချာချာ.လည်နေတုံးဘဲလေ..
ငါရဲ့ဘ၀ပေးကုသိုလ်ပေါ့....
နင်ကိုငါအရှုံးပေးပါတယ်.
.အမြဲလှပနေပါစေ...
လောကကြီးရေ....သီးခံပြီးအားပေးပါနော်...
အချစ်၏ သိက္ခာပုဒ်(၁၀) ချက်
၁.အချစ်ဆိုတာ  တွက်ချက်ရမဲ့ အရာ  မဟုတ်ဘူး......
၂.အချစ်ဆိုတာ   နောင်တရ  ရမဲ့ အရာ  မဟုတ်ဘူး......
၃.အချစ်ဆိုတာ   ပြန်လှည့်ပြီး  လက္ခံရဖို့   မဟုတ်ဘူး....
၎.အချစ်ဆိုတာ  အခြေနေတွေကို  ချည်နှောင်ရမဲ့  အရာမဟုတ်ဘူး....
၅.အချစ်ဆိုတာ  အာမခံ  ကတိထားရမဲ့  အရာ မဟုတ်ဘူး...
၆.အချစ်ဆိုတာ  မျှော်လင့်ရမဲ့  အရာ မဟုတ်ဘူး.....
၇.အချစ်ဆိုတာ    သံသယထားရမဲ့  အရာမဟုတ်ဘူး...
၈.အချစ်ဆိုတာ   နှိုင်းယှဉ်ရမဲ့  အရာ မဟုတ်ဘူး...
၉.အချစ်ဆိုတာ   စစ်ဆေးရမဲ့  အရာ မဟုတ်ဘူး......
၁၀.အချစ်ဆိုတာ  ကံတရားမှာ  အပ်နှံထားတဲ့  အရာပဲဖြစ်တယ်!!!!!!
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့