Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 26 September 2013

အခြေခံဥပဒေပါ တရားမျှတမှု မရှိသည့် ကိစ္စ အသက်နှင့်လဲ ကာကွယ် သူများရှိနေပါက အသက်နှင့် လဲ ပြင်ဆင်မည့် အင်အားစုလည်း ရှိလာနိုင်

 အခြေခံဥပဒေပါ တရားမျှတမှု မရှိသည့် ကိစ္စများကို အသက်နှင့်လဲပြီး ကာကွယ်သည့်သူများရှိနေပါက အ သက်နှင့်လဲပြီး ပြင်ဆင်မည့် အင်အား စုများလည်း ရှိလာနိုင် သည်ဟု ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း)မှ ဥပဒေရေးရာ တာဝန်ခံ ကိုမာကီက ပြောသည်။

”ကျွန်တော်တို့ မြင်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲဖို့က နည်းလမ်းက နှစ်လမ်းပဲရှိတယ်။ လူထု အုံကြွမှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်လိုက် တာမျိုးပေါ့နော်၊ နောက် တစ်လမ်းကတော့ လွှတ်တော်ထဲမှာ စနစ်တကျ ပြောင်းလဲတာပေါ့၊ ပထမ ဖြစ်တဲ့ လူထုအုံကြွမှုနဲ့ လူထုအား နဲ့ ပြောင်းလဲမယ်ဆိုတာကတော့ ကျွန် တော်တို့အစဉ်အလာအရလည်း မ ကောင်းဘူး၊ အထိအခိုက်အပွန်းအရှ လည်းရှိမယ်။ ဒါပေမဲ့ တစ်ခုရှိတာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်နဲ့ လဲပြီး ကာ ကွယ်မယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ရှိနေသရွေ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်နဲ့လဲ ပြီး ပြင်ဆင်မယ်ဆိုတဲ့ အင် အားစုတွေလည်း ပေါ်လာနိုင်တာပဲ။ ဒီဖွဲ့စည်း ပုံအခြေခံဥပဒေ မှာ မကောင်း တဲ့ ဟာတွေကို အသက်နဲ့လဲပြီးကာကွယ် မယ်ဆိုတဲ့ဟာတွေမလုပ်ကြပါနဲ့”ဟု ၄င်း က ပြောသည်။

၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းအနေ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ် ရပ် ရေးဆွဲထားခြင်းမျိုးမရှိကြောင်း၊ သို့ သော် ပြင်ဆင်ပြောင်းလဲရမည့် အချက် များကို ဆွေးနွေးပြုစုထားကြောင်း၊ ပြည် သူများကိုလည်း အသိပညာပေးမှုရှိ ကြောင်း ၄င်းက ရှင်းပြသည်။

”ပြောရမယ်ဆိုရင် စစ်အစိုးရ လက်ထက်မှာ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အ ခြေခံ ဥပဒေက ဒီမိုကရေစီ စနစ်ကို တောင် ကူးပြောင်းဖို့ လုံလောက်မှု မရှိ ဘူးပေါ့နော်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ က ဖရိုဖရဲနဲ့။ အသစ်တစ်ခုရေး ဆွဲတာ က အကောင်းဆုံးဖြစ်မယ်”ဟု ၄င်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဒီမို ကရေစီနိုင်ငံ ထူထောင်ရန်ရည်မှန်း ချက် ပြထားသော်လည်း ဒီမိုကရေစီ၏ စရိုက် လက္ခဏာဖြစ်သည့် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ အား ကောင်းစေသည့် အချက်များ မပါဝင် ကြောင်း၊ နိုင်ငံရေးဆိုသည့် စကားလုံး ပင် နှစ်နေရာ သာပါဝင်ကြောင်း ၄င်းက ပြောသည်။

