Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Monday 12 May 2014
သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းများ ပြင်ဆင်ရန် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးသို့ အဆိုတင်သွင်း
သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းများ ပြင်ဆင်ရန် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးသို့ အဆိုတင်သွင်း
သံဃာ့အဖွဲ့အစည်း အခြေခံ စည်းမျဉ်းများ ပြင်ဆင်ရန် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး ပွဲကြီးသို့ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်မှ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသက အဆိုတင်သွင်းခဲ့သည်။
မေ ၁၂ ရက်တွင် ရန်ကုန်မြို့ ကမ္ဘာအေး မဟာပါသာဏလိုဏ်ဂူတွင် ကျင်းပသည့် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲတွင် ၎င်းအဆိုကို တင်သွင...်းခဲ့ခြင်းဖြစ်သည်။
သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း စတုတ္ထအကြိမ် ပြင်ဆင်ဖြည့်စွက်ချက်မူကြမ်းကို ယနေ့ကျင်းပသည့် အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားလှယ် သံဃာတော်တစ်ပါးစီက ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် သီးခြားဂိုဏ်းများဖြစ်သည့် ရွှေကျင်ဂိုဏ်း၊ မဟာဒွါရဂိုဏ်း၊ ငှက်တွင်းဂိုဏ်းတို့မှ ကိုယ်စားလှယ်သံဃာတော် တစ်ပါးစီက ပါဝင်ဆွေးနွေး ခဲ့ကြသည်။
၎င်းအပြင် ဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းဂန်စာအုပ်များ၊ စာစောင်များ၊ အသံသွင်းခွေများကို နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က စိစစ်ခွင့်ပြုပြီးမှ ထုတ်ဝေသင့်ကြောင်း အဆိုကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဓမ္မပါလာဘိဝံသက လည်းကောင်း၊ နိကာယ်သာသနာ ထွန်းကားတိုးတက်စေရေး တိုက်တွန်းကြောင်း အဆိုကို နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဝေပုလ္လကလည်းကောင်း၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၌ ပြည်ပရေးရာအဖွဲ့ငယ် ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း အဆိုကို နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တနာဂသေနာဘိဝံသက လည်းကောင်း အသီးသီး တင်သွင်းခဲ့သည်။
ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့နာယက အစည်းအဝေးကြီးကို ၁၉၈၀ ပြည့်နှစ် မေလတွင် သံဃာတော် ၁၂၁၈ ပါးဖြင့် ကျင်းပခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ၁၉၈၅ ခုနှစ် မေလတွင် ၁၃၈၃ ပါးဖြင့် ကျင်းပခဲ့သည်။ တတိယအကြိမ်အဖြစ် ၁၉၉၅ ခုနှစ် မတ်လတွင် ၁၄၃၉ ပါးဖြင့် ကျင်းပခဲ့ပြီး နောက်ပိုင်းကာလများတွင် အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်ခဲ့သည်မှာ ၁၈ နှစ်ခန့် ကြာမြင့်ခဲ့သည်။
"မြန်မာနိုင်ငံသံဃာထု အတွင်း၌ စည်းလုံးညီညွတ်မှုမရှိဘဲ အကွဲကွဲအပြားပြား ဖြစ်နေသည်ဟု အချို့ပုဂ္ဂိုလ်များ၏ ပြောဆိုသံများကို ကြားနေရပါတယ်ဘုရား။ ယနေ့ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးသို့ သံဃာတော် ၂၅၅၈ ပါးတို့ စည်းလုံးညီညာစွာ တက်ရောက်တော် မူလာကြသဖြင့် ယင်းပြောဆိုသံများကို ပယ်လှန်ချေဖျက်ပြီး ဖြစ်သည်ဟု မှတ်ယူနိုင်ပါတယ်ဘုရား။ အမှန်စင်စစ် ဤ ၂၅၅၈ ပါးသော သံဃာတော်တို့သည် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ငါးသိန်းကျော်သော သံဃာတော်တို့ကို ကိုယ်စားပြု၍ တက်ရောက်တော် မူလာကြခြင်း ဖြစ်သဖြင့် ထေရ်သံဃာတော် ငါးသိန်းကျော်တို့ နိုင်ငံတော်အတွင်း၌ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီမျှ သမဂ္ဂသမောဓာန ရှိကြကြောင်း သက်သေသာဓကအဖြစ် လှစ်ဟပြနိုင်ခဲ့ပါတယ်ဘုရား" ဟု သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က မေ ၁၂ ရက် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
(မေ ၁၂ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးမဟာပါသာဏ လိုဏ်ဂူတွင် ကျင်းပသည့် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးပွဲ၌ နိုင်ငံတော်သံဃမဟာ နာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်နှင့် သီတဂူဆရာတော် ဒေါက်တာရှင်ဥာဏိဿရတို့အား တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး))
မိုးကြိုးပစ်ခံရပြီး လူသေဆုံးမှုများနေ၍ မိုးတိမ်တောင်အန္တရာယ်သတိပြုရန်လို
