Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Showing posts with label ရသ. Show all posts
Showing posts with label ရသ. Show all posts

Friday, 12 April 2013

နှစ်သစ်ရဲ့ အချစ်ဟောင်း ( ၂၀၁၃ခုနှစ်သင်္ကြန် အတွက်အမှတ်တရ )


သြော် ...... ရာသီခွင်တွေပြောင်းလို့
နှစ်ယောက်တစ်အိမ်မက် ဘ၀တွေ
ကွယ်လွန်ခဲ့တာ ဆယ်စုနှစ်တစ်ခုရှိခဲ့ပြီ ...........
ငါမှတ်မိပါသေးတယ်
နွေကိုကြိုတဲ့ ဥသြောသံကြောင့်ပဲ
နှလုံးသားဟာ အထိတ်တလန့်နဲ့နိုးလာ
ကောင်းကင်မှာ
ကြယ်တွေ အလျားလိုက်ကြွေ
မြေပြင်မှာ သစ်ပင်တွေသက်ဝင်ကခုန်သလို
"April fool" ရဲ့ရာသီထဲ
ကိုယ်တိုင်တိုးဝင်ခဲ့တာပါ........။
အချိန်နဲ့အမျှ ပြောင်းလဲနေတယ်ဆိုပေမယ့်
မြို့မရဲ့ တူးပို့သံတွေ .... နောက်ပြီး .....
မင်သားကြီးရဲ့ ရှာပုံတော်အဖွင့်မှာ လိပ်စာပျောက်နေဆဲ
သင်္ကြန်ဟာလဲ ငါနဲ့ ဆယ်နှစ်တာသူစိမ်းဆန်နေဆဲ
မာလာနတ်သမီး နှစ်ပါး အပြိုင်လှတဲ့ ' လ ' တွေမှာပေါ့
ဒါတွေထားလိုက်ပါတော့
နှစ်သစ်ဟာ နှစ်သစ်ပါပဲ
အတာရေ နဲ့ ဆေးလို့မှမပြောင်းလဲနိုင်တာ
နောင်လာမယ့် နှစ်သစ်တွေတိုင်းမှာ .........................
...................................................................... ။
ငါမေ့ပါရစေ .....မေ့လိုက်ပါရစေတော့ ......................
အချစ်ဟောင်းရေ .........................................

Thursday, 11 April 2013

အချစ်အပေါ်..ကွဲပြားခြားနားသောအမြင်များ.


Divider Scraps and Graphics
အချစ်အပေါ်..ကွဲပြားခြားနားသောအမြင်များ.
.စောင့်ကြည့်နေတဲ့အတွက်
ထပ်မံဖွင့်ချလိုက်ရပြန်ပါတယ်..

Friends18.com Orkut Scraps
Friends18.com Orkut Scraps

ရင်ခွင်သစ် ရဲ့အမြင်လေးက..တစ်မူထူးပါသဗျာ..


အချစ်နဲ့ပတ်သက်သော မေးခွန်းများကို ဖြေဆိုရမယ်ဆိုရင်တော့ဖြင့်
၁.အချစ်ကိုဘယ်လိုနားလည်ထားပါသလဲ ။
ကျွန်တော်က အချစ်ကိုနားလည်းထာတာကတော့ တူညီမူရှိတဲ့
အချစ်ဆိုတာ“နွေမှာအေးမြပြီး” “ဆောင်မှာနွေထွေး”မယ်လို့ယူဆထားပါတယ်..။

၂။ အချစ်ရဲ့နောက်ကို လူတွေဘာကြောင့် လိုက်နေတယ်လို့ထင်ပါသလဲ ။
ကျွန်တော်ကတော့ အချစ်ဆိုတာမမြင်နိုင်တဲ့စွမ်အားတွေနဲ့ရစ်ပတ်ထားမိသူတိုင်းတွေဟာ
အချစ်ကိုမစွန့်လွတ်နိုင်ကြလို့ပေါ့...ဗျာ

.၃။ ခုတွေ့ခုချစ်ဆိုတာမခိုင်မြဲဘူးလို့ဆိုကြတယ်..နှစ်နှစ်သုံးနှစ်ချစ်တော့ရော
ခိုင်မြဲ နိုင်ပါသလား ။
အခုတွေ့အခုချစ်တာ မခိုင်မြဲဘူးလို့ဆိုကြတာကို
ရာခိုင်နှုန်းအပြည့်တော့ လက်ခံလို့မရပါဘူးဗျာ ဘာကြောင့်လည်းဆိုတော့
ကျွန်တော်က ခုတွေ့ခုချစ်တဲ့ အချစ်မှာဖြူစင်သန့်ရှင်တဲ့မေတ္တာတရားလေးနဲ့
နားလည်းမှု့တွေ ကြာခံထားနေလို့ သစ္စာထားတတ်မယ်ဆိုရင်ပေါ့လေး
မှတ်ချက်...အခုတွေ့အခုချစ်တဲ့အချစ်ဟာနောက်ကြောင်းလေးကိုမသိနိုင်ပါ..(၂)နှစ်(၃)နှစ်ချစ်တဲ့
အချစ်မှာလည်းခိုင်ခိုင်မြဲမြဲရှိနိုင်သလို ကျွန်တော့်ကိုယ်တွေ့ကြတော့
(၄)နှစ်(၅)နှစ်ချစ်ခဲ့ကြပေမဲ့ တစ်ဦးတည်းတာ ခိုင်ခိုင် မြဲမြဲ
အချစ်ကိုတန်ဖိုးထားသွားတဲ့သူဖြစ်သွားတာပေါ့ ဒါကြောင့်မို့ ကဗျာတွေ
ရေဖြင့်တာပေါ့...ဗျာ
၎။ သစ္စာနဲ့မေတ္တာ..ဘယ်ဟာကိုအလေးနက်ထားသင့်ပါသလဲ ။
.သစ္စာနဲ့ မေတ္တာကို ဘယ်အရာကိုတန်ဖိုးထားသင့်သလဲ ဆိုတော့
သစ္စာကို တန်ဖိုးထားသင့်ပါတယ်... ဘာကြောင့်လည်ဆိုရင်တော့
တစ်ချိန်ချိန်ကျရင် ကိုယ့်ပေါ်မှာ မေတ္တာနည်းသွားလို့
ပစ်ခွာသွားခဲ့ရင်တောင် သစ္စာတွေရှိကြဦးမယ်ဆိုရင်တော့ဖြင့် ကျွန်တော်ကတော့
ယုံကြည်ပါတယ်ဗျာ ကမ္ဘာတွေခြားသွားပါစေ သစ္စာဆိုတာ ရှိနေခဲ့သေရင်ပေါ့
ဘ၀တိုင်းမှာ ပေါင်းစပ်ခွင့်လေးတော့ ရှိနိုင်ဦးမှာပါ....ဗျာ
 

.၅။ ချစ်ပြီးမှသာ..အိမ်ထောင်ပြုဖို့စဉ်းစားသင့်ပါသလား၊
အိမ်ထောင်ပြုဖို့ရည်ရွယ်ပီးမှချစ်သင့်ပါသလား ။
ချစ်ပြီး မှသာ အိမ်ထောင်ပြုဖို့ စဉ်းစားသင့်သလို
အိမ်ထောင်ပြုပြီးမှ သံယောဇဉ်တွေဖြစ်သွားကြတာတွေက ဒီလောကကြီးမှာ
အများကြီပါ အဓိကတော့ “နားလည်မှု့”လေးရှိခဲ့ရင်ပေါ့လေး အချစ်ဆိုတာ
အနေကြသွားခဲ့ရင်ပေါ့လေး မမြင်နိုင်တဲ့ သံယောဇဉ် ဆိုတဲ့ ကြိုးကလေးတွေက
ချည်နှောင်သွားမှာပါ...ဗျာ
 
၆။အိမ်ထောင်သည်တစ်ယောက်မှာ အချစ်သစ်ဆိုတာ ပေါက်ဖွားလာနိုင်ပါသလား ။
အိမ်ထောင်သည် တစ်ယောက်မှာ အချစ်ဆိုတာ ပေါက်ပွား လာနိုင်သလား ဆိုတော့
အဲဒီအိမ်ထောင်ရှင်တစ်ယောက်ရဲ့ လက်ရှိခံစားချက်နဲ့ပြုခဲ့သည့်
လက်ရှိအိမ်ထောင်ရေးရဲ့အပေါ်မှာထားရှိတဲ့ စိတ်ထားနဲ့ သက်ဆိုင်မယ်လို့
ကျွန်တော်ထင်ပါတယ်...ဗျာ

၇။ အခန့်မသင့်လို့ ချစ်သူနဲ့ ကွဲကြရင်..တစ်ယောက်က နှစ်ယောက်ဆိုရင်
မျက်နှာများပါသတဲ့..ဘယ်လိုမြင်ပါသလဲ..။
အခန့်မသင့်လို့ ချစ်သူနဲ့ကွဲကြရာက တစ်ယောက်ကနေ နှစ်ယောက်ဆိုရင်တော့
မျက်နှာများပါတယ်ဆိုတဲ့ အမြင်က
မှန်သင့်သလောက်မှန်ပါတယ် ဒါပေမဲ့ တစ်ချို့ရဲ့ခံယူချက်မှာတော့ဖြစ်
အချစ်ဆိုတာ “ရှာဖွေလေလေ” တွေ့ရှိလေ ဆိုတဲ့စကားအတိုင်း
လက်ကိုင်ထားတဲ့သူတွေနဲ့ဆိုရင် ခံယူချက်ခြင်း
မတူညီနိုင်ကြပါဘူးခင်ဗျာ....တစ်ကယ်လို့များ အခန့်မသင့်လို့
ဝေးခဲ့ကြရင်လည်း တစ်ယောက်ထက် မပိုသင့်တော့ဘူးလို့ထင်မိပါတယ်...ဗျာ

၈။ မိန်းကလေးအချစ်နဲ့..ယောက်ျားလေးအချစ်..ဘယ်သူကပိုမိုလေးနက်တယ်ထင်ပါသလဲ ။
မိန်ခလေး အချစ်နဲ့ ယောင်္ကျားလေးအချစ်မှာ ဘယ်သူက လေနက်ပါသလဲဆိုတော့
ယောင်္ကျားလေးဖြစ်ဖြစ် မိန်ခလေးဖြစ်ဖြစ်ပေါ့နော်
“တန်ဖိုးထားနားလည်”ချစ်ခဲ့တယ်ဆိုတဲ့..ယောင်္ကျားပဲဖြစ်ဖြစ် မိန်မပဲဖြစ်ဖြစ်
ပိုမိုလေနက် တယ်လို့ကျွန်တော်ထင်ပါတယ်...မှတ်ချက်.
..“နားလည်မှု”ဆိုတဲ့အသိကလေးဟာ မည်သူကိုမဆို
ပိုမိုလေနက်တယ်လို့ ထင်မြင်ပါတယ်..ဗျာ

၉။ Living together အပေါ်ဘယ်လိုမြင်ပါသလဲ ။
Living together ရဲ့အပေါ် ကျွန်တော့်ရဲ့ အမြင်ကတော့
verry verry good အများအမြင်တော့မသိဘူးပေါ့...နော်...ဗျာ
 
၁၀။ အချစ်ဟာ ကိုးကွယ်ရာပါလား ။
.အချစ်က ကိုယ်ကွယ် ပဲလားဆိုတော့
ကျွန်တော့်အမြင်ကတော့ အချစ်က မြတ်နိုးတန်ဖိုးထားစရာပါ လွန်ကဲတဲ့
စိတ်ခံစားမှုတစ်ခုဖြစ်လာခဲ့ရင်တော့ အချစ်က ကိုယ်ကွယ်
စရာတစ်ခုဖြစ်လာနိုင်တာပေါ့ ဗျာ
“ကျေးဇူးတင်လွှာ”
အများနှစ်မတူ ခံစားချက် အချစ် အလှ အတွက်
အရေးထား မေးကားအဖော်ပြုတဲ့
ဆရာရှင် သူငယ်ချင်းနှင့်
ရွှေမြို့တော် အဖော်တစ်သင်းကို
မမေ့နိုင်စရာ ကဗျာအလွမ်းနှင့်
ခဏမကြာ ဒီကမ္ဘာမှာ
အသက်ဆက်ခွင့်
မြတ်နိုးခွင့်ပြုပါ
ရင်ခွင်သစ်
ရင်ခွင်သစ်
……………………………………………

Friday, 22 February 2013

ငါ့နားမှာခဏတော့နေပေးပါချစ်သူရယ်


ချစ်သူ

အဝေးကိုထွက်မသွားပါနဲ့လို့ 

ငါတောင်းပန်ချင်ပေမဲ့နင့်ဘဝတက်လှမ်းရောက်အောင်

ကြိုးစားနေတဲ့အချိန်မှာငါဘေးကနေပဲအားပေးချင်တယ်

နင့်အတွက်အနှောက်အယှက်မဖြစ်စေချင်ဘူး

ချစ်သူရယ်

နင်စိတ်ညစ်စရာရှိရင်ငါ့မျှဝေခံစားပေးမယ်

ပျော်စရာဆိုရင်တော့နင်တယောက်ထဲပဲ

ပျော်လိုက်ပါချစ်သူရယ်

ဘာလို့ လဲဆိုတော့ငါ့အတွက်ကတော့

နင်ရှိရင်ဘာမှမလိုဘူး

ချစ်သူရယ်

နင့် ဘေးနားမှာနေပြီးအမြဲတမ်းအားပေးချင်ပေမဲ့

ငါ့ကနင့်အနီးမှာမနေပေးနိုင်တာခွင့်လွှတ်ပါ

ချစ်သူ

ငါအနားမှာအမြဲမရှိပေမဲ့ငါ့ရဲ့စိတ်ကတော့

နင့်ဆီအမြဲရောက်နေတယ်ဆိုတာသိထားပေးပါ

ချစ်သူရယ်

တနေ့ နေ့ မှာတော့နင့်အနားမှာနေပြီး

ပျော်စရာစိတ်ညစ်စရာတွေကိုမျှဝေခံစားပေးနိုင်မဲ့

နေ့လေးတွေအမြန်ရောက်ပါစေလို့ ငါဆုတောင်းနေတယ်

ဘာတွေဖြစ်ဖြစ်စိတ်ဓတ်မကျဘဲကြုံလာမယ်

သဘာဝတရားကိုဇွဲရှိရှိနဲ့ဖြစ်ချင်တဲ့ရည်မှန်းချက်ကို

ရောက်အောင်ကြိုးစားပါ

ချစ်သူတယောက်အစစအရာရာအဆင်ပြေပါစေ

လို့ ဆုတောင်းပေးပါတယ်

လွမ်းဆွေးမူ


တစ်ကိုယ်ရည်ညများနဲ့လမင်းကိုလှမ်းမျှော်မိတိုင်း
အထီးကျန်ခြင်းအရိပ်များနဲ့စကားများဆွံ့အ နေခဲ့
အရင်းနှီးဆုံးသီချင်းများ အပ်ကြောင်းထပ်အောင်စွဲမက်ခဲ့လဲ
တကယ်ဘာတစ်ခုမှ နားမလည်ခဲ့တာပါ….
ဒါပေမယ့် မျက်လုံးကိုမှိတ်စဉ်တိုင်းတော့
တစ်စုံတစ်ယောက်ကို မြင်မက်နေဆဲ….
  
