Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 30 August 2012

ပစ်တိုင်းထောင်

ဒါမျိုးတွေလည်းဖြစ်တတ်တယ်

အာဃာတမိုးတိမ်

နှင်းရိုင်းည

ဆောင်းတီးတဲ့မောင်

ခေတ်ကာလဖခင်

ဘာမီတွန်

အပြင်လူမဝင်ရ

သတင်းတိုများ


မိုးစပါးချေးငွေ ကျပ်သန်းပေါင်း ခုနှစ်သောင်း ကျော်သာ ထုတ်ချေးရန် ကျန်ရှိတော့

၂၀၁၂ ခုနှစ်၊ မိုးစပါး အတွက် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ တောင်သူများကို ထုတ်ချေး ပေးလျက်ရှိတဲ့ ချေးငွေမှာ ငွေကျပ် သန်းပေါင်း ခုနှစ်သောင်း
ကျော်သာ ထပ်မံ ထုတ်ချေးဖို့ ကျန်ရှိ တော့တယ်လို့ မြန်မာလယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ၂၀၁၂ ခုနှစ်၊ မိုးစပါး ချေးငွေ အတွက် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ ငွေကျပ် သန်းပေါင်း ၄၄၈၈၀၀ သန်း ထုတ်ချေးဖို့ အတွက် လျာထားတာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ မိုးစပါး အတွက် တောင်သူများကို ငွေကျပ် သန်းပေါင်း ၃၇၇၀၆၇.၇၀ သန်းကို တောင်သူပေါင်း ၁.၃၇ သန်းကို ထုတ်ချေး ပေးပြီး ဖြစ်ပါတယ်။ အဆိုပါ ထုတ်ချေး ထားတဲ့ ချေးငွေမှာ မိုးစပါး အတွက် စိုက်ထုတ်ချေးဖို့ အတွက် လျာထားတဲ့ လျာထားချက်ရဲ့ ၈၄.၀၂ ရာခိုင်နှုန်းကို ထုတ်ချေး ပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ချေးငွေများကို မြန်မာ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ အစုအဖွဲ့ အာမခံ စနစ်နဲ့ တောင်သူ များကို တစ်ဧကကို ကျပ် ငါးသောင်း နှုန်းနဲ့ ထုတ်ချေး ပေးတာ ဖြစ်ပြီး အတိုးနှုန်း အနေနဲ့ ငွေကျပ် တစ်ရာကို တစ်နှစ်လုံး အတွက် အတိုးနှုန်း အနေနဲ့ ၈.၅ ရာခိုင်နှုန်းသာ ပေးဆောင် ရတာ ဖြစ်ပါတယ်။

အဲ့ဒီ ချေးငွေများကို ယခင် စိုက်ပျိုး ရာသီက ထုတ်ချေးထားတဲ့ ချေးငွေများကို အကျေ ပြန်လည်ပေး သွင်းနိုင်မှသာ ယခုနှစ် အတွက် စိုက်စရိတ် ချေးငွေကို ထပ်မံ ထုတ်ချေး ပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆန်စပါး အထူးပြု ကုမ္ပဏီများ အနေနဲ့ တောင်သူများကို စိုက်စရိတ် ကြွေးကျန်များ ရှိနေပေမယ့် ယခုလက်ရှိ ပြည်တွင်းမှာ ဖြစ်ပေါ် လျက်ရှိတဲ့ သဘာဝ ဘေးအန္တရာယ် များကြောင့် အထူးပြု ကုမ္ပဏီ ၂၀ ခန့်မှ ချေးငွေများကို ထပ်မံ ထုတ်ချေးမှု များကို ဆောင်ရွက်ပေး နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းမှ ကျောင်းသား ၆ ဦး Asian Science Camp 2012 သို့ ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရ

အစ္စရေး နိုင်ငံမှာ ပြုလုပ်တဲ့ Asian Science Camp 2012 ကို ပထမဆုံး အကြိမ် ပြည်တွင်းမှ ကျောင်းသား ၆ ဦးဟာ အစ္စရေးနိုင်ငံရှိ ဟီဗရူး တက္ကသိုလ်မှာ
သြဂုတ်လ ၂၆ ရက်နေ့က စတင်ကာ တက်ရောက် နေပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အစ္စရေး သံရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြ ချက်အရ သိရပါတယ်။ အဆိုပါ အစ္စရေးနိုင်ငံမှာ ပြုလုပ်တဲ့ Asian Science Camp 2012 ကို တက်ရောက် လိုတဲ့ ပြည်တွင်းရှိ တက္ကသိုလ်များမှ လျှောက်လွှာတင်သူ ဦးရေ ၁၆၀ ရှိခဲ့ပြီး အဲ့ဒီထဲကမှ ကျောင်းသား ၄ ဦးနဲ့ ကျောင်းသူ ၂ ဦး စုစုပေါင်း ၆ ဦးကိုသာ ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ Asian Science Camp 2012 အတွက် မြန်မာနိုင်ငံမှ ကျောင်းသား ၆ ဦး အပါအ၀င် သက်ဆိုင်ရာ နိုင်ငံများမှာ ကျောင်းသား စုစုပေါင်း အယောက် ၃၀၀ ခန့် တက်ရောက် နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ ကျောင်းသားများ ကိုတော့ သိပ္ပံဆိုင်ရာ နိုဗယ်ဆုရှင် ၁၀ ဦးခန့်နဲ့ အခြား သိပ္ပံပညာရှင်များက သိပ္ပံနဲ့ နည်းပညာ ဆိုင်ရာ များကို ဟောပြောပို့ချ နေပြီး အသိပညာများ ဖြန့်ဝေ ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ Asian Science Camp ကို ၂၀၀၇ ခုနှစ်မှာ စတင် တည်ထောင် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ယခု အစ္စရေး နိုင်ငံမှာ ပြုလုပ်တဲ့ ပွဲဟာ ၆ ကြိမ်မြောက် ရှိပြီဖြစ်ပြီး တက်ရောက်နေတဲ့ ကျောင်းသား တွေက သြဂုတ်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့ အထိ တက်ရောက် ရမှာ ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနား တက်ရောက်ဖို့ ရွေးချယ် ခံရတဲ့ ကျောင်းသားများ ခရီးသွားလာမှု အတွက်  လိုအပ်တဲ့ ကုန်ကျ စားရိတ်များ ကိုတော့ ချင်းတွင်း University, PS Business School, Myanmar Credent Technology နဲ့မြန်မာ နိုင်ငံဆိုင်ရာ အစ္စရေး သံရုံးတို့ ပူးပေါင်း ကူညီ ဆောင်ရွက် ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။


အ.မ.က ၁၀ သင်္ဃန်းကျွန်း ၏ နှစ်ထပ် ကျောင်းဆောင်သစ် ဖွင့်လှစ်

ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ် ခ ရပ်ကွက်မှာ တည်ရှိတဲ့ အ.မ.က ၁၀ နှစ်ထပ် ကျောင်းဆောင် သစ်ကြီး ဖွင့်ပွဲကို သြဂုတ်လ ၂၈ ရက်နေ့က
ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကျောင်းဆောင်သစ်ကို   Great Father Land မှ တာဝန်ယူ ဆောက်လုပ် ပေးတာ ဖြစ်ပါတယ်။ ဒီလို တည်ဆောက် ပြီးစီးခဲ့တဲ့ ၂ ထပ် ကျောင်းဆောင် သစ်ကြီးကို တည်ဆောက်မှု အချိန် အနေနဲ့ ၁၁ လကြာမြင့်ပြီး ၂၀၁၂-၂၀၁၃ ပညာသင်နှစ်ရဲ့ ကျောင်းဖွင့်ရာသီ အမှီမှာ စတင် ပညာသင်ကြားခွင့် ရရှိခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ ကျောင်းဆောင်ကြီး ဆောက်လုပ်မှုကို မူလအကြမ်းဖျင်း လျာထားချက် အရ ကျပ် ၁၀၀၈ သိန်း ဖြစ်ပေမယ့် နောက်ဆုံး တွက်ချက်မှု အရ ကျပ်သိန်း တစ်ထောင့် ကိုးရာ ငါးဆယ် အကုန်ကျခံ ဆောက်လုပ် ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဆောက်လုပ်ပေးခဲ့တဲ့ ရည်ရွယ်ချက်ကတော့ အဆိုပါကျောင်းမှာ ပညာသင်ကြားစေချင်တဲ့ ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ စိတ်အေးချမ်း သာစွာ ပညာ သင်ကြားရင်း နိုင်ငံတော်ရဲ့ သားကောင်း၊ သမီးကောင်းတွေ၊ ပညာတတ်တွေ ဖြစ်မြောက် ပေါ်ထွန်း လာဖို့ အတွက် ရည်ရွယ်ပြီး လှူဒါန်း ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ အခမ်းအနားမှာ ပညာ သင်ကြားရေး အတွက် အထောက်အကူ ဖြစ်စေမယ့် ကျောင်းသုံး ဗလာ စာအုပ်များ ကိုလည်း တစ်ပါတည်း လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဥပဒေပိုင်း ဆိုင်ရာများ ပိုမိုခိုင်မာမှု ရှိစေရန် ဆက်သွယ်ရေး၊ ဥပဒေမူကြမ်း ရေးဆွဲမှု ဆောင်ရွက်လျက်ရှိ

ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီး ဌာနမှ ဆက်သွယ်ရေး ဥပဒေ မူကြမ်းနဲ့ ပတ်သက်ပြီး ဥပဒေပိုင်းမှ အတတ်နိုင်ဆုံး ခိုင်မာမှု ရှိအောင် ဆောင်ရွက်
လျက်ရှိတယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ရ တာဟာ ခိုင်မာမှု မရှိဘဲ နိုင်ငံတကာ အဖွဲ့အစည်း ကုမ္ပဏီများနဲ့ တွဲဖက် လုပ်ကိုင် ပါက မလိုလား အပ်တဲ့ ဆိုးကျိုးများ မဖြစ်စေဖို့ ရည်ရွယ်ပြီး အဆိုပါ ဥပဒေ မူကြမ်းကို ထပ်မံကာ ဥပဒေနဲ့ ပတ်သက်တာ တွေကို ပိုမိုပြီး ခိုင်မာစေဖို့ ဆောင်ရွက်တာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ဌာန ဆိုင်ရာမှ ထုတ်ပြန်ချက်များ အရ သိရပါတယ်။

လက်ရှိ အချိန်မှာ ပြည်တွင်းရှိ ဆက်သွယ်ရေး ကဏ္ဍကို ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်များရဲ့ ပူးပေါင်း ဆောင်ရွက်မှု များနဲ့ ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ပြီး ယှဉ်ပြိုင် ဆောင်ရွက်မယ့် Competition Business Model အဖြစ် ပြောင်းလဲဖို့ ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။

ဒါကြောင့် အဆိုပါ ဥပဒေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနမှ တာဝန်ရှိ သူများနဲ့ ပြည်ထောင်စု ရှေ့နေချုပ် ရုံးမှ တာဝန်ရှိသူများ ပါဝင်တဲ့ ဆက်သွယ်ရေး ဥပဒေ ရေးဆွဲလျက်ရှိတဲ့ အဖွဲ့ဟာ အပြည်ပြည် ဆိုင်ရာ ကြေးနန်း ဆက်သွယ်ရေး အဖွဲ့ချုပ် ITU ရဲ့ အကူအညီကို ရယူပြီး ဆက်သွယ်ရေး ဥပဒေ မူကြမ်းကို ရေးဆွဲပြုစု ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ရေးဆွဲခဲ့တဲ့ ဥပဒေ မူကြမ်းကို ပြည်ထောင်စု ရှေ့နေချုပ် ရုံးသို့ သဘောထား မှတ်ချက် တောင်းခံခဲ့ရာမှာ လိုအပ်တဲ့ ပြင်ဆင် ဖြည့်စွက်ချက်များ ပြုလုပ်နိုင်ဖို့ မှတ်ချက်ပြု ပြန်ကြားလာ ခြင်းကြောင့် ထပ်မံ ပြင်ဆင်ကာ အဆိုပါ ဥပဒေ မူကြမ်းကို သက်ဆိုင်ရာ ဌာနများသို့ တင်ပြပြီး ဥပဒေ ပြဋ္ဌာန်း သွားနိုင်ဖို့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။


Phone Finder Software အသစ် အခမဲ့ အသုံးပြုနိုင်

ပြည်တွင်းရှိ မိုဘိုင်းဖုန်း သုံးစွဲသူများရဲ့ ဖုန်းပျောက်ဆုံး သွားခြင်း၊ ဒါမှမဟုတ် မိမိ ရှာဖွေလိုတဲ့ သူ ဘယ်နေရာမှာ ရောက်ရှိနေသလဲ အစရှိတာ တွေကို
ရှာဖွေနိုင်တဲ့ Software အသစ်ကို Giga Gates Co.,Ltd မှ ပြည်တွင်းမှာ အခမဲ့ အသုံးပြု နိုင်အောင် ပြုလုပ်ပေး ထားတယ်လို့ သိရပါတယ်။ အခုလို အသုံးပြုရာမှာ Andriod OS ဖုန်း အမျိုးအစား များသာ အသုံးပြု နိုင်မှာဖြစ်ပြီး အသုံးပြုတဲ့ ဖုန်းမှာရော ရှာဖွေနေတဲ့ သူရဲ့ဖုန်းမှာပါ အဆိုပါ Software သစ်ကို ထည့်သွင်းထား ရမှာ ဖြစ်ပါတယ်။

