Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 30 September 2013

မန္တလေးရှိုးပွဲ အုပ်စုဖွဲ့ရန်ပွဲတွင် ပါဝင်သူများ ဖမ်းဆီးရန် စုံစမ်းလျက်ရှိ

မေ၂၆ရက်ညကကျင်းပခဲ့သော (မျှော်စင်ကျွန်း)  ဟစ်ဟော့ရှိုးပွဲမြင်ကွင်း ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) မန္တလေးမြို့ ဒိုင်းမွန်းပလာဇာတွင် ကျင်းပခဲ့သည့် စတိတ်ရှိုးပွဲ၌ ပရိသတ်အချင်းချင်း အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားရာမှ လူခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ ယင်းဖြစ်စဉ်တွင် ပါဝင်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။

ယခုလ ၂၇ ရက်က မန္တလေးမြို့ ဒိုင်းမွန်းပလာဇာတွင် ကျင်းပခဲ့သည့် ရှိုးပွဲ၌ ပွဲကြည့်သူအချင်းချင်း အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားခဲ့ရာ လူငယ်ခုနစ်ဦး ဒဏ်ရာများရရှိခဲ့ပြီး၊ ရန်ပွဲတွင် ပုလင်းကွဲ၊ ဖန်ကွဲများဖြင့် ရိုက်နှက်ခဲ့ကြပြီး ထိုသို့ရိုက်နှက်ခဲ့သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများတွင် ဆယ်ကျော်သက်အရွယ်လူငယ်များ ပါဝင်သည်။
““ကကြ၊ ခုန်ကြရင်းနဲ့ ဖြစ်တာ။ အဲဒီထဲမှာ ထိုးကြကြိတ်ကြ၊ ပုလင်းတွေနဲ့ ရိုက်နေကြတာ တွေ့တယ်”” ဟု အဆိုပါရှိုးပွဲသို့ သွားရောက်ကြည့်ရှုသူတစ်ဦးက ပြောကြားသည်။

ရန်ပွဲအတွင်း ရိုက်နှက်ခံရသူများမှာ ပြတ်ရှဒဏ်ရာအချို့ ရရှိခဲ့ပြီး မန္တလေးဆေးရုံကြီး အရေးပေါ်လူနာဌာနသို့ တက်ရောက်ဆေးကုသမှု ခံယူခဲ့ရသော်လည်း မစိုးရိမ်ရကြောင်း၊ ရန်ပွဲကြောင့် လူသေဆုံးသည်ဆိုသော ကောလာဟလများ မြို့ခံများအကြား ထွက်ပေါ်ခဲ့သော်လည်း မဟုတ်မှန်ကြောင်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အမှတ် (၈) မြို့မရဲစခန်းမှ သတင်းရရှိသည်။

ရှိုးပွဲအတွင်း ခိုက်ရန်ဖြစ်ပွားစဉ်အချိန်က လူငယ်ခုနစ်ဦးကို ထိုးကြိတ်မှုများပြုလုပ်သည်ဟု သံသယရှိသည့် အမျိုးသားသုံးဦးအား လုံခြုံရေးတာဝန်ရှိသူများက ထိန်းသိမ်းခဲ့သော်လည်း ၎င်းတို့အား ရန်ပြုသွားသူများမှာ အဆိုပါအမျိုးသားသုံးဦးမဟုတ်ကြောင်း၊ ထိုးကြိတ်သွားသည့် အမျိုးသားများအား မှတ်မိခြင်းမရှိကြောင်း ဖြေကြားခဲ့သည်ဟု တိုင်းရဲရုံးမှတ်တမ်းများတွင် ဖော်ပြသည်။

စက်တင်ဘာ ၂၇ ရက်က ဒိုင်းမွန်းပလာဇာအပေါ်ဆုံးထပ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါရှိုးပွဲ၌  J-Me ၊ ကျော်ထွဋ်ဆွေ၊ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ Bobby Soxer ၊ မိစန္ဒီ အစရှိသည့် လူငယ်ကြိုက် အနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေခဲ့ပြီး ပရိသတ် ၇၀၀ တက်ရောက်ခဲ့ကြောင်း တိုင်းရဲရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။

လူငယ်တစ်ဦးက လမ်းသွားလမ်းလာများအား ဓာတ်ဆီဖြင့်ပက်၍ ကလေးငယ်တစ်ဦး ကျောကုန်းမီးလောင်

ကလေးငယ်ကျောကုန်းမှမီးလောင်ဒဏ်ရာ ဓာတ်ပုံ - Hinthada Humanrigh လူငယ်တစ်ဦးက ဓာတ်ဆီပုလင်းကိုင်၍ လမ်းသွားလမ်းလာများအား ဓာတ်ဆီဖြင့်ပက်ကာမီးတို့သောကြောင့် တတိယတန်းကျောင်းသားလေးတစ်ဦး၏ ကျောကုန်းတွင် မီးလောင်ဒဏ်ရာ ရရှိသွားသော ဖြစ်စဉ်တစ်ခု ဟသာင်္တမြို့၊ အမှတ်(၁)ရဲစခန်းပိုင် နယ်မြေတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

““ဖြစ်စဉ်ဖြစ်ခဲ့တာ မှန်ပါတယ်။ ပြစ်မှုကျူးလွန်သူက တိမ်းရှောင်နေပြီး တရားဥပဒေအတိုင်း ဆက်လက်အရေးယူသွားမှာပါ”” ဟု ဟသာင်္တမြို့၊ အမှတ်(၁)ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် အောင်စိန်မြင့်က ပြောသည်။ဟင်္သာတမြို့၊ မြ၀တီရပ်ကွက်တွင် စက်တင်ဘာ ၂၈ ရက် ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် ကျော်ထက်ဝင်းဆိုသူက ယင်းရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်မှ ဓာတ်ဆီပုလင်းကိုယူကာ လမ်းသွားလမ်းလာများအား လိုက်ပက်ပြီး မီးခြစ်ဖြင့် လိုက်တို့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းလုပ်ရပ်ကြောင့် အသက် (၁၀) နှစ်အရွယ် တတိယတန်းကျောင်းသားလေးတစ်ဦး၏ ကျောကုန်းတွင် မီးလောင်ကျွမ်းကာ ဘေးပတ်ဝန်းကျင်တွင် နေထိုင်သူများက ၀ိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ရကြောင်း မြ၀တီရပ်ကွက် မှ ရာအိမ်မှူး ဦးအောင်ကိုကပြောသည်။

ကျောကုန်းတွင် မီးလောင်ဒဏ်ရာရရှိသွားသောကလေးမှာ ဟသာင်္တပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီး ဒဏ်ရာအခြေအနေ သက်သာသွားပြီဖြစ်ကြောင်း မြ၀တီရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအောင်ကျော်သိန်းက ပြောသည်။

အဆိုပါအမှုကို ဟသာင်္တမြို့၊ အမှတ် (၁)ရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃၂၄ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ကလေးချင်းစနောက်ရာမှ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ခြင်းကြောင့် မီးလောင်ဒဏ်ရာအား ပျောက်ကင်းအောင် ကုသပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိသူများအနေဖြင့် ညှိနှိုင်းပေးစေလိုကြောင်း ပြစ်မှုကျူးလွန်သူ၏ မိခင်ဖြစ်သူ ဒေါ်ခင်အေးမူကပြောသည်။
 
t

ရခိုင်တိုင်းရင်းသားများ မကာကွယ်ပါက မြန်မာမြေပုံ ယခုအတိုင်း မရှိနိုင်ဟု သူရဦးရွှေမန်းဆို



ထူးခြားသည့် ပထဝီ အနေအထားအရ ရခိုင်ပြည်နယ်တွင် နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ရေးအတွက် ရခိုင်တိုင်းရင်းသားများ ခက်ခက်ခဲခဲ ကာကွယ်နေရပြီး ရခိုင်တိုင်းရင်းသားများ သာ မကာကွယ်ခဲ့ပါက မြန်မာနိုင်ငံ မြေပုံသည် ယခုအတိုင်း တည်ရှိနေမည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ရန်ကုန်မြို့တော် International Business Centre (IBC) တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု မရှိဘူးဆိုရင်။ ရခိုင်တွေ အဆမတန် ခက်ခက်ခဲခဲ ထမ်းဆောင်နေကြတဲ့ နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်မြဲရေး များစွာ အခက်အခဲရှိမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

လုံခြုံရေး မျက်ခြည်ပြတ် မခံနိုင်သည့် ရခိုင်ပြည်နယ်တွင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးမှု မရှိသေးကြောင်း ဦးရွှေမန်းက ပြောကြားသည်။
“လုံခြုံရေးနဲ့ တည်ငြိမ်ရေး၊ အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး ရှိလားဆိုရင် မရှိသေးဘူးလို့ ဖြေရမှာပဲ။ ရှိတယ် ဆိုရင်လည်း မလုံလောက်သေးဘူးလို့ ကျွန်တော်ပြောရမှာ ဖြစ်တယ်” ဟု ဦးရွှေမန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရာတွင် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရုံဖြင့် ငြိမ်းချမ်းရေးဟု ပြောဆို၍ မရကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများသည်လည်း ငြိမ်းချမ်းရေးကို အကောင်အထည် မဖော်ဆောင်နိုင်သည့် ပဋိပက္ခများ ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသား လုံခြုံရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွင်း ဥပဒေများ ပြဋ္ဌာန်းကာ အကာအကွယ်ပေးရန် လိုအပ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့မှာ လွန်စွာ အရေးပါကြောင်း အထက်ပါ ဆွေးနွေးပွဲကို တက်ရောက်သည့် ရခိုင်ပြည်နယ် ကိုယ်စားလှယ်များ၏ တင်ပြချက်များအရ သိရှိရသည်။
“နယ်စပ်မှာ ခြံစည်းရိုး ကာထားရုံနဲ့ လုံခြုံမှု မရှိသေးဘူး။ ခြံစည်းရိုးမရှိတဲ့ ချောင်းတွေက နေ့စဉ်နဲ့အမျှ လှေတွေ ဝင်ထွက်နေကြတယ်။ ပိုက်ဆံတစ်ထောင် ပေးလိုက်ရင် နတ်မြစ်ကို လှေနဲ့ ထွက်လို့ရတယ်” ဟု ရခိုင်ပြည်နယ်ကိုယ်စား တင်ပြသည့် တရားလွှတ်တော်ရှေ့နေ ဦးဘိုမင်းဖြူက ပြောကြားသည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး အနီးရှိ ကျေးရွာများတွင် လက်နက်ကိုင် အုပ်စုများ ဝင်ရောက်မှုကို မကြာခဏ ကြုံတွေ့နေရပြီး ရခိုင်ပြည်နယ်တွင် RSO ခေါ် လက်နက်ကိုင် တပ်ဖွဲ့များ စစ်သင်တန်း ပေးနေသည်ဆိုသည့် သတင်းများကြောင့် ဒေသခံများ စိုးရိမ်မှု မြင့်တက်နေကြောင်း၊ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း ကောက်မည်ဆိုသည့် အစီအစဉ်ကြောင့် နယ်စပ်က ခိုးဝင်မှုများ များပြားလာကြောင်း ရခိုင်ပြည်နယ် ကိုယ်စားလှယ်များက ဆိုသည်။

ရခိုင်နှင့် ဘင်္ဂါလီလူဦးရေ အလွန်ကွာဟသည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် တိုင်းရင်းသား ကျေးရွာများကို တိုးမြှင့်ချပေးရန်၊ ဒေသခံများကို ပြည်သူ့စစ် သင်တန်းများပေးရန် လိုအပ်ကြောင်း ၎င်းတို့၏ တင်ပြချက်များအရ သိရှိရသည်။

ယခုနှစ် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ နယ်စပ်ဒေသသို့ အနည်းနှင့်အများ ဂယက်ရိုက်မှုများ ရှိနိုင်သဖြင့် နယ်စပ် အခြေအနေများကို မျက်ခြည်မပြတ် စောင့်ကြည့်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

တိုင်းရင်းသား အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး ဥပဒေမူကြမ်း လွှတ်တော်တင်မည်



တိုင်းရင်းသား အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး ဥပဒေမူကြမ်းကို ရှေ့နေချုပ်ရုံးသို့ တင်ပြခဲ့ပြီး ယင်းမူကြမ်းကို လွှတ်တော်တင်ရန် လုပ်ဆောင်နေကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အဆိုပါ ဥပဒေမူကြမ်း တတိယအဆင့် အနေနှင့် ရှေ့နေချုပ်ရုံးနှင့် အဆိုပါရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဥပဒေချုပ်များနှင့် ညှိနှိုင်းပြီး အဆိုပါ ဥပဒေမူကြမ်းကို လွှတ်တော် တင်ရ် စီစဉ်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

တိုင်းရင်းသား အခွင့်အရေး ကာကွယ် စောင့်ရှောက်ပေးရေး ဥပဒေ ပြဋ္ဌာန်းရာတွင် အာဏာခွဲဝေမှု (Power Sharing)၊ သယံဇာတ ခွဲဝေမှုများကို (Resource Sharing) တို့ကို ထည့်သွင်း ရေးဆွဲပေးရန် လိုအပ်ကြောင်း ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

တိုင်းရင်းသားများ အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ၏ တင်ပြလိုသည့် အချက်များကို အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို တင်ပြရမည် ဖြစ်ကြောင်း ဖက်ဒရယ်ပြည်ထောင်စုပါတီ (လျှောက်ထားဆဲ) မှ တာဝန်ခံ ဦးစောသန်းမြင့်က ပြောကြားသည်။

တိုင်းရင်သား အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းက ရေးဆွဲထားခြင်း ဖြစ်သည်။

စက်တင်ဘာလ(၂၆)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် ၈၈၉

PMM 889

စက်တင်ဘာလ(၂၅)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပဂျာနယ် အမှတ် ၄၅၅

GH 455 (office)

ဒေသဖွံ့ဖြိုးရေး ရခိုင်တိုင်းရင်းသားတွေနဲ့ သူရဦးရွှေမန်း ဆွေးနွေး

 ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို အကြမ်းဖက်မှု ပဋိပက္ခတွေ အပါအ၀င် ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ ရခိုင်တိုင်းရင်းသားတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း လွှတ်တော် အကြီးအကဲ တဦးအနေနဲ့ ပထမဦးဆုံးအကြိမ် ရခိုင်တိုင်းရင်းသားတွေနဲ့ တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုအပေါ် သူရဦးရွှေမန်းရဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုလို့ သုံးသပ်ကြသူတွေလည်းရှိသလို အစိုးရခေါင်း ဆောင်တွေ၊ လွှတ်တော်အကြီးအကဲတွေရဲ့ အခုလို လူထုတွေနဲ့ ထိတွေ့ဆက်ဆံမှုအပေါ် အပြုသဘော တုံ့ပြန်မှုတွေ လည်းရှိပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော် နာကယ သူရဦးရွှေမန်းက ရခိုင်ပြည်နယ် မြို့နယ်ပေါင်း ၁၇ မြို့နယ်က ကိုယ်စားပြုသူတွေ၊ ရန်ကုန်မှာရှိတဲ့ ရခိုင် တိုင်းရင်းသားမိသားစုတွေ၊ ပြီးတော့ ရခိုင်ပြည်နယ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပထမဦးဆုံးအကြိမ် ရန်ကုန်-နိုင်ငံတကာ စီးပွားရေး စင်တာ IBC ခန်းမမှာ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့တာပါ။ အဓိက အကြောင်းအရင်းကတော့ ရခိုင်ပြည်နယ်တွင်းဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေရဲ့ နောက်ပိုင်း လက်ရှိအခြေအနေတွေအပါအ၀င် ပြည်နယ်ဖွံ့ဖြိုးရေးမှာ လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး ရခိုင်လူထုတွေရဲ့ တင်ပြချက်တွေကို ပြည်ထောင်စု လွှတ်တော်နာယကတဦးအနေနဲ့ သိလိုတာကြောင့်ဖြစ်တယ်လို့ ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ RNDP ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ RNDP ကျောက်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က ဗွီအိုအေကို ပြောပြပါတယ်။

“အန်ကယ်တို့ ဒေသခံအသီးသီးတွေက တင်ပြကြတာကတော့ ဘင်ဂါလီမူဆလင်တွေကို နိုင်ငံတကာ INGO တွေက အကူအညီပေးတယ်၊ အကူအညီပေးတဲ့အခါ အချိုးအစီအစဉ်တွေနဲ့ ကူညီတယ်။ အဲဒီလို မရိုးမသားတာတွေကိုလည်း တကယ်တွေ့ရတယ်။ အဲဒီလိုတွေ့ရှိချက်တွေကို နိုင်ငံတော်ခေါင်းဆောင်ဖြစ်တဲ့သူတွေက သိဖို့လိုတယ်။ အဲဒါတွေလည်း ပါတာပေါ့။ လွှတ်တော်နာယကသိရုံနဲ့တော့ ဒီကိစ္စကို ချက်ခြင်းပြန်ပြီးတော့ ဘာလုပ်မယ်၊ ဘာလုပ်မယ်လို့ ပြန်ပြီးတော့ မပြောပါဘူး။ ဒီအခက်အခဲတွေကို သူ တွေ့ရှိရတဲ့အတွက်ကြောင့် သူက ဒီတင်ပြချက်တွေကို ဟုတ်မဟုတ်၊ မှန်မမှန်၊ အထောက်အထား ခိုင်မာမှု ရှိမရှိ၊ ဒါတွေတကယ် လိုအပ် မလိုအပ်၊ သူ သုံးသပ်ပြီးတော့ ဆက်ပြီးတော့ လုပ်မှာပေါ့။”

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ သွေးထွက်သံယို အကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ပတ်သက်လို့လည်း တင်ပြဆွေးနွေးခဲ့ ကြပြီး ဒါတွေကို လွှတ်တော်တွေအနေနဲ့ ဥပဒေပြဌာန်းပြီး ဆောင်ရွက်ပေးသွားရမှာဖြစ်တယ်လို့ သူရဦးရွှေမန်းက ပြောကြားခဲ့တဲ့အကြောင်း ဦးဘရှင်က ဆက်ပြောပြပါတယ်။