ဒေသအနှံ့မိုးပြင်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်
၍ လူသေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားသဖြင့်
ယခုရက်ပိုင်းအတွင်း မိုးတိမ်တောင်အန္တရာယ်
သည် အလွန်အရေးကြီးသော  သဘာ
ဝဘေးဖြစ်နေကြောင်း မိုးလေ၀သပညာရှင်
ဒေါက်တာထွန်းလွင်က ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် မေလ၁၁ ရက်က မိုးပြင်းထန်စွာ ရွာသွန်းခဲ့ပြီး စစ်တွေမြို့ ဘုမေဘင်္ဂါလီ ကျေးရွာတွင် မိုးကြိုးပစ်၍ တစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ ကြောင်း နယ်မြေလုံခြုံရေးတာဝန် ယူထားသည့် အမှတ် (၃၆) နယ် ခြားစောင့်တပ်ဖွဲ့မှ  သတင်းရရှိ သည်။
 အလားတူ မေလ ၁၂ ရက်က လည်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ကျုံပျော်မြို့ ညောင်ပင်ကွင်းဒေသတွင်  အသုဘချရန် ကျင်းတူးနေစဉ် မိုးကြိုးပစ်၍ အမျိုးသားနှစ်ဦးသေဆုံးသွားကြောင်းသတင်းရရှိသည်။
ကျုံပျော်မြို့နယ်၊ မိုးကြိုးပစ်မှုဖြစ်စဉ်တွင် အမျိုးသားသုံးဦးအပစ်ခံရခြင်းဖြစ်ပြီး နှစ်ဦးသေ ဆုံးကာ ကျန်တစ်ဦးမှာမူ စိုးရိမ် ရသည့်အခြေအနေဖြင့် ဆေးရုံ တွင် ကုသနေရဆဲဖြစ်သည်။
‘‘မုတ်သုံမ၀င်မီအထိ မိုးတိမ်တောင်အန္တရာယ်က  စိုးရိမ်ရ တယ်။ရခိုင်ပြည်နယ်နဲ့ အနောက်ပိုင်းဒေသတွေမှာ အဆိုးဆုံးပဲ’’ဟု မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်ကပြောသည်။
ရခိုင်ပြည်နယ်တွင် မိုးသည်း ထန်စွာ ရွာသွန်းပြီး မိုးကြိုးများ လည်း မကြာခဏပစ်နေကာ လူ သေဆုံးမှုများရှိနေသော်လည်း မိုး ကြိုးထိပြီး သေဆုံးမှုကြောင့် အမှု ဖွင့် စစ်ဆေးထားခြင်းမရှိသေး ကြောင်း  အမှတ် (၃၆) နယ်ခြား စောင့်တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး ကပြောသည်။
ထို့အပြင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက လည်း ဧရာဝတီတိုင်းဒေသကြီး နှင့် ဒေသအချို့၌ မိုးထစ်ချုန်းရွာ နိုင်ပြီး မိုးကြီးနိုင်ကြောင်း၊ ရခိုင် ကမ်းရိုးတန်းအပါအ၀င် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လည်း မိုးသက်လေပြင်းကျနိုင် ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်ကာ လေတိုက်နှုန်း တစ်နာရီ လျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင် ကြောင်း သတင်းထုတ်ပြန်သည်။
ယာဉ်လက်ကိုင်တန်း ပြုတ်ကျ၍ ခရီးသည်များ ဒဏ်ရာရစဉ် ယာဉ်ကိုမောင်းပြေး
ယာဉ်နောက်ရှိ လက်ကိုင်တန်းပြုတ်ထွက်၍
တွယ်စီးလာသူများ လမ်းပေါ်သို့ပြုတ်ကျပြီး
 ဒဏ်ရာရရှိစဉ် ယာဉ်ကိုမောင်းပြေးသွားကြောင်း
 သတင်းရရှိသည်။
ထောက်ကြန့်ဘက်မှ အပြန်လမ်းအတိုင်း မောင်းလာသော ကန်တာယာဉ်သည် မေလ ၁၁ ရက် ည ၈ နာရီက ရွှေညောင်ပင်မှတ်တိုင်အနီးသို့ရောက်သောအခါ ယာဉ်နောက်ဘက်ရှိ လက်ကိုင် တန်းပြုတ်ထွက်သွားသည်။ ထို့ ကြောင့် ယာဉ်နောက်တွင် တွယ်စီးလာသူများမှာ အောက်သို့ ပြုတ်ကျသွားရာ ယာဉ်မောင်းသည် ယာဉ်ကို မောင်းနှင်ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။
ထိုသို့ ပြုတ်ကျခဲ့သဖြင့် မင်္ဂ လာဒုံမြို့နယ်နေသူများဖြစ်သည့် အမျိုးသားသုံးဦး  ဒဏ်ရာများရကာ အင်းစိန်ဆေးရုံတွင် ဆေးကုသနေရကြောင်း  သိရှိရသည်။
ထွက်ပြေးသူယာဉ်မောင်း ကို ထောက်ကြန့်နယ်မြေရဲစခန်း မှ ယာဉ်ပြစ်မှုဆိုင်ရာ ပုဒ်မ- ၃၃၇/၃၃၈/၂၀၂ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်နေကြောင်း သ တင်းရရှိသည်။
‘‘ခဏခဏဖြစ်တယ်။ ဖြစ် ရင်လည်း  မောင်းပြေးတာပဲ။ လူကိုတိုက်မိလည်း  မောင်းပြေး တော့ မမိတာတွေရှိတယ်။ ညအ ချိန် ပိုဆိုးတာပေါ့’’ ဟု အဆိုပါ အမျိုးသားက ပြောသည်။
ရာဇာမင်းမှန်လုံယာဉ် အရှိန်လွန် အမြန်လမ်းပေါ်မှ ရထားလမ်းပေါ် ထိုးကျတိမ်းမှောက်၍ ခရီးသည် ၁၄ ဦးသေဆုံး
ဖြစ်စဉ်မှာ ယနေ့ညနေ ၆ နာရီ၄၅ မိနစ်က
 နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း မင်းခန့်
(ခ) ထွန်းခန့်စိုး(၃၄နှစ်) မဟာစည်ရိပ်သာ အနောက်
ဘက်လမ်း အမှတ်(၁)ရပ်ကွက်မြင်းခြံမြို့နေသူ
 မောင်းနှင်သော ရာဇာမင်း ခရီးသည်တင်
မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ မိုင်တိုင်အမှတ် ၁၉၇/၆ ကို စတင် တိုက်မိပြီး ဝက်လက်မီးရထားခုံးကျော် တံတားထိပ်ကို ထပ်မံတိုက်မိကာ တံတားအောက်သို့ ထိုးကျတိမ်းမှောက်ခဲ့သည်။