အဆိုပါ ဆော့ဖ်ဝဲလ်သစ် ကိုတော့ ပြည်တွင်းရှိ နည်းပညာ တတ်ကျွမ်း သူများက ရေးဆွဲ ထားပြီး သုံးစွဲသူများ အဆင်ပြေစေဖို့ အတွက် အခုလို အခမဲ့ အသုံးပြု နိုင်အောင် ပြုလုပ် ပေးထားတာ ဖြစ်တယ်လို့ Giga Gates Co.,Ltd မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရှိရပါတယ်။ လက်ရှိမှာ အဆိုပါ ဆော့ဖ်ဝဲကို Andriod OS ဖုန်းတွေ အတွက်သာ အဓိက ထားပြီး ပြုလုပ်ထား ပေမယ့် နောက်ပိုင်းမှာ အဆိုပါ Softwareကို i-Phone နဲ့  i-pad တွေမှာပါ ထည့်သွင်း အသုံးပြု နိုင်အောင် ပြုလုပ်သွားဖို့ ရှိတယ် လို့လည်း သိရပါတယ်။ အဆိုပါ Soft-ware ကို စိတ်ပါ ၀င်စားပြီး အသုံးပြု လိုသူတွေ အတွက် www.go-there-myanmar.com မှာ အခမဲ့ download ရယူ နိုင်တယ်လို့ သိရှိရပါတယ်။

မန္တလေးမြို့တွင် တည်ထားသည့် ရုပ်ပွားတော်မြတ်ကြီးမှာ ကမ္ဘာ့ဥာဏ်တော် အမြင့်ဆုံး ဖြစ်လာနိုင်

မန္တလေးမြို့ရှိ မက္ခရာ ဘုန်းတော်ကြီး ကျောင်းဝန်း အတွင်းမှာ ဥာဏ်တော် အလွန် မြင့်မားတဲ့ ဒုက္ကစရိယ ရုပ်ပွား တော်မြတ်ကြီးကို တည်ထား ကိုးကွယ်
ထားပြီး အဆိုပါ ရုပ်ပွားတော်ဟာ ကမ္ဘာပေါ်မှာ ဥာဏ်တော် အမြင့်ဆုံး ဖြစ်လာ နိုင်တယ်လို့ အဆိုပါ ရုပ်ပွားတော် တည်ထားမှုနဲ့ပတ်သက်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးမှ သတင်း ပေးပို့ချက် အရ သိရပါတယ်။ အဆိုပါ ရုပ်ပွားတော်ရဲ့ ဥာဏ်တော်ဟာ ၄၇ တောင်ရှိပြီး ဘုရား ဒါယကာ ပြည်တော်အေး ဦးလှဝင်းနဲ့ ဒေါ်ပြုံးကြည် တို့က အိပ်မက် အရ အကောင်အထည်ဖော် တည်ထားတာ ဖြစ်ပါတယ်။

အဲ့ဒီ ရုပ်ပွားတော် တည်ထားမှုဟာ အခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ပါတယ်။ ရုပ်ပွားတော်မြတ် ကြီးရဲ့ မျက်နှာတော်ဟာ အနောက် အရပ်ကို မျက်နှာမူ စံပယ်ထားပြီး ရင်ပြင်တော် ကိုတော့ အရှေ့ အနောက် ပေ ၆၀၀ နဲ့ တောင်နဲ့ မြောက်ပေ ၁၀၀ အဖြစ် တည်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ရုပ်ပွားတော်ရဲ့ ပလ္လင်တော် ကတော့ ၁၀ တောင်ရှိပြီး ပါရမီတော် ၁၀ ပါးကို ရည်စူး ပူဇော် ထားတာ ဖြစ်ပါတယ်။ ရုပ်ပွားဥာဏ်တော် ကိုတော့ ၃၇ တောင် အဖြစ် ဗောဓိပက္ခယ ၃၇ ပါးကို ရည်ရွယ် ပူဇော်ထား တာကြောင့် စုစုပေါင်း ဥာဏ်တော် အမြင့်ဟာ ၄၇ တောင် ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရင်ပြင်ရဲ့ တောင်ဘက် မှာတော့ ဘုရား ဒါယကာနဲ့ ဒကာမတို့ရဲ့ ပုံကို နောင်လာနောင်သားတွေ အားကျ အတုယူနိုင်ဖို့ အတွက် ထုလုပ်ပေး ထားတယ် လို့လည်း သိရပါတယ်။





ကချင်ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် အမေရိကန်တိုက်တွန်း

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ကချင်ဒုက္ခ သည်တွေကို အတင်းအကျပ် ပြန်မပို့ဖို့နဲ့ ယာယီ ခိုလှုံခွင့်ပေးဖို့ အမေရိကန် ပြည်ထောင်စုက တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ----




photo courtesy of Kachinnet.net
ဆဒုံးမြို့နယ်ခွဲ နယ်စပ်မှတ်တိုင် ၆ နှင့် ၈ ဒုက္ခသည်စခန်း၊ မိုးမောက်မြို့နယ် မိုင်ဂျာယန်အနီး ဆိုင်မိုင်ပါနဲ့ အင်ဘာပါ ဒုက္ခသည် စခန်းများ၌ UNOCHA, UNHCR, WFP တို့က အကူအညီပေးနေစဉ်။

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့