“ဒီ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဘင်္ဂါလီ-ရခိုင် Crisis ပေါ့- အကြပ်အတည်းဟာ ရခိုင်ပြည်နယ် တစ်ခုတည်းနဲ့ သက်ဆိုင်တာမဟုတ်ဘူး၊ ပြည်ထောင်စု တဝှန်းလုံးနဲ့သက်ဆိုင်တယ်၊ ပြည်ထောင်စုတိုင်းရင်းသား အားလုံးနဲ့သက်ဆိုင်တယ်၊ နိုင်ငံတော် အချုပ်အခြာ အာဏာနဲ့လည်း သက်ဆိုင်တယ်၊ နိုင်ငံတော်ရဲ့လုံခြုံရေးနဲ့လည်း သက်ဆိုင်တယ်ဆိုတာကို သူ လက်ခံတယ်။ ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေရဲ့တင်ပြချက်တွေကို လွှတ်တော် နာယကကြီးအနေနဲ့က သဘောပေါက်တယ်။ နားလည်တယ်။ အဲဒီလို နားလည်တဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်မှာ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အတွက်ဆိုလို့ရှိရင် ပြည်ထောင်စုလွှတ်တော်က ပါးစပ်နဲ့ပြောရုံ မဟုတ်ဘဲ ဥပဒေပြဌာန်းပြီးတော့ ကူညီဆောင်ရွက်ပေးရမယ်ဆိုတာကို သူ ရှင်းပြပါတယ်။”

ရခိုင်ပြည်နယ်တွင်းမှာ ၂၀၁၂ ခုနှစ် ဇွန်လဆန်းစပိုင်းက စတင်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခသည်ဦးရေ ၇ သောင်း ၅ ထောင်လောက်ရှိပြီး၊ အောက်တိုဘာလကုန်မှာ ထပ်ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် ထပ်မံ ထွက်ပြေးလာသူ ဒုက္ခသည် ဦးရေ ၃ သောင်းခွဲကျော် ရှိခဲ့တာကြောင့် ရခိုင်ပြည်နယ်တွင်းမှာ စုစုပေါင်း ဒုက္ခသည်ဦးရေ ၁ သိန်းကျော်သွားပြီလို့ ကုလသမဂ္ဂက ပြောဆိုထားတာဖြစ်ပါတယ်။

ဒါ့အပြင် အခုလို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ ရခိုင်တိုင်းရင်းသားမိသားစုတွေ ပထမဆုံးအကြိမ် တွေ့ဆုံမှုအပေါ် ဒါဟာ သူရဦးရွှေမန်းရဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုလို့ တချို့ကလည်း သုံးသပ် ကြတာတွေလည်းရှိပါတယ်။ ဒါပေမဲ့လည်း ဒီတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ RNDP လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်ကတော့ အစိုးရခေါင်းဆောင်တွေ၊ လွှတ်တော်အကြီးအကဲတွေရဲ့ အခုလို လူထုတွေနဲ့ ထိတွေ့ဆက်ဆံမှုအပေါ် အခုလို ပြောဆိုပါတယ်။

“ရခိုင်ပြည်သူတွေက နိုင်ငံတော် ခေါင်းဆောင်တွေနဲ့တွေ့ချင်တာ ကြာပါပြီ။ သမ္မတကြီးကိုယ်တိုင်ကိုလည်း ရခိုင်ပြည်သူတွေ တွေ့ချင်တယ်။ လွှတ်တော် နာယကကြီးကိုလည်း ရခိုင်ပြည်သူတွေ တွေ့ချင်တယ်။ ရခိုင်ပြည်သူတွေက နိုင်ငံခေါင်းဆောင်ကြီးတွေနဲ့ တွေ့ကို တွေ့ချင်နေတဲ့အချိန်မှာ တွေ့ခွင့်ရသွားတဲ့ အတွက်ကြောင့် သူလည်းကျေနပ်တယ်၊ ရခိုင်ပြည်သူတွေလည်း ကျေနပ်ကြတယ်။ အဲလို တွေ့ဆုံတဲ့ပွဲမှာ ပွင့်ပွင့်လင်းလင်း ပြောခွင့်ဆိုခွင့် ရကြတဲ့အတွက်ကြောင့် ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်လို့ အန်ကယ်လ်ကတော့ ယုံကြည်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်တယ်လို့ ပြောရင်လည်း ပြောကြမှာပေါ့လေ၊ အန်ကယ်လ်ကတော့ နိုင်ငံရေးအမြတ်ထုတ်ဖို့လို့ မပြောလိုပါဘူး။ သူ့မှာ တာဝန်တရပ်ရှိတဲ့ အတွက်ကြောင့် ဒီတာဝန်ကို တပိုင်းတစလာပြီးတော့ တာဝန်ထမ်းဆောင်တယ်လို့ပဲ အန်ကယ်လ်က အဲလိုပဲ မှတ်ချက်ပြုချင်ပါတယ်။”

ရခိုင်တိုင်းရင်းသားမိသားစုတွေနဲ့ သူရဦးရွှေမန်း အခုလို တွေ့ဆုံတာဟာ ပထမဆုံးအကြိမ် ဖြစ်ပေမဲ့လို့၊ ဒီတလတည်းမှာတင် သူဟာ တိုင်းရင်းသား ၂ စုကို တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒီလဆန်းပိုင်းကလည်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းဟာ ရှမ်းပြည်နယ်ကို သွားရောက်ခဲ့ပြီး၊ အဲ့ဒီမှာရှိတဲ့ ဒေသခံပြည်သူတွေ၊ ဒေသခံ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့တွေနဲ့ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သလို၊ အဲ့ဒီခရီးစဉ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်ရှင်။

လက်ပံတောင်းအရေး ဆန္ဒပြသူများ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်

 လက်ပံတောင်းအရေး လှုပ်ရှားသူ သံဃာတော်တွေနဲ့ ဒေသခံတွေ စုစုပေါင်း ၅၀ လောက်ဟာ မန္တလေးတိုင်း အမရပူရမြို့အဝင်ကနေ လက်ပံတောင်းတောင်ခြေ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်အထိ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြရာ အာဏာပိုင်တွေက ခွင့်ပြုခြင်းမရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းက လယ်တီဆရာတော် ဘုရားကြီးရဲ့သိမ်တော်နဲ့ သာသနိက အဆောက်အအုံတွေကို မူလအတိုင်းထားပေးဖို့ သူတို့တွေက တောင်းဆိုကြတာ ဖြစ်ပါတယ်။

ဆန္ဒပြချီတက်ရတာနဲ့ပတ်သက်ပြီး လက်ပံတောင်းအရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုစည်သူက အခုလို ပြောပါတယ်။

" သိမ်ကိုတော့ ကျွန်တော်တို့ မူလအတိုင်းရှိစေချင်ပါတယ်၊ အစိုးရကို ကျွန်တော်တို့ ဆန့်ကျင်နေခြင်းမဟုတ်ဘူး၊ ကျွန်တော်တို့ သာသနာတော်နဲ့ အထင်ကရ စေတီတစ်ဆူဖြစ်တဲ့ လယ်တီဆရာတော် ဘုရားကြီးရဲ့ သိမ်ကျောင်းနဲ့ အဆောက်အအုံကိုသာ အစီရင်ခံစာပါအတိုင်းလေးဖြစ်စေချင်တဲ့အတွက် ဒီနေ့ ပွဲလေးကို ကျွန်တော်တို့ အပါအဝင် ဒေသခံတွေ ဆရာတော်ဘုရားတွေနဲ့အတူ ကျွန်တော်တို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်"

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် ဆန္ဒပြခဲ့ကြတဲ့ ရဟန်းသံဃာတွေ ပြည်သူတွေကို အာဏာပိုင်တွေက အင်အားသုံးဖြိုခွဲခဲ့တဲ့ ၁၀ လပြည့် အထိမ်းအမှတ်နဲ့ ဒီဆန္ဒပြပွဲကို ကျင်းပတာဖြစ်တယ်လို့လည်း သိရပါတယ်။

လယ်တီသိမ်ကို ထိန်းသိမ်းဖို့ ချီတက်လမ်းလျှောက် သူတွေ စစ်ကိုင်းအ၀င်မှာ တားဆီးပြီ

လက်ပတောင်းတောင်ဒေသ လယ်တီဆရာတော်ဘုရားကြီး သိမ်နဲ့စေတီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အင်းအားစုများက မန္တလေးမြို့ ငွေငါးကျောင်းတိုက်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး စုံစမ်းရေး ကော်မရှင် တင်ပြချက်တွေနဲ့ သံဃာတော်တွေရဲ့ ၀ိနည်းတော် လုပ်ထုံး... လုပ်နည်းများအတိုင်း ထိန်းသိမ်းပေးဖို့ စက်တင်ဘာ ၂၉ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ သတင်းစာရှင်းလင်းပွဲ အပြီးမှာ လမ်လျှောက်ချီတက်ပွဲကိုလဲ စတင်ပြုလုပ်နေပါတယ်။

သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ
DVB TV News


အမရပူရမြို့နယ်ကနေ လက်ပတောင်းအထိ ချီတက်လမ်းလျှောက်လာတဲ့ လယ်တီ ဆရာတော်ဘုရားကြီး သိမ်နဲ့စေတီ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး အင်းအားစုတွေကို စစ်ကိုင်းအ၀င်မှာ တားဆီးပြီ


အမရပူရမြို့နယ်ကနေ စတင်ချီတက်လမ်းလျှောက်လာနေတဲ့ လက်ပတောင်းဒေသ လယ်တီဆရာတော်ဘုရားကြီး သိမ်နဲ့စေတီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အင်းအားစုတွေကို စစ်ကိုင်းအ၀င်မှာ စောင့်ကြိုနေသူများကို တွေ့ရစဉ်။

မအားသေးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ကွမ်းယာဆိုင်၌်ချက်ထိုးရင်းပြော

 ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ မဲဇလီဒလကျေး  ရွာရှိလယ်သမားကြီးဦးစိန်သောင်း နှင့် လယ်သမားများ၏ လယ်ယာ မြေကိစ္စနှင့် ပတ်သက်၍သတင်း မီယာများတွေ့ဆုံပွဲကို ၂၀၁၃ ခုနှစ်   စက်တင်ဘာ (၂၅) ရက်နေ့ နံနက်  (၁၀း၃၀) တွင် လယ်သမားကြီး ဦးစိန်သောင်းအိမ်၌ ကျင်းပရာ လယ်ယာမြေနှင့် ပတ်သက်သော  ကိစ္စများကို မီဒီယာအဖွဲ့များအား ရှင်းလင်းပြောကြားခဲ့ကြသည်။

မီဒီယာအဖွဲ့သည်လယ်သမား  များပြောပြချက်များကို နှစ်ဖက်  အမြင်ဖြင့် ရေးသားရန်အတွက် ညောင်တုန်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေး မှူးထံ သွားရောက်ခဲ့ကြပါသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းသည်ရုံးချိန်အတွင်း ရုံး၌  မရှိဘဲအုပ်ချုပ်ရေးမှူးရုံးရှေ့တည့် တည့်လမ်းထိပ်၊ လမ်းမတော်လမ်း   နှင့် စုပေါင်းရုံးလမ်းဆုံကွမ်းယာ ဆိုင်၌ စစ်တုရင်ကစားနေတာ ကို တွေ့၍ သတင်း၊ မီဒီယာအဖွဲ့က  အုပ်ချုပ်ရေးမှူးကို တွေ့လိုကြောင်း   ပြောရာ စစ်တုရင်ကစားနေသော  အုပ်ချုပ်ရေးမှူးက မအားကြောင်း  နှင့် တွေလိုပါက ကြိုတင်ပြော ထားရမည်ဟုပြောကြောင်း မီဒီယာအဖွဲ့မှ ဂျာနယ်လစ်တစ် ဦးကပြောပြသည်။

မီဒီယာအဖွဲ့များကလယ်ယာ   မြေများနှင့် ပတ်သက်သော အချက်များကိုသိရှိလို၍ အုပ်ချုပ် ရေးမှူးရုံးခန်း၌ ဇွဲရှိရှိစောင့်ဆိုင်း ၍ အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခဲ့ ရာ လယ်သမားများနှင့် အုပ်ချုပ် ရေးမှူးပြောဆို၍ရရှိသောရလဒ် မှာ နောက်ဆုံးတွင်အမှုရင်ဆိုင် ဖြေရှင်းရန်သာဖြစ်ကြောင်း သိရ သည်။          

လူတိုင်း ကျန်းမာရေး စောင့်ရှောက်မှုအတွက် မြန်မာအစိုးရ အကုန်ကျခံမှု သိပ်နည်းပါးဟု WHO ပြော (ရုပ်/သံ)



လူတိုင်း ကျန်းမာရေး စောင့်ရှောက်မှုအတွက် မြန်မာအစိုးရ အကုန်ကျခံမှု သိပ်နည်းပါးဟု WHO ပြော (ရုပ်/သံ)  

အတည်ပြုလိုက်တဲ့စည်ပင်ဥပဒေမူကြမ်းမှာ ငွေနှင့်ထောင်ဒဏ် တိုးမြှင့်လိုက်သည်

 စက်တင်ဘာလ ၂၄ ရက်က ပြုလုပ်သော ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်၏ပထမအကြိမ်၊ ဆဋ္ဌမပုံမှန်အစည်းဝေး၏ ၈ရက် မြောက်နေ့တွင်ရန်ကုန်တိုင်းဒေသ ကြီး၏ စည်ပင်သာယာရေးဥပဒေ ကြမ်းကို အတည်ပြုခဲ့သည်။

ယင်းဥပဒေကြမ်းတွင်စည်ပင် သာယာဥပဒေ ချိုးဖောက်မှုများ အတွက် ငွေဒဏ်ကို ဆယ်ဆတိုး ခြင်းနှင့် ထောင်ဒဏ်မြှင့်တင်ခြင်း တို့ပါဝင်ကြောင်း သိရသည်။

ထောင်ဒဏ်နှင့် ငွေဒဏ်တိုး မြှင့်ထားရခြင်းမှာဥပဒေချိုးဖောက် သူများကြောင့်ဖြစ်ကြောင်းရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ပြော သည်။

ရန်ကုန်မြို့တော်အတွင်းတွင် ဥပဒေချိုးဖောက်သူများမှာ နေ့စဉ် နှင့်အမျှရှိနေသော်လည်း စည်ပင် ရဲများအနေဖြင့် ဥပဒေချိုးဖောက် သူများကို နိုင်နိုင်နင်းနင်းမရှိသေး ကြောင်း ပြည်သူများက သုံးသပ် သည်။

““လာကြည့်ပါ။ပလက်ဖောင်း ပေါ်လမ်းလျှောက်လို့ မရအောင် ဖြစ်နေတယ်။ အချိန်နဲ့ သတ်မှတ် တယ်တာပြောတာနှစ်နာရီလောက် ကတည်းက ဈေးခင်းနေတာ။ လမ်းမအလယ် ဆင်းလျှောက်ရ မလိုဖြစ်နေပြီ။ Taxi တွေကလည်း ဈေးခင်းတဲ့အပြင်ကကပ်ရပ်တော့ လိုင်းကားတွေ အခက်တွေ့တာ ပေါ့”” ဟု လသာမြို့နယ်မှ အမျိုး သားတစ်ဦးကဆိုသည်။

ယခင်ရှိခဲ့သောစည်ပင်ဥပဒေ မှာ ၁၉၄၈ ခုနှစ်ကဥပဒေဖြစ်ပြီး၊ အချို့မှာ ခေတ်နှင့်လျော်ညီမှုမရှိ တော့ကြောင်း၊ မြို့တော်စည်ပင် ရေးအတွက် စည်ပင်ဥပဒေသည် အရေးကြီးကြောင်း၊ ဥပဒေသမား တစ်ဦးက ပြောသည်။

““လိုင်းကားပေါင်းစုံ ဥဒဟို ပြေးနေတဲ့လမ်းမကြီးပေါ်မှာလမ်း အလယ်ရဲ့ထက်ဝက်နီးပါး ခင်း ကျင်းထားတယ်။ ခုံတွေပါ အကျ ခင်းထားကြသေးတယ်။ လမ်း လျှောက်စရာ လမ်းကမရှိ၊ လိုင်း ကားတွေက လွတ်အောင်ရှောင် မောင်းနေကြရတယ်။ ဒါတွေဟာ စည်းကမ်းမဲ့လွန်းတယ်။ ဒီကြားထဲ သားစိမ်းငါးစိမ်းတွေကို အကျလှီး ချွတ်နေကြတယ်။စည်ပင်အနေနဲ့ မြင်သင့်တယ်လို့ မြင်တယ်”” ဟု ဆိပ်ကမ်းသာလမ်း၊ အထက်လမ်း နေသူတစ်ဦးက ဝေဖန်ပြောကြား သည်။       

မိခင်ကို သားဖြစ်သူက သတ်တဲ့ လူသတ်မှု



ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင်မြို့နယ်၊ စန္ဒယော်ကျေးရွာ တွင် မိခင်ကို သားဖြစ်သူက သတ်တဲ့ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန်တွင်  စန္ဒယော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးသည် စန္ဒယော်ကျေးရွာနေ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုး မှာ နေအိမ်တွင် ဓါးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းကြားသဖြင့် သွားရောက်ကြည့်ရှုရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးတွင် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ညှိုးပြတ်၊ ၀ဲကျောကုန်း ထိုးသွင်းဒဏ်ရာ၊ ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၃)ချက်၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး အနီးတွင် ရဲတင်း(၁)လက်၊ အရိုးအသွား(၆)လက်မခန့်ရှိဝါးရိုးတပ် မီးဖိုချောင်သုံးဓါးအကျိုး(၁)ချောင်းတို့အား တွေ့ရှိခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ဖြစ်စဉ်အား စုံစမ်းမေးမြန်းရာ အခင်းဖြစ်အိမ်ခေါင်းရင်းဘက် (၂၅)ပေခန့်အကွာနေ ဦးသစ်လွင်၏ ပြောပြချက်အရ ၀၃၃၀ အချိန် ခန့်တွင် သေဆုံးသူနှင့်အတူနေသားဖြစ်သူ တင်ထွန်းဝင်းတို့ စကားများကြကြောင်း၊ သေဆုံးသူမှ တင်ထွန်းဝင်း ငါ့ကိုမလုပ်နဲ့ ငါပေးမယ်ဟုပြောဆိုသံကြားရကြောင်းတို့ကို သိရှိရသဖြင့် ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးကို သတ်ခဲ့သူ တင်ထွန်းဝင်းအား အရေးယူပေးပါရန် ဦးကျော်မင်းစိုးမှ တိုင်တန်းခဲ့၍ တက်သစ်နယ်မြေရဲစခန်း(ပ)၉၆/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ သတင်းထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ သံတွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်

