Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 30 October 2014

ISIS စစ်သွေးကြွ များအား သုတ်သင်မှုအတွက် တစ်ရက်အသုံးစရိတ် ဒေါ်လာ ၈ ဒသမ ၃ သန်းခန့် ကုန်ကျဟု ပင်တဂွန်စစ်ဌာနချုပ် ခန့်မှန်း

ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ ISIS စစ်သွေးကြွ များအား လေကြောင်းမှ ထိုးစစ်ဆင် ချေမှုန်းသုတ်သင် ရာတွင် တစ်ရက် အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ သန်းခန့် ကုန်ကျသည့် ခန့်မှန်းချက်အား ပင်တဂွန် စစ်ဌာနချုပ် က ပြန်လည် သုံးသပ်မှု ပြုလုပ်ခဲ့ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့ AFP သတင်းတစ်ရပ် အရ သိရသည်။

အမေရိကန်နိုင်ငံ အနေဖြင့် သြဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့သည့် အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၅၈ဝ ကုန်ကျခဲ့ကြောင်း ပင်တဂွန်၏ ပြောရေး ဆိုခွင့်ရှိသူ Bill Urban က ပြောကြားခဲ့သည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် မူလက တစ်ရက် အသုံးစရိတ် အမေရိကန် ဒေါ်လာ ၇ သန်းကျော် အသုံးပြုရန် ပျမ်းမျှ သတ်မှတ် ခဲ့သည်။ သို့ရာတွင် ဇွန်လလယ်ပိုင်းမှ စတင်ခဲ့သည့် အီရတ် စစ်ဘက်အား အကြံပေးရေး နှင့် ဘဂ္ဂဒက်မြို့ရှိ အမေရိကန် သံရုံး လုံခြုံရေးအတွက် အမေရိကန် တပ်ဖွဲ့ဝင် ရာပေါင်းများစွာ တပ်ဖြန့် ချထားမှုများ ပါဝင်သည့် အဆိုပါ စစ်ဆင်ရေးဆိုင်ရာ အသုံးစရိတ်အား အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနက ထည့်သွင်း တွက်ချက်မှု မပြုလုပ် ခဲ့ကြောင်း အလွတ်သဘော လေ့လာ ဆန်းစစ်သူ များက ပြောကြား ခဲ့သည်။

အသုံးစရိတ် ဆိုင်ရာ တာဝန်ရှိသူ အရာရှိဟောင်း များနှင့် အခြားသော ကျွမ်းကျင်သူ အချို့က လက်ရှိတွင် စစ်အသုံးစရိတ် သည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံထက် ကျော်လွန် ခဲ့သည်ဟု ခန့်မှန်းထားပြီး လာမည့် ၁ နှစ်အတွင်း ဒေါ်လာ ဘီလီယံပေါင်း များစွာ တိုးမြင့် လာနိုင်ကြောင်း ခန့်မှန်း ထားသည်။ အလားတူ အဆိုပါ စစ်ဆင်ရေး အသုံးစရိတ်သည် ၁ နှစ်လျှင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံမှ ၃ ဒသမ ၈ ဘီလီယံ အကြား ရှိလိမ့်မည် ဖြစ်ကြောင်း အမေရိကန် မဟာဗျူဟာ နှင့် အသုံးစရိတ် ဆိုင်ရာ အကဲဖြတ်ရေး ဌာနက စက်တင်ဘာလ ၂၉ ရက်နေ့တွင် အကဲဖြတ် ဆန်းစစ်မှု တစ်ရပ် ထုတ်ပြန် ခဲ့သည်။

သို့ရာတွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ တိုးချဲ့ဆောင်ရွက်မည် ဆိုပါက အသုံးစရိတ်သည် ၁ နှစ်လျှင် အမေရိကန် ဒေါ်လာ ၄ ဒသမ ၂ ဘီလီလယံ မှ ၆ ဒသမ ၈ ဘီလီယံ အကြား ကုန်ကျမည် ဖြစ်ကြောင်း အမေရိကန် မဟာဗျူဟာ နှင့် အသုံးစရိတ် ဆိုင်ရာ အကဲဖြတ်ရေး ဌာနမှ Tood Harrison က ပြောကြား ခဲ့သည်ဟု သိရှိရသည်။




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့