ယာဉ်ပေါ်၌ ယာဉ်မောင်း နှစ်ဦး၊ယာဉ်နောက်လိုက် တစ်ဦး၊ ခရီးသည်အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၂၀ဦး စုစုပေါင်း ၄၆ ဦးပါရှိသည့်အနက်အမျိုးသား ၁၀ ဦး၊အမျိုးသမီး လေးဦးပေါင်း ၁၄ ဦးသေဆုံးပြီး နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံကြီး၌အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၁ဦး၊ လယ်ဝေးမြို့နယ် ပြည်သူ့ဆေးရုံ၌အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦးစုစုပေါင်း အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၂ ဦး ပေါင်း ၂၉ ဦး ဒဏ်ရာအသီးသီးရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူလျက်ရှိသည်။
ယာဉ်မတော်တဆမှုကြောင့် ရာဇာမင်းခရီးသည်တင် မှန်လုံယာဉ်မှာလုံးဝပျက်စီးသွားခဲ့ပြီး မိုင်တိုင်တစ်ခု၊ တံတားထိပ်ပိတ်လက်ရန်း၁၀ ပေခန့်နှင့် ဘာရီယာတုံး ၁၀ တုံးတို့ ပျက်စီးခဲ့သည်။
အခင်းဖြစ်နေရာသို့ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် လေကြောင်းရန် ကာကွယ်ရေးတပ်မှ တပ်မတော်သားများ၊ အနီးပတ်ဝန်းကျင်ကျေးရွာများမှ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရွာသူရွာသားများရောက်ရှိလာပြီး သေဆုံးသူ အလောင်းများအား လမ်းမပေါ်သို့ သယ်ဆောင်၍ လူနာတင် ယာဉ်ပေါ်သို့ တင်ဆောင်ပေးခြင်း၊ ဒဏ်ရာရရှိသူများအားဝိုင်းဝန်းကူညီသယ်ဆောင်၍ လူနာတင် ယာဉ်ပေါ်သို့ တင်ဆောင်ပေးခြင်း၊သေဆုံးသူအလောင်းများနှင့် ဒဏ်ရာရရှိသူများအား အမြန်လမ်း ရဲတပ်ဖွဲ့ ဝင်များက တပ်ဖွဲ့ပိုင်ယာဉ်များဖြင့်နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံနှင့် လယ်ဝေးပြည်သူ့ ဆေးရုံတို့သို့ ကူညီပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ရာဇာမင်းခရီးသည်တင် မှန်လုံယာဉ်မှ ယာဉ်မောင်း မင်းခန့်(ခ)ထွန်းခန့်စိုးမှာ ဒဏ်ရာရရှိသဖြင့် နေပြည်တော် ခုတင် (၁၀၀၀)ဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံယူလျက်ရှိသည်။ အဆိုပါယာဉ်တိမ်း မှောက်မှုနှင့် ပတ်သက်၍ ပလွေးအမြန်လမ်းရဲစခန်းက ယာဉ်(ပ) ၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/ ၃၃၇/၂၇၉ အရ အမှုဖွင့်အရေးယူထားရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
MOIWebportalMyanmar
စစ်ဆေးရေးဂိတ်တွင် ပိုက်ဆံကောက်ခံ မရတော့သဖြင့် ထိုင်းလဝကရဲများ မြန်မာအလုပ်သမားများကို ရိုင်းပျစွာဆက်ဆံဟုဆို
စစ်ဆေးရေးဂိတ်တွင် ပိုက်ဆံကောက်ခံ၍
မရတော့သဖြင့် ထိုင်းလဝကရဲများ မြန်မာအလုပ်
သမားများကို ရိုင်းပျစွာ ဆက်ဆံနေကြောင်း
ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမား
 အဖွဲ့အစည်းများမှ သတင်းရရှိသည်။
မဲဆောက်-ဘန်ကောက် အဝေးပြေးလမ်း (အာရှလမ်းမကြီး)ရှိ ပထမဆုံး ဟွေဟင်းဖုန်း စစ်ဆေးရေးဂိတ်တွင် အလှူခံပုံးထား၍ မြန်မာအလုပ်သမားများကို ငွေကောက်ခံ၍ မရတော့သဖြင့် ခရီးသွားမြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ယာယီပတ်(စ်)ပို့များ လွှင့်ပစ်ခြင်း၊ ဆဲဆိုခြင်းများဖြင့် ထိုင်းလဝကရဲများ ရိုင်းစိုင်းစွာပြုမူ ဆက်ဆံလျက်ရှိကြောင်း သိရသည်။
“မေလ ၅ ရက်က ဒုဝန်ကြီးနဲ့တွေ့ဆုံဖို့ မဲဆောက်-ဘန်ကောက်လမ်းကို ဖြတ်ပြီး ခရီးသွားတယ်။ ကျွန်တော့် ပတ်(စ်)ပို့ သက်တမ်းမတိုးထားဘူး ဆိုပြီးတော့ ရှေ့ဆက်မသွားနိုင်အောင် လဝကရဲက တားဆီးလို့ မဲဆောက်ကို ပြန်ခဲ့ရတယ်။ နောက်နေ့မှသာ မဲဆောက်အခြေစိုက် MRPWG က ထိုင်းရှေ့နေတွေကိုခေါ်ပြီး ဂိတ်(စ်)ကိုပြန်ပြီး ကျွန်တော့်ပတ်(စ်)ပို့ကို ပြန်သွားယူခဲ့ရတယ်။ အမှန်မှာ ကျွန်တော့်ရဲ့ ပတ်(စ်)ပို့ စာအုပ်က သက်တမ်းမကုန်သေးပါဘူး။ ကျွန်တော့်မျက်စိရှေ့မှာပဲ ပတ်(စ်)ပို့စာအုပ်တွေ လွှင့်ပစ်တာတွေ၊ ဆဲဆိုတာတွေ၊ ဖုန်းပိတ်တာတွေ လုပ်တာကိုလည်း တွေ့ခဲ့ရတယ် ” ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။
မဲဆောက်-ဘန်ကောက်လမ်း စစ်ဆေးရေး ဂိတ်များတွင် ထိုင်းလဝကရဲများက မျက်နှာဖုံးစွပ်၍ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ငွေတောင်းခံမှုများ ပြုလုပ်လျက်ရှိကြောင်း ၊ ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း မဲဆောက်-ဘန်ကောက်လမ်းမှ နေရပ်သို့ ပြန်လာသည့် မြန်မာအလုပ်သမားများကို စစ်ဆေးရေးဂိတ်(၇)မှ လဝကရဲများက   တစ်ဦးလျှင် ထိုင်းနိုင်ငံသုံးငွေဘတ် ၁ဝဝ နှုန်းဖြင့် ဂိတ်ခုနစ်ခုစလုံးမှ  ငွေတောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဧပြီ ၁၇ ရက်တွင်မူ ကားသုံးစီးဖြင့် နေရပ်သို့ပြန်လာသည့် မြန်မာအလုပ်သမားများက ငွေညှစ်သည့် ထိုင်းလဝကရဲများကို တားဆီးပိတ်ဆို့ ဆန္ဒပြခဲ့ကြောင်း သိရသည်။