 ရခိုင်ပြည်နယ် သံတွဲမြို့တွင် စက်တင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်၌ ဘာသာခြားတစ်ဦးက သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သံတွဲမြို့ ဒေသခံများက ပြောကြားသည်။

သံတွဲမြို့ မြို့တော်ခန်းမ အနီးရှိ ငပလီ အထွေထွေ ရောင်းဝယ်ရေး ဆိုင်ရှေ့တွင် လာရပ်သော သုံးဘီးယာဉ်၏ ယာဉ်မောင်းကို ဆိုင်ပိုင်ရှင်က ဆဲဆိုပြီး ယာဉ်တွင် တပ်ဆင်ထားသော သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ အနီးပတ်ဝန်းကျင်မှ လူအယောက် ၂၀၀ ခန့်က ဝိုင်းအုံမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ နေရာသို့ သံတွဲမြို့ သိမ်ကုန်း ဆရာတော် ကြွရောက်၍ လူစုခွဲရန် မိန့်ကြား ပြီးနောက် ပြန်လည် ငြိမ်သက်သွားကာ အဆိုပါ ဆိုင်ပိုင်ရှင်ကို သံတွဲရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သံတွဲမြို့နယ် ရဲစခန်းကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ညနေ ၄ နာရီခန့်တွင် အခြေအနေ ပြန်လည် ငြိမ်သက်သွားပြီး တရားခံကို ဖမ်းဆီးထားကြောင်း ပြန်လည် ဖြေကြားသည်။

သံတွဲမြို့တွင် တောင်ကုတ်မြို့သူတစ်ဦး ဇွန်လ ၃၀ ရက်နေ့က အဓမ္မကျင့်ခံရသည့် သတင်းအပေါ် မူတည်ပြီး ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ နေအိမ်အချို့ မီးရှို့ခံခဲ့ရကာ ပဋိပက္ခ အရှိန်မြင့်လာသဖြင့် ညမထွက်ရ အမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ရသည်။

အလားတူ သြဂုတ်လ ၂၇ ရက်နေ့က သံတွဲမြို့တွင် နံတော်တောင် တောင်ခြေရင်းရှိ ဘုန်းတော်ကြီး တစ်ပါးကို အစ္စလာမ် ဘာသာဝင်တစ်ဦးက ဆဲဆိုသည်ဟု ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး နောက်တွင် ယင်းနေရာသို့ လူ ၆၀ ခန့် စုဝေးလာသဖြင့် ရဲတပ်ဖွဲ့များက တားဆီးခဲ့ရသည်။

အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် DV ဗီဇာကို တက္ကသိုလ် ၀င်တန်း အောင်သူ မည်သူမဆို လျှောက်ထားနိုင်

 ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးကို အမေရိကန် နိုင်ငံမှ အခြေချ နေထိုင်ခွင့်ပြု ခဲ့ရာ မြန်မာနိုင်ငံ အနေဖြင့် ပြည်ဝင်သူ ဦးရေ နည်းပါးသည့် စာရင်းတွင် ပါဝင်နေသည့် အတွက် ပညာ အရည်အချင်း အနိမ့်ဆုံး တက္ကသိုလ် ဝင်တန်းအောင် မြန်မာနိုင်ငံ သား မည်သူမဆို အောက်တိုဘာ ၂ ရက်မှစပြီး www.dvlottery.state.gov မှ လျှောက်ထား နိုင်ပြီဖြစ် ကြောင်း ယမန်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ မဟာ ဗန္ဓုလလမ်း ရှိ YMCA ခန်းမ၌ ကျင်းပသော အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် DV ဗီဇာ ကံစမ်းမဲ သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်သံရုံး မှ Vice Consul. Jonathan Chestnut က ပြောကြား ခဲ့ကြောင်း သိရသည်။

" မြန်မာနိုင်ငံရဲ့ အမေရိကန် ပြည်ဝင်သူ ဦးရေဟာ နှစ်စဉ် နိုင်ငံတကာထက် နည်းပါးပါတယ် ၊ ဒါကြောင့် DV ဗီဇာ ကံစမ်းမဲ ၀င်ခွင့် အခွင့်အလမ်း ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ တွေကို အမေရိကန် သံရုံး(ရန်ကုန်) အနေနဲ့ ပြုလုပ်ပေး တာပါ ၊ ဘယ် နိုင်ငံသား မဆို အမေရိကန် နိုင်ငံမှာ အခြေချ နေထိုင်ခွင့် ရှိပါတယ် ၊ ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးမှ အမေရိကန် နိုင်ငံကို နှစ်စဉ် ပြည်ဝင်ခွင့် ဦးရေ ငါးသောင်း သတ်မှတ်ထား ပါတယ် ၊ တစ်နိုင်ငံကို ၇ ရာခိုင်နှုန်း ပြည်ဝင်ခွင့် ရှိပါတယ် ၊ အဲ့ဒီထဲမှာ မြန်မာနိုင်ငံ လည်း အပါအဝင် ဖြစ်ပါတယ် ၊ အထူးသဖြင့် ဖွံ့ဖြိုးမှု နည်းတဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို အထူး အခွင့်အရေး ပေးတာပါ ... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

လျှောက်ထားသူ မြန်မာနိုင်ငံ သားများ အနေဖြင့် www.dvlottery.state.gov ကိုဝင်ကြည့်ပြီး လိုအပ်သည့် အချက်အလက် များကို ရယူနိုင်သည်။ အနိမ့်ဆုံး ပညာ အရည်အချင်း တက္ကသိုလ် ဝင်စာမေးပွဲ အောင်မြင်သူ ဖြစ်ရမည်။ အလုပ် လုပ်ကိုင်သူများ အတွက် အနည်းဆုံး လုပ်သက် ၂ နှစ်ရှိရမည်။ မိမိလုပ်ခဲ့သော အလုပ်အကိုင် ရာထူးသည် Job Zone ၄ နှင့် ၅ ရှိ Specific Vocational အဆင့် ၇ နှင့်အထက် တွင်ရှိရမည် ဖြစ်သည်။

လျှောက်ထား သူများ အနေဖြင့် DV ဗီဇာကို အောက်တိုဘာလ ၂ ရက်မှ စတင်ပြီး www.dvlottery.state.gov တွင် နိုဝင်ဘာ ၂ ရက်အထိ တစ်လကြာ လျှောက်ထား နိုင်မည် ဖြစ်သည်။ ထိုသို့ လျှောက်ထား လျှင် DV information ကုတ်နံပါတ် ရရှိမည် ဖြစ်သည်။ ထို ကုတ်နံပါတ် ကို မိမိ ကိုယ်တိုင် လျှို့ဝှက် မှတ်ထား ရမည်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် မေလ တွင် www.dvlottery.state.gov ၌ DV information ကုတ်နံပါတ်ကို ရိုက်ထည့်ပြီး DV ဗီဇာဝင်ခွင့် ပါမပါ ကြည့်ရှု နိုင်မည် ဖြစ်သည်။ ထိုသို့ လျှောက်ထားမှု များတွင် ဗီဇာကျ သည်အထိ ငွေကြေး ကုန်ကျမှု လုံးဝမရှိဘဲ ဗီဇာကျပြီး အမေရိကန် သံရုံး (ရန်ကုန်) တွင် အင်တာဗျူး ၀င်မှသာ ငွေကြေး ကုန်ကျမည် ဖြစ်ကြောင်း သိရှိရသည်။

လယ်သမားတွေကို သင့်တော်တဲ့ လျော်ကြေးပေးခဲ့ကြောင်း ဒုတိယဝန်ကြီး ဦးရဲထွဋ် ပြောကြား

 နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ သတင်းစာတိုက်တွေနဲ့ ပုံနှိပ်စက်ရုံတွေ အတွက်ဆိုပြီး သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေအတွက် ပြန်ကြားရေးဝန်ကြီးဌာနက သင့်တော်တဲ့ လျော်ကြေးတွေပေးခဲ့ကြောင်း ပြန်ကြားရေးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က အာဖက်အေကို ပြောကြားလိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနကပေးတဲ့ လျှော်ကြေးဟာ ကာလပေါက်ဈေးထက် သိပ်ပြီးနည်းပါးလွန်းတဲ့အတွက် ဝဲကြီးကျေးရွာ လယ်သမားတွေက မကြေနပ်ကြဖူးလို့ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်ရဲ့ ကိုယ်ရေးအရာရှိ ဦးခင်မောင်တင့်က အာဖက်အေကို ၂၈ ရက်နေ့မနက်က ပြောဆိုခဲ့ပါတယ်။

" ကာလဒေသပေါက်ဈေးမဟုတ်ပဲနဲ့ တစ်ဧကကို ၂ သိန်းခွဲနှုန်းနဲ့ ပေးတော့ တောင်သူတွေက မယူတော့ပဲနဲ့ သူတို့လယ်ယာမြေတွေထဲကို ပြန်ဝင်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်ကြတာဗျ၊ နိုင်ငံတော် သမ္မတခြံနဲ့ ဘေးခြင်းကပ်ကိုပဲ တစ်ဧကကို ကားလမ်းနဲ့ နီးတဲ့နေရာကို သိန်း ၂၀၊ ကားလမ်းတဲ့ နည်းနည်းလှမ်းတဲ့ နေရာကို ၁၀ သိန်းနှုန်းနဲ့ လွန်ခဲ့တဲ့လ ၂၈ ရက်နေ့က လျှော်ကြေးပေးသွားတာဗျ"

အဲဒီလို နိုင်ငံတော်သမ္မတဦးသိန်းစိန်က တဧကကို သိန်း ၂ဝ အထိပေးတဲ့လယ်မြေတွေနဲ့ တဆက်တည်း ဖြစ်ပါလျှက်နဲ့ ပြန်ကြားရေးက ၂ သိန်းခွဲနှုန်းပဲ ပေးတယ်ဆိုတာ ဟုတ်ပါသလားလို့ RFA က မေးမြန်းခဲ့ရာမှာ ဒုတိယဝန်ကြီး ဦးရဲထွဋ်က “ သမ္မတကြီးပေးတဲ့လယ်က ရာဇဌာနီလမ်းဘေးက စပါးစိုက်တဲ့လယ်မြေတွေဖြစ်ပြီး အခုမိမိတို့ လျှော်ကြေးပေးတဲ့မြေများက ယာမြေ၊ ကြံစိုက်မြေဖြစ်ပါတယ်၊ ရာဇဌာနီလမ်းနဲ့ ဆယ်မိုင်လောက် ဝေးတဲ့ မိုးကောင်းသောက်မြေများဖြစ်ပါတယ်၊ ဒါ့အပြင် အဲဒီကျေးရွာသားတွေဟာ စာရင်းပေါက်သူများ မဟုတ်ပါဘူး၊ နိုင်ငံပိုင် မြေလွတ်မြေရိုင်းတွေမှာ ကျူးကျော်စိုက်ပျိုးခဲ့ကြတဲ့အတွက် ၁၉၉၅-၉၆ ခုနှစ်မှာ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနက သူတို့ကို ဖယ်ရှားပြီး ယူကလစ်ပင်များ စိုက်ခဲ့ရာမှာ အခု ၁၅ ပေကျော်အပင်များရှိနေပါပြီ၊ အစိုးရသစ်လက်ထက်မှာ ၉၆ မတိုင်မှီက ကြံစိုက်ခဲ့တဲ့ အထောက်အထားနဲ့ ထပ်မံ လျှော်ကြေး ပေးခဲ့တာပါ၊ မူလ လျှော်ကြေးပေးစဉ်က လယ်မြေနဲ့ ယာမြေ အထောက်အထားပြနိုင်သူတွေကိုပဲ လျှော်ကြေးပေးခဲ့ပေမယ့် အခုတော့ စာနာမှုအရ အရင်လူတွေရခဲ့တဲ့ နှုန်းအတိုင်းပြန်လည်ပြီး လျှော်ကြေး ပေးခဲ့တာ ဖြစ်ပါတယ်” လို့ ၂၈ ရက်နေ့မှာပဲ RFA ကို အင်တာနက်ကနေ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ညက ဝဲကြီးရွာမှာ ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး တရားစွဲခံထားရတဲ့ ဝဲကြီးရွာသား ၁ဝ ဦးက ရဲစခန်းမှာ မနေ့က သွားရောက် အဖမ်းခံခဲ့ကြတဲ့အတွက် ဥတ္တရသီရိမြို့နယ် ရဲစခန်းမှာ သူတို့ကို အခု ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

 မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတဦးသိန်းစိန်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်စောင့်ရှောက်မယ်လို့ ပြောကြားလိုက်ပါတယ်။

ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့ တပ်မတော် ခေါင်းဆောင်တွေ မနေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးရာမှာ အခုလိုပြောကြားခဲ့တာ ဖြစ်တယ်လို့ ကေအင်ယူ ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ဗဒိုမန်းငြိမ်းမောင်က RFA ကိုပြောပါတယ်။

" ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူကတော့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ဟာကို သမ္မတကြီးနဲ့ ဦးဆောင်မှုအောက်ကို သစ္စာရှိစွာနဲ့ ခံယူသွားမယ်ဆိုတာကို ပြောပါတယ်၊ စစ်သားတစ်ယောက် အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောတယ်၊ တကယ့် တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်တစ်ယောက်လို့ ကျွန်တော်တို့ ဒီလိုပဲမြင်ပါတယ်"

အဲဒီတွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့အနေနဲ့ နောက်ကြောင်းပြန်လည့်မှာ မဟုတ်ကြောင်း အခိုင်အမာ ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်အနေနဲ့ ကချင်နဲ့ ရှမ်းပြည်တပ်မတော် ဌာနချုပ်တွေကို အချိန်မရွေး သိမ်းပိုက်နိုင်စွမ်းရှိပေမယ့် တိုင်းပြည်တည်ငြိမ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုပြီး သူ့အနေနဲ့ အဲဒီလိုတိုက်ခိုက်မှာ မဟုတ်ဖူးလို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားတယ်လို့ သိရပါတယ်။

မနေ့က တွေ့ဆုံပွဲကြောင့် မြန်မာ့တပ်မတော်နဲ့ ကရင်လွတ်မြောက်ရေးတပ်မတော်အကြား အပစ်အခတ် ရပ်စဲမှုခိုင်မာရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတွေ ပိုမိုတည်ဆောက်နိုင်ခဲ့ကြောင်းလည်း ကေအင်ယူခေါင်းဆောင် ဗဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

ဆန့် ကျင်ဖက် ယာဉ်ကြောကို ပိတ်ရပ်ထားတဲ့ တပ်မတော် ဆေးတက္ကသိုလ် ကြိုပို့ ယာဉ် (ဓါတ်ပုံ)



စက်တင်ဘာ(၂၉)ရက်နေ့  ၂၀၁၃

ရန်ကုန်မြို့  ပြည်လမ်းမပေါ်ရှိ ပါဒမီမီးပွိုင့်မှာ ဆန့် ကျင်ဖက် ယာဉ်ကြောကို ပိတ်ရပ်ထားတဲ့ တပ်မတော် ဆေးတက္ကသိုလ် ကြိုပို့ ယာဉ် ။

ဒုဝန်ကြီး ၂၃ ဦးပါ ကော်မတီ ၂၆ ခု ဖွဲ့စည်း

မြန်မာ သမ္မတ ဦးသိန်းစိန် ပြည်ထောင်စု အစိုးရ နဲ့ ပြည်နယ်တိုင်း ဒေသကြီး အစိုးရ တွေ ကြား၊ ညှိနှိုင်း ဆောင်ရွက်ဖို့ အတွက် ဒုတိယ ဝန်ကြီး ၂၃ ဦး ပါဝင်တဲ့ ကော်မတီ ၂၆ ခု ကို သမ္မတ ဦးသိန်းစိန် က ဖွဲ့စည်းပေး လိုက်ပါတယ်။ အကြောင်းရင်း ကတော့ လက်ရှိ သမားရိုးကျ ဆောင်ရွက်နေတဲ့ ရုံးလုပ်ငန်း ပုံစံထက် သွက်လက် ထိရောက်တဲ့ ပုံစံမျိုး ကို ကဏ္ဍ အလိုက် ဆောင်ရွက်ဖို့ ဖြစ်တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန် က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် က သူ့ရာထူး သက်တမ်း အတွင်းမှာ ပေါ်ပေါက်တဲ့ ပြဿနာ အခက်အခဲ တွေ ကို ဖြေရှင်းနိုင် သမျှ ဖြေရှင်းပေးမယ်၊ ပြီးပြတ်အောင် မဆောင်ရွက် နိုင်တဲ့ အပိုင်း ရှိရင်လည်း၊ နောင်တက် မယ့် အစိုးရ လက်ထက်မှာ ပိုပြီး လွယ်လွယ်ကူကူ ဖြေရှင်းနိုင်အောင်၊ လိုအပ်တဲ့ စုစည်း ဆောင်ရွက်မှုတွေ၊ ခိုင်မာ အောင် လုပ်ပေးမယ် ဆိုတဲ့ မူမျိုး ရှိကြောင်း သမ္မတ ရဲ့ ပြောခွင့်ရ ပုဂ်ဂိုလ်၊ ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။

အခု အသစ်ဖွဲ့စည်းလိုက်တဲ့ ဆပ်ကော်မတီ က ကွင်းဆင်းပြီး Delivery Unit အနေနဲ့ ၃ ရက် ၄ ရက် စသဖြင့် ထိုင်ရင်း ကိစ္စရပ် တခု၊ အဖြေပေါ်တဲ့ အထိ ဆပ်ကော်မတီ အလိုက် ဆောင်ရွက်မယ့် အကြောင်း ဦးရဲထွဋ် က ရှင်းပြပါတယ်။

တိကျတဲ့ မူဝါဒ အရလည်း ဘယ် အဆင့် ကိုဖြင့် ဆုံးဖြတ်ပိုင်ခွင့် ရှိတယ် ဆိုတာ ကိုလည်း သတ်မှတ်ပြီးတဲ့ အကြောင်း၊ လိုအပ်ရင် တော့ ပြန်မေးနိုင်ပုံတွေ လည်း ပါဝင်ပါတယ်။

