Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 30 October 2014

ဘူကီနာဖာဆိုတွင် ဒေါသထွက်နေသည့် လူအုပ်ကြီးက ပါလီမန်ကို မီးတင်ရှို့

ဘူကီနာဖာဆိုနိုင်ငံတွင် ဒေါသထွက်နေသည့် လူအုပ်ကြီးက ပါလီမန်ကို မီးတင်ရှို့လိုက်ကြောင်း သိရသည်။

လက်ရှိသမ္မတ Blaise Campaore သည် တိုင်းပြည်ကို အုပ်ချုပ်လျက်ရှိ သည်မှာ ၂၇ နှစ်ရှိနေပြီ ဖြစ်သည်။ ၎င်းအား လာမည့် သမ္မတ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပြုသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ်ကို ပါလီမန်က အတည်ပြုခဲ့ သည့်အတွက် လူအများက စိတ်ဆိုး ဒေါသ ထွက်ကာ ပါလီမန်ကို မီးတင်ရှို့သည် အထိဖြစ်လာရကြောင်း ဘီဘီစီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ဆန္ဒပြသူများသည် သမ္မတနန်းတော်သို့လည်း ချီတက်သွားကြပြီး ပင်မလေယာဉ် ကွင်းကြီး တစ်ကွင်း ကိုလည်း ပိတ်ထား လိုက်ကြောင်း သိရသည်။

ဆန္ဒပြပွဲအတွင်း လူငါးဦး သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အစောပိုင်းကမူ ပါလီမန်သို့ ဆန္ဒပြသူများ ၀င်ရောက်စီးနင်းစဉ် စစ်တပ်က ကျည် အစစ်များဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

သမ္မတ Blaise Campaore သည် ၁၉၈၇ ခုနှစ်အတွင်း အာဏာသိမ်းချိန်မှစတင် ၍ သမ္မတအဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မစ္စတာ Campaore မည်သည့်နေရာသို့ရောက်ရှိနေကြောင်း ရှင်းလင်းစွာ မသိရသေးပေ။




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့