နေပြည်တော်-ရန်ကုန် ရာဇာမင်း ခရီးသည်တင်ယာဉ် အမြန်လမ်း ၁၉၇ မိုင်တွင် တံတားပေါ်မှ ထိုးကျပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၄ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာရ
နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသော
ရာဇာမင်း ခရီးသည်တင်ယာဉ် တစ်စီးသည်
 မေ ၁၂ ရက် ည ၇ နာရီခန့်က ရန်ကုန်-မန္တလေး
 အမြန်လမ်းမကြီး မိုင်တိုင် ၁၉၇/၆ အနီးရှိ
 ပျဉ်မနား-တောင်တွင်းကြီး မီးရထားခုံးကျော်
တံတားအောက် ထိုးကျခဲ့ရာ ယာဉ်ပေါ်ပါခရီးသည် ၁၄ ဦးသေဆုံး ပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ် ချောက်ထဲထိုးကျမှုကြောင့် ကျား ၁၁ ဦး၊ မ နှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးရုံရောက်မှ သေဆုံးခြင်းဖြစ်ကာ ကျား၊ မခွဲခြားနိုင်ရန် စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သော ခရီးသည် ၃၀ ဦးတွင် ၂၇ ဦးကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ကုသနေပြီး ကျန်သုံးဦးကို နေပြည်တော်၊ လယ်ဝေးဆေးရုံတွင် ကုသနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါခရီးသည်တင်ယာဉ် 5G/1527 သည် မိုင်တိုင် ၁၉၇/၆ အရောက်တွင် မိုးသည်းထန်းစွာ ရွာသွန်းနေချိန်ဖြစ်၍ အရှိန်မထိန်းနိုင်ဘဲ ပျဉ်မနား-တောင်တွင်း မီးရထားကုန်းကျော် တံတားအောက် မီးရထားသံလမ်းပေါ်သို့ ထိုးကျခဲ့ခြင်းဖြစ်သည်ဟု အကြမ်းဖျင်း ယူဆရကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
"ဖြစ်ဖြစ်ချင်းမှာ ၁၃ ဦးပွဲချင်းပြီး သေတယ်။ တစ်ယောက်က ဆေးရုံမှာသေတယ်။ အခင်းဖြစ်ပွားနေတဲ့ အချိန်မှာ အမြန်လမ်းမှာ မိုးအရမ်းရွာနေတယ်။ အမြန်လမ်းမှာ မိုးအရမ်းရွာနေရင် ကားကိုရပ်ထားသင့်ပါတယ်။ ဒါပေမဲ့ အဲ့ဒီကားက ရပ်မထားပဲ မိုးရွာနေတဲ့ အချိန်လည်း မောင်းလို့လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ အောက်ကိုထိုးကျ သွားတယ်လို့ အကြမ်းဖျင်း ယူဆထားပါတယ်။
 ယာဉ်မောင်းဖြစ်သူကို နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှာ ရဲတွေနဲ့ စောင့်ကြည့်ထားရှိ ထားပါတယ်။ ဒီဖြစ်စဉ်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ အဆိုးရွားဆုံး ဖြစ်စဉ်လို့ ပြောလို့ရပါတယ်" ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းက The Daily Eleven သို့ ပြောကြားခဲ့သည်။
အဆိုပါမီးရထား ခုံးကျော်တံတားမှာ ပေ ၂၀ ကျော်ခန့်မြင့်ကာ အောက်ဘက်ရှိ မီးရထားသံလမ်းပေါ်သို့ ယာဉ်၏ ဦးခေါင်းပိုင်းဖြင့် ထိုးကျခဲ့ခြင်းဖြစ်ပြီး မေ ၁၂ ရက် ည ၁၀ နာရီ မိနစ် ၃၀ ခန့်အထိ ၎င်းရာဇာမင်း ခရီးသည်တင်ယာဉ်ကို အပေါ်သို့မယူ၍ မရသေးကြောင်း သိရသည်။
"ကျွန်တော်တို့က အမြောက်တပ်ကပါ။ ကားမှောက်တယ်ဆိုလို့ ကျွန်တော်တို့ဆီက ကရိန်းကားနဲ့ဆွဲတင်ဖို့ လုပ်နေပါတယ်။ တပ်နဲ့သိပ်မဝေးတော့ ဖြစ်ပီးပီးချင်းနီးပါးလောက်တော့ ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့နဲ့ အမြန်လမ်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ၀ိုင်းဝန်းပြီး ကယ်ဆယ်မှုတွေ လုပ်ခဲ့ပါတယ်" ဟု ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော တပ်မတော်သားတစ်ဦးက ဆိုသည်။
"မိုင်တိုင် ၁၉၇ မှာ ကားတစ်စင်း တံတားအောက် ထိုးကျသွားတယ်လို့ သတင်းရတာနဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေကို အကြောင်းကြားပြီး ချက်ချင်းလာခဲ့တာပါ။ ကားထဲကနေ ကယ်ထုတ်တဲ့အချိန်မှာ ၁၃ ယောက်လောက်က အသက်မရှိတော့ဘူး။ ကျန်တဲ့ဒဏ်ရာရတဲ့ သူတွေကိုလည်း ဆေးရုံပို့ဖို့ အမြန်လုပ်ဆောင် ရပါတယ်။ မသေသင့်ဘဲ မသေအောင်ပေါ့" ဟု ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
အဆိုပါ ရာဇာမင်း ခရီးသည်တင်ယာဉ်တွင် ယာဉ်မောင်းအပါအ၀င် ခရီးသည် ၄၄ ဦး လိုက်ပါလာခဲ့ကြောင်း သိရပြီး ၁၄ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားရာ နေရာသို့ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများက ကူညီမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားအောက်သို့ ထိုးကျသွားသော ယာဉ်အား တွေ့ရစဉ်
Eleven media Group
Sunday 11 May 2014
ဌာနပိုင်မြေမှာ ကွန်ဒိုဆောက်မှု လွှတ်တော်အမတ် ဆန္ဒပြ
..