Cabinet sub-committee/Delivery Unit လို့ ခေါ်တဲ့ ကော်မတီ ၂၆ ခုထဲမှာ နိုင်ငံခြားရေး၊ ငွေကြေး နဲ့ ဘဏ္ဍာရေး လို ကဏ္ဍတွေ က အစ၊ ခရီးသွားလုပ်ငန်း၊ မွေးမြူရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင်၊ တိုင်းရင်းသား၊ အမျိုးသမီး နဲ့ ကလေးသူငယ် တွေနဲ့ သက်ဆိုင်တဲ့ ဆပ်ကော်မတီ တွေ အထိ ကျယ်ကျယ် ပြန့်ပြန့် ဖွဲ့စည်းထားပါတယ်။

စက်တင်ဘာလ(၂၇)ရက်နေ့ ထုတ် M Plaza Shopping Journal Vol 1 Issue 16

M Plaza Shopping Journal Vol 1 Issue 16

Sunday 29 September 2013

သိမ်းဆည်းလယ်ယာမြေ တချို့ ပြန်ပေးမယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြော

 နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ အစိုးရပိုင် သတင်းစာတိုက်တွေနဲ့ ပုံနှိပ်စက်ရုံတွေအတွက်ဆိုပြီး သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက လယ်မြေဧက ၂ဝဝ ကျော်ကို နေပြည်တော်ကောင်စီကတစ်ဆင့် တောင်သူတွေဆီ ပြန်ပေးမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

နေပြည်တော်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှာ မနေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးရဲထွဋ်က ပြောခဲ့တာပါ။

“ကျနော်တို့ သိမ်းတဲ့ဟာ သစ်တောမြေ၊ မြေလွတ်မြေရိုင်းတွေပေါ့၊ အဲဒီမှာ တချို့နေရာတွေဆိုလို့ရှိရင် ၉၅၊ ၉၆ လောက်ကတည်းက အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးက ပြန်သိမ်းပြီးတော့မှ ယူကလစ်ပင်တွေ စိုက်ထားတာ၊ သို့သော် ဒီဘက်ခေတ် အစိုးရအသစ်လက်ထက် ရောက်လာခဲ့အခါကျတော့ ပြည်သူတွေက သူတို့နစ်နာပါတယ် ဆိုပြီးတော့တောင်းတယ်၊ ဟိုတုန်းက ကျနော်တို့က နောင်မှာအနာဂါတ်ကို မျှော်မှန်းပြီးတော့ မြေကိုနည်းနည်း ပိုယူထားခဲ့တာရှိတယ်၊ အဲတော့ အခုကျနော်တို့က လာမယ့် ၅ နှစ်အတွက် လွှတ်တော်ကိုတင်ထားတဲ့ စီမံကိန်းတွေရှိတယ်၊ အဲဒီစီမံကိန်းအရ ဒီစက်ရုံဟာ ဘယ်လောက်အထိ ထပ်ချဲ့ဖို့လိုမလဲ၊ အဲဒါကိုတွက်လိုက်တဲ့အခါကျတော့ နောက်ဆုံးမှန်းလိုက်တာတော့ ဧက ၂ဝဝ နီးပါးတော့ ပြန်အပ်နှံလို့ရတယ်၊ ဒါကိုတော့ နေပြည်တော်ကောင်စီကတဆင့် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအနဲ့အညီ ပြန်အပ်ဖို့လုပ်နေတယ်”

အစိုးရပိုင် သတင်းစာတိုက်တွေနဲ့ ပုံနှိပ်တိုက်တွေအတွက်ဆိုပြီး နေပြည်တော်၊ ပုပ္ဗသီရီမြို့နယ် ဝဲကြီးကျေးရွာနားက လယ်မြေဧက ၅ဝဝ ကျော်ကို ပြီးခဲ့တဲ့၂ဝဝ၈၊ ၂ဝဝ၉ လောက်က အစိုးရက သိမ်းဆည်းခဲ့တာလို့ သိရပါတယ်။ အဲဒီလိုသိမ်းဆည်းထားတဲ့ လယ်မြေတွေပေါ်မှာ စိုက်ထားတဲ့ ယူကလစ်ပင်တွေကို ဝင်ရောက်ခုတ်ခဲ့တဲ့ ရွာသား ၆ ယောက်ကို အစိုးရက တရားစွဲဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က အဲ့ဒီတရားစွဲဆိုခံထားရတဲ့ ရွာသားတွေကို ရဲတပ်ဖွဲ့က ဝဲကြီးရွာမှာ ဝင်ရောက်ဖမ်းဆီးရာကနေ ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့အကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

နေပြည်တော် ဝဲကြီးရွာက ရဲနဲ့ ပဋိပက္ခ ရွာသား ၁ဝ ဦးကို ဖမ်းဆီးထား

 ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ညက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးရွာမှာ ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ပုဒ်မ ၃ခုနဲ့ တရားစွဲခံထားရတဲ့ ဝဲကြီးရွာသား ၁ဝ ဦးက ကျည်တောင်ကန်ရဲစခန်းမှာ သွားရောက်အဖမ်းခံတဲ့အတွက် ဥတ္တရသီရိမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ရွာသားတွေတင်မကဘဲ ဖမ်းဆီးရာမှာပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲဝင်တွေကိုပါ စစ်ဆေးပြီး ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ တရားလိုလုပ်မယ့် နေပြည်တော် ပုပ္ဗသီရိမြို့နယ် ကျည်တောင်ကန်ရဲစခန်းက ရဲအုပ်စိန်သောင်းက အခုလိုပြောပါတယ်။

“အခုရဲနဲ့ဖြစ်တယ်၊ ရဲတွေအိမ်ပေါ်တက်တယ်၊ ညအချိန်မတော်မှာလာတယ်၊ အဲအတိုင်းပဲ ဟုတ်ပြီ ရဲကိုလည်းစစ်မယ်၊ အဲဒီစစ်တဲ့ဟာအားလုံးက ဥပဒေဝန်ထမ်းဆီရောက်သွားမယ်၊ ဒါတွေဟာ အကုန်လုံးသိမယ်၊ ရဲအပြစ်ရှိမယ်၊ ရွာသားအပြစ်ရှိမယ်၊ ဘက်လိုက်လို့မရဘူး”

ဝဲကြီးရွာက ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်ပွားရာမှာပါဝင်ခဲ့တဲ့
ဝဲကြီးရွာသား ကိုဇော်လတ်က ရွာသားတွေဖက်ကလည်း ပြန်လည်တရားစွဲသွားမယ်လို့ ပြောပါတယ်။

"ကျနော်အပါအဝင် လူ ၁ဝ ဦးက နားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး အမှုကိုပြန်ဖွင့်သွားမယ်၊ အခုအချိန်မှာ ထင်ယောင်ထင်မှားပြီးတော့ စွပ်စွဲထားတာရှိပါတယ်၊ အပြစ်ကျူးလွန်တယ် မကျူးလွန်ဘူးဆိုတာကတော့ ကျနော်တို့ဘက်က အပြစ်ကျူးလွန်ရင် ကျနော်တို့ဘက်က ရဲရဲခံသွားမှာပါ၊ သက်ဆိုင်ရာဘက်ကပဲဖြစ်ဖြစ် ကျေးရွာထဲက လှုံ့ဆော်ပြီးလုပ်တဲ့လူပဲဖြစ်ဖြစ် သူတို့ဘက်က အပြစ်ကျူးလွန်ရင်လည်း တရားဥပဒေကို ကျောသားရင်သားမခွဲခြားပဲ လုပ်ဆောင်ပေးပါလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်"

အစိုးရ သတင်းစာတိုက်တွေနဲ့ ပုံနှိပ်တိုက်တွေ ဆောက်လုပ်ဖို့အတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာနားက လယ်ယာမြေဧက ၅ဝဝကျော်ကို ပြီးခဲ့တဲ့ ၂ဝဝ၈၊ ၂ဝဝ၉ ခုနှစ်လောက်က ပြန်ကြားရေးဝန်ကြီးဌာနက သိမ်းခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီလယ်ယာမြေတွေပေါ်မှာ စိုက်ထားတဲ့ ယူကလစ်ပင်တွေကို ဝင်ရောက်ခုတ်ခဲ့တဲ့ ဝဲကြီးရွာသား ၆ ယောက်ကို ဇေယျာသီရိမြို့နယ် ရဲစခန်းက အမှုဖွင့်ထားခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က ဝဲကြီးရွာမှာ ရဲတပ်ဖွဲ့က ဝင်ရောက်စဉ် ပဋိပက္ခဖြစ်ခဲ့တာပါ။

ကိုဇော်လတ်နဲ့ ရွာသား ၁ဝ ယောက်ဟာ စက်တင်ဘာလ ၁၉ ရက်နေ့ ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်ပြီးကတည်းက တိမ်းရှောင်နေခဲ့ပြီး ဒီနေ့ ကျည်တောင်ကန်ရဲစခန်းမှာ အဖမ်းခံခဲ့တာပါ။

ဖွဲ့စည်းပုံပြင်မလား၊ အသစ်ရေးမလား ပြည်သူ့ဆန္ဒရယူမည်

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မလား၊ အသစ်ရေးဆွဲမလားဆိုတာကို ပြည်သူ့ဆန္ဒ သဘောထားရယူမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဲ့ဒီကြေညာချက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေ ဖွဲ့စည်းပုံပြင်မလား၊ အသစ်ရေးဆွဲမလား ဆိုတဲ့အချက်အပေါ် တညီတညွတ်ထဲ ဆုံးဖြတ်ချက်မချနိုင်တာကြောင့် အခုလို ပြည်သူ့ဆန္ဒရယူဖို့ လုပ်ဆောင်မှာလို့ ဖော်ပြထားပါတယ်။
ဆန္ဒသဘောထား ကောက်ယူသွားမယ့်အခြေအနေတွေနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီရဲ့ ပြောခွင့်ရ ဦးဝင်းမြင့်က အခုလို ပြောပါတယ်။

“အခု ကျနော်တို့ အဖွဲ့ ၇ ဖွဲ့ ခွဲထားတယ်။ ပြင်ဆင်ရေးကော်မတီက တဦးစီပါမယ်။ သက်ဆိုင်ရာ ပြည်နယ်တိုင်းက စီစီတွေပါမယ်။ သက်ဆိုင်ရာ ပြည်နယ် တိုင်းစည်းတွေပါမယ်။ အဲဒါတွေနဲ့ ဒီဇင်ဘာလကုန်နောက်ဆုံးထားပြီး ပြည်နယ်တိုင်းအသီးသီးကို တာဝန်ပေးပြီး တာဝန်တွေ ခွဲဝေချထားတယ်။ သူတို့က နယ်တွေကို ဆင်းပြီး ရှင်းလင်းတင်ပြ သဘောထားဆန္ဒ ခံယူကြမယ်။”

ဆန္ဒသဘောထား ကောက်ယူဖို့ သွားမယ့်သူတွေဟာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေကို ညှိနှိုင်းနေပြီ ဖြစ်ပြီး အောက်တိုဘာလလယ်လောက် စပြီး လုပ်ဖြစ်မယ်လို့ မှန်းထားကြောင်း ပြောပါတယ်။
ဖွဲ့စည်းပုံပြင်ရေးကိစ္စ ပြည်သူ့သဘောထား ဆန္ဒခံယူရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဦးဝင်းမြင့်က အခုလိုပြောပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာက အုပ်ချုပ်ခံပြည်သူလူထုနဲ့ အုပ်ချုပ်တဲ့အစိုးရအကြားမှာ ပဋိညာဉ်စာချုပ်တခုပဲလေ။ ဖွဲ့စည်းပုံအခြေခံဥပဒေက အခြေခံအကျဆုံးပဲလေ။ ပြည်သူ့ဆန္ဒနဲ့ ပြည်သူ့သဘောထားကိုလည်း လွှတ်တော်မှာ ရောင်ပြန်ဟတ်ချင်လို့ ပြည်သူ့ဆန္ဒကို ယူတာပါ။

“ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီမှ၊ တိုင်းရင်းသားတွေအားလုံး တန်းတူညီမျှအခွင့်အရေးတွေရမှ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရမှ၊ ဒါမှသာ ပြည်တွင်းငြိမ်းချမ်းရေးလည်း ရရှိမယ်၊ နိုင်ငံသူ နိုင်ငံသားအားလုံးလည်း ဒီမိုကရေစီအသီးအပွင့်ကို ခံစားမယ်၊ ဒါကြောင့် ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံမျိုးဖြစ်အောင် ကျနော်တို့ကလည်း ရှင်းပြမယ်၊  ပြည်သူ့ဆန္ဒကို ပြန်လည်ရယူမယ်။”
ရရှိလာတဲ့ ပြည်သူ့သဘောထားတွေကို ပြည်ထောင်စုလွှတ်တော်ကို တင်မယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မလား၊ အသစ်ရေးဆွဲမလားဆိုတဲ့ ပြည်သူ့သဘောထား ရယူတဲ့နေရာမှာ ပြည်သူတွေ ပူးပေါင်းကူညီကြဖို့လည်း အဖွဲ့ချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မီတာထိန်းသိမ်းခ အစိုးရ လျှော့ချကောက်ခံမည်

ဓါတ်ပုံ - မျိုးဇော်လင်း အစိုးရက မီတာထိန်းသိမ်းစောင့်ရှောက်ခနဲ့ အခြားဝန်ဆောင်မှုတချို့ကို ဒီလကုန်ပိုင်းကလို့ ဈေးလျှော့ပေါ့တဲ့စနစ်နဲ့ ကောက်ခံမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အများပြည်သူထံကနေ မီတာထိန်းသိမ်းစောင့်ရှောက်ခ ကောက်ခံနေတဲ့နှုန်းထားကို
လာမယ့်အောက်တိုဘာလကစပြီး ၁ လကို ကျပ် ၁၀၀၀ ကနေ ၅၀၀ ကျပ် လျှော့ပြီး ကောက်ခံမယ်လို့ ရန်ကုန်းတိုင်းဒေသကြီး လျှပ်စစ်ပေးဝေရေးဥက္ကဋ္ဌ ဦးအောင်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။

“အရင်တုန်းက ၁၀၀၀ သတ်မှတ်တယ်။ အောက်တိုဘာလ ၃၁ ရက်က စပြီး ၅၀၀ ကောက်ပါမယ်။ မီးတာဗုံး ဖိုးကို ၈၅,၅၀၀ ကျပ်ကောက်ပါတယ်။ အခု အရင်လက်ဟောင်း မီတာကို ၆၅,၀၀၀ ကောက်ပါတယ်။
ဒစ်ဂျစ်တယ်မီတာကို တိုးတက်ပြီးသုံးတယ်။ စသုံးတဲ့အချိန်မှာ သတ်မှတ်ကြေးကို ၁ သိန်း သတ်မှတ်တယ်။ အခု ၉ သောင်း ကောက်ပါတယ်။ ”
အရင်ကာလတုန်းက လျှပ်စစ်မီးပြတ်တောက်ပေမယ့် မီတာထိန်းသိမ်းစောင့်ရှောက်ခ ပေးရတယ်ဆိုပြီး အများပြည်သူက ဝေဖန်မှုခံနေရပြီး အခုတော့ အစိုးရဘက်က ကောက်ခံမှုကျသင့်ငွေကို တ၀က် လျော့ပေးလိုက်တာ ဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးကလည်း နိုင်ငံတ၀န်းလူဦးရေရဲ့ တ၀က်ကို လျှပ်စစ်မီးပေးနိုင်ဖို့ ရေအားလျှပ်စစ်နဲ့ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်လုပ်မှုကို တိုးချဲ့ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ လျှပ်စစ်ပေးဝေရေးရုံးမှာ ဒီနေ့ မနက်ပိုင်းကျင်းပတဲ့ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဧရာဝတီမြစ်ကို မြစ်ကြောင်းထိန်းသိမ်းရေးတွေလုပ်ပြီးမှ ရေအားလျှပ်စစ်ထုတ်လုပ် သွားမယ်လို့ သူက ပြောပါတယ်။
“ဧရာဝတီမြစ်ပေါ်မှာရှိတဲ့ ရေအားလျှပ်စစ်ကိစ္စတွေ အဲဒါက ပူပေါင်းပါဝင်တာက ပို့ဆောင်ရေးဝန်ကြီးဌာနဖြစ်ပါတယ်။ ကျနော်တို့က ပို့လာတဲ့ လျှပ်စစ်ဓာတ်အားကို ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်တဲ့အားကို ယူပြီးတော့မှ နိုင်ငံတော်ဖြန့်တဲ့ အဆင့် လုပ်ပါတယ်။ ရေကြောင်းထိန်းသိမ်းတဲ့အနေနဲ့ ရေကြောင်းလမ်းလည်း ပြန်ကောင်းအောင် ဥရောပတိုက်မှာ လုပ်တဲ့ ပုံစံမျိုးပဲ လုပ်ဖို့ စီစဉ်နေပါတယ်။”

လက်ရှိ အခြေအနေအရ ၂၀၁၄ ခုနှစ် နွေရာသီမှာ ၁၅၈ မီဂ္ဂါဝပ် လိုနေဦးမှာဖြစ်ပြီး ရေအားလျှပ်စစ်ရေးစီမံကိန်း အခု ၄၀ နဲ့ ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ စီမံကိန်း ၇ ခုကို ပြည်ပရင်းနှီးမြှုပ်နှံသူတွေနဲ့ ဆက်အကောင်အထည်ဖော်ဖို့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ ပေါ်ထွက်လာပေမယ့် မြန်မာနိုင်ငံတွင်း လျှပ်စစ်မီး မရရှိတာ၊ အိမ်ခြံမြေငှားရမ်းခ ဈေးကြီးမြင့်တာနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့အပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်ရောက်ဖို့ အဟန့်အတားဖြစ်နေပါတယ်။

တောင်ကြီးမှာ စစ်တပ်က သိမ်းယူထားတဲ့ လယ်မြေတချို့ ပြန်ပေးဖို့ ကတိပြု

 ရှမ်းပြည်နယ် တောင်ကြီးမြို့မှာရှိတဲ့ ပင်းပက်သံမဏိစက်ရုံ စီမံကိန်းအတွက် ပြီးခဲ့တဲ့ ၂ဝဝ၃ ခုနှစ်ကစပြီး စစ်တပ်ကသိမ်းထားတဲ့ လယ်မြေတွေထဲက တချို့မြေယာတွေအတွက် လျော်ကြေးပေးမယ်လို့ ဒီနေ့တောင်သူတွေနဲ့ တွေ့ဆုံရာမှာ ရှမ်းပြည်နယ်အစိုးရနဲ့ စစ်တပ်တာဝန်ရှိသူတွေက ကတိပေးခဲ့ကြောင်း တောင်သူတွေက ပြောပါတယ်။

