Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 October 2014

ကိုဘာနီမြို့တိုက်ပွဲများတွင် စစ်ကူပေးရန် ကာ့ဒ်တပ်ဖွဲ့ဝင်များ တူရကီနိုင်ငံထဲ ရောက်ရှိ

တူရကီနယ်စပ်က ကိုဘာနီမြို့မှာ စစ်ကူပေးမယ့် အီရတ်နိုင်ငံက ပတ်ရှ်မာဂါ ကာဒ့်တပ်ဖွဲ့ဝင် အယောက် ၇၀ ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က  အီရတ်နယ်စပ်ကနေ တူရကီနိုင်ငံထဲကို ၀င်ရောက်လာကြပါတယ်။ စစ်ယာဉ်တန်း အစီး ၅၀ နဲ့ ၀င်ရောက်လာကြတာပါ။

နောက်ထပ် ကာဒ့်တပ်ဖွဲ့ဝင် အယောက် ၈၀ ဟာလည်း ကာဒ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရမြို့တော် အာရ်ဘီလ်(Arbil) ကနေ တူရကီနိုင်ငံကို လေကြောင်းနဲ့ ရောက်ရှိ လာကြပါတယ်။ အဲဒီကနေမှတဆင့် ကိုဘာနီမြို့ကို  သွားရောက်ကြမှာပါ။

ကိုဘာနီမြို့ကို ၁ လကျော်ကြာ ၀ိုင်းတိုက်နေတဲ့ အိုင်အက်စ်အဖွဲ့ကို အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ လေကြောင်းကနေ တိုက်ခိုက်နေပေမယ့်လည်း လေကြောင်းတိုက်ခိုက်မှု တခုထဲနဲ့တော့ မဖြစ်နိုင်ဘူးလို့ တူရကီဝန်ကြီးချုပ်က ပြောဆိုပါတယ်။

တူရကီနိုင်ငံဟာ အိုင်အက်စ်စစ်ဆင်ရေးမှာ  တက်တက်ကြွကြွပါဝင်ခြင်း မရှိတာ အပေါ်မှာလည်း အမေရိကန်နိုင်ငံရဲ့ ဖိအားပေးခံနေရပါတယ်။

ဒါကြောင့် ကာဒ့်တပ်ဖွဲ့ဝင်တွေကို နယ်စပ်ဖြတ်ကျော်ခွင့်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က  သဘောတူခဲ့တာပါ။

ကိုဘာနီမြို့တိုက်ပွဲတွေဟာ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ အိုင်အက်စ်စစ်ဆင်ရေး မဟာဗျူဟာ ထိရောက်မှု ရှိ၊ မရှိ စမ်းသပ်မှုတခုလည်း ဖြစ်လာပါတယ်။

အခု စစ်ကူ လာရောက်တဲ့ ပတ်ရှ်မာဂါ  ကာဒ့်တပ်ဖွဲ့တွေဟာ ကိုဘာနီမြို့တွင်း တိုက်ပွဲတွေမှာ တိုက်ရိုက်ပါဝင်မှာ မဟုတ်ပဲ နောက်ကနေ လက်နက်ကြီး ပစ်ကူပေးဖို့ ဖြစ်တယ်လို့ ကာဒ့်အစိုးရပြောခွင့်ရကတော့ ပြောဆိုထားပါတယ်။



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့