Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 August 2012

ကျိန်စာလွတ်တဲ့ နေ၀င်ချိန်



ကျိန်စာလွတ်တဲ့ နေ၀င်ချိန်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မွန်းကျပ်မှု့တွေ ပြည့်နေတဲ့ဘ၀မှာ
ပျော်ရွှင်စရာဆိုတာ ငါ့အတွက် ဘာလဲ?

မွဲေ၇ာ်ေ၇ာ် အလင်းတန်းလေးရယ်
အေးစက်စက် ကော်ဖီတစ်ခွက်ရယ်က
ငါ့ကို အဖော်ပြုနေတယ်...
ရသအစုံပေးနေတဲ့ ဘ၀ ဆိုတာ ချဉ်ငံစပ်လား။

မျော်လင့်ချက်ဆိုတာကို
နောင်တခါ ပြန်အလှည့်မှာ
အချိန် ဘယ်လောက်လိုမလဲ?

အဆက်ပြတ်သွားတဲ့ မျှော်လင့်ချက်ဆိုတာကို
ပြန်လည် အသက်သွင်းရင်း
တစ်ရက်ပြီး တစ်ရက်ကျော်ဖြတ်လာတာ
ရာသီတွေတောင် အိုကုန်ပြီပဲ။

ကြွေလွင့်ခဲ့တဲ့ အိမ်မက်လေးကို
အစပြန်ဖော်ပြီး မက်လည်း
အရင်လိုတော့ ဘယ်နွေးထွေးပါ့မလဲ...

ပျော်ချင်ယောင်ဆောင်ရင်း
လူသိစေမယ့် သိမ်ငယ်မှု့တွေ
ဖုံးကွယ်ရင်း ကိုယ့်ကိုကိုယ်
အားတင်းရတာ မောလွန်းလှပါပြီ...

ငါ့နေ၀င်ချိန်တွေသာ
ကျိန်စာလွတ်ခဲ့ရင် အရမ်းကောင်းမှာပဲ။။။။။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့