Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 25 September 2013

တန်ဖိုးမဖြတ်နိုင်သော မိုးကုတ်မြေ ဧက ငါးထောင်ခန့် သိမ်းယူထားမှု စစ်ဆေးပြီ

 မိုးကုတ်တွင် တန်ဖိုးမဖြတ်နိုင် သည့် မြေဧက ငါးထောင်ခန့် အသိမ်းခံ ထားရမှုအပေါ် လယ်ယာမြေနှင့် အ ခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မ ရှင်မှ စတင် စစ်ဆေးတော့မည်ဖြစ် ကြောင်း သတင်းရရှိသည်။

”ဒီမြေတွေက တန်ဖိုးဖြတ်လို့ မရ ဘူး။ ဒေသခံတွေကို လျော်ကြေး မပေး ဘဲ လုပ်တယ်။ ခုလုပ်ငန်းရပ်ဆိုင်းထား တယ်ဆိုတဲ့နေရာမှာ ကျောက်မျက်တူး ဖော်ဖို့ ပြန်ပြီး အငှားချထားတယ်။ ကော်မရှင်ကို စာရောက်လာလို့ ၂၄ ရက်နဲ့ ၂၅ ရက် နှစ်ရက်စစ်ဆေးသွားမှာ ပါ”ဟု အဆိုပါ ကော်မရှင်အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပေါ်ပြူလာနယူးစ်သို့ ပြော သည်။

တိုင်ကြားစာများအရ မိုးကုတ်မြို့ ပိန်းပြစ်ကျေးရွာ၏ ရပ်ကွက်များတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ယခင်အစိုးရ လက်ထက်တွင် သိမ်းယူခဲ့ သော မြေဧက ၄၈ဝဝ ခန့်နှင့် အာဏာ ပိုင်အဖွဲ့အစည်းနှင့် အကျိုးတူး ပူးပေါင်း လုပ်ဆောင်သော ကုမ္ပဏီတို့က လျော် ကြေးမဲ့ သိမ်းယူထားသော မြေဧက ၈ဝ ခန့်တို့ကို စစ်ဆေးရမည်ဖြစ်ေ ကြာင်း သိရသည်။

”သိပံ္ပနဲ့ နည်းပညာဝန်ကြီးဌာနက မူလက သိမ်းပြီးလုပ်တယ်။ လျော်ကြေး မပေးဘူး။ ခု တူးဖော်ရေးလုပ်ငန်းတွေ ရပ်တန့်သွားတဲ့အခါ ပြန်မပေးပြန်ဘူး။ အဲဒီအမှုက ၄ မှု၊ အာဏာပိုင်နဲ့ ကုမ္ပဏီ ပေါင်းလုပ်တာက တစ်မှုပါ”ဟု ၄င်းက တိုင်ကြားစာတွင် ပါရှိလာသည့် အချက် အလက်များကို ထပ်လောင်းပြောသည်။

အဆိုပါ မြေနေရာများမှာ ဒေသခံ တောင်သူများ၏ ဥယျာဉ်၊ လယ်မြေ၊ အိမ်ရာနှင့် တစ်နိုင်တစ်ပိုင် တူးဖော် သော နေရာများ ပါဝင်ပြီး ဒေသခံနှင့် သိမ်းယူသူများ မကြာခဏ အချင်းများ သည့် အခြေအနေများရှိကြောင်း၊ လက် ရှိတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက် ဆိုင်ရာ တာဝန်ရှိသူများကို ဦးတည် စစ် ဆေးသွား မည်ဖြ စ်ကြောင်း၊ ယင်းစစ် ဆေးတွေ့ရှိချက်များကို ကော်မရှင် အစီ ရင်ခံစာမှတစ်ဆင့် လွှတ်တော်သို့ တင် ပြကာ ဆုံးဖြတ်ချက်နှင့် အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း ဦးမင်းသူထံမှ သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့