မေလ (၁၂) ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၄)၊ အမှတ် (၈၁)
Snap Shot Vol 4 No 81
စစ်တပ်ကို ဦးစားပေးတဲ့ ပုဒ်မများ ပြင်ပေးဖို့ ဆန္ဒပြ
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ပုဒ်မတော်တော်များများ ဟာ တပ်မတော်ကို အကာအကွယ်ပေးထားတဲ့ ပုဒ်မတွေဖြစ်တာကြောင့် ဖွဲ့စည်းပုံပါ ပုဒ်မ ၃ ခုကို ပြင်ဆင်ပေးဖို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ရာနဲ့ချီတဲ့ ဒေသခံတွေ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ဖွဲ့စည်းပုံပါ ပုဒ်မ ၁ဝဝ ကျော်လောက်ဟာ တပ်မတော်ကိုသာ ဦးစားပေးထား ပြီး အများပြည်သူတွေအတွက် ပုဒ်မတွေက အသက်မဝင်သလို ဖြစ်နေ တာကြောင့် ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆိုတာဖြစ်ကြောင်း ဒီနေ့ ဆန္ဒပြပွဲ မှာပါဝင်သူ ကိုမျိုးသူထွဋ်က ပြောပါတယ်။
"ပုဒ်မ ၄ဝဝ ကျော်မှာ ၃ဝဝ ကျော်လောက်က လူတစ်စု ကောင်းစားရေး အတွက်ပဲ ရေးဆွဲထားတာ စစ်တပ်ကိုပဲ ကာဘာပေးထားတာ ပြည်သူ အတွက်ရေးဆွဲထားတာက ၁ဝဝ ကျော်လောက်ပဲရှိတယ်၊ ဒါနဲ့အဲ့ ၁ဝဝ က အသက်မဝင်ဘူး၊မြန်မာနိုင်ငံမှာကျနော်တို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှုတိုင်းမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍတိုင်းမှာ တပ်မတော်ကနေပြီးတော့ အစဉ် တစိုက်ဦးဆောင်မယ်ဆိုတော့ ပုဒ်မ ၆(စ)ကိုလည်း ကျနော်ပြင်ချင်တယ် ၄၃၆ ညကိုလည်း ကျနော်ပြင်ချင်တယ် ၅၉(ဃ)နဲ့(စ)ကိုလည်း ကျနော်ပြင်ချင်တယ် ၊အဲ့ဒါကြောင့် ဆန္ဒထုတ်ဖော်တာပါ"
ဆန္ဒပြသူတွေက သူတို့ တောင်းဆိုချက်တွေကို လာမယ့်လွှတ်တော် အစည်းအဝေးတွေမှာ တင်ပြပေးဖို့ ပြည်မြို့က လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ရုံး ရှေ့မှာလည်း ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
မတ္တရာ တပ်သိမ်းမြေ ကိစ္စ ညှိနှိုင်းမယ်
မန္တလေးအနီး မတ္တရာ မြို့နယ်က တပ်သိမ်းမြေ ဧက ၄ဝဝ ပြန်ရရှိရေး ညှိနှိုင်းဖို့ လယ်သမား တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ မေလ ၁၅ ရက်နေ့ တွေ့ဖို့ ချိန်းဆို ထားပါတယ်။
မန္တလေးနဲ့ ၂၇ မိုင်အကွာ သပြေသာ ရွာသား ၇၈ ယောက်ပိုင် လယ်တွေကို တပ်က သိမ်းပြီး စီးပွားရေး သမားတွေ လက်ကို ပြန်ရောင်းစား ခဲ့လို့ ဒီလယ်တွေ ငါးကန်တွေ ဖြစ်ကုန်ပါတယ်။
ဒီငါးကန် တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လယ်သမား တွေက ဖောက်ချပြီး လယ်ပြန်စိုက် ကြပါတယ်။
ဒီမနက် ကလည်း ကျန်တဲ့ ငါးကန်တွေ ဖောက်ချလို့ လုပ်ငန်းရှင်တွေ ဘက်က ဆွေးနွေးဖို့ ညှိနှိုင်း ခဲ့ကြတာပါ။
ဆွေးနွေးပွဲမှာ မိတ္ထီလာ ပြည်သူ့ အကျိုးဆောင် ကွန်ရက်က ဒေါ်မြင့်မြင့်အေး လည်း ပါဝင် ညှိနှိုင်း ပေးမှာပါ။
လုံခြုံရေး တွေက တားဆီးပြီး ပစ်ခတ် အရေးယူမယ် လို့ ပြောတဲ့ကြားက စစ်တပ်က သိမ်းထားတဲ့ မြေတွေပေါ်မှာ မူလ မြေပိုင်ရှင် တွေက ငါးကန်ရေ ဖောက်ထုတ် ပြီး ပျိုးကြဲ ခဲ့ကြတာ ဖြစ်ပါတယ်။
အခု အသိမ်းခံ ထားရတဲ့ လယ်မြေတွေဟာ ၁၉၉၁ ခုနှစ် ကတည်းက လျော်ကြေး မရဘဲ သိမ်းဆည်းခံ ထားရတာ လို့လည်း ပြောပါတယ်။
  လယ်သမား တွေက ငါးကန်တွေ ဖောက်ချ
မန်စီးတီး ချန်ပီယံ ဖလား ဆွတ်ခူး
ပရီးမီးယားလိဂ် နောက်ဆုံးနေ့ပွဲစဉ်တွေ မေလ ၁၁ ရက် တနဂင်္နွေနေ့ ယူကေ စံတော်ချိန် ညနေ ၃ နာရီမှာ တပြိုင်တည်း စကစားပါတယ်။
ဇယားထိပ်မှာ ပြေးနေတဲ့ မန်စီးတီးက လန်ဒန်က ဝက်စဟမ်းအသင်းနဲ့ အိမ်ကွင်းမှာ ကစားရပါတယ်။
