Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 25 September 2013

ရေလွှမ်းမှုကြောင့် လယ်ဧကခြောက်သိန်းကျော် ပျက်စီး

စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ရန်ကုန်မြို့ လမ်းမတစ်နေရာတွင် ရေလျှံနေသည်ကို တွေ့ရစဉ်။ မြန်မာနိုင်ငံတွင် မိုးနှောင်းကာလ မုတ်သုံအထွက်တွင် မိုးကောင်းနေသဖြင့် ဒေသအများစု၌ ယခုလပိုင်းအတွင်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဓာတ်ပုံ - နစ်ကီ - 7day daily မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှု နှင့် ရေကြီးမှုများကြောင့် လယ်ဧက ခြောက်သိန်းကျော် ရေမြုပ်ပျက်စီးခဲ့ပြီး ပြန်လည်စိုက်ပျိုးရန် အကူအညီတောင်းခံသည့် ဒေသများအား မျိုးစပါး အလုံအလောက် ကူညီသွားမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်အထိ ရေကြီးမှုကြောင့် ရေနစ်မြုပ်သည့်ပမာဏမှာ ဧကပေါင်း လေးသိန်းခွဲကျော်ရှိပြီး တစ်လအတွင်း ရေနစ်မြုပ်မှုပမာဏ ဧကတစ်သိန်းခွဲကျော် ထပ်မံတိုးလာခြင်းဖြစ်သည်။
““ရေမြုပ်တဲ့ထဲမှာ ဧရာဝတီတိုင်းက ဧကပေါင်း နှစ်သိန်းကျော်နဲ့ အများဆုံးပဲ”” ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော ဒေသများအား စိုက်ခင်းပြန်လည်ပြုစုရေးနှင့် ပိုးမွှားကာကွယ်ရေးများအတွက် နည်းပညာပိုင်း ကူညီပေးမည်ဖြစ်ပြီး လုံးဝပျက်စီးသွားသော လယ်မြေများအား မျိုးစပါးများ ထောက်ပံ့မည် ဖြစ်သည်။

““မိုးစပါးအတွက် ပျက်စီးမှုတွေရှိပေမယ့် ဆောင်းသီးနှံအတွက်တော့ ရေပူစရာ မလိုတော့ပါဘူး။ မျိုးစေ့ကလည်း အဆင်သင့်ရှိပါတယ်”” ဟု အဆိုပါ ညွှန်ကြားရေးမှူးက ထပ်မံပြောဆိုသည်။သြဂုတ်လဆန်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လယ်ဧကများ ပျက်စီးခဲ့သည်။

မြန်မာနိုင်ငံတွင် မိုးစပါး စိုက်ဧက ၁၇ သန်းကျော်ရှိသည့်အနက် ယခုနှစ်တွင် ခုနစ်သန်းကျော်သာ စိုက်ပျိုးနိုင်ခဲ့သည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ရေနစ်မြုပ်မှုများအတွက် မျိုးစပါးများကို ခြောက်လဆိုင်းစနစ်ဖြင့် ဖြန့်ဖြူးပေးမည်ဖြစ်ပြီး ယူရီးယားဓာတ်မြေသြဇာကိုလည်း အကြွေးစနစ်ဖြင့် ရောင်းချပေးမည်ဟု အသင်းချုပ်၏ တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားထားသည်။မိုးလွန်ကာလ မြန်မာနိုင်ငံတွင် ရေဖုံးလွှမ်းနိုင်မှု အလားအလာအများဆုံးဒေသအဖြစ် ဧရာဝတီတိုင်း အရှေ့တောင်ပိုင်း၊ ရန်ကုန် အရှေ့တောင်ပိုင်းနှင့် ပဲခူးတိုင်း တောင်ပိုင်းစွန်းတို့ဖြစ်ပြီး နေရာပေါင်း ၂၀ ကျော် ရှိသည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့