အချစ်တစ်ခုကိုကျော်လွန်တဲ့ အိမ်မက်တစ်ခုဟာ
အဆိပ်စီးချောင်းထဲစီးမျောလို့ နေ့နဲ့ညတွေ မှားယွင်းသွားတာ
မူးယစ်ခဲ့ခြင်းလား….
လိုအပ်မှုတွေကိုချဉ်နှောင်ရင်း ကျောခိုင်းခြင်းနဲ့ လက်ထပ်ခဲ့တာ
နောက်ဆုံးတော့ အနမ်းများနဲ့ နှတ်ဆက်ပျောက်ရှခဲ့တာပဲ….
ခုလဲ….
ပြန်လည်မြင်မက်ပုံရိပ်အတိတ်တွေ
မနက်ခင်းနဲ့နေဝင်ချိန်တိုင်း အချစ်ဆိုတာခါးသက်ခြင်းပေါ့….
ဒီကဗျာတွေကိုအသက်သွင်းဖို့ မျက်လွှာလေးမှိတ်
ညစဉ်ဆုတောင်း တစ်ခါပြန်ရခဲ့ရင်
လမင်းလေးရေ…..  
အပြာရောင်အနမ်းများနဲ့ အစိမ်းရောင်မြက်ခင်းပြင်ထဲ ရင်ခုန်သံတွေထပ်တူလို့
ငါ့မျက်လုံးတွေ ကန်းပါစေလေ၊၊   ၊၊

Sunday, 17 February 2013

♥#♥#♥#♥#♥# တမလွန်ဘ၀မှ အချစ်ကြီးသူ♥#♥#♥#♥#♥

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်းတွင်းမှ မြို့တစ်မြို့ နာမည်က “မိုးနဲ”(ဖြစ်ရပ်မှန်)
တစ်ချိန်က မိုးနဲစော်ဘွားအုပ်ချုပ်ခဲ့သော ဟော်နန်းရှိရာမြို့။
ဤဖြစ်ရပ်မှန်ဇာတ်လမ်းတွင် မိုးနဲမြို့သည် အဓိကမကျ မိုးနဲမြို့တွင်နေသော ယာဉ်မောင်း ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကသာအဓိက သရုပ်ဆောင်များဖြစ်ကြ လေသည်။

တောင်ကြီး လွိုင်လင် မိုးနဲမြို့များသို့ ကုန်စိမ်းများသယ်ယူပို့ဆောင်ပေးနေသော ကိုဒေါင်းစိန်၏ဂျစ်ကားကို မစီးဘူးသူတော်တော်ရှားသည်။
အထူးသဖြင့် နန်းစင်ချိုတစ်ယောက် ယာဉ်မောင်း ကိုဒေါင်းစိန်ဘေး ဂျစ်ကားရှေ့ခန်းမှ လိုက်ပါလေ့ရှိကြောင်းကိုလဲ လူတိုင်းသိကြပြီးဖြစ်သည်
ကိုဒေါင်းစိန်က မိတ္ထီလာသား၊ နန်းစင်ချိုက မိုးနဲသူ။ တစ်ဦးနှင့်တစ်ဦး နှစ်နှစ်ကာကာ ချစ်ခဲ့ကြသည့်အကြောင်းကိုလဲ မိုးနဲတစ်မြို့လုံးအသိပင်ဖြစ်သည်။

“အစ်ကို နန်းကိုဘယ်တော့ လက်ထပ်ယူမှာလဲဟင်”

“အစ်ကို ရုန်းကန်နေရတဲ့ဘ၀ကိုလည်း နန်းအသိသားနဲ့။ နန်းကို တင့်တောင့်တင့်တယ် လက်ထပ်ယူဖို့ပဲ ကြိုးစားပြီးငွေစုနေတာလေ”

“ဒါတော့ ဒါပေါ့အစ်ကိုရယ်…ယောကျာင်္းလေးတို့ရဲ့အချစ်သည် တစ်ခဏ၊ မိန်းကလေးတို့၏ အချစ်သည် တစ်ဘ၀ဆိုတာလေးတော့ အစ်ကိုသိမှာပါ”

“အစ်ကိုက အဲ့အမျိုးအစားထဲပါနေလို့လား…”

“အဲဒီလို မဟုတ်ပါဘူး အစ်ကိုရယ်၊ နန်းတို့မိန်းမသားဆိုတာရှေ့ရေးကို မျှော်တွေးနေကြတဲ့သူတွေပါ၊ နန်းအစ်ကို့ကို ယုံပါတယ်။ နန်းကို အစ်ကိုဘယ်လောက်ချစ်တယ်ဆိုတာနန်းသိပါတယ်”

နန်းစင်ချိုရဲ့ ချိုသာသော အပြုံးလေးနဲ့ ချစ်စကားပြန်တုံပြန်လိုက်တော့ ဒေါင်းစိန် တစ်ယောက်ပီတိတွေ လွှမ်းလို့ပေါ့…

“မကြာခင် နန်း စိတ်တိုင်းကျဖြစ်စေရမှာပါ နန်းရဲ့”

မိုးနဲဈေးနေ့၊ လွိုင်လင်ဈေးနေ့ တောင်ကြီးဈေးနေ့များတွင် ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကို အမြဲလိုလို မြင်တွေ့နေကြရသည်…

တစ်ဦးအပေါ် တစ်ဦး အနစ်နာခံနားလည်မှုရှိကြပြီးအချစ်ကြီးချစ်ခဲ့ကြသောယာဉ်မောင်းသမားလေး ဒေါင်းစိန်နဲ့
ဈေးသည်မလေးနန်းစင်ချိုတို့ ၃ နှစ်အတွင်းမှာပင် လက်ထပ်ခဲ့ကြသည်။

မိုးနဲတစ်မြို့လုံးကလဲ ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ဇနီးမောင်နှံကို နေနဲ့လ ရွှေနဲ့မြပုံပမာဆိုသည့် သီချင်းထဲကလိုတောင် ထောပနာပြုကြသည်။

နှစ်ဦးသား အနှစ်နှစ်အလလကြိုးစားရှာဖွေခဲ့ကြသည့်ငွေလေးနဲ့ မိဘများနှင့် အိမ်ခွဲ နေထိုင်ကြသည်။

တစ်ဦးအပေါ် တစ်ဦး နားလည်မှုပေး၊ တစ်ဦး အခက်အခဲ များကို တစ်ဦး ဖြေရှင်းပေး
ဒေါင်းစိန်ကလဲ အိမ်ထောင်ဦးစီးပီပီ နေ့မနား ညမအား စီးပွားရှာ ကားဆွဲ၊ နန်းစင်ချိုကလဲ အိမ်ထောင်ရှင်မကောင်းဖြစ်အောင် နေထိုင်လေသည် ၊
သို့သော်လဲ တစ်နေ့တွင် ရှေ့သွားနောက်လိုက်ညီနေသော ဇနီးမောင်နှံအတွက် အနှောင့်အယှက်လေးတစ်ခု ၀င်ရောက်လာလေသည်…

“အစ်ကို ဒေါင်း မနက်ဖြန်လည်း အကိုဒေါင်းကားနဲ့ပဲလိုက်မှာနော်၊ ရှေ့ခန်း အစ်ကို့ဘေးမှာ နေရာချန်ထားပေး” အိမ်ရှေ့ဆီမှ
အမျိုးသမီးတစ်ဦး၏ ခရာတာတာနွဲ့တဲ့တဲ့ အသံကို ကြားလိုက်ရသဖြင့် နန်းစင်ချို တစ်ယောက် ဝေ့ကြည့်လိုက်သည်။
သူအင်မတန်ချစ်သော လင်တော်မောင် ဒေါင်းစိန်ဘေး၌ ပွတ်သီးပွတ်သပ် ထိုင်နေသည့် ချောချောလှလှ အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရသည်…

“ဒီနေ့တော့ ကားရေဆေးရမှာမို့ ချယ်ရီ ဒီကနေပဲဆင်းသွားတော့နော်၊ မနက်ဖြန် ချစ်ရီအိမ်ကို အကိုဝင်ကြိုမယ်”

“Ok ချယ်ရီသွားမယ်”

ဂျစ်ကားရှေ့ခန်းမှ လှုပ်လီလှုပ်လဲ့နှင့် ခပ်ယဲ့ယဲ့ဆင်းသွားသော ချယ်ရီအား စူးရှသောမျက်လုံးအစုံနှင့်ကြည့်နေသူက နန်းစင်ချို။

“ကားဆရာကြီး ဒီနားကိုခဏကြွပါအုန်း”

ရိသဲ့သဲ့စကားကြောင့် ဒေါင်းစိန်သိလိုက်ပြီဖြစ်သည်။

“အဲ့ဒီ ချယ်ရီဆိုတဲ့ကောင်မက ဘယ်ကလဲ၊ ဘာကြောင့် အစ်ကို့ဘေးနားမှာ ကပ်ထိုင်နေရတာလဲ၊
အစ်ကို့ဘေးမှာ နန်းစင်ချိုဆိုတဲ့ သူ့မိန်းမကလွဲရင် ဘယ်သူမှ ထိုင်ခွင့်မရီဘူးလေဆိုတဲ့ စကားလုံးတွေနဲ့ အစ်ကို့ကို တိုက်ခိုက်တော့မယ် မဟုတ်လား။
အခုတော့ အစ်ကို အရမ်းပင်ပန်းလာလို့ စိတ်ရှည်ရှည်ထားပေးအုံးနော်၊ နောက်တော့ အားလုံးရှင်းသွားမှာပါ နန်းရဲ့”

နန်းစင်ချို ဘာမှပင်မပြောလိုက်ရမီ ဒေါင်းစိန်တစ်ယောက် ကားရေဆေးရန်ဟုဆိုကာ ထွက်သွားလိုက်သဖြင့် စကားနည်းရန်ဆဲဖြစ်ခဲ့ရသည်။
သို့ရာတွင်လည်း နေ့စဉ်လိုလို ပတ်ဝန်းကျင်မှ အတင်းအဖျင်းလေများတိုက်ခတ်မှုကြောင့် နန်းစင်ချို ခံပြင်းစိတ်များ အုံကြွလာသည်။
ချယ်ရီဆိုသော မိန်းကလေးကိုတွေ့လျှင် အရှုပ်ကို ရှင်းမည်ဟုဆုံးဖြတ်ထားလိုက်သည်။

သို့နှင့် မည်သူမျှ အသိမပေးပဲ ဒေါင်းစိန်ရှိမည့် ဂျစ်ကားဂိတ်သို့ တစ်ဦးတည်းလိုက်သွားသည်။
“နန်း ဘာဖြစ်လို့ လိုက်လာတာလဲ၊ ချယ်ရီနဲ့ အကို ဘယ်လိုပုံစံနဲ့မှ မပတ်သက်ဘူးဆိုတာ အစ်ကိုရှင်းပြပြီးပြီလေ”

“အစ်ကိုပြောတာတွေအားလုံးကို နန်းနားလည်ပါတယ်၊ ဒါပေမယ့် အစ်ကိုရယ် အရင်တုန်းကလိုပဲ အစ်ကို ကားမောင်းနေရင်
အစ်ကို့ဘေးနားမှာပဲ နန်းအမြဲလိုက်နေချင်တာ အစ်ကိုရဲ့”

“ခက်လိုက်တာ နန်းရယ် အစ်ကိုတို့ ကားသမားဆိုတာ ခုနှစ်ရက်သားသမီးနဲ့အလိုက်သင့်ပေါင်းရတယ်ဆိုတာ နန်းလည်းအသိသားနဲ့”

“ဟုတ်ပါတယ် အစ်ကိုရဲ့၊ ဒါပေမယ့်လဲ အကို့ဘေးနားမှာ ဘယ်သူမှ ထိုင်တာ မကြိုက်ဘူး”

“နန်းကလဲ ကလေးဆန်လိုက်တာ။ ကဲလာ ခုလည်းအစ်ကို လိုက်ပို့မယ်၊ အကို့ဘေးနားမှာပဲထိုင်ပေါ့၊
ရှေ့ခန်းမှာ ဘယ်မိန်းကလေးမှ မတင်တော့ဘူး ကျေနပ်လား”

နန်းစင်ချိုက ကနွဲ့ကယနှင့်ခေါင်းအသာညိတ်ပြလိုက်သည်။
ဒေါင်းစိန်တစ်ယောက် ခရီးသည်မပြည့်သော်လည်း ဂိတ်မှထွက်ခဲ့သည်။
မိုးနှင်းများကျထားသဖြင့် စိုစွတ်နေသောလမ်းပေါ်ဝယ် ဒေါင်းစိန်၏ဂျစ်ကားမှာ တရိပ်ရိပ်ပြေးလွှားရင်း
တောင်တက်တောင်ဆင်းတို့တွင် ကွေ့လိုက် ပတ်လိုက်နှင့်ကျော်ဖြတ်နေကြောင်းတွေ့ရသည်။

နန်းစင်ချိုမှာမူ ဒေါင်းစိန်နံဘေးမှ လိုက်ပါလာရသည်ကိုပင် ပီတိဖြာလျက် တမှေးပင်အိပ်ပျော်သွားဟန်တွေ့နေရသည်။
ခရီးသည်များကလဲ သူ့အတွေးနဲ့သူ့အရေး၊ မှေးသူကမှေး ငေးသူကငေးလို့ပေါ့။
ဂငယ်ဂွေ့တစ်ကွေ့အရောက် မမျှော်လင့်ဘဲ ကုန်တင်ကားယာဉ်ကြီး တစ်စီးကွေ့ထွက်လာသည်ကိုတွေ့လိုက်ရသော
ဒေါင်းစိန်လည်း စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်ဖြင့် ကားကိုဘယ်ဘက်သို့ကွေ့ချလိုက်သည်။
အမှတ်မထင်ဖြစ်ပျက်လိုက်မှုကြောင့် နန်းစင်ချိုခမြာ ကား၏ ညာဘက်သို့လွင့်ကျသွားတော့သည်။