မန်စီးတီးက ဒီပွဲမကစားခင်အထိ ဒုတိယနေရာက လစ်ဗာပူးလ်နဲ့ နှစ်မှတ်ကွာနေပြီး ဂိုးကွာခြားမှုမှာလည်း အပြတ်သာနေတာမို့ ဒီပွဲမှာ သရေကျပြီး တမှတ်ရရင်တောင် ဂိုးအသာနဲ့ ဗိုလ်စွဲမှာပါ။
တကယ်တန်း ကစားတော့ မန်စီးတီးက နာဆာရီ၊ ကုမ်ပနီတို့ရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ်နိုင်ခဲ့ပါတယ်။
လစ်ဗာပူးလ်ကတော့ နယူးကတ်ဆယ်နဲ့ ကစားရတာမှာ တစ်ဂိုး အရင်ပေးလိုက်ရပါတယ်။ ဒုတိယပိုင်းကျမှ သူတို့ရဲ့ ဂိုးသွင်းစက်တွေဖြစ်ကြတဲ့ ဆွာရက်စ်နဲ့ စတားရစ်ခ်ျတို့က နှစ်ဂိုးပြန်သွင်းပြီး အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် မန်စီတီးကလည်း ဟိုဖက်မှာ နိုင်လိုက်လို့ ချန်ပီယံဖလားကိုတော့ မန်စီတီးပဲ ထိုက်ထိုက်တန်တန် ရယူသွားပါတော့တယ်။
ဒီနှစ် ရာသီအပြီးမှာ မန်စီးတီးက စုစုပေါင်း အမှတ် ၈၆ မှတ်၊ ဂိုးအသာ ၆၅ ဂိုး ရခဲ့ပြီး လစ်ဗာပူးလ်ကတော့ ၈၄ မှတ်နဲ့ ဂိုးအသာ ၅၁ ဂိုးနဲ့ ဘောလုံးရာသီကို အဆုံးသတ်ခဲ့ကြတာပါ။
ချယ်လ်ဆီး၊ အာဆင်နယ်
မန်နေဂျာတွေထဲမှာ ဘယ်သူက နှာတဖျား အသာရသွား ခဲ့ပါသလဲ
နောက်ဆုံးနေ့ပွဲတွေမှာ ချယ်လ်ဆီးက တန်းဆင်းရပြီး ဖြစ်နေတဲ့ ကားဒစ်ကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး တတိယနေရာနဲ့ ကြေနပ်လိုက်ရပါတယ်။ သူရခဲ့တဲ့ စုစုပေါင်း အမှတ်က ၈၂ မှတ်ပါ။
စတုတ္ထနေရာရသွားတဲ့ အာဆင်နယ်ကတော့ နောရစ်ခ်ျကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။
ဟားလ်ကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ အဲဗာတန်ကတော့ နံပတ်ငါးနေရာ ရပါတယ်။ သူ့နောက်မှာတော့ တော့တင်ဟန် ဟော့စပါးစ်က နံပတ် ၆၊ ဒီနှစ်မှာ ခြေပျက်လှတဲ့ မနှစ်က ချန်ပီယံ မန်ယူကတော့ ဖလားတခုမှလည်းမရ ဥရောပပွဲတွေနဲ့လည်း လာမယ့် နှစ်မှာ ဝေးလို့ နံပတ် ၇ နေရာနဲ့ပဲ ကြေနပ်လိုက်ရပါတယ်။ နောက်ဆုံးနေ့ပွဲစဉ်မှာလည်း ဆောက်သမ်ပတန်ကို တစ်ဂိုးစီ သရေပဲ ကစားသွားနိုင်ခဲ့ပါတယ်။
နောရစ်ခ်ျ၊ ဖူလ်ဟမ် နဲ့ ကားဒစ်တို့ကတော့ အောက်တန်းဆင်းသွားကြရပြီ ဖြစ်ပါတယ်။
ဒီနှစ် ဘောလုံးရာသီအတွက် ဂိုးအများဆုံးသွင်းသူဆုတွေကိုတော့ လစ်ဗာပူးလ်က တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဆွာရက်စ်က ၃၁ ဂိုးနဲ့ ပထမ၊ စတားရစ်ခ်ျက ၂၁ ဂိုးနဲ့ ဒုတိယရပါတယ်၊ သူတို့နောက်မှာတော့ မန်စီးတီးက ယာယာတိုရေက ၂၀ ဂိုး၊ မန်စီးတီးကပဲ အဂွားရိုးက ၁၇ ဂိုး၊ မန်ယူက ဝိန်းရူနီက ၁၇ ဂိုး အသီးသီး သွင်းခဲ့ကြပါတယ်။
  ချန်ပီယံ မန်ချက်စတာ စီးတီး
ပဋိပက္ခများ ဖြေရှင်းပေးဖို့ စက်မှုဇုန် လုပ်သားများ ဆန္ဒပြ
  တနိုင်ငံလုံးက စက်မှုဇုန်တွေမှာ အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အလုပ်ရှင် အလုပ်သမား ပဋိပက္ခတွေကို ဖြေရှင်းပေးဖို့ ရန်ကုန်တိုင်းဒေသ ကြီး ရွှေပြည်သာစက်မှုဇုန်နဲ့ စက်မှုဇုန် အတော်များများက အလုပ်သမားတွေ စုပေါင်းပြီး ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
စက်ရုံအတော်များများမှာ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ရနေပေမယ့် သမဂ္ဂခေါင်းဆောင်တွေကို အလုပ်ထုတ်တာတွေ များလာနေကြောင်း ဒီနေ့ ဆန္ဒပြပွဲမှာ ပါဝင်သူ အလုပ်သမားတွေက ပြောပါတယ်။
P & G သောက်ရေသန့်ကုမ္ပဏီမှာ သမဂ္ဂဖွဲ့စည်းခဲ့တဲ့အတွက် အလုပ်ထုတ်ခံ ရသူ ကိုကြည်မင်းထိုက်က ဒီနေ့ ဆန္ဒပြပွဲမှာ အခုလို ပြောပါတယ်။
