Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, 18 September 2012

ကောင်မလေးရယ်

စနောက်ခြင်းမှာ
ရင်ထဲကအမှန်တရားတ၀က်ပါတယ်တဲ့
ငါကတော့ နင့်ကို
1500 အပြည်နဲ့စတာပါ
ကောင်မလေးရယ်
ဒါကိုနင်ကမသိတော့လည်း
အင်း....ခက်တော့ခက်နေပြီ

Sunday, 16 September 2012

..မင်းအတွက်........

မင်းနဲ့ ပတ်သက်လာတိုင်းခံစားချက်သမျှအတွေးတိုင်းကိုငါမဆန့် ကျင်နိုင်ခဲ့တာလေ

ဝေဒနာတစ်ခုနာကျင်မူတစ်ခုတိုင်းတောင်ငါ့မှာမဖျောက်ဖျက်ရက်ခဲ့ပါဘူးဒီလိုခံစားနေရတာကိုပဲကျေနပ်နေရတာပါ

မင်းပေးတဲ့ခါးသီးနာကျင်မူတွေ..ဘယ်လိုခံစားမူမျိုးကိုမှငါမစွန့် ပယ်ရက်...ကျေနပ်နေရတာပါ

အချစ်ကို.ယနေ့ ထိတိုင်ငါအဓိပွါယ်မဖွင့်တက်ခဲ့ဘူး....ရယူခြင်ပဲဖြစ်ဖြစ်..ပေးဆပ်ခြင်းပဲဖြစ်

ပေါ်လာသမျှခံစားမူတစ်ခုတိုင်းသာလျှင်.မင်း...မင်း..မင်းအတွက်
ချည်းပါပဲ..

ငါ့အတ္တကိုကမင်းအတွက်..ငါဘ၀ကိုက..မင်းအတွက်....ငါ့အသက်ကိုကမင်း...

ငါဟာငါမဟုတ်ခဲ့တာကြာပေါ့ကွယ်......ချစ်သူ၇ယ်....

သင့်ကိုချစ်တဲ့သူဆို...........