မြေသိမ်းခံထားရတဲ့ တောင်သူတွေနဲ့ အာဏာပိုင်တွေ ဒီနေ့မနက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ဂနိုင်ထုံကျေးရွာ၊ ဂနိုင်ထုံကျောင်းတိုက်မှာ တွေ့ဆုံခဲ့တာပါ။

လယ်မြေပြန်လိုချင်တဲ့သူရှိသလို လျော်ကြေးပဲယူတော့မယ် တောင်သူတွေလည်းရှိတယ်လို့ အာဏာပိုင်တွေနဲ့တွေ့ခဲ့တဲ့ ပင်ငိုကျေးရွာက မြေသိမ်းခံထားရတဲ့ တောင်သူ ကိုခွန်သိန်းမောင်က RFA ကို ပြောပါတယ်။

“ပင်းပက်စက်ရုံကိစ္စနဲ့ သူတို့သိမ်းထားတဲ့ မြေတွေကို ဆွေးနွေးကြတယ်၊ သူတို့လျော်ကြေးကို ပြန်ပေးမယ်ပေါ့၊ တချို့က မြေပြန်ရချင်တယ်၊ တချို့က လျော်ကြေးရချင်တယ်”

အဲဒီတွေ့ဆုံပွဲကို အမှတ် ၉ဝ၃ စစ်မြေပြင်အင်ဂျင်နီယာတပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနက တာဝန်ရှိသူတွေ၊ ဂနိုင်ထုံ၊ မဲဟဲ၊ ပင်ငို၊ ၆ မိုင်ရွာသစ်၊ ဟမ်းခြောက်၊ ပုန်းစိမ်း၊ ဘုရားငါးဆူ၊ စတဲ့ကျေးရွာတွေက ဒေသခံတောင်သူတွေအပါအဝင် လူ ၂ဝဝ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ပင်းပက်သံမဏိစက်ရုံ စီမံကိန်းအတွက် မြေသိမ်းခံထားရတဲ့ တောင်သူတွေစုပြီး နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လယ်ယာမြေစုံစမ်းရေးကော်မရှင်တို့ကို တိုင်ကြားခဲ့တယ်လို့လည်း သိရပါတယ်။

ဒီကနေ့ကျင်းပတဲ့ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး တက်ရောက်လာတဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို RFA က မေးမြန်းရာမှာ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ၂ဝဝ၃ ခုနှစ်ကစပြီး ပင်းပက်သံမဏိစက်ရုံ စီမံကိန်းအတွက် ဧကထောင်ချီရှိတဲ့ လယ်ယာမြေတွေကို စစ်တပ်က သိမ်းယူခဲ့တာပါ။ ၂ဝဝ၉ ခုနှစ်မှာ ဧက ၁ဝဝ ကို တစ်ဧက ၅ သိန်းနှုန်းနဲ့ လျော်ကြေးပေးခဲ့ပေမယ့် ၂ဝ၁ဝ ခုနှစ်မှာတော့ တစ်ဧကကို ငါးထောင်ကျပ်နှုန်းသာ လျော်ကြေးပေးတာကြောင့် တောင်သူတချို့က လျော်ကြေးမယူခဲ့ဘူးလို့လည်း သိရပါတယ်။

Saturday 28 September 2013

သမ္မတရုံးဝန်ကြီးတစ်ဦးပိုင်ဆိုင်သည့် ခြံမြေလှည်းကူး၌ ရွာသားများ ၀င်ရောက်ဖျက်ဆီး|



လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာ ကျောက္ကာဒင်ကွင်း မယ်ဇလီကုန်း ကျေးရွာရှိ သမ္မတရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးတစ်ဦး ပိုင်ဆိုင်သည့် ခြံ မြေ၌ စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်း တွင် မယ်ဇလီကုန်းကျေးရွာနေ ရွာသား ခြောက်ဦးက ၀င်ရောက် ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် ကရု ဏာ (၁) လမ်း (ဋ) ရပ်ကွက်နေ အငြိမ်း စား ဗိုလ်ကြီးတစ်ဦးဖြစ်သူ ဦးသန်းဦး အသက် (၅၀) သည် မယ်ဇလီကုန်း ကျေးရွာအနီးရှိ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင် ပိုင်ဆိုင်သည့် ခြံမြေ၌ ပိန္နဲ၊ သင်္ဘောပင် သစ်မွှေးနှင့် အခြားသီးပင် စားပင်များကို ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းက စ၍ ဦးစီး လုပ်ကိုင်လာခဲ့ကြောင်း၊ စက် တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက မယ်ဇလီကုန်း ကျေးရွာနေ ဒေါ်ပုမ၊ ဦးကြည်သောင်း၊ ဦးစိုးအောင်၊ ဦးအေးကို၊ ဒေါ်အေးသွယ် တို့ ငါးဦးက ခြံဝင်းအတွင်းသို့ ၀င်ရောက်၍ ဓာတ်ပုံရိုက်ခြင်း၊ ငုတ်တိုင်များ စိုက်ထူ ခြင်းများကို လုပ်ကိုင်ကြပြီး ဦးသန်းဦး ကာရံထားသည့် ခြံစည်းရိုးများကို ဖျက် ဆီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရ သည်။

ကျယ်ဝန်း

အဆိုပါ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၏ခြံမြေမှာ မယ်ဇလီကုန်း ကျေးရွာအနီး ကွင်းအမှတ် ၆၉၃၊ မိုင်တိုင် အမှတ် ခုနစ်မိုင် ခြောက်ဖာလုံအနီး တွင်ရှိပြီး ၅၇ ဒသမ ၆၀ ဧက ကျယ်ဝန်းသည်။
ခြံမြေကို ကျူးကျော်ဝင်ရောက်၍ ဖျက်ဆီးခဲ့သည့် ဒေါ်ပုမပါငါးဦးကို အရေး ယူပေးပါရန် ဦးသန်းဦးက တရားလိုပြု လုပ် တိုင်တန်းခဲ့သဖြင့် လှည်းကူးမြို့နယ် ရဲစခန်းမှ (ပ) ၃၇၂/၂၀၁၃၊ ပုဒ်မ ၄၄၇/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ပြီး အမှုစစ် ဒုရဲအုပ် သံချောင်းက ၎င်းင်းတို့အား ဖမ်းဆီး ရမိရေး စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းအမှုကို မန္တလေး တိုင်းဒေသကြီး တရားရုံး က ပလပ်မိန့်ချမှတ်

 ရန်ကုန် ၊ စက်တင်ဘာ ၂၇။ ။ ပြည် ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏မြေ အရောင်းအဝယ်ကိစ္စ တရားမ မှုကို မန္တလေးတိုင်းဒေသကြီးတရား ရုံးက စက်တင်ဘာ ၂၆ရက် တွင် ယင်းအမှုနှင့်ပတ်သက်ပြီး တရား စွဲဆိုရန် အဆိုလွှာ ကို ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့သည်ဟု မန္တလေး တိုင်းဒေသကြီး တရားရုံးမှ တရား သူကြီး ဦးကြည်သိန်းက ရန်ကုန် တိုင်းမ်နေ့စဉ်သို့ အတည်ပြုပြော ကြားသည်။

တရားသူကြီး ဦးကြည်သိန်း က ''တရားစွဲဆိုဖို့အကြောင်း အဆို လွှာကိုပလပ်ဖို့ အမိန့်ချမှတ်လိုက် တာပါ။ အမှုရဲ့အနိုင်အရှုံးကိုဆုံး ဖြတ်တာ မဟုတ်ပါဘူး''ဟု ပြော သည်။

ယင်းကဲ့သို့ မန္တလေးတိုင်း ဒေသကြီးတရားရုံးမှ ယခုကဲ့သို့ အမိန့်ချမှတ် လိုက်ခြင်း ကို ယင်းအ မှုတရားလိုဦးစိုးဝင်းမိုးက ''ကျွန် တော်တို့အနေနဲ့ ကတော့ ဥပဒေအ တိုင်းလုပ်လို့ရသလောက် အကုန် လုပ်သွားမယ်။ ဒီအတိုင်းရပ်ထား လို့မရဘူး။ အမှုကို ဆက်လက်စွဲ ဆိုဖို့ အထက်ရုံး အဆင့်ဆင့် ကို တင်ပြသွားမယ်။ ကျွန်တော်တို့ရဲ့ နစ်နာဆုံးရှုံး မှုတွေက အများကြီး ပါ။ တရားစီရင်ရေး မဏ္ဍိုင်မ တိမ်း စောင်းဖို့ ရှေ့နေနဲ့ တရားသူကြီး တွေက ဥပဒေနဲ့အညီဆောင်ရွက် ဖို့နဲ့ အဂတိတရားတွေ ကင်းရှင်း ဖို့လိုတယ်''ဟုပြောသည်။

ပြင်ဦးလွင် နန်းမြိုင်လမ်းရှိ ၂ဒသမဝ၅ဧက ကျယ်ဝန်းပြီး ကျပ် သိန်းပေါင်းခြောက်သောင်းကျော် သော အချင်းဖြစ်ခြံကိုပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းနှင့် နှစ်ဦးက မရိုးသားစွာ ဝယ်ယူသည်ဟုဆိုကာ တရားမဝင် စာချုပ်ချုပ်ဆိုခြင်း၊ ကာလတန်ဖိုးထက်များစွာ လျော့ နည်းဖော်ပြခြင်း၊ မမှန်မကန် စာ ချုပ်ချုပ်ခြင်းတို့ကြောင့် တရားလို ဦးစိုးဝင်းမိုးက ယခုကဲ့သို့ တရားမ ဝင်ကြောင်း စာချုပ်စာတမ်းပယ် ဖျက်ပေးစေလိုမှုနှင့် အကျိုးစီးပွား ကြားကာလအမြတ်အစွန်းကို ရယူ လိုမှုများနှင့်ပတ်သက်ပြီး ယခုကဲ့ သို့ တရားစွဲဆိုထားခြင်းဖြစ်သည်။

ဦးတင့်ဆန်းကလည်း ယင်း အမှုနှင့်ပတ်သက်ပြီး သည်းခံသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းနေ့ စဉ်ကို လွန်ခဲ့သည့်ရက်ပိုင်းကပြော ကြားခဲ့သည်။

သတ်မှတ်ရက်လွန် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများ ရက်တိုးလက်ခံမည်




ပညာရေးဝန်ကြီးဌာနသို့ တင်သွင်းရသော ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် နောက်ဆုံး လက်ခံမည် ဖြစ်သော်လည်း နောက်ကျသည့် အကြောင်းအရင်း ခိုင်လုံသော လျှောက်လွှာများကို အောက်တိုဘာ လဆန်းထိ လက်ခံသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က The Voice သို့ ပြောကြားသည်။

ယင်းတက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် ဖောင်များကို စက်တင်ဘာလ ၂ ရက်နေ့တွင် မြို့နယ်ပညာရေးမှူး ရုံးများ၌ စတင်လက်ခံခဲ့ပြီး စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံး တင်သွင်းရမည် ဖြစ်ကြောင်း၊ သို့သော် စာရွက်စာတမ်း လိုအပ်သော လျှောက်လွှာများကိုမူ ရန်ကုန်နှင့် နေပြည်တော် စာစစ်ဌာနများတွင် အောက်တိုဘာလ ပထမပတ်အထိ လာရောက် တင်သွင်းနိုင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“နီးတော့မှ ဖြေချင်စိတ်ရှိတဲ့သူတွေ ရှိတယ်။ ဒါကြောင့် နောက်ဆုံးတံဆိပ် မရိုက်ခင် အချိန်ထိ ဖောင်တွေ လက်ခံပေးတာပါ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က The Voice သို့ ပြောဆိုသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများကို စက်တင်ဘာလကုန် နောက်ဆုံး တင်သွင်းရမည် ဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများမှ ကျောင်းသား၊ ကျောင်းသူ များနှင့် အခြားဒေသ အခြေအနေပေါ် မူတည်ကာ သက်မှတ်ရက်လွန် ဖောင်များ လက်ခံပေးကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက ပြောကြားသည်။

နိုင်ငံတစ်ဝန်း နှစ်စဉ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် လျှောက်လွှာ တင်သွင်းသူဦးရေ ငါးသိန်းကျော် ရှိပြီး ၎င်းတို့အတွက် စာမေးပွဲ ဖြေဆိုခွင့် ကတ်များကို လာမည့်နှစ် ဇန်နဝါရီလတွင် ထုတ်ပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက စုံစမ်းသိရှိရသည်။

ယခင် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ပြည်တွင်း၊ ပြည်ပ စာဖြေဌာနများ၌ စာမေးပွဲ ဖြေဆိုရန် လျှောက်လွှာ တင်သွင်းသူ ၅၃၁,၃၈၃ ဦး ရှိပြီး ဝင်ရောက် ဖြေဆိုသူ ၄၈၇,၄၁၀ ဦး ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သမ္မတကြီးမှာကြားချက်နှင့် ရဲမှူးဦးဝင်းနိုင်ပြောကြားချက် ကွဲလွဲနေ – ဆန်းဝင်းထွန်း

 ငါလည်း မကြောက်တော့ဘူး။ မင်းတို့လည်း မကြောက်ကြနဲ့။ မေးသမျှတော့ မင်းတို့ မှန်မှန်ကန်ကန်သာ ဖြေပေးပါဆိုပြီးတော့ ဒီအတိုင်းမီဒီယာတွေကို ပြောထားတယ်။ မယုံရင်လည်း ဟောဒီမှာ  ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့သာ မေးကြည့်ပေတော့ . . .


မြန်မာသံတော်ဆင့် သတင်းဂျာနယ် အတွဲ(၁) အမှတ် (၂၈) ကို ဖတ်ရင်းနဲ့ စာမျက်နှာ (၁၂) မှာ ရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်က ““ဆိုလိုတာက သတင်းမီဒီယာတွေမေးရင် ဖြေရမယ်ဆိုတဲ့ အမိန့်မျိုး ထုတ်ထားတာရှိလား။ အဲဒီလို ထုတ်ထားတာရှိလို့ တို့ဘက်က ရဲတွေက မဖြေဘူးဆိုရင် ပြောပါ ဆိုတဲ့ ပြောစကားကို  အံ့သြပြီး နောက်စာမျက်နှာတွေကို မလှန်လှောနိုင်တော့ဘဲ ထပ်ကာ ထပ်ကာ ဖတ်မိတော့တယ်။ အဲဒီပြောစကားကို ဖတ်ရတာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို စိန်ခေါ်နေသယောင် ဖြစ်နေတယ်။

ရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်ကို မီဒီယာနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ပြောတဲ့ အသံဖိုင်ရယ်၊ ဓာတ်ပုံတွေရယ် (ဗီဒီယိုဖိုင်ကတော့ ရုပ်သံမီဒီယာတွေမှာ ရှိပါတယ်) ပြချင်ပါတယ်။ အဲဒီပွဲ အကြောင်းလည်း အသေးစိတ် ရှင်းပြချင်ပါတယ်။

 ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်၊ နေ့လယ် ၂ နာရီမှာ နေပြည်တော်က နိုင်ငံတော်သမ္မတ အိမ်တော်ထဲ ကျင်းပခဲ့တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်တွင်းမီဒီယာများ တွေ့ဆုံပွဲ ဆိုပြီးလုပ်တော့ မြန်မာသံတော်ဆင့် သတင်းဂျာနယ်က ကျွန်တော် ဦးဆန်းဝင်းထွန်းနဲ့ ဦးအံ့ခေါင်မင်းတို့ သွားရောက်တက်ခဲ့ပြီး ကျွန်တော်တို့ ဂျာနယ်ကနေ သတင်းဖော်ပြခဲ့တယ်။ အဲဒီပွဲမှာ ပြည်ထောင်စု ၀န်ကြီးတွေဖြစ်တဲ့  ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးအောင်ကြည်တို့လည်း … တက်ရောက်ပြီး ပြည်တွင်း မီဒီယာတွေ၊ ပြည်တွင်းအခြေစိုက် ပြည်ပမီဒီယာတွေလည်း တက်ရောက်ခဲ့တယ်။

နေ့လယ် ၂ နာရီမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရောက်လာပြီး နေရာယူတယ်၊ ၅ မိနစ်လောက် သတင်းမှတ်တမ်း ဓာတ်ပုံအရိုက်ခံတယ်။ အဲဒီနောက်မှာ နိုင်ငံတော်သမ္မတကြီးက အဖွင့်အမှာစကား ပြောတယ်။ မြန်မာသံတော်ဆင့်မှာ အပြည့်အစုံ ဖော်ပြပြီးပါပြီ။

သမ္မတကြီးရဲ့ အဖွင့်အမှာစကား အပြည့်အစုံကို ပြန်ပြီးတော့ ဖော်ပြရရင်တော့-

““ဒီကနေ့ ကျွန်တော်တို့ရဲ့ ပြည်တွင်းမှာရှိနေတဲ့ ပြည်တွင်းက မီဒီယာအဖွဲ့တွေ၊ နောက်ပြီးတော့ ပြည်ပကနေပြီး တာဝန်ယူထားကြရတဲ့ ပြည်တွင်းက မီဒီယာအဖွဲ့တွေ အားလုံး အခုလို သိုက်သိုက်ဝန်းဝန်းနဲ့ စုံစုံညီညီနဲ့ တွေ့ဆုံရတဲ့ အတွက်ကြောင့် ကျေးဇူးတင်တဲ့အကြောင်း ရှေးဦးစွာ ပြောကြားလိုပါတယ်။ နောက်တစ်ခုကလည်း အခုလို ကျွန်တော်တို့ တွေ့နိုင် ပြုနိုင်ဖို့အတွက် စီစဉ်ပေးကြတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ပြောကြားလိုပါတယ်။ အခုလို မီဒီယာတွေနဲ့ တွေ့ဆုံရတဲ့ အကြောင်းရင်းက သုံးခုရှိပါတယ်။

ပထမတစ်ခုက ပြီးခဲ့တဲ့ လကုန်ပိုင်းနဲ့ ဒီလ လဆန်းပိုင်းလောက်မှာ ပြည်ပခရီးစဉ်တွေ တော်တော်သွားရပါတယ်။ ပြည်ပခရီးစဉ် ဆိုတာလည်း အလုပ်ကိစ္စတွေနဲ့ သွားရတာပါသလို တချို့လည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုအရ ဖိတ်ကြားတဲ့ အတွက်ကြောင့် သွားရတာတွေလည်း ပါပါတယ်။

