ချစ်သူရေ.....
ဒီနေ့ လေးက ဒို့ နှစ်ယောက်ရဲ့ ချစ်သက်တမ်း တပတ်ပြည့်တဲ့  နေ့ လေးနော်.....တပတ်ဆိုတဲ့  အချိန်လေးက မကြာသ
လို ဖြစ်နေပေမဲ့ ...အချိန်အကြာကြီး ချစ်ခဲ့ကြတဲ့  ချစ်သူတွေ လို့ ခံစားမိတယ်.....ချစ်သူရယ် လို့ ဖြစ်လာတဲ့ အခါ တစ်ယာက်နဲ့ 
တစ်ယောက် သ၀န်တိုမှုတွေ ....အားမလို အားမရဖြစ်ရတာတွေ...စိတ်တိုင်းမကျချင်တာတွေ...စိတ်ကောက်ရတာတွေ...
ပျော်ရွှင်မှုတွေ ....ကြည်နူးမှုတွေ က တလှည့်စီဖြစ်နေကြပေမဲ့ ....ချစ်သက်တမ်းကြာရှည်မှုက ချစ်ခြင်းမေတ္တာကို အခြေခံပြီး..
တဦးနဲ့ တဦးအပေါ် နားလည်မှုနဲ့ တည်ဆောက်ရမှာနော်....တစ်ဦးနဲ့ တစ်ဦး တန်ဖိုးထားတတ်ရမယ်....တစ်ယာက်က မကြိုက်တဲ့ 
အရာကိုလည်း တစ်ယာက်က ဖြစ်နိုင်ရင် လိုက်မလုပ်ပဲ ညှိယူရမယ်...ဒါမှလည်း အဆင်ပြေနိုင်တာလေ..ကိုယ်မှန်တယ်ထင်ပြီး..
တဖက်သတ်အမြင်တွေနဲ့  ဆက်လုပ်နေရင်လည်း အဆင်မပြေနိုင်ဘူးလေ....
နေရာချင်း ဝေးကွာနေပေမဲ့  စိတ်ချင်းကတော့..အချိန်တိုင်းမှာ ဆက်သွယ်လို့ ရ ပါတယ်...လွမ်းတဲ့  စိတ်ဆိုတာ
ရှိတတ်ပေမဲ့ ...ကိုယ့်ဘ၀ရဲ့ ရှေ့ ရေးကလည်း ရှိနေသေးတော့......လွမ်းနေလို့ လည်း မဖြစ်သေးဘူးလေ....ကိုယ်လုပ်သင့်လုပ်ထိုက်
တာတွေကိုလည်း ဆက်လုပ်ရအုန်းမယ်....ဘ၀ဆိုတဲ့  အရာလေးကလည်းရှိသေးတာကိုး..တစ်ယောက်နဲ့  တစ်ယောက်ဝေးနေတော့
တစ်ဦးအပေါ်တစ်ဦးယုံကြည်မှုဆိုတာလည်း ရှိရအုန်းမယ်....သံသယဆိုတဲ့ အရာကြီးက စိတ်ထဲမှာ ရှိနေရင်လည်...ပျော်နိုင်မှာ
မဟုတ်ဘူးနော်...အနိုင်လိုမှုတွေ ရှိပြန်ရင်လည်း အဆင်မပြေနိုင်ဘူး...အရာရာတိုင်းကို ဘက်စုံက စဉ်းစားရတယ်..ဒါမှလည်း
ပျော်ရွှင်ကြည်နူးမှုတွေ ခံစားလာနိုင်မှာလေ.တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို တစ်ယောက်က တန်ဖိုးထားပြီး သစ္စာရှိမှုကလည်း
လိုသေးတယ်...စိတ်ဆိုတာ ပြောင်းလဲတတ်ပြီး ဖေါက်ပြန်တတ်တဲ့  သဘောလေးတွေလည်း ရှိတတ်တော့...ကိုယ့်စိတ်ကို
ထိန်းချုပ်တတ်အောင်လည်း ကြိုစားရမယ်...အချစ်စစ်မှန်နေရင်ပေါ့လေ..ဒီနေ့ လေးက ဒို့ နှစ်ယောက်ရဲ့ အမှတ်တရနေ့ 
လေးပါနော်.....
ချစ်သူရေ.....
ရေမြေတွေခြားပေမဲ့ ....ချစ်သူတစ်ယောက် နေကောင်းပါစေ...အဆင်ပြေပါစေ.....ပျော်ရွှင်ပါစေ....
ဘယ်သူနဲ့ ရှိနေပါစေ....မပြောင်းလဲတဲ့ ချစ်တဲ့ မေတ္တာနဲ့  ချစ်နေပါနော်......ဒို့ အတွက်ကိုလည်း စိတ်ချပါ..မပြောင်းလဲ တဲ့
အချစ်တွေနဲ့  စောင့်ဆိုင့်းနေပါ့မယ်..ချစ်သူတစ်ယောက်....ရွှင်လန်းချမ်းမြေ့ခြင်းနဲ့ ပြည့်စုံပါစေ.......
No comments:
Post a Comment