"အလုပ်သမားသမဂ္ဂတွေပေါ်လာပြီးတဲ့ နောက်ပိုင်းမှာ ဥပဒေမဲ့အလုပ်ထုတ် မှုတွေ တောက်လျှောက်ဖြစ်လာတယ် အထုတ်ခံရတဲ့တော်တော်များများဟာ လည်း သမဂ္ဂဖွဲ့မှုနဲ့လည်းဆိုင်တယ်၊သမဂ္ဂခေါင်းဆောင်တွေ ရည်ရွယ်ချက်ရှိရှိ နဲ့ ထုတ်ပစ်တာတွေလည်းပါတယ်၊ အဲ့ဒါတွေကိုလည်း အလုပ်သမားဝန်ကြီး ဌါနက ထိရောက်စွာ ဖြေရှင်ပေးမှုမရှိဘူး၊နောက်ပြီးတော့ ညှိနှိုင်းဖြေဖျန်းမှု ရုံးတွေမှာ အလုပ်သမား ကိုယ်စားလှယ်မရှိတဲ့ကိစ္စတွေ ညှိနှိုင်းဖြေဖျန်းမှု ရုံးတွေက အရာရှိတွေက အလုပ်သမားတွေကိုမချေမငင် ဆက်ဆံတာတွေ အလုပ်ရှင်တွေဆို အရေးတယူ နေရာပေးတာတို့ အလုပ်သမားဝန်ကြီးဌါနရဲ့ အားနည်းချက်တွေကို တိုက်ရိုက်ဆန္ဒဖော်ထုတ်လိုက်တဲ့အတွက် သူတို့မသိသေးရင်တောင်မှ သိသွားပြီးတော့ ဆောင်ရွက်ပေးသွားမယ် လို့ထင်လို့ ဆန္ဒဖော်ထုတ်ရတာပါ "
ဒါ့အပြင် အလုပ်သမားတွေက အစိုးရက ဖွဲ့စည်းထားတဲ့ ခုံသမာဓိရုံး နဲ့ အလုပ်သမား ညှိနှိုင်း ဖြန်ဖြေရေးရုံးတွေဟာ အလုပ်သမားတွေကြုံတွေ့ရတဲ့ အလုပ်ရှင် အလုပ်သမား ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်မှု မရှိဘူးလို့ ပြော ပါတယ်။
ဆန္ဒပြပွဲကို ရွှေပြည်သာ စက်မှုဇုန် ၁၊ ၂၊ ၃၊ ၄ က အလုပ်သမားတွေအပြင် လှိုင်သာယာ၊ နေပြည်တော်၊ မန္တလေး စက်မှုဇုန်တွေက အလုပ်သမားတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
အာဆီယံ ထိပ်သီးစည်းဝေးပွဲ ဦးသိန်းစိန် မိန့်ခွန်းပြောကြား
မြန်မာနိုင်ငံက အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူနေစဉ်အတွင်း မှာ ဒေသ တွင်း ရွှေ့ပြောင်းအလုပ်သမားတွေ အခွင့်အရေးကို ကာကွယ်စောင့်ရှောက် တဲ့ သဘောတူစာချုပ် အပြီးသတ်ရေးဆွဲနိုင်ဖို့ကို ဦးစားပေးဆောင်ရွက်မယ့် အစီအစဉ်ကို ကြိုးပမ်းသွားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောကြားလိုက်ပါတယ်။
၂၄ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီး အစည်းအဝေး ဖွင့်လှစ်ပွဲအခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး ညနေပိုင်းမှာ နိုင်ငံတော်သမ္မတက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားထဲ ပူးပေါင်းဆောင်ရွက်မယ့်အထဲ မှာ ပြည်သူ ဗဟိုပြု အာဆီယံအဖွဲ့ဖြစ်လာဖို့ ကြိုးပမ်းသွားမှာ ဖြစ်သလို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြားမှာ တစ်ခုတည်းသော ဈေးကွက် ဖြစ်လာရေး ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်သွယ်ရေးမှာ အားလုံး လက်ခံနိုင်မယ့် အကောက်ခွန်စနစ် တစ်ခု ဖြစ်လာရေး စတဲ့ ၂ဝ၁၅ အလွန် အာဆီယံအဖွဲ့ရဲ့ ရည်မှန်းချက်တွေ ကိုလည်း အဖွဲ့ဝင် နိုင်ငံအားလုံးက သဘောတူ ထုတ်ပြန်ခဲ့ကြပါတယ်။
ဒါ့အပြင် အာဆီယံဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ကာကွယ်မှု၊ အကူအညီပေးနိုင်မှုတွေမှာ ထိရောက်မှုရှိအောင် ရှိထားပြီးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီပေးရေး သဘောတူညီချက် နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး သဘောတူညီချက်တွေ ကိုလည်း ပိုမိုထိရောက်အောင် ကြိုးပမ်းဖို့ကိုလည်း အဖွဲ့ဝင်တွေက သဘောတူခဲ့ကြပါတယ်။
အရေပြားဆဲလ်မှ သုက်ပိုးဆဲလ်သို့ ပြောင်းလဲသည့် နည်းပညာ တွေ့ရှိ
အရေပြားဆဲလ်မှ သုက်ပိုးဆဲလ်သို့ ပြောင်းလဲသည့် နည်းပညာ တွေ့ရှိ အမေရိကန် နိုင်ငံမှ သုတေသီ တစ်စုသည် လူသားတစ်ဦး၏ အရေပြားဆဲလ်များကို အသုံးပြုကာ သုက်ပိုးဆဲလ်အဖြစ် ပြောင်းလဲဖန်တီးနိုင်မည့် နည်းလမ်းကို တွေ့ရှိထားပြီဟု သိရသည်။
