Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 August 2012

ဟုတ်တော့..ဟုတ်သား


ကျွန်တော်အရင်ဆိုက်ကားဆိုရင်မစီးပါ။ဘာလို့ လဲဆိုတော့လူလူချင်းခေါင်း ပုံဖြတ်တယ်လို့ စိတ်ထဲထင်လို့ ပေါ့။ ကိုယ်ကအငြိမ့်သားထိုင်လိုက်နင်းတဲ့ 
သူကချွေးသံတရဲရဲနဲ့ ဒီလိုပုံ၇ိပ်တွေဘဲမြင်တော့လူလူချင်းခေါင်းပုံဖြတ်တယ်
လို့ ဘဲထင်မိတယ်။ဆိုက်ကားဘေးတွဲလေးမှာနေပူလို့ ထီးဆောင်းပြီးဆိုက်ကား
နင်းသူကလျှာထွက်မတတ်အမော့ဆို့ မတတ်နွေလယ်နေ့ ခင်းတွေရဲ့ ပုံရိပ်တွေ
ကနှလုံးသားကိုထိခိုက်စာနာတတ်ခဲ့တယ်။ကုန်ဆင်းဆိုတော်သေးကုန်းတက်
ဆိုရင်ခြေတိုမတတ်နင်းမနင်းနိုင်ရင်ဆင်းတွန်းပြီးခရီးသည်တွေရဲ့ လို ရာခရီးကို
ရောက်အောင်ပို့ ပေးတဲ့သူတွေကိုကြည့်ပြီးကိုယ်ချင်းစာသနားလို့ တော်ယုံခရီး
ကုန်းတက်တွေရှိတဲ့ခရီးကိုဘယ်တော့မှဆိုက်ကားကိုမစီးဘူးတတ်နိုင်သလောက်ကိုယ့်ခြေထောက်ကိုဘဲအားပြုခဲ့တယ်။
တနေ့ တော့မစီးမဖြစ်စီးရတော့အရင်ဆုံးကုန်းတက်ဆိုရင်ရပ်ပေးပါ
ကိုယ်ကလမ်းဆင်းလျှောက်ပေးတာပေါ့။ကူတောင်တွန်းပေးလို့ ဆိုက်ကားဆရာ
ပြောတဲ့စကားကကိုယ့်ထက်ကြီးပေမဲ့သူကလေးစားတဲ့အနေနဲ့ အကို့ လိုလူမျိုးတွေ
ရှားတယ်တဲ့။ဒါနဲ့ ကျွန်တော်ကပြောဖြစ်လိုက်တယ်။အခုတောင်မစီးမနေရမဲ့ သွားရမဲ့ လမ်းမို့ စီးတာပေါ့လို့ ။ကျွန်တော် တော်ယုံ ဆိုက်ကားဘယ်တော့မှ 
မစီးဘူးလို့ ပေါ့ ............. 
ဒီတော့ဆိုက်ကားဆရာပြောလိုက်တဲ့စကားကြောင့်နောက် ဆိုရင်အားပေးဖြစ်တော့တယ်။ဒါပေမဲ့ကုန်းတက်တိုင်းလမ်းဆင်းလျှောက်တုန်း 
ပါဘဲ။လူသားချင်းစာနာနားလယ်သဘောပေါက်ပါစေရန်ရည်ရွယ်ပါသည်။
ဆိုက်ကားဆရာပြောတဲ့စကားကအကို့ လိုအားမပေးတော့ကျွန်တော်
  1. တို့ ဝမ်းရေးကိုဘယ်လိုဖြည့်ရမလဲတဲ့။ဟုတ်တော့..ဟုတ်သား....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့