ပြည်ပခရီးစဉ်တွေ သွားရတယ်ဆိုတာ တကယ်တော့လည်း မလွယ်ပါဘူး။ နားချိန်တောင် ကျွန်တော်မရပါဘူး။ အင်မတန်မှလည်း ပင်ပန်းပါတယ်။ အထူးသဖြင့် နယူးယောက်ကို General Assembly တက်ဖို့ သွားရတဲ့ ခရီးစဉ် အတွင်းဆိုရင် သုံးရက်လုံးလုံးက နားရတဲ့အချိန်က မရှိသလောက် များပါတယ်။ အဲဒီအထဲမှာမှ ကျွန်တော်တို့ ရောက်တဲ့ နိုင်ငံတွေမှာ သတင်းထောက်တွေ၊ မီဒီယာတွေ သူတို့က တွေ့ချင်ပြုချင်တယ်ဆိုတော့ ကိုယ်က ငြင်းလို့ပြုလို့ မကောင်းဘူး။ မကောင်းတော့ အားလုံးနီးပါးနဲ့ပဲ တွေ့လိုက်ပါတယ်။ တချို့ မေးခွန်း ကလည်း ဖြေရတာ သိပ်အခက်အခဲ မရှိသလို တချို့မေးခွန်းတွေကလည်း ဖြေရတာတွေ အကျပ်အတည်း တွေ့တာတွေ၊ ခက်တာတွေ ကျွန်တော်တို့ ကြုံတွေ့ရပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် နယူးယောက်မှာ နောက်ဆုံးနေ့ပေါ့ BBC World News ကနေ မစ္စတာစတီဗင်ဆိုတာ သူ အင်တာဗျူး လာပြီးတော့ လုပ်ပါတယ်။ သူ့အင်တာဗျူးကလည်း ကျွန်တော်တို့ တစ်ခါမှ မကြုံဖူးဘူး။ ရုပ်ရှင်ရိုက်နေသလိုပဲ။ မီးတွေ ဘာတွေကလည်း ဘေးကဆင်တော့ မျက်နှာတောင် မထားတတ်သလို ဖြစ်ပါတယ်။ သူမေးတဲ့ မေးခွန်းတွေက တော်တော်လေး ခက်ပါတယ်။ ခက်သော်လည်းပဲ ကိုယ်က ကိုယ့်တိုင်းပြည်အတွက် နိစ္စဓူဝ လုပ်ဆောင်နေကြရတဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက်ကြောင့် အောင်အောင်မြင်မြင်နဲ့ပဲ ကျွန်တော်တို့ ဖြေနိုင် ခဲ့ပါတယ်။ ဖြေပြီးတော့မှ သိရတယ်။ ဒီအင်တာဗျူးတွေထဲမှာ Hard Talk လို့ခေါ်ပါတယ်။ Hard Talk ဆိုတော့ ကျွန်တော်ကလည်း တစ်ခါမှမကြားဖူးဘူး။ Hard Talk အင်တာဗျူးကတော့ အခက်ခဲဆုံးပဲ။ တော်ရုံတန်ရုံ အာရှက ခေါင်းဆောင် တချို့တောင်မှ ရှောင်တယ်။ ကျွန်တော်ကတော့ Hard Talk ဆိုတာ ဘာမှန်းမသိလို့ တွေ့လိုက်ရတာ။ တကယ်ဆိုရင်တော့ ရှောင်ဖို့ ကောင်းပါတယ်။ သူ့မေးခွန်းတွေက တော်တော်လေးလည်း ခက်တဲ့အတွက်ကြောင့် ခက်ခက်ခဲခဲနဲ့ ဖြေရပြုရတယ်။

ပြောချင်တဲ့ ရည်ရွယ်ချက် သုံးခုကတော့ ပြည်ပနိုင်ငံတွေ သွားတဲ့အခါမှာတော့ ပြည်ပက မီဒီယာတွေနဲ့ မကြာမကြာ တွေ့တယ်။ ကိုယ့်ပြည်တွင်း မီဒီယာတွေနဲ့လည်း မတွေ့ဖြစ်တာ အတော်လေးကြာပါပြီ။ ပြည်တွင်း မီဒီယာတွေနဲ့လည်း ကျွန်တော်တို့ အခုလို ရင်းရင်းနှီးနှီးနဲ့ တွေ့ဆုံဖို့ သင့်တယ် ဆိုပြီးတော့မှ သက်ဆိုင်ရာ ၀န်ကြီးတွေ ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့  သူတို့ကို စီစဉ်ခိုင်းခြင်းဖြစ်ပါတယ်။ နောက်တစ်ခုကလည်း ခင်ဗျားတို့ မေတ္တာပို့မှာလည်း ကြောက်တယ်ပေါ့ဗျာ။ သမ္မတက ပြည်ပမီဒီယာတွေနဲ့ တွေ့တွေ့နေပြီးတော့ ငါတို့ကျတော့ ပစ်ထားတယ်၊ လှည့်တောင်မကြည့်ဘူး ဆိုပြီးတော့ ဒါလည်း ကြောက်ရတာ တစ်ချက်ပါတယ် ပေါ့လေ။

တတိယ အချက်ကတော့ မီဒီယာဟာ တကယ်တော့ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ နားတွေ၊ မျက်စိတွေပဲ ဖြစ်ပါတယ်။ နား၊ မျက်စိတွေဖြစ်တဲ့ အတွက်ကြောင့် ခင်ဗျားတို့ရဲ့အမြင်၊ ခင်ဗျားတို့ရဲ့ သဘောထားတွေ၊ နောက်တစ်ခါ ကျွန်တော်တို့ရဲ့အမြင်၊ ကျွန်တော်တို့ရဲ့ သဘောထားတွေ၊ ဒါတွေကို ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် သိရှိနားလည် နေကြဖို့ လိုပါတယ်။

ခင်ဗျားတို့ရဲ့အမြင်တွေ၊ ခင်ဗျားတို့ရဲ့ သဘောထားတွေ၊ နောက်တစ်ခါ ကျွန်တော်တို့ရဲ့ အမြင်တွေ၊ ကျွန်တော်တို့ရဲ့ သဘောထားတွေ၊ အဲဒီတော့ နှစ်ဦးနှစ်ဖက် သိနေရုံနဲ့ ကျွန်တော်တို့ မပြီးသေးပါဘူး။ အရေးကြီးဆုံးကတော့ ပြည်သူသိဖို့ အရေးကြီးပါတယ်။   ပြည်သူသိဖို့ အတွက်ကတော့ ပြည်သူသိအောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အဖွဲ့တွေကတော့ ခင်ဗျားတို့အဖွဲ့ပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဒီအစိုးရရဲ့ လုပ်ဆောင် ချက်တွေဟာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာနဲ့ ပေါင်းစပ်လိုက်မှသာလျှင် ပိုမိုပြီးတော့ ထိရောက် အောင်မြင်မယ် လို့ ဒီလို ကျွန်တော်တို့ ခံယူထားပါတယ်။ ဒါကြောင့်မို့ မီဒီယာကို မကြောက်ဖို့၊ မီဒီယာနဲ့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ဖို့၊ မီဒီယာတွေကနေ သိချင်ပြုချင်လို့ မေးတာတွေကို စိတ်ရှည်သည်းခံပြီးတော့ မှန်မှန်ကန်ကန်နဲ့ ဖြေကြားပေးဖို့ ဒါတွေလည်း ၀န်ကြီးဌာနတွေကို မကြာခဏ သတိပေးထားပါတယ်။ ကျွန်တော်တို့ အစိုးရ ဒီကနေ့ ဘာတွေ လုပ်နေသလဲ၊ ဘယ်လိုတွေ ကျွန်တော်တို့ လုပ်နေသလဲ၊ ဒီလုပ်ငန်းတွေက ဘာကြောင့် ကျွန်တော်တို့ လုပ်နေရသလဲ၊ နောက်တစ်ခုကလည်း ကျွန်တော်တို့ ဒီလုပ်ငန်းတွေ လုပ်ကိုင်ရင်းပြုရင်း ပြုပြင် ပြောင်းလဲရင်းနဲ့ ကျွန်တော်တို့ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ဒီအတွေ့အကြုံတွေ၊ ဒီစိန်ခေါ်မှုတွေကို ဘယ်လို ကျော်ဖြတ်နေရတယ် ဆိုတာတွေ ဒါတွေကို ပထမဦးဆုံးအနေနဲ့ မီဒီယာ အဖွဲ့တွေက သိထားမှ ဒါကို ဝေဖန်နိုင်မယ်၊ အကြံပေးနိုင်မယ်၊ ပြည်သူတွေကို အသိပေးနိုင်မယ်။ ပြည်သူတွေကို အသိပေးနိုင်မှ ပြည်သူတွေကလည်း ဝေဖန်မယ်၊ အကြံပေးနိုင်မယ်။ ဒီလိုအပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ အစိုးရက ကောင်းသထက် ကောင်းအောင် လုပ်သွားရမှာ ဖြစ်ပါတယ်။

 ဒါကြောင့်  ဒါတွေကို သိဖို့အတွက် မီဒီယာကနေတစ်ဆင့် ဆက်သွယ်ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက်ကြောင့် မီဒီယာဟာ ကျွန်တော်တို့ အစိုးရရဲ့ အရေးကြီးတဲ့ ဆက်သွယ်ရေး ယန္တရားတစ်ခု ဖြစ်တယ်လို့ ဒီလို ကျွန်တော်တို့ ခံယူထားပါတယ်။ ပြည်သူတွေဆီက သတင်းတွေကိုလည်း၊ ပြည်သူတွေဆီက အချက်အလက်တွေကိုလည်း ပြည်သူတွေအတွင်း ၀င်ပြီးတော့မှ ထဲထဲဝင်ဝင် ၀င်ရောက်ပြီးတော့မှ ရယူမှာ ဖြစ်သလို ဒီအစိုးရအဖွဲ့ရဲ့သတင်းတွေ၊ သတင်းအချက်အလက်တွေ၊ ဒါတွေကလည်း ၀န်ကြီးဌာနထဲကို ၀င်ရောက်ပြီးတော့မှ ရယူရမှာ ဖြစ်တဲ့အတွက်ကြောင့် ဟိုတုန်းကတော့ ၀န်ကြီးဌာနတွေက မီဒီယာဆိုရင် တော်တော်လေး ကြောက်ပါတယ်။ ကျွန်တော်လည်း အပါအ၀င်ပဲ ပြောရမှာဖြစ်ပါတယ်။ အခုတော့ ကျွန်တော်လည်း အားပေးထားပါတယ်။ ငါလည်း မကြောက်တော့ဘူး။ မင်းတို့လည်း မကြောက်ကြနဲ့။ မေးသမျှတော့ မင်းတို့ မှန်မှန်ကန်ကန်သာ ဖြေပေးပါဆိုပြီးတော့ ဒီအတိုင်း ပြောထားတယ်။ မယုံရင်လည်း ဟောဒီမှာ ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့သာ မေးကြည့်ပေတော့။ မကြောက်တော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ Hard Talk လို ဟာမျိုး တွေ့ပြီးတော့မှ ကျန်တာတော့ သိပ်တော့ မကြောက်တော့ဘူး။ ၀န်ကြီး ဌာနတွေလည်း ပြောထားပြီးဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ သတင်းတွေကိုလည်း ထဲထဲဝင်ဝင်နဲ့ ၀င်ရောက်ရ ယူပြီးတော့မှ ကျွန်တော်တို့အစိုးရအဖွဲ့ကို အသိပေးသလို၊ ပြောကြားသလို၊ အကြံဉာဏ်တွေ ပေးသလို၊ ဝေဖန်တာတွေ လုပ်ပေးသလို ကျွန်တော်တို့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပြည်သူတွေအတွင်းမှာ မှန်မှန်ကန်ကန် သိရှိနိုင်ဖို့အတွက် မီဒီယာတွေ အနေနဲ့လည်း ဆောင်ရွက်ပေးကြဖို့ဆိုပြီးတော့ မေတ္တာရပ်ခံပါတယ်။ အခုတော့ ကျွန်တော်တို့ မကြောက်ကြတော့ပါဘူး။ မကြောက်တော့တဲ့ အတွက်ကြောင့် ကျွန်တော့်ကိုပဲ အရင်စပြီး အခုအချိန်ကနေ စပြီးတော့ မေးနိုင်ပါတယ်”” ဆိုပြီး သမ္မတကြီးက စာရွက် မကြည့်ဘဲ၊ သူများရေးထားတာကို ဖတ်ပြတာမျိုး မဟုတ်ဘဲ အလွတ်ပြောသွားတယ်။

အဖွင့်အမှာစကား ပြောပြီးတာနဲ့ သမ္မတကြီးက တက်ရောက်လာတဲ့ မီဒီယာတွေ သိချင်တာတွေကို မေးစေတယ်။ အဲဒီနေ့က မီဒီယာ ၅၇ ဦး မေးမြန်းဖို့ တက်ရောက်တယ်။ အချိန်က ညနေ ၄ နာရီ ထိ သတ်မှတ် ထားတာ မိနစ် ၂၀ တောင် ကျော်သွားတာနဲ့  ၃၀ ဦးပဲ မေးခဲ့ရတယ်။ မြန်မာသံတော်ဆင့်တောင် မမေးလိုက် ရဘူး။ အခမ်းအနားမှူး ဦးမှူးဇော်ရဲ့ လက်ထဲက စာရွက်ကို ကြည့်တော့ မြန်မာသံတော်ဆင့်ကို သံတော်ဆင့်လို့ ရေးထားပြီး အမှတ်စဉ် (၃၈) မှာ ရှိတယ်။ နာမည်ကို ဘောပင်နဲ့ ခြစ်ထားတယ်။ အခမ်းအနားအပြီးမှာ နိုင်ငံတော် သမ္မတက မီဒီယာတွေနဲ့အတူ သမ္မတအိမ်တော်ရှေ့မှာ အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ခဲ့တယ်။   ဘာပဲပြောပြော ဒါဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပြည်တွင်း မီဒီယာတွေရဲ့သမိုင်းပဲ။

နိုင်ငံတော် သမ္မတကြီး ပြောတဲ့အထဲမှာ တတိယအချက်ကို အကြိမ်ကြိမ်၊ အကြိမ်ကြိမ် ပြန်ဖတ်ကြည့်ရင်တော့ မီဒီယာနဲ့ ပြည်သူတွေအပေါ်မှာထားတဲ့ နိုင်ငံတော်သမ္မတရဲ့သဘောထားကို တွေ့ရမှာပါ။

မီဒီယာဟာ တကယ်တော့ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ နားတွေ၊ မျက်စိတွေပဲ ဖြစ်ပါတယ်၊

အရေးကြီးဆုံးကတော့ ပြည်သူသိဖို့ အရေးကြီးပါတယ်၊

အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ မီဒီယာနဲ့ ပေါင်းစပ်လိုက်မှသာလျှင် ပိုမိုပြီးတော့ ထိရောက် အောင်မြင်မယ်လို့ ဒီလို ကျွန်တော်တို့ ခံယူထားပါတယ်၊

မီဒီယာကို မကြောက်ဖို့၊ မီဒီယာနဲ့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ဖို့၊ မီဒီယာတွေကနေ သိချင်ပြုချင်လို့ မေးတာ တွေကို စိတ်ရှည် သည်းခံပြီးတော့ မှန်မှန်ကန်ကန်နဲ့ ဖြေကြားပေးဖို့ ဒါတွေလည်း ၀န်ကြီးဌာနတွေကို မကြာခဏ သတိပေးထားပါတယ်လို့ နိုင်ငံတော်သမ္မတက ပြောထားပါလျက်နဲ့ သတင်းမီဒီယာတွေ မေးရင် ဖြေရမယ်ဆိုတဲ့ အမိန့်မျိုး ထုတ်ထားတာ ရှိလားဆိုတော့  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်ကို ညှိနှိုင်းဖို့၊ ပြောဖို့ လိုသွားတာလားလို့ တွေးမိတယ်။

နောက်ရုံးမှာ သတင်းထောက်တွေကို မေးကြည့်တော့ ဟုတ်တယ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းသွားပြီး ပြောခံခဲ့ရတယ်၊ ဓာတ်ပုံရိုက်လို့မရဘူး၊ သတင်းမရေးရဘူးလို့ ပြောတယ်။  ဒါဟာ သတင်းထောက်တွေကို တကူးတကခေါ်ပြီး ခြောက်တာလားလို့တောင် မေးချင်တယ်။

မီဒီယာတွေဆိုတာ ဒီတိုင်းပြည်မှာ ဖြစ်နေတာတွေ ဖြစ်ရပ်တွေကို  ဒီတိုင်းပြည်က နိုင်ငံတော်သမ္မတကနေ ၀န်ကြီးတွေ၊ အရာရှိတွေ၊   ပြည်သူ ပြည်သားတွေ အားလုံးသိအောင် နမူနာယူနိုင်အောင် တစ်နည်းနည်း  ဖော်ပြပေးနေတဲ့သူတွေ သတင်းဖြစ်ရပ်နဲ့ သတင်းစားသုံးသူ တစ်နည်းအားဖြင့် သတင်းသိချင် သူတွေနဲ့ကြားထဲကသူ၊ (Media) မီဒီယာပဲလို့ ပြောပါရစေ။

ကျွန်တော်နဲ့ ဦးအောင်မင်း ၊ ဦးခင်ရီ တို့ကို လာတိုက်ခိုက်ရင် အဲဒီသူတွေဟာ ဟတ်လိုင်နာ သွားချင်တဲ့သူတွေလို့ ပြောချင်တယ်ဟု ဝန်ကြီးဦးစိုးသိန်းတုံ့ပြန်

သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ရန်ကုန် ၊ စက်တင်ဘာ ၂၇ ။ ။ ပုဂ္ဂိုလ် ရေးဆိုင်ရာ တိုက်ခိုက်မှုများ သည် ဒီမိုကရေစီမလိုလား သူများ၏အောက်တန်း စားနိုင်ငံရေး လုပ် ခြင်းသာဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ဝေဖန်ပြောကြားသည်။