သင့်ကို ချစ်တဲ့ သူဆိုတာ
ချိန်းထားတဲ့ အချိန်ထက် နောက်ကျပြီးလာရင် သင့်ကို မျက်နှာစူပုတ်ပြီး ကြိုနေတတ်သူ မဟုတ်ဘူး
သင် လမ်းမှာ ဘာများဖြစ်နေလဲ ဆိုပြီး အရင် စိတ်ပူနေတတ်သူ ဖြစ်တယ်
သင့်ကို ချစ်တဲ့ သူ ဆိုတာ
သင် သူ နဲ့ တွေ့ ဖို့ အချိန် မအားဘူးဆိုရင်တောင် သင့်ကို အပြစ်တင်တတ်သူ မဟုတ်ဘူး
သူ့ ရဲ့  အချိန်တွေကို ဘယ်လောက် အလုပ်များများ သင့်အတွက် အမြဲ ဖယ်ပေးတတ်သူ ဖြစ်တယ်
သင့်ကို ချစ်တဲ့ သူ ဆိုတာ
သူက သင့်ဆီက ပထမဆုံး ဆိုတဲ့ အချစ် အမှတ်တရ ဆိုတဲ့အရာတွေကို လိုချင်တတ်သူ မဟုတ်ဘူး
သူရဲ့  ပထမဆုံး ဆိုတဲ့ အမှတ်တရတွေကို သာ သင့်အတွက် အမြဲ ပေးချင်နေတတ်သူ ဖြစ်တယ်
သင့်ကို ချစ်တဲ့ သူ ဆိုတာ
သင် ရဲ့  ဝမ်းနည်းပြီး နာကျည်းခဲ့တဲ့ အတိတ် တွေကို အမြဲ ဖော်ထုတ်ပြီး အနိုင် ယူတတ်သူ မဟုတ်ဘူး
သင် ရဲ့  အတိတ်တွေကို သူ့ ရဲ့  အချစ်တွေ နဲ့ မေ့ပျောက်အောင် လုပ်ပေးချင်တတ်သူ ဖြစ်တယ်
သင့်ကို ချစ်တဲ့ သူ ဆိုတာ
သူ ရဲ့  ပျော်ရွှင်စရာ ဝမ်းနည်း စရာ ကို သိစေရုံဘဲ သိစေချင်နေတတ်သူ မဟုတ်ဘူး
သင် နဲ့  အတူတူ ပျော်ရွှင်ချင် ပြီး ဝမ်းနည်းတာကို သင်နဲ့  အတူတူ မျှဝေ ခံစားချင်တတ်သူ ဖြစ်တယ်
သင့်ကို ချစ်တဲ့ သူ ဆိုတာ
သင့်ဘဝ ထဲ ကို သူ ဝင်လာဖို့ အတွက် ပြင်ဆင်နေတာ မဟုတ်ဘူး
သူ့ ဘဝ ထဲ ကို သင် ဝင်လာဖို့ အတွက် မကြောင့်မကြထားနိုင်အောင် ကြိုးစားနေတတ် သူ ဖြစ်တယ်
သင့်ကို ချစ်တဲ့ သူ ဆိုတာ
သင် သူ့ ဆီက ဆေးလိပ် မသောက်နဲ့  ကွမ်းမစားနဲ့ ဆိုပြီး ကတိ တောင်းနေစရာ မလိုဘူး
သူ ကိုယ်တိုင် သင့်ကို ဆေးလိပ် မသောက်တော့ဘူး ကွမ်းမစားတော့ဘူး ဆိုပြီး ကတိ ပေးတတ်သူ ဖြစ်တယ်
သင့်ကို ချစ်တဲ့ သူ ဆိုတာ
သူ့ ရဲ့  ပခုံးကို သင် မျက်ရည် ကျဖို့ အတွက် ထားတာ မဟုတ်ဘူး
သူ့ ရဲ့  ပခုံးကို သင် မောပန်းရင် မှီနေနိုင် အောင် အမြဲ အသင့်ပြင်ထားတတ်သူ ဖြစ်တယ်
သင့်ကို ချစ်တဲ့ သူ ဆိုတာ
သင့်ကို အမြဲ အလိုလိုက် အကြိုက်ဆောင် နေ တတ်သူ မဟုတ်ဘူး
သင့်ကို ကောင်းရင် ကောင်းတယ် မကောင်းရင် မကောင်းဘူးဆို ပြီး အမုန်း ခံ ပြောနေတတ်သူ ဖြစ်တယ်
သင့်ကို ချစ်တဲ့ သူ ဆိုတာ
သင့် ရှေ့ မှာတင် သင့်ကို ပျော်အောင် ထားနေတတ်သူ မဟုတ်ဘူး
သင့် နောက်ကွယ်မှာလည်း သင့် အတွက် ပျော်အောင် ဘယ်လို ထားရမလဲ လို့ အမြဲ စဉ်းစားနေတတ်သူ ဖြစ်တယ်
သင့်ကို ချစ်တဲ့ သူ ဆိုတာ
သင့် ရဲ့  နှလုံးသား သော့ကို သူ အပိုင် သိမ်းထားတာ မဟုတ်ဘူး
သူ့ ရဲ့  နှလုံးသား သော့ကို သင့် ကို အပိုင် ပေးတာတတ်သူ ဖြစ်တယ်
သင့် ကို ချစ်တဲ့  သူ နဲ့  သင် ဘဝ တလျှောက်လုံး နားလည်မှု ရှိစွာနဲ့  ပျော်ရွှင်စွာ လက်တွဲသွားနိုင် ကြပါစေ.........

