Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 August 2012

ရီစရာ ဟာသလေးများ


~ဘယ်အချိန်လာရမလဲ~
ဈေးမ၀ယ်ဖူးသော အမျိုးသားတစ်ယောက် ဈေးဝယ်ထွက်လာသည်။
အမျိုးသား ။ ။ အစ်မကြီး ခရမ်းသီးတစ်လုံးဘယ်လောက်လဲ ။
ဈေးသည် ။ ။ မောင်လေး ခရမ်းသီးက အချိန်နဲ့ရောင်းတာကွဲ့ ။
အမျိုးသား ။ ။ အဲဒါဆို ကျွန်တော်ဘယ်အချိန်လာဝယ်ရမလဲ။



~အိပ်မပျော်သောည~
တည်းခိုခန်းပိုင်ရှင်က ဧည့်သည်ကိုမေးသည် ။
"ညက ကောင်းကောင်း အိပ်ပျော်ပါရဲ့လား ခင်ဗျာ"
"မမေးရင် ပိုကောင်းမယ် ၊ အိပ်ရာထဲမှာ ကြမ်းပိုးအသေတစ်ကောင်ကိုတွေ့ရတယ်"
"အသေတစ်ကောင်နဲ့ အဲလောက်တောင် စိတ်အနှောက်အယှက်ဖြစ်ရ သလားဗျာ"
"အသုဘ လိုက်ပို့တဲ့ သူ့ဆွေမျိုးသားချင်းတွေကိုမြင်ရင် ခင်ဗျား ဒီစကားမျိုးပြောမှာမဟုတ်ဘူး .. ဟင်း"




~နောင်တ~
"လက်မထပ်ခင်တုန်းက ငါ့မိန်းမကို ငါဘယ်လောက်ချစ်သလဲဆိုရင် တစ်ခါတစ်လေ သူ့ကို ကိုက်စားချင်စိတ်တောင်
ပေါ်မိတယ်"
"အခုကော"
"မစားလိုက်မိတာ မှားလေခြင်းလို့နောင်တရတယ် "




~လဲပေးမယ်~
စားသောက်ဆိုင် တစ်ဆိုင်တွင်ဖြစ်သည်။
"ခင်ဗျားတို့ဆိုင်က ကြက်ကင်က မာလှချည်လားဗျ "
"'ဒါဆို ဘဲကင်နဲ့ လဲပေးရမလား ခင်ဗျာ"
"'ဒါပေမယ့် ကြက်ကင်ကို ကျွန်တော် ကိုက်လိုက်မိပြီ ခင်ဗျ"
"ကိစ္စမရှိပါဘူး ။ ဘဲကင်လည်း ကိုက်ထားပြီးသားပါ "




~မစားဘူး~
"ခင်ဗျား ချပေးတဲ့ အစိမ်းကြော်က သိုးနံ့ရနေပါလား ၊ ကျုပ်မစားနိုင်ဘူး ၊ စားဖိုမှူးခေါ်ပေးပါ"
"ခေါ်လို့လည်း အပိုပါဘဲခင်ဗျာ ၊ သူလည်း စားမှာမဟုတ်ပါဘူး"




~မသွားနဲ့~
နေသာသောနေ့တစ်နေ့တွင် ယင်တစ်ကောင် ပင်လယ်ကမ်းခြေဆီသို့ ဦးတည်ကာ ပျံသန်းလာနေသည်။
လမ်းတွင် ခြင်နှင့်တွေ့သည်။
"ဘယ်သွားမလို့လဲ " ဟု ခြင်ကမေးသည်။
"ကမ်းခြေဘက်သွားမလားလို့ဗျာ ၊ ဒီနေ့နေသာတယ် မဟုတ်လား"
"မသွားနဲ့ ၊ ဟိုမှာ ဆင်က သူ့ရေကူးဘောင်းဘီပျောက်နေလို့ ပိုက်စိပ်တိုက်ရှာနေတယ် ၊ ငါတောင် ၂ ခါတိတိ
အရှာခံလာခဲ့ပြီးပြီ"




~ခင်ဗျားတို့ကိုး~
ဆေးရုံမှ လင်မယားနှစ်ဦးထွက်လာသည် ။ လမ်းတွင် တက္ကစီငှားသည်။ မိန်းမက တက္ကစီသမားအား
"ကျေးဇူးပြုပြီး ဖြည်းဖြည်းမောင်းပေးပါနော် ၊ ကျွန်မတို့နှစ်ယောက် မနေ့က အမောင်းကြမ်းတဲ့ ဒရိုင်ဘာနဲ့တွေ့လိုက်
တာ ဆေးရုံတက်လိုက်ရတယ် "
တက္ကစီသမား ။ ။ "သြော် .. ခင်ဗျားတို့ကိုး ၊ ကြည့်စမ်း ရုတ်တရက် မမှတ်မိလိုက်ဘူး "




~လူမှန်နေရာမှန်~
"မောင်ဘမောင် ၊ မင်းက ဘယ်လိုယောင်္ကျားလဲကွယ့် ။ မင်းမိန်းမက ကိုယ်ဝန်ကြီးနဲ့ထင်းခွဲနေတယ် ။
မင်းကျတော့ ဒီခုံပေါ်မှာ အေးအေးဆေးဆေးထိုင်တီးနေတယ် ။"
"မတတ်နိုင်ဘူး ဒေါ်ဒေါ် ၊ သူမှ မယ်ဒလင် မတီးတတ်တာ"




~ကူညီပါ့မယ်~
ဟင်းသီးဟင်းရွက်သည်ကို ဈေးဝယ်အဘွားကြီးကပြောသည်။
"အာလူး ငါးပိသာ ၀ယ်မလိုသမီးရယ် ၊ ဒါပေမယ့် မသယ်နိုင်မှာစိုးတယ်"
"မပူပါနဲ့ အဘွား ၊ အဘွားသယ်နိုင်အောင် ကျွန်မချိန်ပေးလိုက်ပါ့မယ်"




~ပြင်ဆင်မှု~
"သမီး … မီးဖိုချောင်ထဲက ပန်းကန်ပြား ငါးချပ် ယူခဲ့စမ်း"
"ဘာလုပ်ဖို့လဲ .. မေမေ"
"သမီးဖေဖေနဲ့ စကားပြောစရာရှိလို့"




~လာပါဦး~
အန်တီမြ ဧည့်သည်များကိုပြောသည်။
"စားကြပါ သောက်ကြပါ စိတ်ကြိုက်သုံးဆောင်ကြပါ ။ အဲ အားနာတတ်တဲ့စိတ်မရှိဘူးဆိုလဲ မနက်ဖြန်လာကြပါဦးနော်"


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့