မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ ရခိုင် ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ် တို့ကို ဖြတ်ပြီး
ပိုက်လိုင်းများ တူးဖော်ရာ နေရာ တစ်လျှောက်ရှိ လယ်ယာမြေများ အတွက် လျော်ကြေးကို အရှည် ၅၅၀ ကီလိုမီတာ အတွက် ကိုသာ လျော်ကြေး အပြည့်အ၀ ပေးရသေး တယ်လို့ ဇွန်လ ၂၄ ရက်နေ့က Sedona ဟိုတယ်မှာ ကျင်းပပြု လုပ်ခဲ့တဲ့ မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ စီမံကိန်း လယ်ယာမြေ လျော်ကြေး ပေးအပ်မှုနဲ့ ပတ်သက်တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။
အဆိုပါ မြန်မာ-တရုတ် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ စီမံကိန်းမှာ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း အရှည်မှာ ၇၉၃ ကီလိုမီတာ အရှည်ရှိပြီး ရေနံပိုက်လိုင်း အရှည်မှာတော့ ၇၇၇ ကီလိုမီတာ အရှည်ရှိ ပါတယ်။ အဆိုပါ အရှည် ထဲမှာမှ လယ်ယာမြေ လျော်ကြေးကို အရှည် ၇၁၁ ကီလိုမီတာ အတွက်သာ လျော်ကြေးငွေ ၅၀ ရာခိုင်နှုန်း ပေးထားပြီး ကျန်တဲ့ လျော်ကြေး ငွေ ၅၀ ရာခိုင်နှုန်းကို နောက်ထပ် အချိန် ၃ လကြာမှ ပေးမှာ ဖြစ်ပါတယ်။ လယ်မြေယာ များကို လျော်ကြေး ပေးရာမှာ အမြဲတမ်း မြေယာ သိမ်းယူမှု အတွက် လျော်ကြေးနဲ့ ယာယီမြေယာ သိမ်းယူမှု အတွက် လျော်ကြေး ၂ မျိုး ပေးအပ်တာ ဖြစ်တယ်လို့ သိရပါတယ်။
လယ်ယာမြေများမှာ သီးနှံများ စိုက်ပျိုးပါ ကလည်း ယာယီ မြေယာ သိမ်းယူမှု အတွက် သီးနှံ လျော်ကြေးကို ၅ နှစ်စာကို ဈေးကွက် ပေါက်ဈေး အတိုင်း ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယာယီ မြေယာ သိမ်းယူမှု မှာတော့ ပိုက်လိုင်း စီမံကိန်း ပြီးဆုံးပါက မူလပုံစံ အတိုင်း ပြန်လည် ဆောင်ရွက် ပေးမှာ ဖြစ်တယ်လို့ မြန်မာ-တရုတ် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
No comments:
Post a Comment