IT ခေတ်ရဲ့ချစ်ဦးသူ


ချစ်သူ.......
မင်းက user
ကိုယ်က PC တစ်လုံးဖြစ်ခဲ့ရင်
LAN , WAN တွေနဲ့
Internet ချိတ်ဖို့ မကြိုးစားပါနဲ့ ချစ်သူ.....
email ပို့၊ chatting ထိုင်
G-talk သုံးဖို့လောက်
ကိုယ်မင်းရဲ့ Interface မဖြစ်ချင်ဘူး......
ကိုယ့်ရဲ့ Heart Internet မှာ
မင်းရဲ့ website တစ်ခုပဲ တင်ထားသူပါ
မင်းအတွက်ဆို
ကိုယ်က အမြဲ Upgrade လုပ်ပြီး
  error ကင်းတဲ့ standalone PC ပဲ
ဖြစ်ချင်ပါတယ် ချစ်သူရယ်..........။

တကယ်ဆို......

မိုးတွေက
တစ်စက်နှစ်စက်ရွာတယ်။
ရင်ထဲမှာမစိုပေမဲ့
စိတ်ကူးတွေကငိုတယ်။
မနေ့ကတွေ့ခဲ့တဲ့မျက်နှာလေး
တစ်ညလုံးမွှေးခဲ့....။
တကယ်ဆို
ငါ့ကိုငါမမှတ်မီအောင်
သွက်သွက်ခါအောင်ရူးသွားသင့်တဲ့ကောင်ပါ။

ချစ်သော.....

    ငါပထမဆုံးနဲ့  နောက်ဆုံးအချိန်ချစ်ခဲ့ခြင်းပါပဲ
       လှပတဲ့ ထူးခြားတဲ့  ရှုပ်ထွေးတဲ့ မိန်ကလေးတစ်ယောက်    
       ငါ့အသည်းနှလုံးကို ဝါးမျိုသွားခဲ့ပြီ.....
       ငါ သိတယ် နင်မနက်ဖြန် ငါ့ကိုစွန့် သွားမှာအမှန်ပဲ
       ဒါကြောင့် အခွင့်အရေးရတုန်း နင့်ကိုပြောထားရတာ  
       ငါတို့ လက်တွဲတွဲ လမ်းခွဲခွဲ နင်က ငါ့ဘဝရဲ့ 
       အချစ်ဆုံးမိန်ကလေးပါ.......
       နင့်အသည်းနှလုံးကို ပိုင်စိုးသွားတဲ့သူကို
       ငါ တကယ်မနာလိုဖြစ်မိတယ်
       နောက်ပြီး အဲဒီလူနေရာမှာ ငါအစားထိုးခွင့်ရလို့ 
       ဝမ်းသာပါတယ်
       ငါတို့ နောက်ထပ်မတွေ့ တော့ရင်လဲ
       တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ နင်နဲ့ အတူထွက်လည်ဖို့ အဖေါ်လိုခဲ့ရင်
       ငါ့ကိုသာသတိရလိုက်ပါ..
       ဘယ်ဘဝပဲရောက်ရောက် နင့်ကိုတစ်ယောက်ထဲ ချစ်နေမှာပါ.....။

ဖြူစင်နှလုံးသား

အဖေကဗိုလ်ချူပ်
အမျိုးမယုတ်ဘူး
လွန်စွာနွေးထွေး
စိတ်ဓါတ်လေးနှင့် 
ပျုငှာဆက်ဆံ
သူငါမချန်ပါ
လူအိုလူမွဲ မခွဲဘဲ
တစ်ပြေးထဲစိတ်ထား
ရင်မှာထား၏
ပန်းကလေးအမြဲပန်
မှန်ကန်စိတ်ထား
သူသာထားသည်
အမြဲပြုံးထား မျက်နှာထားက
သူ၏စိတ်ထားအလှတရားကို
ဖော်ကျုးထားသည်
ကမ္ဘာတွင်အတူမရှိ
အရာရာသာလွန်
စိတ်ထားမွန်မြတ်
ခွပ်ဒေါင်းမိခင်
ဒို့ မိခင်ပေါ့ ...............