ကားကလဲ အရှိန်နဲ့ဖြစ်တာကြောင့် ကျသွားသော အရှိန်နဲ့ပေါင်းပြီး သွေးသံရဲရဲဖြင့် မေ့လဲသွားသော နန်းစင်ချိုအား
ချက်ခြင်းပင် လွိုင်လင်ဆေးရုံသို့ အမြန်ပို့ကြသည်။
သို့သော်လဲ နောက်နေ့မနက်တွင် နန်းစင်ချို တစ်ယောက် သေဆုံးသွားကြောင်း သိကြရ၍ မိုးနဲတစ်မြို့လုံးနှင့်
ဒေါင်းစိန်တို့ယူကြုံးမရဖြစ်ကြရတော့သည်။

ဒေါင်းစိန်သည် နန်းစင်ချိုအလောင်းအား မိုးနဲသင်္ချိုင်းတွင် ကောင်းမွန်စွာမြှုပ်နှံခဲ့သည်။

ရဲ့တပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုပြုလုပ်ချက် အပေါ်အခင်းဖြစ်စဉ်က ဂျစ်ကားပေါ်တွင်ပါလာသူများအားလုံးက
နန်းစင်ချိုမှာ အိပ်ငိုက်နေသဖြင့် ကားရုတ်တရက်အကွေ့တွင် ကျသွားခြင်းဖြစ်ကြောင်း ထွက်ဆိုကြခြင်းကြောင့်
ဒေါင်းစိန် အပြစ်နှစ် အနည်းငယ်သာ ကျခံခဲရသည်။

နေ့များသည် လျှင်မြန်စွာဖြတ်သန်းနေ၏ ဒေါင်းစိန်က ယာဉ်မောင်းအလုပ်ကိုသာ ပြန်လုပ်ကိုင်နေကြောင်းတွေ့ရသည်…။
တစ်ခုထူးခြားချက်က ညဘက်ရောက်လျှင် ဒေါင်းစိန်အိမ်တစ်ဝိုက်မှာ ခွေးများ အလွန် အူကြချင်းဖြစ်သည်။
နောက်တစ်ချက်ကမူ ဒေါင်းစိန် ကားလိုက်လို့ ကားခေါင်းခန်းတွင် အမျိုးသမီးပါလာလျှင် အနံဆိုးကြီးရခြင်း
တစ်ခါတစ်ရံ ကားပေါ်မှ ဆွဲချသလိုတောင် ခံစားရသည်ဟု ပြောစမှတ်ဖြစ်လာကြသည်။

“နန်းစင်ချိုက သူ့လင် ဒေါင်းစိန်ကို ဘယ်လောက်စွဲလမ်းလဲဆိုတာနင်တို့အသိပဲလေ။
ပြီးတော့ သေရတာက အစိမ်းသေ ကျွတ်နိုင်လွတ်နိုင်ပါ့မလားဟဲ့”

“အဲဒါကြောင့် သရဲဘ၀အဖြစ်နဲ့များ သူ့အိမ်သူပြန်နေတာ နေနေမှာပေါ့”

အဲဒါကတော့နန်းစင်ချိုရဲ့ အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်သည့် နန်းကြာယုံနှင့်မြမြ၀င်းတို့၏လေသံ။

“ငါ့အထင်တော့ တို့သူငယ်ချင်း ဒေါင်းစိန်က သူ့မိန်းမကို အရမ်းချစ်တော့ ကားပေါ်ကကျသေတဲ့နေရာကနေ ခေါ်လာတာပဲဖြစ်ရမယ်”

“ဘယ်လိုပဲဖြစ်ဖြစ်ကွာ နန်းစင်ချို သရဲ ဒီအိမ်မှာရှိနေတာတော့သေချာပြီ”

“အိုကွာ ဘာပဲဖြစ်ဖြစ် ငါတို့ ချောင်းကြည့်ရအောင်”

ဒေါင်းစိန်၏သူငယ်ချင်း သံချောင်းနှင့်စိုင်ဇော်ထူးတို့၏ စူးစမ်းသံ ဒေါင်းစိန် အိမ်ပြန်မလာသော ညတည၊
မိုးနှင်းများကျပြီး အအေးဒဏ်ကလဲ လွန်ကဲချိန်ဖြစ်၍မိုးနဲတစ်မြို့လုံး တိတ်ဆိတ်နေချိန်ဖြစ်သည်။

အမှောင်ထုထဲမှာ ခွေးအူသံ တစ်ချက် ကြားရသည်နှင့် သံချောင်းတို့ ဒေါင်းစိန်၏အိမ်သို့ချဉ်းကပ်လိုက်သည်။
မှောင်ပြပြမီးဖိုချောင်ဘက်မှ အသံကြားရသဖြင့်နှစ်ဦးသား အာရုံစိုက်ပြီး အကြည့် သူတို့တွက်ထားသည့်အတိုင်း နန်းစင်ချို သရဲကိုတွေ့ရလေပြီ။
ထမင်းချက်သည်၊ ပန်းကန်ဆေးသည် ရေနွေးတည်သည်။ ရေအိုးတွေ ရေဖြည့်သည် လူဖြစ်စဉ်က လုပ်ခဲ့ပုံအတိုင်းလုပ်ဆောင်လေသည် ။
သို့သော် ဘုရားစင်ရှိသည့်ဘက်ကိုတော့ မသွားချေ…။

ထိုစဉ် ဒေါင်းစိန်ပြန်လာသည်ကို တွေ့ရသဖြင့် သံချောင်းတို့ပုန်းနေလိုက်သည်။
ဒေါင်းစိန်တစ်ယောက် သရဲ မနန်းစင်ချို ချက်ပြုတ်လုပ်ကိုင်သွားသည်များကို မတွေ့။
မည်သို့မျှမမှုသည့်အပြင် ပူပူနွေးနွေး ထမင်းဟင်းများကို အားပါးတရစားနေကြောင်းတွေ့ကြသည်။

“သံချောင်းမင်းတို့ မြင်တွေ့ခဲ့တာတွေက အမှန်ပဲလား”

“မှန်ရုံတင်ဘယ်ကမလဲ ဆရာရယ် မိုးနဲတစ်မြို့လုံးကလဲ သိနေကြပြီပဲဟာ”

အထက်ပါဖြစ်ရပ်မှန်များအား သံချောင်းတို့က စာရေးသူကိုပြန်လည်ပြောပြနေခြင်းဖြစ်သည်။
သို့ကြောင့်လဲ စာရေးသူကိုယ်တိုင်ပင် ဖြစ်ရပ်မှန်များထဲသို့ စူးစမ်းလိုစိတ်နှင့်ဝင်ရောက်ခဲ့ရလေတော့သည်။

“နေစမ်းပါအုန်း မင်းတို့သရဲမကိုတွေ့ရတယ်ဆိုတာက လူပုံစံနဲ့တွေ့လိုက်ရတာလား”

“အဲလိုတော့မဟုတ်ဘူး ဆရာရ၊ ဟိုအင်္ဂလိပ်ကားတွေထဲကလိုတော့ပုံစံကြီးနဲ့မတွေ့လိုက်ရဘူး အသံနဲ့လှုပ်ရှားမှုကိုပဲ သိရတာ”

“ကဲ ဒီကိစ္စကို ဒီတိုင်းထားလို့တော့ မဖြစ်ဘူး၊ မင်းတို့လည်း ဗုဒ္ဓဘာသာတွေမလား၊ ဆရာတော်ဆီ သွားလျှောက်ကြည့်မယ်လာ”

စာရေးသူက အသက်ကြီးသူပီပီ ဆရာလုပ်ကာ မိုးနဲမြို့ဘုန်းတော်ကြီးကျောင်းသို့ရောက်ခဲ့ကြရသည်။
အိုမင်းနေပြီဖြစ်သော ဆရာတော်ကြီးမှာ ရှမ်းလူမျိုးဖြစ်ပြီး မြန်မာစကားမတက်သဖြင့် စိုင်းဇော်ထူးက စကားပြန်လုပ်ပေးရသည်။

နန်းစင်ချိုမှာ မိမိ၏လင်သားနှင့် မိမိအိမ်အပေါ်စွဲလမ်းမှု ဥပဒါန်ကြီးပါးမှုကြောင့် အစိမ်းသရဲဖြစ်နေကြောင်း၊
ဖုတ်၊ ပြိတ္တာ သရဲတစ္ဆေတို့မည်သည် အချိန်ကြာမြင့်လာလျှင် အစွယ်ပါထွက်လာပြီး
တစ်ရွှာလုံးရှိ ကလေး သူငယ် လူအပေါင်းကိုဒုက္ခပေးတတ်ကြောင်း၊
နန်းစင်ချိုအား မြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊
ယင်းအပေါက်မှထွက်လာပြီး ရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း၊
မိမိတို့သံယာတော်များအနေဖြင့် ၀ိနည်းကိုစောင့်ထိန်းနေရသူများဖြစ်သောကြောင့် ဤကိစ္စကို
မည်သို့လုပ်ဆောင်ရမည်ကို မညွှန်းပြအပ်ကြောင်း မိန့်ကြားလိုက်လေသည်။

သို့နှင့် စာရေးသူ၏ အကြံပြုချက်ဖြင့် နန်းစင်ချို၏ယောကျာင်္းဖြစ်သူ ဒေါင်းစိန်ကိုခေါ်ယူကာ မြို့ခံလူကြီးများရှေ့မှောက်တွင် မေးမြန်းကြရတော့သည်

“သံချောင်းတို့ တွေ့ခဲ့ကြတယ်ဆိုတာတွေဟာ မှန်ပါတယ်၊ ကျနော်မိန်းမ ကျနော်ဆီပြန်လာနေတာကြာပါပြီ၊
လင်ခန်းမယားခန်းအနေနဲ့လည်း လူ့ဘ၀တုန်းကလိုပဲ နေခဲ့ကြပါတယ်၊
တခြားသူတွေကို သတိမပေးဘူးဆိုတာ ကျနော့်မိန်းမ ကို ကျနော်အရမ်းချစ်ပါတယ်၊ သူနဲ့ခွဲလိုက်မှာစိုးပါလို့ပါ”

ဒီတော့ စာရေးသူက တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒါဟာ ဒီတိုင်းဆိုရင် ရှေ့ရေးမမြင်ရသေးတဲ့ ဒုက္ခတွေများတယ် သူဒုက္ခဖြစ်နိုင်တယ်

ကဲ ဒေါင်းစိန် ဒီအခြေအနေကျမှတော့ မဖြစ်တော့ဘူး၊
မြို့နာမည် ရွှာနာမည်ဆိုတာကို ငဲ့ပြီး လူကြီးတွေ စီစဉ်တာကို မင်းလိုက်နာရတော့မှာပေါ့လို့
စာရေးသူက ခက်ပြတ်ပြတ်ပြောလိုက်မှ စကားပြတ်သွားသည်။
သို့နှင့် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားပြီး
ဆိုင်ရာပိုင်ရာ ကွင်းပိုင် နယ်ပိုင် သင်္ချိုင်းစောင့်အပါအ၀င် ပုဂ္ဂိုလ်အားလုံး၏ ခွင့်ပြုချက်နှင့်အတူ
နန်းစင်ချို၏ အလောင်းကို ဖော်ယူရန် တာဝန်ရှိသူတွေနဲ့ ပူးပေါင်းစီစဉ်ကြတော့သည်။

မြို့နယ်အတွင်းရှိ ရွှာနီးစပ်များမှ ဒီသတင်းကို ကြားသိသွားကြရာမှ အလောင်းဖော်မည့်နေရာတွင်
ဆိုင်ခန်းများပင် ရောင်းရလျှက် စည်ကားနေကြောင်း တွေ့ရသည်။
နန်းစင်ချို၏ ယောကျာင်္းဖြစ်သူ ဒေါင်းစိန် နှင့် သူ၏သူငယ်ချင်းများဖြစ်ကြသော
သံချောင်း စိုင်းဇော်ထူးတို့နှင့်အတူ စာရေးသူပါ စိတ်ဝင်တစားကြည့်ရူ့လေ့လာကြသည်။

နန်းစင်ချို၏အခေါင်းပုံကို ပုံမပျက်စေရန် မြေကိုတူးစွမတင်ကြပြီး မီးရို့နိုင်ရေးအတွက် ထင်းပုံပေါ်သို့တင်လိုက်ကြသည်။

“နန်းစင်ချိုအား မြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊
ယင်းအပေါက်မှထွက်လာပြီး ရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း” ဆရာတော် မိန့်ကြားခဲ့သည့်အတိုင်း
ကြည့် ကြည့်မိရာ အခေါင်း၏ ခေါင်းရင်း ဘက်တွင် အပေါက် ငယ် တစ်ပေါက်ကိုတွေ့လိုက်ကြရသဖြင
့် ကြည့်ရှု့သူအားလုံး တအံ့တသြဖြစ်သွားကြရသည်။

သေချာနေပြီဖြစ်သောကြောင့် သံချောင်းတို့အုပ်စုသည် အလောင်းအား ဓာတ်ဆီလောင်းကာ မီးရှို့လိုက်ကြလေတော့သည်…။

မီးတောက်များနဲ့အတူ နန်းစင်ချိုအားချစ်ခဲ့ရသည့်အချစ်မီးတောက်များမှာလည်း
ဒေါင်းစိန်၏ ရင်တွင်းဝယ် တောက်လောင်နေမည်မှာလည်း မလွဲဧကန်ပင်ဖြစ်မည်ဆိုခြင်းကို ငြင်းချက်ထုတ်စရာပင်မလိုတော့။

ထိုနေ့ ထိုရက်များမှ စပြီး မိုးနဲမြို့၌တစ္ဆေမလေး နန်းစင်ချိုအကြောင်း မည်သို့မည်မျှ မကြားရသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်ချိမ့်မည်။

ချစ်သူသက်တမ်းတစ်နှစ်ပြည့်အမှတ်တရ


 ချစ်သူ...အဝေးတစ်နေရာကကျွန်တော်ချစ်သူလေးသိရင်ကျေနပ်ပါပြီး....ချစ်သူဒီလောက်လေးနဲ့ကျေနပ်ပေးနိုင်ပါစေနော်....စက်မကောင်းတဲ့ကြာကနေရှိတာလေးနဲ့လုပ်ပေးခဲ့ရတဲ့အတွက်ချစ်သူနာလည်း
ပေးနိုင်ပါစေ....
 
ခဏခဏရန်ဖြစ်တတ်တဲ့ကျွန်တော်တို့ချစ်သူနှစ်ဦးအတွက် အကိုသောင်းရင်း ရေးပေးခဲ့တဲ့ဝန်ခံကဓိစာချုပ်ကိုလဲ
ချစ်သူအတွက်ပြန်တင်ပေးလိုက်တယ်နော်...

