Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 October 2014

ဖမ်းဆီးခံ လူငယ် ၂ ဦး၏ မိဘများ ထိုင်းတရားရုံးချုပ်ကို ကန့်ကွက်လွှာ ပေးပို့

ခိုတောင်ကျွန်း (လိပ်ကျွန်း) လူသတ်မှုနဲ့ စွပ်စွဲ ဖမ်းဆီးခံ ထားရတဲ့ မြန်မာ လူငယ် ၂ ဦးရဲ့ မိဘတွေဟာ ထိုင်းနိုင်ငံ တရားရုံးချုပ်ကို ကန့်ကွက်လွှာ သွားရောက် ပို့ဆောင်ခဲ့ပါတယ်။

မိဘ အုပ်ထိန်းသူ တွေဟာ သံရုံးက ဖွဲ့စည်းထားတဲ့ အထူးစုံစမ်းရေး အဖွဲ့နဲ့ ထိုင်းရှေ့နေများ ကောင်စီမှ ကိုယ်စားလှယ်တွေနဲ့ အတူ ဘန်ကောက်မြို့ရှိ၊ ထိုင်းနိုင်ငံ တရားရုံးချုပ်ကို ကန့်ကွက်လွှာ ပေးပို့ခဲ့တာပါ။

ကန့်ကွက်လွာကို ထိုင်းနိုင်ငံ၊ လူ့အခွင့်အရေး ကော်မရှင်နဲ့ ထိုင်းနိုင်ငံ မှုခင်းဆရာဝန် တွေကိုလည်း ပေးပို့သွားမယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့က ခိုတောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာလူငယ် ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦး စွပ်စွဲဖမ်းဆီး ခံနေရတာပါ။




ကန့်ကွက်လွှာ ပေးအပ်စဉ် (ဓာတ်ပုံ - Htoo Chit)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့