Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 25 September 2013

စစ်ကိုင်းယာဉ်ထိန်းတပ်ဖွဲ့၏ ဥပဒေမဲ့ မြင်ကွင်း (ရုပ်/သံ)



ယနေ့အချိန်- မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသော အချိန်ဖြစ်ပါသည်၊နိုင်ထက်စီးနင်း စော်ကား ခဲ့သော ယခင် စနစ်ဆိုးကို အများရွံရှာ မုန်းတီးခဲ့ကြသည်။ ဥပဒေမဲ့ လုပ်ရပ်များကို စက်ဆုပ်ခဲ့ကြသည်။

ထို့ကြောင့် ယနေ့ကာလတွင် တရားဥပဒေ စိုးမိုးရေးနှင့် တရားရေးမဏ္ဍိုင် တည့်မတ်ရေးအတွက် နိုင်ငံတော်အကြီးအကဲများမှ စီမံချက် ချမှတ် အကောင်အထည်ဖော် ဆောင်နေသော အချိန်လည်း ဖြစ်ပါသည်။

အထက်အဖွဲ့အစည်း များ၏ လမ်းညွှန်လုပ်ဆောင်ချက်များ ဘယ်လောက်ပင် ကောင်းကောင်း ယခုအချိန်ထိ အခွင့်အာဏာကို လက်လွတ်စပယ် တလွဲအသုံးချနေသူများရှိနေရာ၊ လည်းကောင်း စုံးပြူးများကြောင့် နိုင်ငံ၏ ဒီမိုကရေစီ အသွင်ပြောင်းရေးအား၊ ထိခိုက် နေလျှက်ရှိပြီး ထို့နည်းတူ စစ်ကိုင်းမြို့ရှိ ယာဉ်ထိန်း အဖွဲ့နှင့် အပေါင်းအပါ တစုတို့၏ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အမည်ခံ ဥပဒေမဲ့ အနိုင်ကျင့် ဗိုလ်ကျမှုများ မကြာခဏဆိုသလို မြင်တွေ့ကြားသိနေရသည်မှာ နိုင်ငံတော်အကြီးအကဲများနှင့် ပြည်သူ့ လွှတ်တော်ဦးဆောင်မှုတို့အား မထီမဲ့မြင်ပြုလုပ်ရာဖြစ်နေပါသည်။

မြို့နယ်အုပ်ချုပ်ရေး၊ ပညာရေး၊ မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေး၊ စစ်ကိုင်းမြို့ယာဉ်ထိန်းတပ်ဖွဲ့မှုးနှင့် အဖွဲ့ အပါအ၀င် နေ့တွက်ပေး ကြေးစားလူမိုက်များ ပါဝင်သော အဖွဲ့သည် ပြစ်မှုပြစ်ဒဏ် ဆီလျော် အောင် မဆောင်ရွက်ဘဲ ဥပဒေမဲ့ နိုင်ထက်စီးနင်း ပြုလုပ်နေသည့် မြင်ကွင်းကို နိုင်ငံတော် သမ္မတကြီးနှင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ သိရှိပြီး ထိရောက်စွာ အရေးယူ အပြစ်ပေးနိုင်ရန်အတွက် သက်သေအဖြစ် ဗီဒီယိုဖိုင်ကို တင်ပြအပ်ပါသည်။

စစ်ကိုင်းမြို့ ယာဉ်ထိန်းတပ်ဖွဲ့သည် လမ်းဆုံ၊ လမ်းခွများ၊ ကျောင်းပတ်ဝန်းကျင်များနှင့် လူစည်ကားရာ နေရာများတွင် ယာဉ်တိုက်ခိုက်မှုမဖြစ်ပေါ်ရေးအတွက်တာဝန်ချထားခြင်းလုံးဝ မရှိဘဲ၊ လူမမြင် ကွယ်ရာ(ကျော်ထက်ကွေ့ နှင့် ရွာထောင် သူဇာ စားသောက်ဆိုင်အနီး)တွင် နေ့စဉ် နေရာယူပြီး အဓမ္မငွေကြေး တောင်းခံလျှက် ရှိနေပါသည်။



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့