
ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူ ၃၇၃ ဦးလောက်ရှိတယ်လို့ အာဝါရန်ခရိုင်ရဲ့ ဒုတိယကော်မရှင်နာ အဗ္ဗဒူလ် ရာရှိဒ် ဂိုဂါဇိုင်က ပြောပါတယ်။ ပြင်းအား ၇ ဒဿမ ၈ ရှိတဲ့ အဲဒီငလျင်ဟာ လူနေကျဲပါးတဲ့ ဘာလူကစ္စတန်ခရိုင်မှာ စက်တင်ဘာ ၂၄ ရက်နေ့က လှုပ်ခဲ့တာ ဖြစ်ပါတယ်။
ငလျင်ဒဏ် အဆိုးဆုံးခံရတဲ့ အာဝါရန်နယ်မြေမှာတော့ အိမ်တွေ ပျက်စီးပြီး ဆက်သွယ်ရေးတွေလည်း အကုန်ပြတ်တောက်ကုန်ပါတယ်။ ငလျင်ဟာ တောင်အာရှကို ဖြတ်ကျော်လာပြီး အာရေဘီယံပင်လယ်ကမ်းရိုးတန်းဘက်မှာ ပင်လယ်ထဲကနေ ကျွန်းငယ်တကျွန်း ပေါ်ပေါက်လာရတဲ့အထိကို အင်အားပြင်းခဲ့တာပါ။
အခုလက်ရှိ ငလျင်ဒဏ်သင့်ဒေသက ပြည်သူတွေကို ကယ်ဆယ်ရေးတွေ ကူညီလုပ်ဆောင်ဖို့ စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ သွားရောက်ပြီး ရာနဲ့ချီတဲ့ စစ်သားတွေကို တပ်ချထားပါတယ်။
ငလျင်ကြောင့် ပင်လယ်မှာ ထူးထူးခြားခြား ကျွန်းပေါ်ပေါက်လာတဲ့ ရှားရှားပါးပါး ဖြစ်စဉ်ကို ဒေသခံတွေ သွားကြည့်ကြတာမှာ ကျွန်းအသစ်မှာ လူတွေပြည့်နေပါတယ်။
No comments:
Post a Comment