   ချစ်လေးမောင်အရမ်းချစ်တယ်ဆိုတာတစ်နေ့တော့သိလာမှာပါ....ဒီလောက်လေးနဲ့ကျေနပ်နှစ်သိပ့်နိုင်ပါစေနော်....

                                                                                                 

Monday, 24 December 2012

မိန်းကလေးစကားတစ်ခွန်းကြောင့်ယောက်ျားတစ်ယောက်ရဲ့ဆုံးဖြတ်ချက်ကိုပြောင်းနိုင်တယ်

မိန်းကလေးတစ်ယောက်ရဲ့မာယာရယ် နုတ်ထွက်စကားတစ်ခွန်းရယ်ပေါင်းလိုက်ရင် ယောက်ျားတွေဟာ တင်းမာတဲ့ နှလုံးသားတွေတောင် နူးညံ့သွားတော့တယ်။ မဟုတ်ရင် အလွန်တင်းမာသွားတတ်ပါတယ်။ လောကသဘာဝဖြစ်တဲ့နုတ်ထွက်စကားဝစီကံကလည်းလွန်စွာအရေးပါတယ်။

မိန်းမတစ်ယောက်ဟာ ဟန်ပန်အမူ အရာနဲ့အတူ ရမ္မက်ကို နိုးဆွရင် တော်ရုံတန်ရုံ ဖိုသတ္တ၀ါ ခံနိုင်ခဲ တယ်လေ။ မိန်းမတစ်ယောက်ရဲ့နှုတ်ထွက် စကားတစ်ခွန်းမှားရင်လည်း ဒုက္ခရောက်တတ်ပါတယ်။ဒါကြောင့်မိန်းကလေးဆိုတာ မိမိနုတ်ကထွက်သွားမဲ့စကားတစ်ခွန်းကိုဆိုခဲစေ မြဲစေ ပြောဆိုသင့်တယ်။ အရေမရ အဖတ်မရ အပြောင်အပျက်စကားမျိုးကို မပြောဆိုသင့်ပါဘူး ။ မိန်းမကောင်းဆိုတာ အပြောအဆို အနေအထိုင် ကစ ပြီးအစစအရာရာ ဆင်ခြင်နိုင်မှ တန်ကာလောက်ပဲ ကြပါတယ်။ စကားများများပြောတဲ့ အတင်းပြောတဲ့အရေမရ အဖတ်မရပြောတက်တဲ့မိန်းကလေးများကို ယောက်ျားကောင်းတွေက မရွေးချယ်တတ်ကြပါဘူး။

သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့အိမ်ထောင်တစ်ခုကို တည်ဆောက်မယ်ဆိုရင် ကျမတို့တစ်တွေဟာ အစစအရာရာကို သတိထားနိုင်မှတော်ကာကြပါတယ်။ မိန်းကလေးဆိုတဲ့ သဘာဝကိုက နူးညံ့သိမ်မွေ့မူ့ကျက်သရေရှိမူ့ သိက္ခာရှိမူ့ တည်ငြိမ်အေးဆေးမူ့ဆိုတဲ့ ကာဣနြေ္ဒတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားလို့ပါ ယဉ်ကျေးသိမ်မွေ့တဲ့မိန်းမတစ်ယောက်ဖြစ်ဖို့ ကျမတို့ဟာဘာသာယဉ်ကျေးမူ့ဆိုတဲ့ ထုံးထမ်းတွေနဲ့ ထိန်းချုပ်ထားနိုင်မှ အနေတော်လောက်ဘဲရှိပါတယ် ။ဒီလိုခတ်ခဲမူ့တွေနဲ့ပြည့်ကျပ်နေတဲ့ ကျမတို့ တွေရဲ့ မိန်းကလေး တစ်ယောက် ဘ၀ကို ဘယ်လိုအကြောင်းတရားနဲ့မှ မပျက်စီးစေသင့်ပါဘူး ၊ ဘာတွေနဲ့မှ မလဲလှယ်သင့်ပါဘူး နော်။ ဒါကြောင့်ရှေးလူကြီးသူမများက တင်စားပေးခဲ့တာပေါ့ မိန်းမတို့ဣနြေ္ဒရွှေပေးလို့မရလို့ ။

မိန်းမဘ၀ဟာ အသက်နဲ့သာမက အရှက်နဲ့လည်း ရှင်သန်လူလုပ်ရပါတယ်။ မိခင်လက်ဟာ ကမ္ဘာကိုအုပ်စိုးမဲ့လက်ပါ ။ သားမြတ်သမီးမြတ် တွေကို ပျိုးပေးတဲ့ပျိုးခင်လေးတခုပါ။ လူ့လောကကြီးဟာ မိန်းမတွေရှိမှ သာတည်မြဲနေမှာ အမှန်ပါ။ မိန်းမ မရှိရင် ကမ္ဘာလည်းမရှိ ယဉ်ကျေးမူ့လည်းမရှိနိုင်ပါဘူး။ ခိုင်မြဲတဲ့စိတ်ဓာတ်က မိန်းမတွေမှာဘဲ၇ှိတယ်။ မိန်းမမြတ်ဆိုတာ ငွေပေးလည်း မရနိုင်ဘူး ရွှေခိုင်နဲ့ရိုက်ချိုးလည်းမချိုးလည်း မကျိုး နိုင်တာ မိန်းမပါ ။ သစ္စာ မေတ္တာ သမာဓိဟာ မိန်းမမြတ်တွေမှာဘဲရှိတယ်။

မိန်းမမြတ်တွေရဲ့ အရည်အသွေးမှာ မိန်းမတော်ဖြစ်ရုံနဲ့မရပါဘူး ။ မိန်းမကောင်းဖြစ်ရတယ်။ မိန်းမမှန်ဖြစ်ရတယ်။ ဒီလိုတော်ခြင်းကောင်းခြင်းတွေမှန်ခြင်းတွေပြည့်စုံမှသာ မိန်းမမြတ်စာရင်းဝင်နိုင်ပါတယ်။ဒါကြောင့် မိန်းမတစ်ယောက်ရဲ့နုတ်ထွက်စကားတစ်ခွန်းဟာသိပ်ကို အရေးပါအရာရောက်ပါတယ်။ စကားတစ်ခွန်းကြောင့်လူတစ်ယောက်ကို မသေနိုင်ဘူးလို့တော့ အမိတို့ပေါ့ပေါ့လေး မတွေးမိစေချင်ပါဘူး ဒီအကြောင်းလေးနဲ့ပတ်သက်လို့ အင်းဝခေတ်က အများသိတဲ့ရှင်ဘို့မယ်ခေါ် စောဘို့မယ်အကြောင်းလေး ပြောပြချင်ပါတယ်။

ရှင်ဘို့မယ်ဟာတော်ရုံတန်ရုံ ပါရမီထူးတာမဟုတ်ဘူးနော် မင်းငါးဆက်ကြီးများတောင် တော်ကောက်တော်မူခံ၇တဲ့ မိဘုရားတစ်ပါးပါနော်။ ငါးယောက်ဆက်တိုက်ကြိုက်ဖို့ဆိုတာမလွယ်တဲ့ကိစ္စပါ။ ရှင်ဘို့မယ်ဟာ ရှေးစာတွေအရ အလွန်ချောတယ် လှတယ် လှရုံပဲလားမဟုတ်သေးဘူး ဟန်ပန်ကကြွကြွရွရွ ပြောရေးဆိုရေးကလည်း ချိုမှချို လူမူ့ရေးဘတ်ကြည့်အုံးမလား ဟာကွတ်မရှိပြည့်စုံလွန်းလှတယ် ။ နန်းတွင်းရေးမှာလည်း ခြယ်လှယ်နိုင်တဲ့အထိ သြဇာကြီးမားခဲ့တယ် စာကဆိုထားတယ်လေ။ သူမကို မင်း ငါးဆက်လုံးကချစ်ခင်တွယ်တာခဲ့တယ်။

ဘုရင်မင်းခေါ်င်ကမြတ်နိုးသလို သီဟသူက တွယ်တာတယ် ။ မင်းလှငယ်ကမေတ္တာ၇ှိသလို ကလေးကျေးတောင်ညို က သစ္စာထားခဲ့တယ်။ နောက်ဆုံး မိုးညှင်းမင်းတရားကြီးကလည်း ချစ်မေတ္တာ မပျက်ယွင်းခဲ့ပါ။ဒီလောက်ကံထူးတဲ့မိဘုရားနော် မင်းငါးဆက်ကြီးများတောင် နှစ်သက်သဘောကျတော်မူခဲ့တာဆိုတော့ တွေးသာကြည့်ပေါ့နော် ဒီမိဘုရားဟာ ဘယ်လောက်များတော်လည်း ဆိုတာကိုလေ ။ အင်းဝမင်းဆက် မင်းခေါင်ဟာ ဟံသာဝတီစစ်ထိုးအပြ်ီး အခြေမလှလို့ ဆင်နဲ့ထွင်ပြေးရာမှာဆင်ပေါ်ကနေ မိဘုရားကကျခဲ့ရတယ်လေ။ မိဘုရားအဖြစ်ကလည်းဆိုးပါ့နော်။ ဆင်ကဲတစ်ယောက်ကတွေ့လို့မိဘုရားကို ကောက်ပြီးခ်ါလာတယ်။ ဘုရင်အဖြစ်ကလည်းမိဘုရားတောင် မကောက်နိုင်အောင်ပြေးရရှာတာလေ။ ကောက်လာတဲ့ဆင်ကဲကလည်းရိုးရိုးအအ။

လှပပြောပြစ်တောင့်တင်းလွန်းတဲ့မိဘုရားကိုစိတ်နဲ့တောင်မပြစ်မှာဘူး ။ လင့်စင်ပေါ်တင်သိပ်ပြီး သူကမြေပြင်မှာအိပ်ရှာတယ်။ နောက် ရက်တော်တော် လွန်မြောက်တော့မှ ဘုရင်ဆီကို မိဘုရားအပ်တာပေါ့ ။ဘုရင်ကလည်းသူပစ္စည်းပြန်ရတော့ဝမ်းသာရှာတာပေါ့နော်။ဒါပေမဲ့ယောက်ျားတို့ထုံးစံပဲလေ ဒီလောက်လှတဲ့ချောမောတောင့်တင်းလွန်းတဲ့မိဘုရားနဲ့ဆင်ကဲအပေါ်ကို စိတ်ကတော့စနိုးစနှောင့်ပဲ။ဖြစ်ချင်တော့ လှပလွန်းတဲ့မိဘုရားရဲ့နုတ်ထွက်စကားတစ်ခွန်းကြောင့် ပြဿနာအကြီးကြီးဖြစ်သွားတယ်လေ။ ရှင်ဘို့မယ် မိဘုရားကကွမ်းသီးညှပ်ရင်း လက်ကို ညှပ်မိသွားတော့ အလို ဘုရားရေလို့ တရမဲ့အစား အလို ဆင်ကဲရေတဲ့လေ ဒီဘာမဟုတ်ဘူးလို့ကိုယ်ထင်ထားတဲ့စကားတစ်ခွန်းကြောင့် မိဘုရားဟာ သူကို ကယ်ခဲ့တဲ့အသက်သခင်ကျေးဇူး၇ှင်ရဲ့အသက်ကိုပေးလိုက်ရတယ်လေ။ဘုရင်အမြတ်ကအကြောင်းသုံးပါးမရွေးဘူးတဲ့ ။ ယောကျာ်းတို့ထုံးစံ သူတို့ကသာ လုပ်ချင်ရာလုပ်မယ် မိန်းမတစ်ယောက်မှားယွင်းသွားရင် ခွင့်လွတ်နိုင်မူ့စိတ်ထားက မိန်းမတွေကို မတုမှီနိုင်ပါဘူး။ အဆိုကတော့ ယောက်ျားချစ်ခြင်း ဆံတစ်ချည်မျှင်တင်းတောင် မခံနိုင်ပါဘူး။

ဒါကြောင့်လေ မိန်းမတစ်ယောက်ရဲ့နုတ်ထွက်စကားတစ်ခွန်းဟာ ဘယ်လောက်များအရေးပါအရာရောက်လိုက်သလဲဆိုတာဒီအဖြစ်လေးကို ကြည့် ပါ။ မိန်းမကောင်းမိန်းမမြတ်ဖြစ်ဖို့အတွက် ကျမတို့မှာစကားတစ်ခွန်းကစ အရေးပါလှပါတယ်နော်။မိန်းကလေးတော်တော်များများဟာ ဘာသာယဉ်ကျေးမူ့ကို တန်ဘိုးထားရမှန်းမသိတော့လောက်အောင်ကို မေ့ယော့စွာပြုမူနေထိုင်တတ်ကြတယ်လေ

စာရေးသူပြောချင်တာက လေ မိန်းကလေးဆိုတာ သိပ်ကို တန်ဘိုးကြီးလွန်းပါတယ် ။ အလှအတွက်နဲ့မာန်မတက်နဲ့ ဓနဥစ္စာအတွက်လည်းမာန်မတက်ပါနဲ့ ပညာအတွက်နဲ့လည်းမာန်မတက်ကြပါနဲ့ ထိန်းသိမ်းသင့်တဲ့မိန်းမတစ်ယောက်ရဲ့ဣနြေ္ဒသိက္ခာကိုလည်းဘာနဲ့မှရောင်းမစားပါနဲ့၊ ကိုယ်သာအနေမှန် စကားမှန်ရင်၊ ရွေထက်အဘိုးတန်အမျိုးမှန်ပြီး ဒီမိန်းကလေးကိုမှ မရရင် မနေနိုင်တော့ပါဘူးအသက်မရှင်ချင်တော့ပါဘူးလို့ဆိုလာမဲ့ ဖိုသတ္တ၀ါတွေကြီးပါလို့။ ကိုယ့်ရဲ့စောင့်စည်းရမဲ့နုတ်ထွက်စကားကိုမစောင့်ထိန်းနိုင်ရင် ကိုယ့်ကြောင့်ဒုက္ခရောက်သွားနိုင်တယ်ဆိုတာလေးကို သတိချပ်ပြီး အမျိုးမှန် အဘိုးတန်တဲ့ ဘာနဲ့မှဝယ်လို့လဲလှယ်လို့မရတဲ့မိန်းမကာင်းမိန်းမမြတ်တွေ ဖြစ်ကြပါစေလို့။

