Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 25 September 2013

အစိုးရနှင့် ပြည်သူ ထိပ်တိုက် ပြဿနာတွေ့လျှင် ထိခိုက်မှု မရှိအောင်ဖြေရှင်းရေးအဆို ရှုံးနိမ့်



အစိုးရနှင့်ပြည်သူ ထိပ်တိုက်ပြဿနာများ ရင်ဆိုင်ရသည့်အခါ အာဏာပိုင်အဖွဲ့အစည်းက အင်အားသုံး၍ ပြည်သူများ ထိခိုက်နစ်နာမှုမရှိ အောင် ဖြေရှင်းရန် အဆိုကို ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်သို့တင်သွင်းခဲ့ရာရှုံးနိမ့်သွားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အုပ်ချုပ် ရေးဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ သက် ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများက လူထု လူတန်းစားများနှင့်ထိတွေ့ ဖြေရှင်းရာတွင် ပြည်သူ များနစ်နာမှု မရှိစေရေး ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းကြောင်းအဆိုကို ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်က တင် သွင်းခဲ့ခြင်းဖြစ်ပြီး မဲခွဲဆုံးဖြတ်မှုတွင်ရှုံးနိမ့်ခဲ့ ခြင်း ဖြစ်သည်။

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ပြဿ နာ၊မရမ်းကုန်းမြို့နယ် မင်းဓမ္မ ပန်းကွင်းပြဿနာ နှင့် လယ်မြေသိမ်းပြဿနာများတွင် အုပ်ချုပ်သူ နှင့် ပြည်သူများထိပ် တိုက်တွေ့၍ အင်အားသုံး ဖြေရှင်းခဲ့သဖြင့် နစ်နာမှုများဖြစ်ပေါ်ခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းစိန်က ပြောသည်။

”ပြဿနာကို ဖြေရှင်းတဲ့အခါမှာ အင်အား သုံးပြီး ဖြေရှင်းတဲ့နည်းကို ပြည်သူတွေက ရွံမုန်း နေပြီ”ဟု ၄င်းက ဆက်ပြောသည်။

ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းစိန်ပြောကြားသည့် မိကျောင်းကန်ပြဿနာနှင့် မင်းဓမ္မပြဿနာများ တွင် အင်အားသုံးဖြေရှင်း ခဲ့ခြင်းမဟုတ်ဘဲ ဥပဒေ၊ နည်းဥပဒေများအတိုင်းသာ ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း ပြောသည်။

ဆက်လက်၍မြို့တော်ဝန်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း အုပ်ချုပ်ရေး ဆိုင်ရာပြဿနာ များနှင့်ပတ်သက်၍ အာဏာပိုင်အဖွဲ့အစည်း များက ပြည်သူဗဟိုပြုရေးဦး တည်ချက်ကို ဆုပ် ကိုင်လျက် ပြည်သူ့အကျိုးစီးပွားနှင့် နှစ်ဦးနှစ် ဖက်အဆင်ပြေစေရေး ဖြေရှင်းနေသည်ဟု ပြော သည်။ သို့သော် ဦးကျော်၏အဆိုကိုမူ မှတ်တမ်း တင်ရန်သာ ပြောကြားခဲ့သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့