ငါဒီလိုဖြစ်ဖူးတယ်

ကြယ်ပေါင်းခြံရံ

လမင်းစန္ဒာကို

မော်ကြည့်ကာ

အခေါက်ခေါက်လျှောက်

ငါမှောက်ကျဖူးသည်။

ငါ့ဘဝဉယာဉ်မှာ

ငါပျိုးခဲ့ပန်းလှများ

လေပြင်းမွေလို့

လွင့်ကျွေခဲ့ဖူးသည်။

ငါ့ဘဝရဲ့အဖြူရောင်စာမျက်နာမှာ

အဓိပ္ပါယ်မဲ့တဲ့ရေးသားချက်တွေနဲ့

ညစ်ထေးအောင်ပြုခဲ့ဖူးသည်။

မျက်ရည်

`တကယ်တော့............
မျက်ရည်ဆိုတာ လူငယ်ရွယ်တွေ ရဲ့ 
ခံစားမှု ဝေဒနာလေး.........တစ်ခုပါ
မြစ်လောက်လည်းကျယ် ချောင်းလောက်လည်းမစီးပေမယ်
့လှောင်ချိုင့် ထဲက ငှက်လေးတွေလို
အချစ်ရှိသူတစ်ယောက်အတွက်တော့ 
မရှိမဖြစ်တဲ့ .............မျက်ရည်းလေးတစ်ခုပေါ့ 
ခုလိုဆောင်းရာသီ နံနက်ခင်လေးမှာ
အပြင်မှာဘယ်လောက်ပဲနှင်းကျလို့ 
ချမ်းစိမ့် နေပါစေ..
နှလုံးသားပူလောင်တဲ့ ဘ၀လေးဆိုတော့ 
မင်းပေးတဲ့ မျက်ရည်တွေကိုမသုတ်တော့ဘူး..........
ကျပါစေတော့...............သူရလေး

အချစ်

အချစ်


ကျွန်တော်တို့ရဲ့ဘဝထဲမှာ နာကျင်မှု နဲ့ လေးလံတဲ့ဝန်တွေကို ပထုတ်ပေးတဲ့ စကားလုံး
တစ်လုံးရှိပါတယ်။ အဲဒီစကားလုံးက " အချစ် " လို့ အမည်တွင်တယ်။

လူတိုင်းမှာ အချစ်ဆိုတာ တစ်ချိန်မဟုတ် တစ်ချိန်ချိန်တော့ ပေါက်ဖွားလာတတ်ကြပါတယ်။
ဒါပေမယ့် အချစ်အပေါ်ထားရှိတဲ့ ခံယူချက်တွေကတော့ အမျိုးမျိုး ကွဲပြားခြားနားကြပါတယ်။
အချစ်ကိုဖန်တီးလို့ ရနိုင်သော်လည်း  ရေရှည်တည်မြဲဖို့ တည်ဆောက်ရန်မှာမလွယ်ကူပေ။
တကယ်တော့ အချစ်စစ်ဆိုတာ ကိုယ်တိုင်ဖန်တီးတည်ဆောက်စရာ လိုမယ်မထင်ပါဘူး ။
အချစ်စစ်ဆိုတာ ကျွန်တော်တို့ ရင်ထဲမှာ သူအလိုလို ပေါက်ဖွားရှင်သန်လာတဲ့ နွယ်ပင်လေး
တစ်ပင်မျှသာ ဖြစ်ပါတယ် ။