******* တော်ဝင်သော မိန်းမမြတ်လေးများဖြစ်စေချင်သော ဆန္ဒမှန်ဖြင့်*******

Thursday, 20 December 2012

♥♥♥ချစ်သူဆီ....ချစ်သ၀ဏ်လွှာလေးပါးလိုက်တယ်♥♥♥



ချစ်ရသူရေ......
ချစ်သူတွေက..သူငါအပြိုင်.
.ကိုယ်ချစ်ရသူကိုဘယ်လိုချစ်ကြောင်း.
.ချစ်သူလေးကကိုယ့်ဘ၀အတွက်
ဘယ်လိုအရေးပါးကြောင်းရေးထားလိုက်ကြတာ...
အို..ချစ်ခြင်းတွေပြည့်နေပါရောလေ....
ချစ်သူရေ....ရှင်းလည်းလေ..ချစ်ရသူလေးအတွက်..ချစ်သ၀ဏ်လွှာလေးတစောင်ပေးလိုက်ချင်ပါရဲ့
.စာပန်းချီတွေရေးဖွဲ့လို့တောင်မကုန်နိုင်အောင်ပါပဲ..ချစ်ရသူရေ


အချစ်ကိုလူတွေကဘယ်လိုပင်ဖွဲ့ဖွှဲ.....တို့နှစ်ယောက်အချစ်က....နယ်မြေတွေခြားပေးမယ့်.
..တို့နှစ်ယောက်ကိုဆက်သွယ်ပေးတဲ့..
ဟောဒီ.....လေလှိုင်းလေးရှိတယ်လေ....
လေလှိုင်းလေးကတောင်တို့နှစ်ယောက်ကိုသ၀န်တိုနေကြပြီ..ချစ်ရသူရေ....
ကွန်ပျူတာလေးကတောင်...ကြည့်မရဖြစ်နေပြီ....
ဘ၀တခု..ရည်မှန်းချက်တခုကြောင့်သာ...ဝေးနေရပေမယ့်...တို့နှစ်ယောက်နှစ်လုံးသားက..နီးနေပါတယ်ချစ်သူ။


ချစ်သူရေ...တို့နှစ်ယောက်သစ္စာတွေခိုင်မြဲစို့နော်...
ချစ်သူရေ...
ရှင်းရဲ့ဆန္ဒကလေ....ကိုယ်ချစ်သူကိုပဲတဘ၀လုံးချစ်ချင်တယ်..
.ချစ်သူဆိုတာ..ရင်ထဲကအချစ်စစ်၊အချစ်မှန်၊
မြတ်နိုးတွယ်တာမူတွေနဲ့နားလည်မူ..သံယောဇဉ်ကိုအခြေခံပြီးတည်ဆောက်ခဲ့ပြီမှ
ချစ်သူဆိုတာဖြစ်လာခဲ့တာနော်...
ချစ်သူရယ်ဖြစ်လာပြီဆို....ကိုယ်ဘ၀လက်တွဲဖေါ်အဖြစ်သတ်မှတ်လိုက်ပြီဆိုမှတော့ဘ၀အတွက်
ရည်ရွယ်ချက်ရှိလာပြီအနာဂတ်ရှိလာပြီ  ကိုယ်ချစ်သူပေါင်းဖတ်ဖို့ဆန္ဒတွေရှိလာပြီ
ချစ်သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘ၀အတွက်
ရှေ့ဆက်ဘာပြင်ဆင်ကြမှာလဲဘယ်လိုနေမှာလဲအများကြီးပေါ့
ချစ်သူကအလုပ်တွေများလိုမေ့နေရင်တောင်စိုးရိမ်ပူပန်မူအပြည့်ပေါ့အဲလိုအချိန်မှာ
ချစ်သူကများအဆက်ဖြတ်သွားရင်တော့
ရှင်းအနာဂတ်ပျောက်သွားနိုင်တယ်၊စိတ်ကူးအိမ်မက်တွေပျက်ယွင်းသွားလိမ့်မယ်ချစ်သူရယ်


ချစ်သူမှာလှတာမလှတာမရှိဘူး၊ဂုဏ်မရှိဘူး၊ပြိုင်ဆိုင်မူမရှိဘူး၊မာန်မာနကင်းမဲ့တယ်
တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်၊သစ္စာခိုင်မြဲကြတယ်
အချစ်အတ္တလည်းမရှိဘူးချစ်သူ့ကိုချစ်နေရရင်ပဲကျေနပ်ပါတယ်...ချစ်သူ်
ကိုယ်ကချစ်သလိုကိုယ်ချစ်သူကဂရုစိုက်တာ၊ကြင်နာတာ၊မြတ်နိုးမူရချင်တယ်
ဒါမိန်းကလေးတွေသဘာဝလေ
ချစ်သူကိုလည်းပြန်ချစ်စေချင်တယ်ကိုယ်ချစ်သလောက်ပေါ့....
သံယောဇဉ်တေ၊ွမေတ္တာတွေ၊တွယ်တာမူတွေ၊တမ်းတမူတွေ၊သတိရမူတွေ၊
လွမ်းဆွတ်တွေအားလုံးပါဝင်နေတယ်..........
ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့
ချစ်သူအတွက်အရာရာကိုရင်ဆိုင်ရဲလာတယ်
မိဘတွေကချစ်သူကိုမတွေဖိုတားရင်တောင်အမျိုးမျိုးအကြောင်းပြချက်နဲ့ချစ်သူကိုတွေချင်တယ်
အမှားတခုခုလုပ်ခဲ့ရင်တောင်ခွင့်လွှတ်နိုင်တယ်.....ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့


ချစ်သူကိုပျော်ရွင်မူတွေပေးချင်တယ်
ချစ်သူနဲ့တွေ့ရင်....ရင်တွေခုန်နေတာမိတာပေါ့ချစ်သူရယ်....
ချစ်သူရယ်....
ရှင်းကလေ..ချစ်သူအတွက်ပထမဆုံးချစ်သူမဟုတ်ခဲ့ရင်တောင်...နောက်ဆုံးချစ်သူဖြစ်ပါစေရှင်။
ချစ်သူအတွက်

ချစ်သ၀ဏ်လွှာလေးပါးလိုက်တယ်။
ချစ်သူတိုင်းအတွက်မျှော်လင့်ချက်မနက်ဖန်တိုင်းကရှင်သန်နေမှာပါ
အားလုံးကိုလေးစားလျှက်

Friday, 16 November 2012

ယောက်ျားတွေအကြောင်းတစေ့တစောင်း(( မိန်းကလေးများအတွက် ))



 

ယောက်ဖ ဟိုစော်က လန်းတယ်ကွာ  လန်းရင်လိုက်ကွာာာာာာာ
ကိုယ် ကယောက်ျားလေး အရှုံးမရှိပါဘူး  (( အရှုံးရှိပါတယ် စဉ်းစားကြည့်ရင်))
လိုက်လို့ ကောင်းမလေး ပြန်မကြိုက်ရင် ဘာပြောတယ်မှတ်
အဲ့ ကောင်မကွာ မာန ကကြိး မာယာ ကများသေးတယ်တဲ့
ကောင်းကြသေးရဲ့လား   မရတော့ ပြောလိုက်တာ ကောင်မလေး မျာ ရစရာမရှိတော့ဘူး
နောက်ရှိပါသေးတယ် မိန်းမ မာယာ သဲကိုးဖြာ တဲ့
မိန်းမ တွေ မာယာ ဘယ်လောက်များတဲ့အကြောင်း
တကယ်တမ်း မိန်းမ မာယာထက်ကြောက်ဖို့ကောင်းတာက
ယောက်ျားမာယာ ပဲ့  ယောက်ျားလေး တွေ မာယာသုံးကြည့် မိန်းကလေး တွေလိုက်မမိဘူး

ကိုယ် မင်း ကို တကယ် ချစ်တာပါကွာ (( လေပဲစိုက်ရတာ ))

ချစ်ကလည်း စိတ်မဆိုးပါနဲ့ကွာ ကိုယ်မနေတက်ဘူးချော့လိုက်တာ

(( လိုချင်တာ မရသေးတဲ့အချိန် ))

လိုချင်တာမရသေးချိန်တော့ ချစ်သူအလိုကျပဲ

ကို ဆေးလိပ်မသောက်နဲ့   (((  ဟုတ် )))

ကို အရက်မသောက် နဲ့     (((( ဟုတ်ကဲ့ )))

လိုချင်တာများ ရပြိးလို့ကတော့  ချစ်သူ ကောင်မလေး
မကြိုက်တာလုပ်ကြတာပဲ

ကောက်လည်း ကောက်ကောက်    စိတ်ဆိုးလည်း  ဆိုးဆိုး

လိုချင်တာက ရပြီးပြိလေ  အဲလိုမျိုးဗျ။

ယောကျာ်းလေးတိုင်းတော့ ဟုတ်ဖူးနော်

အမ ညီမ တို့ကို ကျွန်တော် ပြောချင်တာက

ကိုယ် ချစ်သူ ကို ချစ်မယ်ဆိုရင်   50% နူန်း ပဲ ချစ်

ကျန်တဲ့  50 %  က  ကိုယ် ကို ကိုယ် ပဲချစ်ပါ

ယောက်ျားလေး တော်တော်များများဟာ မိန်းကလေး တစ်ယောက် ကို

100 % နူန်း ချစ်တယ် ဆိုတာ ရှားတယ်ဗျ   50 % နူန်းပဲ ချစ်ကြတယ်

ကျန်တဲ့  50 %  နူန်းက နောက်တစ်ယောက်အတွက်

တစ်ယောက်မကောင်း တစ်ယောက်ပြောင်းပေါ့ဗျာ    အဲ့လို အဲ့လို

အမ ညီမ တို့ ကို နောက်တစ်ခုပြောချင်တာက 

ကိုယ် ချစ်သူ ကို ဘယ်လောက်  ချစ်ချစ်

ကိုယ် ကို ကိုယ် တန်ဖိုးထားပါ 

ယုံပြီး ဘ၀ တစ်ခုလုံးတော့ မပုံအောလိုက်ကြပါနဲ့

ရှေးတုန်းက မြန်မာ အမျိုးသမီးတွေဟာ အပျိုစင် ဘ၀ ကို တန်းဖိုးထားတယ်

မင်္ဂလာဥိး ည ကို တန်ဖိုးထားကြတယ်

ခုခေတ်တော့ အဲ့ တန်ဖိုးမထားကြတော့ဘူး

ချစ်မယ် ချစ်ပြိးရင် ဖြစ်မယ် ဖြစ်ပြိးရင် လမ်းခွဲကြမယ်

ဒါ ခုခေတ် ချစ်သူ တိုင်း ရဲ့ နိယာမ ပဲ့

ခေတ်ကြီးဘယ်လောက်ပင် တိုးတက်နေပါစေ

ရှေးထုံးလေးတော့ မပယ်လိုက်ကြပါနဲ့ဗျာ

ကိုယ် ကို ကိုယ် တန်ဖိုးထားတက်ကြပါစေဗျာ

အချစ်တို့၏ မာယာ


အချစ်ဆိုတာ..တစ်ခါတစ်ခါ
မာယာများတယ်နော်......

    သိပါစေ..ဆိုပြီး

ပြောမည့်စကားတစ်ခွန်း

အညွှန်းကရွရွလေး

အမွှန်းကလှလှလေး

ခဏခဏတွေးပြီး..အပြောကျင့်တယ်

အစဉ်သင့်ရင် လိုရာလေးတောင်းမှာ

အဖြေကောင်းရင်လက်တွဲခေါ်မှာလေ

ကဗျာကလေးတွေပါသီကုံးပြချင်သေးတာ

တညတာလုံးစိတ်ကူးလေးနဲ့လန်းခဲ့

နှင်းဆီပန်းတစ်ပွင့်  နီနီလေးကိုင်

ငိုင်ငိုင်ကလေးကျောင်းရှေ့မှာထိုင်

အပိုင်တော့မတွေးထားပါဘူး

တစ်ဘ၀လုံးအရေးမို့ရင်မှာထိတ်မိတာပါ

သည်ခြေသံလေး....အဲဒီခြေသံ ခပ်ပြင်းပြင်းက

နားမှာရင်းနှီးပြီးသားမို့မော့အကြည့်

မှတ်မိနေတဲ့လမင်းလေးပါ

မျက်မာန် တင်းတင်းလေနဲ့စူး ရှရှကြည့်နေတာ

လက်ထဲမှာလည်းနှင်းဆီတွေတပိုက်ကြီးနဲ့

ဖြူ ၊နီ၊ ၀ါ ၊အငုံ၊ အပွင့် ၊အကြီး၊အသေး စုံလို့

`` ရှင်လည်းဘဲ ကျမကို ကြိုက်တယ် ပြောမှာလား ´´ တဲ့

စကားတခွန်းပျောက်သွားတယ်

တချိန်လုံးရင်ထဲမှာရှိနေတာ....ခုလေးတင်

လည်ချောင်းဝမှာပျောက်သွားတာ...

`` ဘာစကားလည်း...

ဘာလို့  ပျောက်သွားတာလည်း  ´´

မမေးပါနဲ့

မရှိတာကိုလည်းတောင်းလို့မရဘူး

မယူချင်တာကိုလည်းပေးလို့မရဘူး

မခေါ်ချင်တာကိုလည်းသွားလို့မရသလို

မလာချင်တာလည်းခေါ်လို့မရဘူး

 ဘာလို့လည်းမမေးပါနဲ.

 မဖြေချင်တာကိုလည်းမေးလို့မရပါဘူ

 အခုတော့ ... မကြားချင်တာကိုပြောမိနေပြီ

ထားလိုက်ပါတော့.....ပျော်ရွှင်ပါစေ.နော် .´´

နှုတ်ဆက် ခဲ့တာလေ...

ဘာတစ်ခုမှမရခဲ့ပေမည့်

ဘာမှန်းမသိတာတွေအများကြီးကျ ကွဲကျန်ခဲ့တာပါ

ရင်ဘတ်ထဲကမီးခဲ..ခပ်ရဲရဲတောက်နေချိန်

`` အကို...ခဏလေး.....

အကို့လက်ထဲကပန်းကလေး..

ကျမကို  ပန်ခွင့်ပေးပါလား  ´´  တဲ့

နေ့ခင်းကြီးမှာ..လသာသွားတာ

လူတကာကိုပြောပါနဲ့..နော်..ပျော်လိုက်တာ...