”ဘာလဲဆိုတော့ ဘာသာရေးကို နိုင်ငံရေးအရ အသုံးမချရဘူးဆိုတာ ရယ်။ နိုင်ငံရေးပါတီတွေ ထောင်ခွင့်ရှိ တယ်ဆိုတာရယ်။ ဒီနှစ်လုံးက လွဲပြီး နိုင်ငံရေးဆိုတဲ့ စကား ကို ရှောင်လွှဲပြီး ရေးထားတယ်လို့ ထင်ရ တယ်ပေါ့နော်။ နိုင်ငံရေးလုပ်နေတဲ့ နိုင်ငံရေးသမားတွေ ကို အားပြုမထားဘဲ အရပ်ဘက်လူ့အဖွဲ့ အစည်းကို အားပေးအားမြှောက် မပြု ထားဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဘယ်လိုမှ ဒီမိုကရေစီ အကူးအပြောင်း ကို အထောက် အကူမပြုနိုင်ဘူး”ဟု ၄င်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးသည် ဥပဒေပြဿနာ မဟုတ်ဘဲ နိုင်ငံရေးပြဿနာသာဖြစ် ကြောင်း၊ ဖွဲ့စည်းပုံဥပဒေကို ရေးဆွဲစဉ် က နိုင်ငံပိုင် သတင်း စာများတွင် ယင်း ဥပဒေပေါ်ပေါက်ရေးသည် နိုင်ငံသား အားလုံး၏ တာဝန်ဖြစ်ကြောင်းဖော်ပြမှု ရှိခဲ့သော်လည်းလက်တွေ့တွင်ပြည် သူ့ဆန္ဒ အားလုံးပါဝင်ခွင့် လုံးဝ မရ ခဲ့ ကြောင်း၊ ပြည်သူအများစုအနေဖြင့် မည်သည့် အကြောင်းအရာများပါသည် ကို မသိရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ စာအုပ်ကိုပင် မမြင်ဖူးဘဲ မဲထည့် ခဲ့ရကြောင်း ၄င်းက ၉၂ ရာခိုင်နှုန်း ထောက်ခံမဲဖြင့်အတည်ပြုခဲ့သည့် အ ခြေအနေကို ဆက် လက်ရှင်းပြသည်။

”လက်တွေ့နိုင်ငံရေးနဲ့ကင်းကွာပြီး တော့ ကိုယ့်ရဲ့စိတ်ဆန္ဒတစ်ခုတည်းနဲ့ ရည်မှန်းချက်တွေကို စွတ်ပြီးတော့ တင် နေမယ်ဆို ကျန်ရစ်ခဲ့မှာပဲ”ဟု ၄င်းက ပြုပြင်ပြောင်း လဲရေးနှင့် ပတ်သက်ပြီး မိမိတို့ဖြစ်ချင်သည့် ဆန္ဒတစ်ခုတည်းကို သာ ရှေ့တန်းတင်ပါက လက်တွေ့နိုင်ငံ ရေးနှင့်ကင်း ကွာပြီး ပြည်သူများ၏ ဒဏ် ခတ်မှုကို ခံရ မည်ဖြစ်ကြောင်း ပြော သည်။

လွှတ်တော်တစ်ခုတည်းဖြင့် အ ခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ပြည် တွင်းငြိမ်းချမ်ရေးကို ဖော်ဆောင်၍ မရ နိုင်ကြောင်း၊ နိုင်ငံရေးအင်အားစုများ အရပ်ဘက် လူ့ အဖွဲ့အစည်းများ၊ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း များ အားလုံးပါဝင်သည့် ညီလာခံမျိုးပြု လုပ်ရန်လိုအပ်ကြောင်း၊ အမြင်အမျိုးမျိုး ကွဲပြားနိုင်သော်လည်း တူညီသည့် လမ်း ကြောင်း တစ်ခုပေါ် လျှောက်လှမ်းနိုင် ရန် လိုအပ်ကြောင်း ၄င်းက ပြောသည်။

လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေပြင်ဆင်ရေးအတွက် ကော်မတီ ဖွဲ့စည်းခြင်းသည် အာဏာရ ပြည်ခိုင်ဖြိုး ပါတီကိုယ်တိုင် ပြင်ဆင်မှ ဖြစ်တော့ မည်ဆိုသည့် အမြင်မျိုးရှိနေကြောင်း၊ တပ်မတော်သားများ၏ သဘော ထား နှင့်လည်းတိုက်ရိုက်သက်ဆိုင်နေ ကြောင်း၊ ဖွဲ့စည်းပုံနှင့် ပတ်သက် ပြီး လေ့လာလိုက်စားမှု များ၊ ဟောပြောဆွေး နွေးမှုများ ပြု လုပ်ခြင်းဖြင့် ပြည်သူများ အသိရေချိန်မြင့်မားလာခြင်း သည် နိုင်ငံ ရေး သမားများနှင့် အာဏာရ အစိုးရကို ပါ တွန်းအားဖြစ်လာသည့်အတွက် တိုင်း
ပြည်အနာဂတ်အတွက် ကောင်း မွန်သည့် လက္ခဏာဖြစ်ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့