စက်တင်ဘာ ၂၇ ရက်က နိုင်ငံခြားဘဏ်များတွင် အပ်နှံ ထားသည့် ၁၁ဘီလီယံနှင့်ပတ် သက်သောကိစ္စရပ်များတွင် ဝန် ကြီး ဦးစိုးသိန်း ပါဝင်သည်ဟူသော ပြောဆိုမှုများအပေါ် ရန်ကုန် တိုင်းမ်နှင့် ယနေ့တွေ့ ဆုံရာတွင် ယင်းကဲ့သို့ ဝေဖန်ပြော ကြားလိုက် ခြင်းဖြစ်သည်။

ဝန်ကြီးဦးစိုးသိန်းက ''၁၁ ဘီလီယံနဲ့ပတ်သက်ပြီး ကမ္ဘာ့ ဘဏ်ကကြေညာပြီးပြီပဲ။ အဲဒီ မှာ ကျွန်တော့်ကိုဆွဲထည့်တာက ကျွန်တော့်ကို နိုင်ငံရေးအရသတ် တာပေါ့ဗျာ၊ သတ်လို့ဘာမှဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်က သမ္မတ လဲဝင်မရွေးဘူး။ ဝန်ကြီး လဲဝင် ရွေးမှာမဟုတ်ဘူး။ လွှတ်တော် ကိုယ်စားလှယ်လဲ လုပ်မှာမဟုတ် ဘူး။ နောက်အစိုးရမှာ အခုတိုင်း ပြည်ကောင်းအောင် ကျွန်တော် ကျရာနေရာက လုပ်ပေးနေတာ'' ဟု ပြောသည်။ ယင်းအပြင် ဝန်ကြီးအနေ  ဖြင့် ပိုက်ဆံမ ရှိကြောင်း၊ လက်ရှိ ရွှေနံ့သာရှိ သစ်ခွခြံတွင်နေထိုင် ကြောင်း၊ ကျန်ရှိသောသူများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက သိရှိ နိုင်မည်ဖြစ်ကြောင်း၊ ပိုက်ဆံရှိ ပါက ကချင်ပြည်နယ်ရှိစစ်ပွဲများ၊ ရခိုင်ဒေသရှိ ဒုက္ခသည်စခန်းများ ကိုလှူဒါန်းသွားမည်ဟု ထပ်မံ ပြောသည်။

ဝန်ကြီးက''ဒီအစိုးရလက် ထက်မှာဝန်ကြီးဖြစ်ကတည်းက သမ္မတကြီးကို ပိုင်ဆိုင်မှုတွေပုံစံ တွေပေးထားရတယ်။ စိန်၊ ရွှေ ဘယ်လောက်ရှိတယ်။ ကား ဘယ် လောက်ရှိတယ်။ မြေဘယ်လောက် ရှိတယ် အားလုံးပေးထားရတယ်။ အိတ်ပိတ် ပြီး၊ အဲဒီ စာအိတ်ကို ဖွင့်ပြီးကြည့်လိုက် အရေးယူလို့ ရတယ်။ မဟုတ်တာတွေလာပြော တော့ ကျွန်တော်ကရယ်ချင်တယ်'' ဟု ပြောသည်။ ယင်းကဲ့သို့ဖြစ်ခြင်းမှာ မြန် မာများ၏ ဒီမိုကရေစီမရင့်ကျက် မှုနှင့် အောက်တန်းစားနိုင်ငံရေး လုပ်ခြင်း သာဖြစ်ကြောင်း ထပ်မံ ပြောသည်။

ဝန်ကြီးက''ပုဂ္ဂိုလ်ရေးတိုက် ခိုက်မှုတွေနဲ့ ဒီမိုကရေစီမရနိုင် ဘူး။ ကျွန်တော်တို့ တစ်ချိန်တုန်း က ဆန့်ကျင်ဘက်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အဖွဲ့ တွေပေါ့။ ကျွန်တော် ပုဂ္ဂိုလ်ရေး ဘာမှမရှိဘူး။ အားလုံးတိုင်းပြည် ကောင်းဖို့ပဲလုပ်နေတာ။ ဒေါ် အောင်ဆန်းစုကြည် ကျွန်တော် တို့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမရှိဘူး။ ပုဂ္ဂိုလ်ရေးနဲ့မပြိုင်ဘူး။ လုပ်မှုကိုင် မှုနဲ့ပဲပြိုင်မယ်။ ဝမ်းနည်းဖို့ကောင်း တာက ခင်ဗျားတို့ ဒီမိုကရေစီလို ချင်တာလား။ ကျွန်တော့်ကိုတိုက် ခိုက်ချင် တာလား။ ကျွန်တော့်ကို တိုက်ခိုက်ရင် ကျွန်တော် ယုံကြည် တယ်။ ကျွန်တော်နဲ့ ဦးအောင်မင်း၊ ဦးခင်ရီတို့ကို လာတိုက်ခိုက်ရင် ခင်ဗျားတို့က ဟတ်လိုင်နာသွား ချင်တဲ့သူတွေ ဒီမိုကရေစီသွား ချင်တဲ့သူတွေ မဟုတ်ဘူးလို့ပြော ချင်တယ်။ တခိျု့က အုပ်စုရှိလား ဆိုတော့ ရှိတာပေါ့။ အကြီးကြီး ပေါ့ဗျာ။ ကျွန်တော်မပြောချင် သေးလို့ အချိန်မတန်သေးလို့''ဟု ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဒီမို ကရေစီကိုမကြိုက်သည့် ယခင် စနစ်ကို နောက်ပြန်သွားချင်သူ များရှိနေကြောင်း၊ ယခုကြိုးပမ်း မှုများသည် နောင်လာနောင်သား များအတွက် ဒီမိုကရေစီအနှစ် သာရများကို ခံစားနိုင်ရန်အတွက် ဖြစ်ကြောင်း ပြောသည်။

ထမံသီ စီမံကိန်း ဖျက်သိမ်းပြီ

ထမံသီ စီမံကိန်းကြောင့် ဒေသခံတွေ နေအိမ် ရွှေ့ပြောင်းခံခဲ့ကြရ

ချင်းတွင်းမြစ်ပေါ်မှာ ရှိတဲ့ ထမံသီ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် ရေအားလျှပ်စစ် စီမံကိန်း ၃ ခုစလုံးကို ဖျက်သိမ်းလိုက်ပြီလို့ လျှပ်စစ်ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမော်သာထွေးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

ရေကာတာတွေဟာ အကြီးစားတွေ ဖြစ်တာကြောင့် ဒေသခံတွေနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုတွေ ဖြစ်လာမှာ စိုးတဲ့အတွက် အခုလို စီမံကိန်းတွေကို ဖျက်သိမ်းလိုက်တာလို့ ပြောပါတယ်။

အိန္ဒိယကို လျှပ်စစ်ဓာတ်အား ရောင်းဖို့အတွက် စီစဉ်ခဲ့တဲ့ ဒီ ရေအားလျှပ်စစ် စီမံကိန်းတွေကို အခုလို ဖျက်သိမ်းမှာကို အိန္ဒိယဘက်ကလည်း သဘောတူတယ်လို့ ဆိုပါတယ်။

မြေယာစီမံခန့်ခွဲရေး သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)

အစိုးရက လယ်ယာမြေ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေတာနဲ့ ပတ်သက်ပြီး ဒီနေ့ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာနရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။




မြေယာစီမံခန့်ခွဲရေး သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)  


ရဲရွာစီမံကိန်းအတွင်း သိမ်းယူခဲ့သော ဥယျာဉ်ခြံမြေတွေ လုပ်ငန်းရှင်များ ဝယ်ယူထား (ရုပ်/သံ)

ရဲရွာရေအားလျှပ်စစ်စီမံကိန်း ဖော်ဆောင်စဉ်က စီမံကိန်းကာလအတွင်း ယန္တရားနဲ့ ဝန်ထမ်းတွေနေရာချထားဖို့ ၁၉၉၈မှာ သိမ်းယူခဲ့တဲ့ မြေဧက ၂၅ဝနီးပါးဟာ စီမံကိန်းပြီးဆုံးခဲ့တဲ့အချိန်မှာ ပြန်လည်ပေးဘဲ သစ်တောဌာနက သိမ်းယူထားလိုက်တယ်လို့ ရွာသားတွေက ဆိုပါတယ်။ 


ရဲရွာစီမံကိန်းအတွင်း သိမ်းယူခဲ့သော ဥယျာဉ်ခြံမြေတွေ လုပ်ငန်းရှင်များ ဝယ်ယူထား (ရုပ်/သံ)  

စက်တင်ဘာလ(၂၆)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၄

ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၄

ကသာမြို့နယ်မှာ လယ်သမား ၃ဝဝ ကျော် ဆန္ဒပြ

 စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၂ ရွာက တောင်သူလယ်သမား ၃ဝဝ လောက်ဟာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ ဒီနေ့ ကသာမြို့နယ် မောင်းကုန်းကျေးရွာမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လယ်ယာမြေ ပဋိပက္ခအရေး အစိုးရဌာနဆိုင်ရာတွေက အမြန်ဆုံးဖြေရှင်းပေးဖို့ ပြောကြားခဲ့တာကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ အခုလို ကျေးရွာသားတွေ စုပေါင်းပြီး ဆန္ဒပြရတာလို့ တုံလုံရွာသား ဦးနေဝင်းက ပြောပါတယ်။

ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်း၊ ပေါင်းနပ်၊ တုံလုံ၊ အောင်သာယာစတဲ့ ကျေးရွာတွေက ရွာသူရွာသားတွေဟာ အသိမ်းခံရတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့အတွက် လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်ထံ မနှစ်က တိုင်ကြားခဲ့ကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ဝဝ၅ ခုနှစ် စစ်အစိုးရလက်ထက်က စစ်ကိုင်းတိုင်း ထီးချိုင့်ခရိုင်မှာ လယ်ယာမြေဧကပေါင်း သိန်းဂဏန်းနီးပါးအထိ သိမ်းယူရာမှာ အဲဒီကျေးရွာ ၂၂ ရွာက လယ်ယာမြေတွေလည်း ပါသွားခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းယူထားတဲ့ လယ်ယာမြေတွေကို နောက်ပိုင်းမှာ ဂရိတ်ဝေါလို ပုဂ္ဂလိကကုမ္ပဏီကြီးတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တွေဟာ အဲဒီဒေသမှာ ပြီးခဲ့တဲ့လအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စစ်ဆေးတွေ့ရှိချက်တွေကို လာမယ့် အောက်တိုဘာလ မှာ ပြန်လည်စတင်မယ့် လွှတ်တော်မှာ ဆွေးနွေးမယ့်အကြောင်း ကတိပေးခဲ့တယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက်နဲ့ မောင်းကုန်းရွာမှာရှိတဲ့ ဂရိတ်ဝေါ ကုမ္ပဏီရှေ့မှာ ပြုလုပ်တာဖြစ်ပြီး ကြွေးကြော်သံ၊ ပိုစတာ အသုံးပြုခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

ကော့သောင်းထောင် အကျဉ်းသား ၁၂၀ခန့် မော်လမြိုင်ထောင်သို့ ပြောင်းရွှေ့




တနင်္သာရီတိုင်းဒေသကြီးရှိ ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား ၁၂၀ခန့်ကို မွန်ပြည်နယ်၊ မော်လမြိုင်အကျဉ်းထောင် သို့ ပြောင်းရွှေ့လာခဲ့ရာ ယမန်နေ့ စက်တင်ဘာလ ၂၆ရက်၊ နံနက် ၁၀နာရီခန့်က မော်လမြိုင်အကျဉ်းထောင်သို့ ရောက်ရှိလာပြီး ဖြစ်ကြောင်း သိရသည်။

ထိုအကျဉ်းသားများသည် ပြည်ဖြိုးထွန်း(၁၅) သင်္ဘောဖြင့် စက်တင်ဘာလ ၁၈ရက်နေ့က ကော့သောင်းထောင်မှ စတင် ခေါ် ဆောင်လာခဲ့ခြင်းဖြစ်ပြီး သင်္ဘောစက်ချွတ်ယွင်းမှုနှင့် ရာသီဥတု ဆိုးရွားမှုတို့ကြောင့် လမ်းခရီးတွင် ၈ရက်ခန့် ကြာမြင့်ပြီးမှ ယခုလို မော်လမြိုင်ထောင်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

မော်လမြိုင်တွင် လာရောက်စောင့်နေသည့် အကျဉ်းသားမိသားစုဝင်တစ်ဦးက “လမ်းမှာ ကြာနေတော့ မိသားစုဝင်တွေက အရမ်း စိတ်ပူနေကြတာ။ အခု မော်လမြိုင်ကို ရောက်ရှိလာတော့မှပဲ စိတ်အေးရတော့တယ်။”ဟု ပြောသည်။

ထို့အပြင် ကော့သောင်းအကျဉ်းထောင်မှ မော်လမြိုင်အကျဉ်းထောင်သို့ ရောက်ရှိလာသည့် အကျဉ်းသားများကို တိုက်ပိတ်ပြီး ထားမည်ဟု ကြားနေရသည့်အတွက် အကျဉ်းသား မိသားစုဝင်များအနေဖြင့် စိုးရိမ်နေကြကြောင်းလည်း ၎င်းက ဆက်ပြော သည်။

ယခု ရောက်ရှိလာသည့် အကျဉ်းသားများအကြောင်းနှင့် ပတ်သက်ပြီး မော်လမြိုင်အကျဉ်းထောင်သို့ အာဏာပိုင်များကို သွား ရောက်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေကြားပေးခြင်း မရှိခဲ့ပေ။

စက်တင်ဘာလ ၁၃ရက်နေ့က တနသာင်္ရီတိုင်း၊ ကော့သောင်းမြို့ရှိ (၉)မိုင်အကျဉ်းထောင်အတွင်း အကျဉ်းသားများအချင်းချင်း ဆူပူမှုဖြစ်ပွားခဲ့ပြီး ထိုဆူပူမှုကို ထောင်အာဏာပိုင်တွေက သေနတ်ဖြင့် ပစ်ခတ်ထိန်းသိမ်းခဲ့ရာ အကျဉ်းသားတစ်ဦး သေဆုံးခဲ့ ရပြီး ၇ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

ထိုကဲ့သို့ ထောင်အာဏာပိုင်များက ထောင်တွင်းဆူပူမှုကို အကြမ်းဖက် ထိန်းသိမ်းမှုဖြစ်ပွားခဲ့ခြင်းကို နိုင်ငံပိုင်မီဒီယာ၏ သတင်း ထုတ်လွှင့်မှုအပေါ် မကျေနပ်သည့်အတွက် ထောင်တွင်းဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် အကျဉ်းသားအချို့ကို ယခုလို ထောင် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

မြေသိမ်းခံရမှုများတွင် တည်ဆဲဥပဒေများနှင့်အညီ တိတိကျကျ ဆောင်ရွက်ထားခြင်းမရှိ


နိုင်ငံအ၀န်း လယ်ယာမြေ သိမ်းဆည်းခံရမှုများ၊ လယ်ယာမြေ ပြဿနာများကို ခြုံငုံ သုံးသပ်ကြည့်မည် ဆိုပါက အကြောင်းအမျိုးမျိုးကြောင့် မြေယာ သိမ်းဆည်းခဲ့သော အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် တည်ဆဲ ဥပဒေများနှင့်အညီ တိတိကျကျ ဆောင်ရွက်ခဲ့မှု မရှိကြောင်း၊ သိမ်းဆည်းခံ လယ်သမားများ အနေဖြင့်လည်း အကြောက်တရားများ လွှမ်းမိုးနေခြင်း၊ ဒီမိုကရေစီ အခွင့်အလမ်း နည်းပါးခြင်းတို့ကြောင့် မြေယာသိမ်းဆည်းမှု ပြဿနာများ အဖြစ်များ ကြောင်းကို ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဦးသိန်းထွန်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ယခု ဒီမိုကရေစီ အစိုးရသစ် လက်ထက်မတိုင်မီ အစိုးရ အဆက်ဆက် ခေတ်များက တပ်မတော် အပါအ၀င် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ကုမ္ပဏီများက မြေယာ သိမ်းဆည်းမှုများ ပြုလုပ်ခဲ့ကြရာတွင် အားနည်းချက်များနှင့် ပတ်သက်၍ ““ပွင့်လင်းမြင်သာမှု မရှိဘူး။ ပြည်သူတွေက ကြောက်ကြောက် လန့်လန့်နဲ့ ပေးလိုက်ရတယ်။ ဟိုတုန်းက အလံစိုက်လိုက်ရင် သိမ်းလိုက်ပြီ။ ပြီးပြီ။ အမှန်က မြေသိမ်း ဥပဒေအရဆိုရင် ကြေညာချက်တွေ ထုတ်ရမယ်။ အကြောင်းပြချက်ရှိရမယ်။ နိုင်ငံတော်က အလိုရှိရင်လည်း မြေသိမ်း ဥပဒေအရ စနစ်တကျ လုပ်ရမယ်။ ကြေညာချက် ထုတ်ရမယ်။ အသိပေးရမယ်။ မြေရဲ့ရာဇ၀င်တွေ လုပ်ရမယ်။ အဲဒါဆိုရင် အကြောင်းမဟုတ်ဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး။ အလံလေး စိုက်လိုက်တယ်။ တပ်ကလည်း သိမ်းလိုက်တယ်။ ..ကုမ္ပဏီကလည်း သိမ်းလိုက်ရင် ဒါပဲဆိုတော့။ ပြည်သူကလည်း အကြောက်တရားတွေ ရှိနေတော့ ခေါင်းငုံ့ ခံနေတယ်။ ဒီနေ့ခေတ် ပွင့်လင်းမြင်သာမှု ရှိလာတဲ့ အခါကျတော့ လယ်ယာမြေ အမှုတွေဖြစ်ကြပြီ။ ဒါကို လွှတ်တော်က ပြည်သူတွေကို ပွင့်လင်းအောင် ပြောနိုင်ဖို့ လုပ်နေတယ်။ အစိုးရကလည်း ပြည်သူတွေ မနစ်နာအောင် ဆောင်ရွက်ပေးမယ်””ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ မြေသိမ်းဆည်းခံရသူ လယ်သမားများ အနေဖြင့် ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ တိုင်ကြားစာများ ပေးပို့ခဲ့သည့်အတွက် စက်တင်ဘာလ ၁၄ ရက်တွင် ယင်းကော်မရှင်၏ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ဧရာဝတီတိုင်း အတွင်းရှိ မြေယာသိမ်းဆည်း ခံရသည့် မြို့နယ်များသို့ ကွင်းဆင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည့် ခရီးစဉ်အတွင်း မြန်မာသံတော်ဆင့် သတင်းဂျာနယ်၏ မေးမြန်းချက်များကို ၎င်းက အထက်ပါကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယခုခရီးစဉ်တွင် လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာများနှင့် ပတ်သက်၍ ကော်မရှင်သို့ တိုက်ရိုက် တိုင်ကြားစာများ ပေးပို့ခဲ့သည့် မြေယာမှုခင်းများကိုသာ အဓိက စုံစမ်းစစ်ဆေးမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်းနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ကျိုက်လတ်၊ ဖျာပုံ၊ မအူပင်၊ ပန်းတနော်၊ လေးမျက်နှာ၊ ကျောင်းကုန်းစသည့် မြို့နယ်များမှ တိုင်ကြားထားသော မြေယာ သိမ်းဆည်းခံရမှုများကို ဆက်တိုက် စုံစမ်းမှု ပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါ လယ်ယာမြေ စုံစမ်းရေး ကော်မရှင်က မြေယာ သိမ်းဆည်းခံရမှုများကို စုံစမ်းရာတွင် ကျိုက်လတ်မြို့နယ်၊ လှိုင်းတာကျေးရွာ အုပ်စုတွင် ဖြစ်ပွားခဲ့သော ရွာမြေ တိုးချဲ့ကွက်သစ် တည် ဆောက်မည်ဟု ဆိုကာ လယ်သမား (၃)ဦးထံမှ လယ်မြေဧက (၂၀ ဒသမ ၇၃) ဧကကို သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးက နှုတ်မိန့်ဖြင့် သိမ်းဆည်းခဲ့ခြင်းနှင့် စပ်လျဉ်း၍ “လက်ရှိ အခုသိမ်းထားတဲ့ နေရာမှာ အိမ်ကွက်တွေ ဖြစ်နေပြီလား၊ ဟောင်းလောင်းပဲရှိလား၊ လူနေအိမ် ဘယ်နှကွက်ရှိလဲ။ ဘယ်လောက်ကျန်လဲ။ ဒါတွေကို မှတ်တမ်း တိတိကျကျပြုစုရမယ်။ ချောင်းသာမှာလည်း အဲဒီလိုဖြစ်နေ၊ လေးမျက်နှာမှာလည်း အဲဒီဖြစ်စဉ်မျိုး၊ ကျောင်းကုန်းမှာလည်း အဲဒါမျိုးတွေ ဖြစ်နေတယ်။ ပန်းတနော်မှာလည်း အဲဒါမျိုးဖြစ်နေတယ်။ ဒါတွေကို စုပြီးတင်ရမယ်။ စနစ်တကျ လုပ်ပေးရမယ်။ အသေးစိတ်ပြန်ပြီး စစ်ဆေးရမယ်။ တစ်ဖက်သောင်ထွန်း တစ်ဖက် ကမ်းပြိုတာက မကောင်းဘူး။ လ/န ၃၉ ရပြီဆိုရင်လည်း ဒီတစ်ခုတည်းနဲ့ မရဘူး။ စောစောက ပြောခဲ့သလို နှုတ်မိန့်နဲ့ သိမ်းတယ်ဆိုတာ ဒီခေတ်မှာ မရှိတော့ဘူး။ နှုတ်မိန့်တွေကြောင်းလည်း လယ်ယာမြေ ပြဿနာ တော်တော်များများ ဖြစ်နေတာ”” ဟု အဖွဲ့ဝင်အဖြစ် လိုက်ပါလာသူ မအူပင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက မြေယာမှုခင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဉ် ၄င်း၏ အမြင်ကို သုံးသပ်ပြောကြားသည်။