ဒါပါဘဲ

အချစ်ဆိုတာ..တစ်ခါတစ်ခါ

မာယာများတယ်နော်...။

Saturday, 10 November 2012

မမ မချစ်တဲ့ကောင်လေးတစ်ယောက်အကြောင်း


အစ်မကြီး  ဂွတ်ဘိုင်  အော်မဟုတ်သေးပါဘူး ဂွတ်မောနင်း  ဒါမှမဟုတ် ဂွတ်နိုက်ပါ
 

ဝေးကွာခြင်း၇လဒ်တွေမချိုမြိုင်မှန်းသိခဲ့ရချိန်မှာနောက်ဆုတ်လို့မ၇တော့ဘူး ကျားအမြီးဆွဲသလိုဖြစ်နေပီ
ဒဏ်ရာမဟုတ်လောက်ပေမယ့်ပုံမမှန်ဟုတ်တော့တဲ့အသည်းငုံလေးဟာ မမကြိးနဲ့ဝေးကတည်းက နေလောင်ဒဏ်မခံရပေမယ့်မျက်ရည်မိုးတွေကြောင့်မလန်းတော့မှန်း
မမကြီးသိပါရဲ့လား
အချစ်တစ်ခုပျိုးမိလို့အလွမ်းဘု၇င်အဖြစ်နဲ့အသွင်မတင့်ကျောက်စာမထိုက်တဲ့ဒီကောင်လေးကို ဒိုင်ယာရီတစ်အုပ်ထဲမဟုတ်တောင်နောက်ဆုံးစာမျက်နှာမှာ
တစ်နေ၇ာစာတော့ပေးသင့်ပါတယ်
မမကြီးလို့အော်ခေါ်နေသူတစ်ယောက်ကိုပြန်လှည့်မလာခဲ့၇င်တောင်ဒဿဂီရိ၇ာမအပေါ်ကိုကြည့်သလိုမျက်စောင်းတစ်ချက်လောက်တော့ပစ်ခဲ့သင့်ပါတယ်
ဒဿဂီရိ ရာမကိုကြည့်တာမြင်ဘူးရဲ့လား မမြင်ဘူးရင်မမကြီးသိတဲ့၇ာမကိုခေါ်လာခဲ့ပေါ့  ဒီကောင်လေး ဒဿဂီရိ အကြည့်ဆို  အာဇုံဘဲ
အခုလိုဝေးကွာနေရတဲ့  စက္ကန့်တိုင်းဟာ ဒီကောင်လေးအတွက် နှလုံးသားငရဲအိုးအ၀မှာလေးဘက်ငါးဘက်တောက်နေ၇သလိုပါဘဲ
စက္ကန့်တိုင်းဟာလဲရိုင်းလွန်းတဲ့ကံကြမ္မာကြောင့်တစ်ထောင့်ပီးတစ်ထောင့်ပြေးလွားနေရသလိုပါဘဲ.....
လောကမှာရှိသမျှကဗျာတွေစာတွေဖွဲ့ ပေမယ့်မပြီးမြောက်တဲ့အချစ်ပဟေလိပုစ္ဆာတစ်ခုနဲ့ ဒီကောင်လေးနှလုံးသားဆိုလား  အသည်းဆိုလား  အဲဒီမှာရှိနေမှန်းစသိမိတာနဲ့
ဒီကောင်လေး ဒိုင်ယာရီမှာအသွင်မတင့်ထိုက်တဲ့ မမ မင်းသ္မီးဟာ စိုးမိုးလို့နေပီ
ဒီကောင်လေးရဲ့ဒိုင်ယာ၇ီဟာ ကဗျာလဲမဆန်ပါဘူး စာလဲမဖွဲ့ လောက်ပါဘူး ကြယ်တွေလောက်တောင်မထွန်းပနိုင်ပေမယ့်  မမကြီးအလိုရှိမယ်ဆိုရင်
အ၇ာ၇ာကိုဖန်ဆင်းပေးနိုင်တဲ့ဝိသကြုံနတ်သားလိုဖန်ဆင်းနိုင်မှာပါ........
အမှန်ဆို၇င်ငါ့လိုချစ်တတ်တဲ့လူငါဘဲရှိတဲ့ဥစ္စာ မမကြီးအသိအမှတ်ပြုသင့်ပါတယ်..
ကမ္မည်းမထိုက်ပေမယ့် အဖြေတစ်ခုအတွက်ထိုက်တန်မယ်ထင်ပါတယ်..
အစကတည်းကသိခဲ့ပါတယ်  အချစ်ဆိုတာမီးပင်လယ်မှန်းကိုပေါ့   ဒါပေမယ့်လည်း
ဘယ်လိုမှ ပိတ်ပင်လို့မရခဲ့တဲ့အချစ်တွေဟာေ၇စီးကမ်းပြိုပါပဲ...
အချစ်ဆိုတာမီးပင်လယ်မကေ၇ထောင်ဖြစ်နေပါစေ ဆက်ပီးချစ်နေအုံးမှာပါ   ..
အမေသင်ပေးခဲ့တဲ့စကားတွေထဲမှာချစ်တယ်ဆိုတာမပါခဲ့ပါဘူး  ဒါပေမယ့်လည်း 
အခုချိန်မှာချစ်တယ်လို့ပဲထပ်ထပ်ခါခါပြောနေချင်တော့တယ်...
အခုတစ်လော ဘာဖြစ်နေမှန်းမသိတော့ပါဘူး လူတွေကိုလဲနတ်လိုဘဲမြင်နေ၇တယ်
ဟန်းဖုန်းသံကြားတိုင်းဗုံးပေါက်တော့မလားလို့ပြေးနေ၇တာလဲအမောပါဘဲ...ဒါပေမယ့်လည်း
မမကြီးကိုသတိရနေတာပါဘဲ..
တစ်ချို့ လူတွေဆိုဟားတိုက်ရီမောတိုင်းသွားတွေဟာတံတိုင်းလားမှတ်၇တယ်..
ရိုင်းလွန်းတဲ့ကံကြောင့်  ပြောင်းဆန်သွားတဲ့နှလုံးသားဟာလမ်းမထက်မှာပက်လက်မှောက်ခုန်ပေါ့်..
ဝီစကီမဟုတ်တဲ့နီကျင်ကျင်ေ၇နွေးကြမ်းကိုသောက်ပီး(ဒီကောင်လေးဟာ)လွမ်းပင်လယ်အောက်  ဒါမှမဟုတ်
ထန်းပင်အောက်မှာရုပ်သီးကြိုးပြတ်ပေါ့ ..
အလွမ်းတွေတစ်ပွေ့ တစ်ပိုက်နဲ့အိပ်၇ာထက်မှာခေါ်င်းအုံးတစ်လုံးနဲ့နပန်းလုံး၇တာလဲ
သူတစ်ပြန်ကိုယ်တစ်လှည့်ပေါ့..
နှလုံးသားဒဏ်ရာက အစွမ်းပြလာတော့အနားမှာပြန့်ကြဲနေတဲ့သွေးတွေဟာ ကွမ်းတံထွေးလားမှတ်၇တယ်..
မမကြီးေ၇  ကူညီပါအုံးလို့ဘဲပြော၇မလား  ဒါမှမဟုတ်
ဒီကောင်လေးချစ်တဲ့အကြောင်းတွေကိုအေ၇းမလုပ်တောင်အချစ်ရဲ့၇လဒ်ဟာ အမုန်းမဖြစ်သင့်ပါဘူးဗျာ.....
နားလည်ပေးပါ...

Sunday, 4 November 2012

လမ်းခွဲခြင်း

အသေးအမွှားဆိုပေမယ့် မာနတွေ ပါသွားခဲ့ရင် လမ်းခွဲတယ်ဆိုတာ
   ခဏလေးပါပဲ... နောင်မှနောင်တမရပါစေနဲ့။
       ချစ်သူနဲ့ ကွဲတာ ကမ္ဘာပျက်မသွားနိုင်ပါဘူး...       
          တကယ်ချစ်မိသူနဲ့ ကွဲရင်တော့ ကမ္ဘာပျက်တာထက် ပိုဆိုးပါတယ်။
              အကြောင်းမတိုက်တော့လို့ လမ်းခွဲရရင်တောင် အကြောင်းတိုက်ဆိုင်လို့ ပြန်တွေးမိတိုင်း လိပ်ပြာလုံးပါစေ...။
                     ချစ်သူရည်းစား သစ္စာကို ကျိန်စာမဖြစ်ချင်ရင်တော့ စတင်ကျောခိုင်းခဲ့သူ ကိုမဖြစ်ပါစေနဲ့..
                          သူငယ်ချင်းတို့ရေ...

Wednesday, 31 October 2012

((((((( သီတင်းကျွတ် လပြည့်နေ့ )))))))


ဒီနေ့
မြည်တာချင်းတူပေမဲ့
သွေးပျက် ခြောက်ခြားစရာဖြစ်တဲ့
အသံဗလံကြား သူပျော်ပါစေ
အုန်း  ဒိုင်း ဒုန်း နဲ့
ငါ တို့ဆီမှာ ဟိုမှာ ဒီမှာ
ပျော်ရွှင်ကြတယ်
ရောင်စုံမီးတွေကြား
ချစ်သူ တို့ပျော်ကြတယ်
အထိးကျန်သူကတော့
အထိးကျန်တာပါပဲ
မငြိမ်းချမ်းတာမှ မဟုက်ပဲ
ငြိမ်းချမ်းမှုကို မရှာဖွေကြတဲ့
နယ်မြေသူကြိးပြင်းခဲ့တာ
သူ ကျေနတ်တယ်တဲ့
ဒီနေ့
ငါ မပျော်ဘူးးး
ဘာလို့ ဘာကြောင့် ငါ မသီဘူး
မျှောလွင့်နေတဲ့ အတွေးထဲမှာ
သေနတ်သံပဲ ကြားနေတော့တယ်
ဒီနေ့
လသာတယ် ဗိုင်းမငင်ဘူး
သတိရတဲ့ အကြောင်း
ကဗျာ တွေအဖြစ် အန်ထုတ်မယ်။

မိန်းမတို့၏ကောင်းခြင်း(၅)ဖြာ

မိန်းမတို့၏ကောင်းခြင်း(၅)ဖြာ
(၁) ဆံပင်၏ကောင်းခြင်း
-ဥဒေါင်းမြီးကို စည်းနှောင်ထားကဲ့သို့ ညီညွတ်ခြင်း
-အရောင်အဆင်း သန့်ရှင်းတောက်ပလျက် မည်းနက်ခြင်း
-ထွေးယှက်လိမ်ကောက်မှုမရှိခြင်း
-ပကတိအားဖြင့် ဆံပင်တို့သည် ရနံ့သင်းပျံ့ခြင်း
-ဆံပင်ကိုဖြေချသော် ခြေဖနောင့်အထိရှည်လျားပြီး ဆံပင်သည်မြေသို့မထိဘဲ သားလှီးဓားကဲ့သို့
ကော့ညွှတ်တတ်နေခြင်း
(၂) အသား၏ကောင်းခြင်း
-နှုတ်ခမ်းသည် ဆေးမဆိုးဘဲ နီမြန်းသော နှုတ်ခမ်းရှိခြင်း
-အထက်အောက်နှုတ်ခမ်းတို့သည် ကောင်းစွာစေ့စပ်သည်ဖြစ်ပြီး ထိနေခြင်း
-လက်ဖဝါး၊ခြေဖဝါးတို့သည် ချိပ်ရည်ဖြင့်တင်ထားသကဲ့သို့ နီမြန်းနေခြင်း
(၃) အရိုး၏ကောင်းခြင်း
-သွားတို့သည် မခေါမပေါ်၊မစိပ်မကျဲ ပုလဲကိုစီထားသကဲ့သို့ရှိခြင်း
-အနိမ့်အမြင့်မရှိ ပကတိညီညွတ်ခြင်း
-အရိုးအဆစ်တို့သည် မခေါမထပြေပြစ်ခြင်း
(၄) အရေ၏ကောင်းခြင်း
-မည်းသောညိုသောအဆင်းရှိသော အမျိုးသမီးတွင် မည်းသည်၊ညိုသည်ဖြစ်စေ
-မတွန့်မလိပ်သော ကိုယ်ရေရှိခြင်း၊ချောမောပြေပြစ်ခြင်း
-ကြာညိုပွင့်နှင့်တူသော အဆင်းရှိခြင်း
-ဝါသော အဆင်းရှိသောမိန်းမကား မဟာလှေကားပွင့်အဆင်းကဲ့သို့ ဝင်းဝင်းတောက်ပခြင်း
(၅) အရွယ်၏ကောင်းခြင်း
-သား(၁ဝ)ယောက်ပင် မွေးဖွားသော်လည်း သား(၁)ကြိမ်သာ မွေးဖွားသူကဲ့သို့ အရေအဆင်း
ယုတ်လျော့ပျက်စီးမှုမရှိခြင်း
ဒီအကြောင်းရာများကို “ဦးလှခင်(ဆန်းညွန့်ဦး) ၏ ခေတ်မီဓမ္မပဒ ဝတ္ထုကြီး(ဒုတိယတွဲ) သတ္တမအကြိမ်” မှကောက်နုတ်တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ယခုခေတ်ကာလမှာ မိန်းမတို့၏ကောင်း ခြင်း(၅)ဖြာ မှ (၁)ချက်ဖြစ်စေတူညီသောမိန်မကောင်းမိန်းမမြတ်များ ပေါ်ပေါက်တည်ရှိနေစေလို သောကြောင့်ရေးသားလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။မြန်မာအမျိုးသမီးများအားလုံး မိန်းမကောင်း၊မိန်းမ မြတ်များဖြစ်ကြပါစေဗျာ။

Tuesday, 30 October 2012

အချစ်ကိုမသိသောကောင်လေး


ငါ အသက်၁၈ နှစ်ရှိပြီ
အချစ်ကိုမခံစားချင်သေးဘူး
အချစ်ကငါကိုစိတ်ရှုပ်စေလို.
ငါတစ်ယောက်တည်းနေခဲ့တာလေ
အချစ်ကငါအတွက်မီးလိုဘဲ ဆိုတာ
ငါမသိခဲ့ဘူး
ငါသိတဲအချိုန်မှာ နောက်ကျခြဲ့ပိလေ
ချစ်တတ်အောင်နင်ဘဲ ငါ့ကိုသင်ပေးခဲ့တာလေ
မုန်းတတ်အောင်ကော ငါကိုဘာလို.
မသင်ပေးခဲ့တာလည်း
အခုတော့ ငါအသည်းကွဲနေပြိလေ
ငါကိုနင်လှည့်ကြည့်လာဦးလေ
နင်စွန့်ခဲ့တဲ ကောင်လေးတစ်ယောက်
ငိုကြွေးနေမယ်ဆိုတာကို