အချစ်ဟူသည် ကိုယ်ကပေးသလောက်ပြန်ရချင်မှရတတ်ပေသည်၊ တစ်ခါတစ်ရံမှာတော့
မျှော်လင့်ထားသည်ထက် ပိုမိုခံစားရရှိတတ်သလို၊ တစ်ခါတစ်ရံမှာလည်းထင်ထားသည်နှင့်
တစ်ခြားစီဖြစ်အောင် လွဲချော်မှုများကဖြစ်တတ်ပေသည်။ ပြန်ပေးသလောက်ပြန်ရမည်ဟု
ပုံသေသတ်မှတ်၍မရနိုင်ပေ။ သို့သော်လူတိုင်းသည် ထိုမျှော်လင့်ချက်၊ ယုံကြည်ချက်တို့
ဖြင့်သာမျှော်လင့်ရင်း အသက်ဆက် ရှင်သန်နေကြပေသည်။

အချစ်မှာ တိကျတဲ့အဓိပ္ပာယ် သတ်မှတ်ချက်မရှိခဲ့ပါဘူး။ လူတွေကသာ  ပုံသဏ္ဍာန်အမျိုးမျိုး
သတ်မှတ်နေကြတာပါ ။တကယ်တော့ အချစ်ဆိုတာ လက်ထဲဆုပ်ကိုင်ထားတဲ့ သဲပွင့်လေး
များလို တင်းတင်းဆုပ်ကိုင်လေ လျှောကျလေလည်း ဖြစ်တတ်ပါတယ် ။အချစ်ဆိုတာ ကော်
ဖီတစ်ခွက်သောက်ရသလိုပဲ  ခါးတယ် ၊ချိုတယ် ၊ဖန်တယ် ၊ဆိုတဲ့ အရသာ အမျိုးမျိုးကိုလည်း
ပေးစွမ်းနိုင်ပါတယ် ။ထိုအပြင် အချစ်ဟူသည် ကောင်းကင်မှာ ရွေ့ လျားနေသော တိမ်တိုက်
များနှင့်လည်း အလားသဏ္ဍာန်တူပါတယ် ။ကြယ်လင်နေတဲ့ မိုးသားကောင်းကင်ကြီးမှာ တိမ်
တိုက်တွေ အလွယ်တကူ ပေါ်ထွန်းလာနိုင်သလို တစ်ခါတစ်ရံမှာတော့  မိုးသက်လေပြင်းများ
ကြောင့်လည်း တစ်ခဏတာ အတွင်း လွင့်မျော့ပျောက်ကွယ်သွားတတ်နိုင်ပေသည်။အချစ်
ကြောင့် တွေဝေခြင်း ၊ ထိခိုက်နာကျင်ခြင်း ၊ တွေ ခံစားရနိုင်သလို ပျှော်ရွှင်ချမ်းမြေ့မှုတွေ
ကိုလည်း ခံစားရနိုင်ပါတယ် ။ဒါကြောင့် အချစ်ဆိုတာ အချို ၊ အခါး ၊ ရသစုံတယ် ။အတွေး
အမြင်ပေါင်းမှ တည်ဆောက်လို့ ရတယ် ။ခက်ခဲပေမဲ့လည်း ပေါင်းနိုင်သူမှသာ ပျှော်ရွှင်စရာ
ကောင်းတဲ့ အချစ်စစ်ပြည့်ဝတဲ့ ဘ၀အိမ်ကို တည်ဆောက်နိုင်မယ် ။

အချစ်

အချစ်ဆိုတာ
ပုံပြင်တစ်ပုဒ်လား
မသိခြင်းတွေ
ညီမျှခြင်းချလို့ 
ရသအစုံစုံကိုလည်း
ပေးစွမ်းနိုင်တယ်
ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ 
တည်ရှိနေပေမယ့်
ဖန်ခါးချိုတဲ့
ကော်ဖီအလား
သောက်လေတိုင်းမှာ
ငက်မပြေဘူး
တိမ်တိုက်လိုလဲ
မျော့လွင့်နိုင်တယ်
သဲပွင့်လိုလည်း
အရာမထင်နိုင်
ဘယ်အရာမှ 
မတည်မြဲနိုင်တဲ့
ဘ၀လမ်းမှာ
အချစ်အိမ်လေး
တည်ဆောက်ပါရစေ။

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့