Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 25 September 2013

သစ်ခုတ်ခဲ့သည့်အမှားများကို လူမှုရေးလုပ်ငန်းများဖြင့် ပြန်လည်ပေး ဆပ်သွား မည်ဟု ဦးတေဇပြော



ထူး ဖောင်ဒေးရှင်းနာယကဖြစ်သူ နာမည်ကျော်စီးပွားရေးလုပ်ငန်း ရှင်ကြီးဦးတေဇ။ ရန်ကုန် ၊ စက်တင်ဘာ ၂၄။ ။ ထူး ဖောင်ဒေးရှင်းနာယကဖြစ်သူ နာမည်ကျော်စီးပွားရေးလုပ်ငန်း ရှင်ကြီးဦးတေဇက သစ်ခုတ်ခဲ့ သည့်အမှားများအား ပြန်လည် ပေးဆပ်သည့်အနေဖြင့် နယ်စပ် ဒေသများတွင် ပညာရေး၊ ကျန်းမာ ရေးနှင့် ဆိုင် သော လူမှုရေးလုပ် ငန်းများ ပြုလုပ်သွားမည်ဟု ပြော ကြားလိုက်သည်။

စက်တင်ဘာ ၂၃ရက်က ပြုလုပ်သည့် ဂမ်လမ်ရာဇီတောင် တက်အောင်မြင်ခြင်းအထိမ်းအ မှတ်အဖြစ် ကုန်သည်ကြီးများဟို တယ်တွင်ပြုလုပ်သော ညစာစား ပွဲတွင် ယင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထူဖောင်ဒေးရှင်းနာယက ဦးတေဇက ''ကျွန်တော် သစ်ပင် တွေ အများကြီးခုတ်ခဲ့ပါတယ်။ အဲဒီအတွက်လဲ အခုအချိန်မှာ ပြန် လည်ပေးဆပ်ရပါမယ်။ အဓိက လုပ်မှာတွေက ဖွံ့ဖြိုးမှုနည်းပါး တဲ့ နယ်စပ် ဒေသ တွေမှာ လိုအပ် နေတဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့လုပ်ငန်းတွေကို အားဖြည့် လုပ်ဆောင်သွားဖို့ရှိပါတယ်''ဟု ဆိုသည်။

ဦးတေဇသည် တောင်ငူ၊ ပဲခူးရိုးမ၊ ကသာ၊ ဗန်းမော်၊ ရှမ်း ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာ ရီ၊ မြိတ်ကျွန်းစုနှင့် ရခိုင်ပြည်နယ် အစရှိသည့်နေရာများတွင် သစ် ထုတ်လုပ်ရေးလုပ်ငန်းများ လုပ် ကိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် နယ်စပ် ဒေသတစ်ခုဖြစ်သည့် ကချင်ပြည် နယ်၏ အစွန်အဖျားဒေသများ တွင် လျှပ်စစ်မီးလိုအပ်ချက်ကြီး မားနေပြီး ဆက်သွယ်ရေးအတွက် အခက်အခဲများစွာရှိနေသည့် အ တွက် ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းထောက်ပံ့မှုနှင့် ယင်းဒေ သခံအများ စု၏ တောင်းဆိုချက် ဖြစ်သည့် ကျောင်းဆရာ လိုအပ် ချက်အတွက် ထူးဖောင်ဒေးရှင်း အနေဖြင့် ကူညီလုပ်ဆောင်သွား မည်ဟု ထပ်မံပြောသည်။

ထူးဖောင်ဒေးရှင်းလုပ်ငန်း စုအနေဖြင့် မြန်မာနိုင်ငံအောက် ပိုင်းနှင့် အထက်ပိုင်းရှိ ဖွံ့ဖြိုးမှု အားနည်းသောဒေသများတွင် ပညာရေး၊ ကျန်မာရေး၊ ဒေသဖွံ့ ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် သက်ဆိုင်သော လူမှုရေး လုပ်ငန်း များအပြင် ဒေသ ခံတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား ကူညီလုပ်ဆောင် ပေးနေကြောင်း၊ လက်ရှိအချိန် တွင် အမေရိကန်အဖွဲ့နှင့်ပူး ပေါင်း၍ ကျိုက်ထီးရိုးဘုရားပတ် ဝန်းကျင်ဒေသခံများအတွက် ပညာ ရေးလှုပ် ရှားမှု များ ဆောင်ရွက် နေ ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့