Saturday, 27 October 2012

=== တည်ကြည်လေးနက်သော “ အချစ် ” ===


ကျောင်းတက်ခေါင်းလောင်းထိုးတော့ ဆရာကအတန်းထဲဝင်လာပြီး ကျောင်းသားတွေကို “အေဂျင့်တစ်ခုက လေ့လာဆန်းစစ်ချက်တစ်ခုအတွက် ဆရာ့ကိုအကူအညီတောင်းခဲ့တယ်။ ကျေးဇူးပြုပြီး ဒီမေးခွန်းတွေကို ဖြေပေးကြပါ” လို့ ပြောတယ်။ အမေးအဖြေ ဖြေရတာက စာသင်တာထက် ပိုစိတ်ဝင်စားဖို့ ကောင်းတာမို့ ကျောင်းသားတွေအသီးသီး စာရွက်ယူပြီး ကြည့်လိုက်ကြတယ်။ စာရွက်ပေါ်မှာ မေးခွန်းနှစ်ခုမေးထားတယ်။
မေးခွန်း(၁)
သူမကို သူအရမ်းချစ်တယ်။ သူမဟာ သွယ်လျလျမျက်နှာ၊ လခြမ်းပုံ မျက်ခုံးမွေး၊ ဖြူဖွေးတဲ့အသားအရည်နဲ့ လှပသူဖြစ်တယ်။ ဒါပေမယ့် တစ်နေ့မှာ မတော်တဆကားတိုက်မှုကြောင့် သူမမျက်နှာ အရုပ်ဆိုးအကျည်းတန်သွားတယ်။ ရုပ်ဆိုးသွားတဲ့ သူမကို အရင်လို သူဆက်ချစ်နိုင်ပါ့မလား?
(A) ချစ်နိုင်တယ်
(B) မချစ်နိုင်ဘူး
(C) ချစ်နိုင်မယ်လို့ ထင်ပါတယ်။
မေးခွန်း (၂)
သူ့ကို သူမအရမ်းချစ်တယ်။ သူက ရုပ်ချောခန့်ညားပြီး အောင်မြင်တဲ့ စီးပွါးရေးသမားတစ်ဦးဖြစ်တယ်။ ဒါပေမယ့် တစ်နေ့မှာ ရုတ်တရက် သူ့စီးပွါးပျက်သွားတယ်။ ကျရှုံးသွားတဲ့သူ့ကို သူမ အရင်လိုဆက်ချစ်နိုင်ပါ့မလား?
(A) ချစ်နိုင်တယ်
(B) မချစ်နိုင်ဘူး
(C) ချစ်နိုင်မယ်လို့ ထင်ပါတယ်။
တအောင့်ကြာတော့ ကျောင်းသားတွေက ဖြေထားတဲ့စာရွက် ဆရာကိုပြတယ်။ ဆရာစာရင်းပြုစုကြည့်တော့ မေးခွန်း (၁) ဖြေကြသူတွေထဲမှာ –
A လို့ဖြေသူ ၁ဝ%
B လို့ဖြေသူ ၁ဝ%
C လို့ဖြေသူ ၈ဝ% တွေ့ရတယ်။
မေးခွန်း (၂) ဖြေကြသူတွေထဲမှာ
A လို့ဖြေသူ ၃ဝ%
B လို့ဖြေသူ ၃ဝ%
C လို့ဖြေသူ ၄ဝ% တွေ့ရတယ်။
ဆရာက အဖြေတွေကိုကြည့်ပြီး “အင်း.. ကြည့်ရတာ မိန်းကလေးတွေ ရုပ်ပျက်သွားတာက ယောက်ျားလေးတွေ စီးပွါးပျက်သွားတာထက် ပိုသည်းမခံနိုင်ကြပါလား? ဒီမေးခွန်းနှစ်ခုမှာ အသိလေးပါတယ်။ သူတို့ကို ချစ်သူတွေဖြစ်မယ်လို့ တပည့်တို့ထင်ခဲ့ကြတယ် မဟုတ်လား!”
“ချစ်သူတွေလို့ ထင်ခဲ့တယ် ဆရာ”
“အင်း.. ဒါပေမယ့် သူတို့ကချစ်သူတွေပါလို့ မေးခွန်းမှာ ရေးမထားဘူးလေ” ဆရာကဆက်ပြီး တည်ငြိမ်တဲ့အသံနဲ့ “ဒီမေးခွန်းထဲက လူနှစ်ယောက်ကို “မိဘ” နေရာမှာထားပြီး ဆရာတို့ စိတ်ကူးကြည့်ရအောင်.. မေးခွန်း(၁)ထဲက “သူ”ဟာသူမရဲ့ဖခင်ဖြစ်တယ်။ မေးခွန်း(၂)ထဲက “သူမ”ဟာသူ့ရဲ့မိခင်ဖြစ်တယ်။ ဒီမေးခွန်းကို ပြန်ဖြေခိုင်းရင် ဖြေခဲ့တဲ့ အဖြေအတိုင်း တပည့်တို့ထားနိုင်မလား?”
ဆရာက မေးခွန်းတွေကို ကျောင်းသားတွေရဲ့လက်ထဲ ပြန်အပ်ပြီး အဖြေရွေးခိုင်းခဲ့ပြန်တယ်။ စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်နေပြီး ကျောင်းသားတွေရဲ့ မျက်နှာပေါ်မှာ တည်ကြည်လေးနက်တဲ့ အရိပ်တွေ ထင်ဟပ်နေတယ်။ မိနစ်အနည်းငယ်ကြာပြီးနောက် ဆရာက မေးခွန်းတွေစုပြီး စာရင်းစစ်ကြည့်တော့ မေးခွန်း(၂)ခုလုံးမှာ (A)လို့ဖြေထားတဲ့လူတွေ ၁ဝဝ% ရှိခဲ့တယ်။
နောက်ဆုံးမှာ ဆရာက “လောကကြီးမှာ တည်ကြည်ခိုင်မြဲတဲ့ ချစ်ခြင်းတစ်မျိုးရှိတယ်။ အဲဒီအချစ်က တစ်ကိုယ်ကောင်းမဆန်သလို တုန့်ပြန့်မှုကိုလည်း မတောင့်တခဲ့ဘူး။ အဲဒီအချစ်က ရာသီဥတု အပြောင်းအလဲနောက်လိုက်ပြီး မပြောင်းလဲသွားတတ်သလို ရာထူး၊ ဂုဏ်အရှိန်အဝါနောက် လိုက်ပြီးလည်း မျောပါမသွားတတ်ဘူး။ အဲဒီချစ်ခြင်းက မိဘတွေရဲ့ချစ်ခြင်းပဲဖြစ်တယ်” လို့ လေးလေးနက်နက် ပြောသွားခဲ့တယ်။

***ယောင်္ကျားလေးတွေအပေါ်မိန်းကလေးတွေနားမလည်တဲ့အချက်**


(၁) ယောက်ျားလေးတွေ ဘာဖြစ်လိုကြံ့ခိုင်ဖို့ ကြိုးစားသလဲဆိုတာကို မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ယောက်ျားလေးတွေက အပြင်ပန်းကြံ့ခိုင်သလောက် အတွင်းစိတ်လည်း နုနယ်တယ်။ ကြံ့ခိုင်ဖို့ သူတို့ကြိုးစားတာက သူတို့ဟာအကောင်းဆုံးဆိုတာကို ကိုယ့်ချစ်သူ ခံစားစေချင်လို့ဖြစ်တယ်။

(၂) ယောက်ျားလေးတွေ ဘာဖြစ်လို့ အလွယ်တကူ မျက်ရည်မကျတတ်မှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ယောက်ျားလေးတွေက မျက်ရည်မကျတတ်တာ မဟုတ်ဘူး။ သူတို့မျက်ရည်ကျပြီဆိုရင် ဒီအချစ်ဇာတ်လမ်းလည်း အဆုံးသတ်ပြီဆိုတာကို သူတို့သိလို့ဖြစ်တယ်။

(၃) စိတ်ရှုပ်တဲ့အခါတိုင်း ယောက်ျားလေးတွေ ဘာကြောင့်ဆေးလိပ်သောက်တယ်ဆိုတာကို မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ယောက်ျားလေးတွေက ကိုယ်မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့ထဲကနေ လှပတဲ့အမှတ်တရတွေကို ပြန်မြင်ယောင်စေပြီး စိတ်ကိုတည်ငြိမ်စေတယ်လို့ သူတို့နားလည်ထားလို့ဖြစ်တယ်။

(၄) ယောက်ျားလေးတွေဟာ လမ်းခွဲပြတ်စဲပြီးတဲ့နောက်မှာလည်း ဘာကြောင့် ကိုယ့်ကိုနေကောင်း၊ ကျန်းမာလား မေးတတ်တာကို မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ သူတို့က ကိုယ်နဲ့သူငယ်ချင်းလုပ်ချင်တာတော့ မဟုတ်ဘူး။ ဒါဟာ အတိတ်က သူနဲ့ပတ်သက်တဲ့ သံယောဇဉ်ကြောင့်ဆိုတာ သူကိုယ်တိုင်ပဲသိလို့ဖြစ်တယ်။

(၅) ကိုယ်အနိုင်ကျင့်ခံရကြောင်းပြောတဲ့အခါ ယောက်ျားလေးတွေဟာ ဘာကြောင့်တဇွတ်ထိုး မိုက်မဲသွားမှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ဒီရန်ပွဲမှာ ကိုယ်ရှုံးသည်ဖြစ်စေ၊ ဒဏ်ရာရသည်ဖြစ်စေ ယောက်ျားလေးတွေက ဝမ်းသာတတ်တယ်။ အကြောင်းက ကိုယ်သာ အနာတရ ရစေ.. ကိုယ့်ချစ်သူမိန်းကလေး မျက်ရည်ကျတာကို သူတို့မတွေ့မမြင်ချင်လို့ဖြစ်တယ်။

(၆) ယောက်ျားလေးတွေဟာ အသဲကွဲတာနဲ့ ဘာကြောင့် ညညအရက်သောက်မှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ဒီတစ်ညမှာ ကိုယ့်ကိုထုံကျင်မူးမေ့အောင် မလုပ်ရင် ဒီတစ်ညလုံးကို အလွမ်းတွေနဲ့ပဲဖြတ်ကျော်ရမယ်ဆိုတာကို သူတို့သိလို့ဖြစ်တယ်။

(၇) ယောက်ျားလေးတွေဟာ ချစ်သူအတွက်ဆို အမြဲတမ်း ဘာကြောင့် ပိုက်ဆံရက်ရောတယ်ဆိုတာကို မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ယောက်က်ျားလေးတွေဟာ ကိုယ်ကိုယ်တိုင် ချွေတာစုဆောင်းရပါစေ .. အပြင်ထွက်လည်တဲ့အခါ တခြားလူ အထင်အမြင်သေးတဲ့အကြည့်မျိုး ကိုယ့်ချစ်သူမြင်မှာ၊ ခံစားမှာ မလိုလားလို့ဖြစ်တယ်။

(၈) ယောက်ျားလေးတွေက ဘာကြောင့် မိန်းကလေးတွေရဲ့ အရင်ရည်းစားကို စိတ်ဝင်စားတတ်မှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ယောက်ျားလေးတွေက သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိလို့ မဟုတ်ဘူး။ ကိုယ့်ကိုအပျော်တွဲပြီး ရည်းစားဟောင်းနဲ့ သင်ပြန်ပေါင်းထုပ်မှာကို သူတို့စိုးရိမ်လို့ဖြစ်တယ်။

(၉) ယောက်ျားလေးတွေက ဘာကြောင့် ကိုယ်ရေးတဲ့နေ့စဉ်မှတ်တမ်း၊ စာစုတွေအပေါ် ဖြေရှင်းချက်တောင်းတတ်မှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ သူတို့ စိတ်တိုဒေါသထွက်ချင်လို့ ဖြေရှင်းချက်တောင်းတာ မဟုတ်ဘူး။ သင့်ပါးစပ်ကနေ သူအရေးပါသလား? တခြားသူက ပိုအရေးပါသလား? ဆိုတာကိုကြားရဖို့ သူတို့မျှော်လင့်လို့ဖြစ်တယ်။

(၁ဝ) ယောက်ျားလေးတွေက ဘာကြောင့် ကိုယ့်ချစ်သူကို "နင့်ကိုချစ်တယ်"ဆိုတဲ့စကား မကြာခဏမပြောကြမှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ယောက်ျားလေးတွေက ဒီလိုစကားတစ်ခွန်းကို မပြောချင်လို့ မပြောတာမဟုတ်ဘူး။ ဒီလိုစကား အခွန်းတစ်သောင်းပြောလဲ မလုံလောက်ဘူးလို့ နားလည်ထားလို့ဖြစ်တယ်။