ကျိုက်လတ်မြို့နယ်၊ လှိုင်းတာကျေးရွာ အုပ်စုတွင် ၁၉၉၃ ခုနှစ်က ကျေးရွာမြေ တိုးချဲ့ရန်အတွက် မြို့နယ်တာဝန်ရှိသူ၏ နှုတ်မိန့်ဖြင့် လယ်သမား(၃)ဦးထံမှ လယ်မြေ (၂၀ ဒသမ ၇၃) ဧက သိမ်းဆည်းခဲ့ ခြင်းဖြစ်ကာ အိမ်ရာကွက် ၁၈၀ ဖော်ထုတ် ခဲ့သော်လည်း အကွက် ၁၀၀ ကျော်မှာ ယနေ့အထိ လုံးဝ ချထားမှု မရှိသေးကြောင်း၊ အချို့မှာ တစ်ဦးတည်း ၂ကွက်၊ ၃ကွက် ယူ၍ ခြံစိုက်နေကြကြောင်း၊ မြေသိမ်း ခံရသူများ အနေဖြင့် နစ်နာကြေး တစ်စုံတစ်ရာ မရရှိကြောင်းတို့ကို လှိုင်းတာကျေးရွာမှ မြေသိမ်းခံ တောင်သူများထံမှ သိရသည်။

အစိုးရသစ် လက်ထက်တွင် မြေသိမ်းဆည်းခံရမှု မြေယာ အငြင်းပွားမှုများ ကျယ်ကျယ်လောင်လောင် ဖြစ်ပေါ်လျက်ရှိကာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ တိုက်ရိုက် တိုင်ကြားမှုများ ရှိသကဲ့သို့ တိုင်ကြားစာများ မရောက်သေးသော မြေယာ သိမ်းဆည်းမှုများလည်း များစွာရှိနေပြီး ယင်းကိစ္စရပ်များကို သက်ဆိုင်ရာ လွှတ်တော်နှင့် အစိုးရတို့က မြေယာ သိမ်းဆည်းခံရသူ တောင်သူများနှင့် တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်ကြသော နိုင်ငံရေး အသိုင်းအ၀ိုင်းမှ စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိသည်။

သိမ်းထားသည့်မြေယာများ အစိုးရသက်တမ်းအတွင်း ပြန်ပေးမည်

 မြန်မာနိုင်ငံတ၀န်း ဒေသခံတောင်သူလယ်သမားတွေဆီကနေ  စစ်တပ်၊ အစိုးရဌာန ဆိုင်ရာတွေနဲ့ ကုမ္ပဏီတွေက သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ကျန်ရှိနေတဲ့ ဦးသိန်စိန်အစိုးရ သက်တမ်း ၂ နှစ်ကျော်အတွင်း ပြန်ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးတွေက နေပြည်တော် ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက “သမ္မတကြီးတာဝန်ရှိတဲ့ အစိုးရလက်ထက်မှာ ပြီးပြတ်အောင် ကျနော်တို့ လုပ်သွားမှာပါ။ နောက်နောင်လည်း အဲဒီလိုမဖြစ်အောင် တခုခုလုပ်တော့မယ်ဆိုရင် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာမယ်။ မူလပိုင်ရှင်တွေနဲ့ ကျေလည်အောင် ညှိနှိုင်းမယ်။ သူတို့ မလွဲမသွေနစ်နာမယ်ဆိုရင် နစ်နာကြေးကို ခေတ်ကာလနဲ့အညီ သူတို့မဆုံးရှုံးအောင် ညှိနှိုင်းဆောင်ရွက်မယ်ဆိုလို့ရှိရင် ပြဿနာ သိပ်ပြီးတော့ မရှိနိုင်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် တက်နိုင်သမျှတော့ ပြည်သူလူထုနဲ့ ပတ်သက်တဲ့မြေတွေကို ကျနော်တို့ သိမ်းယူဖို့ အစီအစဉ်မရှိပါဘူး။ မရှိတဲ့အပြင် သစ်တောမြေတွေဆိုရင်တောင်မှ မြေမဲ့ယာမဲ့ အလုပ်အကိုင်မဲ့တဲ့သူတွေကို ပေးဖို့ ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

စစ်အစိုးရလက်ထက် ကုမ္ပဏီတွေ သိမ်းဆည်းထားတဲ့ မြေတွေရယ်၊ နိုင်ငံတော်တိုးတက်ရေးအတွက် သိမ်းထားတဲ့မြေတွေရယ်၊ စက်ရုံတွေ တည်ဆောက်ဖို့ သိမ်းထားတဲ့ မြေယာသိမ်းမှုပေါင်း ၇၄၅ မှု လွှတ်တော်ကို တင်ထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က “သက်ဆိုင်ရာ ၀န်ကြီးဌာနက၊ ဒါမှမဟုတ် ကုမ္ပဏီက သူဆက်သုံးချင်တယ်ဆိုရင် ခိုင်မာတဲ့အထောက်အထားပြရမယ်၊ ဒီအထောက်အထားကို ကော်မတီက လက်ခံတယ်ဆိုရင် ဆက်သုံးမယ်၊ သူလည်း အသုံးမပြုတော့ဘူး၊ ပိုနေတဲ့ဟာဆိုရင် ပြန်စွန့်လွှတ်ရမယ်။ အရင်တုန်းက နိုင်ငံတော်က အမိန့်ထုတ်သိမ်းထားတော့ နိုင်ငံတော်ဆီ ပြန်ရောက်မယ်။ ပြန်ရောက်ရင် လယ်မြေဆို လယ်မြေကို စီမံခန့်ခွဲတဲ့ နေရာကို ပြန်မယ်။ ပိုင်ရှင်ရှိပါတယ်ဆိုတဲ့သူတွေက ရပ်ကွက်ကျေးရွာတွေအဆင့်တွေမှာ ပြန်တင်၊ မြေလွှတ်မြေရိုင်းဆိုရင် မြေလွတ်မြေရိုင်းနဲ့ စီမံခန့်ခွဲမယ်။ စားကြက်မြေဆိုရင်လည်း ကော်မတီက ဆုံးဖြတ်မယ်။”

အခုလက်ရှိ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး အသိမ်းခံရတဲ့လယ်မြေတွေကို မူလပိုင်ရှင်တွေကို ပြန်ပေးသွားမှာဖြစ်ပြီး သိမ်းထားတဲ့လယ်မြေတွေအပေါ်မှာ စက်ရုံတွေ ဆောက်နေတယ်ဆိုရင်လည်း အဲနေရာအတွက် လျော်ကြေးပေးသွားမယ်လို့ ဆိုပါတယ်။

စီမံကိန်း ဆက်လက်အကောင်အထည်မဖော်တဲ့ မြေတွေကိုလည်း မူလပိုင်ရှင်တွေထံ ပြန်ပေးသွားမယ်လို့ ပြောပါတယ်။

လယ်ယာမြေ အသိမ်းခံထားရတဲ့သူတွေအနေနဲ့ နိုင်ငံတ၀န်းမှာ ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မတီထံ အထောက်အထား ခိုင်လုံစွာနဲ့ တင်ပြကြဖို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

လျှော်ကြေး ရယူထားခြင်း မရှိသေးသော လယ်မြေ အပေါ်သို့ အဓမ္မ ဝင်ရောက် ဖျက်ဆီးခြင်း




ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့ နယ်ရှိ ၊အင်းလေးဟိုတယ်ဇုံ ဖော်ထုတ်နေသော လယ်ယာမြေ များတွင် လျှော်ကြေး ရယူထားခြင်း မရှိသဖြင့် တရားစွဲဆိုထားခြင်း ခံနေရသော ကိုအောင်ကျော်မျိုးပိုင်  လယ်ယာမြေ ပေါ်သို့  ယနေ့ နံနက် ၁၀း၀၀ အချိန်ခန့် ကဖြူစင် ကုပ္မဏီမှ မြေထိုးစက် ကြီးများဖြင့် အတင်း ဝင်ရောက်ဖျက်ဆီးသဖြင့် အချင်းများခဲ့ ကြသည်ဟု ကိုအောင်ကျော်မျိုးက ပြောပြပါတယ်။

``ဒီနေ့ မနက် ၁၀ နာရီ လောက်ကပဲ လာပြီးဖျက်ဆီးတယ်၊ဒါနဲ့ ဖြူစင်ကုပ္မဏီက ကိုငွေစိုးကို
ဖုန်းဆက်ပြိး မေး ကြည့်တော့ အထက် ကဖျက်ခိုင်းလို့ ဝင်ဖျက်ရတာပါလို့ ပြောတယ်၊လယ်သမားတွေ
နစ်နာတာမနစ်နာတာသူတို့ နဲ့ မဆိုင်ဘူး၊မိမိတို့ ရဲ့ ကိုယ်ကျိုးစီးပွား ကို အဓိက ထားလုပ်ဆောင် နေတာဖြစ်ကြောင်း ၊ဖြူစင် ကုပ္မဏီမှ ကိုငွေစိုးက ပြောပါတယ်``ဟု ကိုအောင်ကျော်မျိုးက ပြန်ပြောပြပါတယ်။

လက်ရှိလယ်ယာမြေသည်၊ကိုအောင်ကျော်မျိုးတို့ ၏ဂရန်အမည်ပေါက် အထောက်အထား အခိုင်အမာနှင့်ပိုင်ဆိုင် ထား ပြီးသားမြေဖြစ်ပြီး၊သီးစားခ အခွန်လဲ ပုံမှန်ပေးဆောင်ခဲ့ တယ်။ မိမိတို့ အနေနဲ့ လျှော်ကြေးထက် မြေကြီးကို ပိုတန်ဖိုးထားကြောင်း၊လက်ရှိပေးနေသောလျှော်ကြေးမှာလဲ ကာလ တန်ဖိုးအတိုင်းတွက်ချက်ပြီးပေးတာမကြောင်း ယင်းက ပြောပါပါသည်။

ထိုလယ်ယာမြေအတွက် လျှော်ကြေးရယူခဲံခြင်းမရှိသည့်အတွက် ကိုအောင်ကျော်မျိုးမှာတရားရင်ဆိုင် နေဆဲဖြစ်ကြောင်းပြောပါတယ်။

မင်းကင်းမြို့ရှိ စာသင်ဝိုင်းတစ်ခုမှ ကလေးငယ်များအား မစင်ပုံးများ စွန့်ပစ် ခိုင်းခြင်းကိစ္စ တားဆီး ဖြေရှင်းပေးစေလို

 စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကလေးခရိုင် ၊မင်းကင်းမြို့ စာသင်ဝိုင်း တစ်ခုမှ အထက်တန်း အဆင့် ကျောင်းသားလေးများအား ကျောင်းသူ ကျောင်းသား ဆရာဆရာမများ၏ အပေါ့အပါး ထည့်ထားသော ပုံးများအား အလှည့်ကျ စနစ်ဖြင့် စွန့်ပစ်ခိုင်းနေကြောင်း အဆိုပါ စာသင်ဝိုင်းအနီးတွင် နေထိုင်သူ တစ်ဦးမှ ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ၄င်းစာသင်ဝိုင်းတွင် ပညာသင်ကြားနေသော ကျောင်းသားလေး တစ်ဦးကလည်း သေးပုံတွေကိုသားတို့ ကျောင်းသားတွေ အကုန်လုံး သယ်စွန့်တဲ့ အလုပ်လုပ်ရတယ် ကျောင်းသူတွေတော့ မပါပါဘူး။ ကျောင်းသားတွေ ကိုယ့်အလှည့်ကျနဲ့ ကိုယ် ပစ်ရတာပါ။ တစ်ဖွဲ့ကို (၈) ယောက် ဖွဲ့ထားပါတယ်။နောက်ပြီး သားတို့က အဲဒီ စာသင်ဝိုင်းကို တစ်နှစ်ကို သုံးခါခြောက်သောင်းကျပ် သွင်းရတယ်။ အားလုံးပေါင်း တစ်သိန်းရှစ်သောင်းပါ။သားတို့ ဒါတွေကို မလုပ်ချင်ဘူးဆိုရင်လည်း အိမ်က အငေါက်ခံရမှာစိုးလို့ပါလို့ ပြောခဲ့သည်။

ကျောင်းသား မိဘတစ်ဦးကတော့ ဒီကိစ္စသူ့ဆရာတွေ သွားပြောရင်လည်းသားသမီးတွေရဲ့ပညာရေးအတွက်က စိုးရိမ်ရတယ်လေ။ ဒါကြောင့် ကိုယ့်သားသမီးကို မလုပ်စေချင်ပေမယ့်လည်း သားသမီးပညာရေးကို ထောက်ထားပြီး ဒီအတိုင်းပဲ နေကြရတာပေါ့လို့ ပြောသည်။

၎င်းကိစ္စအား ကျောင်းသား  များ ကျောင်းသား မိဘများကပညာရေး ထောက်ထားကာ နှုတ်ဆိတ်နေ
သော်လည်း ဒေသရှိ လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သည့် အထက်ချင်းတွင်း ဒေသ လူငယ်များ ကွန်ယက်မင်းကင်းမြို့လူငယ်များအနေဖြင့် မခံမရပ်နိုင်ဖြစ်ခဲ့ကြပြီး ILO ချင်း/စစ်ကိုင်း ကိုယ်စားလှယ်သို့ပါတိုင်ကြားထားပြီးILO ဒေသကိုယ်စားလှယ် အနေဖြင့် မင်းကင်းမြို့ မြို့နယ်အုပ်ချုပ်ရေးသို့ ပြေလည်
စေရေး ဆောင်ရွက်ပေးရန် ညှိနှိုင်း ပြောဆိုခဲ့သည်။

အဆိုပါ ကလေးငယ်များအား မစင်ပုံးများစွန့်ပစ်ခိုင်းသည့် စာသင်ဝိုင်းမှာ မင်းကင်းမြို့အမှတ်(၁)ရပ်ကွက်ရှိ ထူးချွန်အောင်စာသင်ဝိုင်းဖြစ်ပြီး ၄င်းကိစ္စအား ကျောင်းသားများနှင့် မိဘများမှ မပြောရဲပဲ ရှိနေသော်လည်း မင်းကင်းလူငယ်များမှ လုံးဝမကျေနပ်ပဲ မြို့နယ်အနေဖြင့် တားဆီးအရေးယူ ခြင်း ပြု လုပ်မပေးပါက သက်ဆိုင်ရာဌာနများ အထိ စာတင်တိုင်ကြားမည်ဖြစ် ကြောင်းသိရသည်။

အဆိုပါ မစင်ပုံးများကို ညစဉ် အလှည့်ကျတာဝန်ဖြင့် ချင်းတွင်းမြစ်အတွင်း သို့ လည်ေးကာင်း ဆင်လည်တောင်ခြေ ရှိ တောစပ်အနီးသို့ လည်းကောင်း စွန့်ပစ်နေကြသည် ဟုလည်းသိရပါသည်။

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့