မျှော်လင့်ခြင်းရဲ့ နောက်ကွယ်

တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုအပေါ် မျှော်လင့်နေရတဲ့ အလုပ်ဟာ အလွန်စိတ်ပင်ပန်းတဲ့ အလုပ်ဖြစ်ပါတယ်။ မျှော်လင့်ချက်ကြီးလေ၊ ပင်ပန်းမှုကြီးလေပဲ ဖြစ်ပါတယ်။ ပိုဆိုးတာက မျှော်လင့်တဲ့အတိုင်း ဖြစ်မလာခဲ့ရင် ခံစားရတဲ့ ဒုက္ခက ပိုဆိုးလှပါတယ်။ သေချာတွေးကြည့်ရင် မျှော်လင့်နေရတာကိုက ဒုက္ခတစ်ခုလို ဖြစ်နေတာပါ။ မျှော်လင့်ချက်ရှိနေရင် ကိုယ်ကိုယ်တိုင်လည်း ကိုယ့်လုပ်ရပ်အပေါ်မှာ လွတ်လပ်သန်းရှင်းတဲ့ လုပ်ရပ်မျိုး မဖြစ်နိုင်သလို မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင်လည်း ကိုယ့်ဒုက္ခကိုယ် လုပ်ယူလိုက်သလို ဖြစ်နေတတ်ပါတယ်။ အကောင်းဆုံးကတော့ မျှော်လင့်ချက်ကို လျော့ချလိုက်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကိုယ်လုပ်ပေးနိုင်တဲ့ အရာဆိုရင်လည်း အကျိုးသက်ရောက်မှုကို မမျှော်မှန်းဘဲ သန့်သန့်ရှင်းရှင်း လုပ်ပေးနိုင်အောင် ကြိုးစားပြီး ကိုယ့်အနေနဲ့လည်း ဘယ်သူအပေါ်ကမှ မျှော်လင့်နေတာမျိုး မဖြစ်အောင် နေထိုင်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ကိုယ်လုပ်မှကိုယ်ရ၊ ကိုယ်ရှိမှ ကိုယ်စားရမယ့် ခေတ်ကြီးမှာ ကိုယ့်အားကိုယ်ကိုးလိုက်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ မတတ်သာလို့ မျှော်လင့်နေရတယ်ဆိုရင်လည်း အများကြီးတော့ မမျှော်လင့်မိကြဖို့လိုပါတယ်။ မျှော်လင့်နေရတဲ့ဘဝဟာ ကျားသနားမှ နွားချမ်းသာရာရသလို သူပေးမှ ကိုယ်ရမယ့် သဘောမျိုး ဖြစ်နေတဲ့အတွက် ဖြစ်နိုင်ရင်တော့ မမျှော်လင့်တာဟာ စိတ်အသက်သာဆုံးပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ဘာပဲဖြစ်ဖြစ် အကျိုးတရားကို မျှော်မှန်းတဲ့အလုပ်ဟာ အကြောင်းတရားကို ပေါ့ပျက်သွားစေတဲ့ သဘောရှိတဲ့အတွက် ကိုယ်ကလုပ်ပေးရတဲ့ အခါမျိုးပဲ ဖြစ်ဖြစ်၊ ကိုယ်အတွက် လုပ်ပေးလာကြတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် အကျိုးတရားကို မျှော်လင့်နေတာမျိုး မဖြစ်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ အကျိုးတရားဆိုတာ အကြောင်းကောင်းထားရင် သူ့သက်ရောက်မှုနဲ့သူ ရှိလာနေမှာ ဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ကတော့ ကိုယ့်အကြောင်းတရားကိုပဲ ကိုယ်ကောင်းအောင် အားထုတ်ကြရမှာ ဖြစ်ပါတယ်။ အကြောင်းမကောင်းဘဲ အကျိုးကောင်းကို မျှော်လင့်နေတဲ့အလုပ်ဟာ ကိုယ့်ကံတရားကို မျက်ကွယ်ပြုရာရောက်နေသလို ဖြစ်တတ်တဲ့အတွက် မျှော်လင့်ချက်မထားတဲ့ စိတ်စေတနာကောင်းနဲ့သာ ကိုယ့်အလုပ်ကိုယ်လုပ်နိုင်အောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမျှော်လင့်ကြီး မျှော်လင့်ထားပြီးမှ အကျိုးမပြီး အချည်းနှီး ဖြစ်သွားရတယ်ဆိုတဲ့ ခံစားမှုမျိုး မဖြစ်ရအောင် ကိုယ်ကလုပ်ရတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်အတွက် လုပ်ပေးလာတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို မျှော်လင့်ချက်ကင်းကင်းနဲ့ နေထိုင်လုပ်ကိုင်နိုင်အောင် ကြိုးစားပြီး အကျိုးကို မျှော်မှန်းနေတာထက် အကြောင်းကို ကောင်းအောင်လုပ်လိုက်ကြဖို့ပဲ ဖြစ်ပါကြောင်း

Friday, 26 October 2012

ရယ်စရာကဗျာ


အလုပ်ရမည့်နည်း

မျက်မှောက်ခေတ်အချိန်ကာလ
အလုပ်ရရေးကြုံရပုံ
ပြောပြချင်သေး အကြောင်းစုံ။

လေဘာခေါ်ဘုတ်လူကြီးတွေက
မက်မဆုံးပေါင် သုံးတောင်ဝတ်မဒီကလေးတွေကျ
ဆန်းအခေါ် လန်းသနော် (ဂလု...ဂလု)ဆိုလေသံနဲ့
(ဂလု...ဂလု = သွားရည်မျိုသံ)
အရမ်းခေါ်ကာ အလုပ်မှာခန့်ချင်ကြ။

ဝတ်အတောင်နှစ်ဆယ် တို့ယောက်ျားတွေမယ်
အလုပ်နော် လိုချင်လှသော်လည်း
'အမျိုးသမီးဝန်ထမ်းသာလိုသည်' ဆိုတာကြောင့်
အမှန်သာအလုပ်ရချင်ကြလျှင်ဖြင့်
မြန်မကြာ ယောက်ျားဘ၀ကို
စွန့်ကြပါဗျို့။

Thursday, 25 October 2012

လွမ်းသူ၇ဲ့ ချစ်အက္ခ၇ာစဉ်


က...ကိုယ်ပြောချင်တာတွေကိုပြောချလိုက်တော့ မယ်..ဒီနေ့ တော့ အစဉ်မသင့်၇င်..ရင်ပွင့်ထွက်သွားနှိုင်တယ်..
ခ....ချစ်ပြီး၇င်းချစ်နေ၇တာကငါပါဟာ..ဒါပေမဲ့ နင်မချစ်လဲ၇တယ်..သိလား..
ဂ...ဂဏာမငြိမ်ဖြစ်နေတဲ့ ငါ့စိတ်နဲ့ နှလုံးသားလေးကို..အရှုံးပေးနေ၇က်နဲ့ နင်ဘာလို့ များထပ်နှိတ်စက်နေ၇တာလဲဟာ..
ဃ...ဃဆိုတာဂငယ်ရဲ့ နောက်မှာပါဟာ..ငါ့အချစ်ဟာနင့်အ၇င်ဦးပြီးသားပါ....
င....ငါ့ဘ၀ထဲကိုဝင်လာတဲ့ နင့်ကိုငါဘယ်တော့ မှ..တတာ.မလုပ်ခဲ့ ပါဘူး..နင်ကစပြီးငါ့ကို..ဘိုင်ဘိုင်..လုပ်သွားတာပါ..
စ....စက်၇ုတ်တ၇ုတ်လိုဘဲနင်စေလိုရာကိုကျေကျေနပ်နပ်ကြီးနဲ့ နေလာခဲ့ တာ..နင်လဲအသိပါဘဲလေ..
ဆ...ဆက်ပြီးညှင်းဆည်းနေအုံးမယ်ဆိုလဲ..သနားစ၇ာအဖြစ်နဲ့ ငါဟာအများတကာချစ်အောင်နေလာပေမဲ့ ..ထားခဲ့ တဲ့ နေ၇ာလေး
       ကနေ.. နင့်ကိုမိုက်မဲသွာမျှော်နေအုံးမှာပါ..
ဇ...ဇွဲဆိုတာရှိပေမဲ့ တကယ်တန်းကြတော့ ဇ၇ာဆိုတာကိုငါဘယ်လိုမှကျော်လွှားယှဉ်ပြိုင်လို့ မနိုင်နှိုင်ပါဘူး..
ဈ....ဈေးကစားသလိုအချစ်ကိုကလေးကလားမလုတ်ပါနဲ့ လားငါတောင်းပန်ပါတယ်ဟာ..လက်နှက်ချထားသူပါ..ချစ်သူ၇ယ်..
ည...ညအခါမှာတောင်အိပ်မ၇ပါဘူး..ညာတာတွေလဲတခုမှမပါဘဲနင့်ကိုပြောခဲ့ တာတွေဟာငါ့နှလုံးသားကလာတဲ့ အမှန်
      စကားတွေပါ..
ဋ...ဋလိုအချိတ်အဆက်အပြက်ခံပြီးမမှန်တဲ့ အချက်တွေနဲ့ ..ဆွဲချက်တွေတင်မနေပါနဲ့ တော့ 
ဌ...ဌလိုလဲလွန်ဆွဲပြီးထုတ်စည်းတိုးသလို..ဘယ်ခြေက်ခါညာလှမ်းလို့ ဇာတ်လမ်းတွေထွင်နေအုံးမှာလားချစ်သူ၇ယ်..
ဍ...ဍလိုမှောက်ချည်လှန်ချည်လုတ်လာတဲ့ နင့်စကားတွေနဲ့ နင့်အပြုအမူတွေဟာ..ကြာလာတော့ ငါ့နှလုံးသားကို
     ထုံဆေးထိုးသလို..မဖြုံသေးဘဲထုံသွားစေတယ်...
ဎ...ဎ လိုအကျိုး၇ုတ်အောင်ေ၇ှ့ တိုးမလိုနဲ့ နောက်ဆုတ်ဘို့ ဟန်ပြင်နေတာလားဟင်...
ဏ...ဏီကာတွေဖွဲ့ မနေချင်တော့ ပါဘူး..ဆွဲဆန့် မယ်ဆို၇င်ဖြင့်ပြောမဆုံးပေါင်တောသုံးတောင်တစ်ထောင့်တညမဆုံးနှိုင်ပါဘူး..
တ....တသက်လုံးချစ်မဲ့ ငါ့၇ဲ့ အချစ်တွေကိုနင်အသိအမှတ်မပြု၇င်တောင်မှ..လှောင်ရယ်မသွား၇င်ငါကျေနပ်ပါပြီ..
ထ...ထမင်းရည်ပူ၇ှာလွှဲတဲ့ အပြောတွေနဲ့ ငါ့၇င်ကိုလှုတ်ရှားအောင်နှုတ်ဖျားကပြောနေမှမ်းငါသိပေမဲ့ ..နင့်အကြိုက်ဆောင်နေခဲ့ မိတယ်
ဒ....ဒီဇာတ်လမ်းမှာငါက.မယ်သီတာမဟုတ်ဘူး..ဒဿဂီရိလိုအချစ်ရှုံးတဲ့ နှလုံးသားပိုင်ရှင်..ဒဿဂီရိ၇ယ်ပါ..နင်မှတ်ထားလိုက်ပါ..
ဓ...ဓားမနောက်ပိတ်မှာငါ့ဘ၀အောက်ခြေကဖြစ်နေလဲ..ငါ့ကိုနင်အသုံးချဘို့ ..ငါကနင့်၇ဲ့ လက်ကိုင်တုတ်တခုပါ..ချစ်သူ..
န...နှလုံးသားေ၇း၇ာမှာအရှုံးများနဲ့ သာ၇င်ဆိုင်ပြီး..ကြေကွဲမှု့ ဒီေ၇တွေဟာထိပ်ဆုံးထိတက်နေ၇တဲ့ ..ထိတ်တုံးခတ်ခံ၇မယ်ဆိုလဲ
    ငါနောက်မဆုတ်ပါဘူး...
ပ...ပလောင်းပလဲအပြောမျိုးတွေကိုနားခါးပေမဲ့ ..နင်ကကြားစကားတွေမယုံနဲ့ ဆိုလို့ အများအပြားတွေက..ခြားသွားခဲ့ ၇ပြီး
      နင်ကစဉ်ပေါ်ေ၇ာက်နေတယ်လေ..
ဖ...ဖွတ်ထွက်မှတောင်ပို့ မှမ်းသိပေမဲ့ ..ဒီတောင်ပို့ ကိုဘဲငါကဘု၇ားအမှတ်နဲ့ ကိုးကွယ်နေတာလေ..တကယ်တော့ ငါက
      အချစ်ကိုကိုးကွယ်နေတဲ့ သူပါ..
ဗ....ဗလာဖြစ်သွားခဲ့ ၇တဲ့ ငါ့၇ဲ့ ဘယ်ဘက်၇င်အုံကြီးထဲကအချစ်တွေကိုနင်ယူသွားပြီးတော့ ..၇က်၇က်စက်စက်နင်ခြေပြစ်ခဲ့ တယ်ဟာ..
ဘ...ဘယ်လောက်ဘဲငါ့ကိုနစ်နာအောင်လုတ်နေပါစေ..ငါနင့်ကို..ချစ်နေမှာကတော့ ..ချစ်နေမှာပါဘဲ..ချစ်သူ၇ယ်..
မ.....မုံးမယ်ဆိုလဲမုံးလိုက်ပါ..ပြုံးပြုံးလေးနဲ့ ..နင့်အမုံးကိုခံယူဘို့ အသင့်ပါဘဲ..
ယ...ယုံလိုက်ပါချစ်သူ..နင့်ကိုငါဘယ်တော့ မှမှု့ သားမပြောတဲ့ ငါပါ..အဲဒါနင့်ကိုချစ်လို့ ..နင်သိ၇ဲ့ လားဟာ..ပြောစမ်းပါ..
ရ....၇က်စက်မယ်ဆိုလဲဒီတသက်မှာ..ငါအချက်ကြကြ..မက်မောနေအုံးမှာပါ..နင့်ကို..မှတ်ထားလိုက်ပါနော်..
လ...လာခဲ့ ပါချစ်သူ..ေ၇ာက်၇ာအ၇ပ်ကပြန်လာခဲ့ ပါ..ငါနင့်ကိုနွေးထွေးစွာလက်ကမ်း..ကြိုဆိုနေမှာပါ..
ဝ...၀မ်းသာပျော်ရွှင်၇မဲ့ အခြေအနေကိုေ၇ာက်ဖို့ ..လွမ်းဆွေးတမ်းတမှု့ တွေကိုငါ၇င်ဆိုင်ဘို့ အသင့်ပါ..
သ..သတိ၇တိုင်းသာကြယ်လေးတွေတဖြိုက်ဖြိုက်ကြွေနေကြ၇မယ်ဆို၇င်..ကြယ်ပုံပေါ်မှာထိုင်နေတဲ့ သူဟာငါဘဲဖြစ်လိမ့်
     မယ်ချစ်သူ..နင်စိတ်မှမ်းနဲ့ လှမ်းကြည့် လိုက်စမ်းပါ..
ဟ...ဟိုတုံးကအဖြစ်တွေကိုစဉ်းစားလိုက်မိတိုင်း..ငါ့၇င်မှာကြည်နူးခဲ့ ၇သလောက်..အခုချိန်မှာတော့ ငါဟာအထီးကျန်တယောက်ပါဘဲ..
ဠ...ဠလို..တခနမငြီး၇အောင်..၇ပြိးသားအချစ်လေးကိုဘဲ.လက်ကိုင်ထားပြီး...နောက်မဆုတ်တော့ ဘူး..ငါကြိုက်လို့ ငါလုတ်တာ..
    ငါဖြစ်၇င်ငါခံမယ်...ငါ.နောင်တမ၇ဘူးချစ်သူ...
အ...အဆုံးမှာတော့ အ၇ှုံးနဲ့ ၇င်ဆိုင်၇တဲ့ ငါက..နင်ဘယ်နေ၇ာေ၇ာက်ေ၇ာက်....ဘယ်လိုဘဲနေနေ..ငါ့ဆီကိုတော့ ပြန်လာခဲ့ ပါ
      ချစ်သူ..နင်သာလကလေးဖြစ်မယ်ဆို၇င်...ငါကနင့်ဘေးနားမှာခစားနေ၇တဲ့ ..ကြယ်ကလေးဘဲဖြစ်ပါ၇စေချစ်သူ၇ယ်...
      ငါလက်ကမ်းနေပါတယ်..နင်ဆက်ဆက်ပြန်လာပါငါ့၇င်ခွင်ကို..ငါမျှော်နေပါတယ်..ချစ်၇တဲ့ သူ၇ယ်...နော်..
  ( ချစ်သူငယ်ချင်းလေးတို့ လည်းချစ်တဲ့ သူနဲ့ စုံစည်းကြပါစေ..)
ကြိုးစားပါဦးမည်..
စာပေနဲ့ သူငယ်ချင်းများကိုအစဉ်လေးစားလျှက်..

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့