  အနာဂတ် ကာလများတွင် မြုံနေသော အမျိုးသားများအတွက် သားသမီး ရရှိနိုင်မည့် မျှော်လင့်ချက်သစ် တစ်ခုကို သိပ္ပံပညာရှင်များက စတင်ဖမ်းဆုပ်လာနိုင်ခဲ့ပြီ ဖြစ်သည်။ အမေရိကန် နိုင်ငံမှ သုတေသီ တစ်စုသည် လူသားတစ်ဦး၏ အရေပြားဆဲလ်များကို အသုံးပြုကာ သုက်ပိုးဆဲလ်အဖြစ် ပြောင်းလဲဖန်တီးနိုင်မည့် နည်းလမ်းကို တွေ့ရှိထားပြီဟု သိရသည်။ အဆိုပါ နည်းပညာဖြင့် ပြောင်းလဲထားသည့် ရလဒ်ပိုင်းသည် လတ်တလော အခြေအနေအရ သုက်ပိုးဆဲလ်များ၏ ကနဦးအဆင့် ဖြစ်တည်မှု အခြေအနေတွင်သာ ရှိသေးသည်။ သို့သော်လည်း အဆင့်မြှင့်တင် သုတေသနပြုမှုများဖြင့် ပိုမိုကောင်းမွန်သော ရလဒ်ပိုင်းကို ဖော်ဆောင်နိုင်မည်ဟု ပညာရှင်များက ယုံကြည်ထားသည်။
အဆိုပါ အသွင်ပြောင်း သုက်ပိုးဆဲလ်များသည် မြုံနေသော အမျိုးသားတစ်ဦး၏ မျိုးဗီဇကို ရယူကာ သားသမီးများ မွေးဖွားနိုင်အောင် စွမ်းဆောင်ပေးနိုင်မည့် အခြေအနေလည်း ရှိနေသည်။ စတန်းဖို့ဒ်တက္ကသိုလ်မှ ဦးဆောင်သုတေသီ တစ်ဦးဖြစ်သော ဒေါက်တာ ရိုင်ဂျိုပီရာက “ကျွန်တော်တို့ရဲ့ လက်ရှိအနေအထားက စမ်းသပ်ဆဲ ပုံစံမျိုးမှာပဲ ရှိသေးတာပါ။ ပြောင်းလဲထားတဲ့ သုက်ပိုးဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှု အခြေအနေကို လေ့လာနေတုန်းပါပဲ။ ဒါကြောင့် ဆဲလ်အခြေခံ စမ်းသပ်မှုတွေနဲ့ ဆေးရုံဆေးခန်းတွေမှာ လက်တွေ့အသုံးပြုကြည့်ဖို့ လိုပါသေးတယ်။ ဥပမာပြောရရင် လက်ရှိထက် အရည်အသွေးပိုကောင်း၊ အရေအတွက် ပိုများတဲ့ သုက်ပိုးဆဲလ်မျိုးတွေ ဖန်တီးယူနိုင်တဲ့ အခြေအနေမျိုး ဆိုပါတော့”ဟု ဆိုသည်။
၎င်းက “Stem Cell နည်းပညာကို အခြေခံတဲ့ ဒီလုပ်ဆောင်မှုအရ ပြောင်းလဲထားတဲ့ သုက်ပိုးတွေကို မြုံနေတဲ့ အမျိုးသားတွေရဲ့ ဝှေးစေ့ထဲ တိုက်ရိုက် ဖြည့်တင်းပေးပြီး မျိုးပွားလို့မရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်”ဟုလည်း ပြောကြားခဲ့သည်။ သုတေသီများသည် မြုံနေသော အမျိုးသား(၃)ဦးကို စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပညာရှင်များက အရေပြားလွှာမှ တွယ်စပ်အမျှင် တစ်သျှူးများကို Stem Cell နည်းပညာဖြင့် ပြောင်းလဲစမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ရလဒ်ပိုင်းအနေဖြင့် သုက်ပိုးဆဲလ်များ၏ ကနဦးအဆင့် အခြေအနေမျိုးကို ကျန်းမာသန်စွမ်းသည့် အဆင့်အတန်းမျိုးဖြင့် ဖန်တီးထားနိုင်ကြောင်း သိရသည်။ ယခုစမ်းသပ်ချက် အသေးစိတ် မှတ်တမ်းများကို Cell Reports ဆေးပညာဂျာနယ်၌ ဖော်ပြထားခဲ့သည်။
သန်လျင်မြို့နယ်တွင် မီးလောင်မှုဖြစ်
၁၁.၅.၂၀၁၄ရက်နေ့ ၁၂၃၅အချိန် သန်လျင်မြို့
နယ်၊ ဗိုလ်ချုပ်ကျေးရွာ၊ နယ်မြေ(၆)၊ ရေဆိပ်ကြီး
လမ်းရှိ ကိုခင်မောင်အေး (၅၀)နှစ်၊ (ဘ)
ဦးတင်အေးနေအိမ်တွင် ရေတင်ရန်အတွက်မီး
စက်နှိုးစဉ် မီးစက် အိတ်ဇောပိုက်မှ မီးဖွားများပွင့်ထွက်ကာ အနီးတွင်ရပ်ထားသော ဆိုင်ကယ်၏ကာပရိုက်တာမှဓါတ်ဆီများကျနေသည့်နေရာသို့ မီးဟပ်မိရာမှ စတင်လောင်ကျွမ်းခဲ့ရာ ၎င်း၏နေအိမ်နှင့် ပတ်ဝန်းကျင် ရှိနေအိမ်(၃)လုံးတို့အား ကူးစက်လောင်ကျွမ်းသွားခဲ့သဖြင့် ပြည်သူများနှင့် မီးသတ်ယာဉ်များရောက်ရှိ ငြှိမ်းသတ်ခဲ့၍ ၁၃၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ကိုခင်မောင်အေး အား သန်လျင်မြို့မရဲစခန်း(ပ) ၃၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ဆိုင်ကယ်တိမ်းမှောက်၍ သတိလစ်နေစဉ် ဆိုင်ကယ်အခိုးခံရ
မိတီ်္ထလာမြို့၊ လျှော်ဖြူကန်ကျေးရွာနေ ဇေယျမောင်
 (၂၅) နှစ်သည် မေလ (၅) ရက် နေ့က
 မိတီ်္ထလာ မှ လျှော်ဖြူကန် ကျေးရွာသို့ ၃၉ယ/
၂၅၄၇၈ ရှာရမ်း ၁၁၀ အနက်ရောင် ဆိုင်ကယ်အား
စီး၍ ပြန်လာစဉ်    ကျီတော်ကုန်း ကွေ့ ရွှေမြိုင်ဝါးဆိုင်အနီးတွင် ဆိုင်ကယ် တိမ်း မှောက်၍ နာရီဝက်ခန့် သတိ လစ်သွားကြောင်း သိရသည်။
ပြန်လည် သတိရသောအခါ စီးလာ သော ဆိုင်ကယ်မှာ ပျောက်ဆုံး  နေသည်ကို တွေ့ကြောင်း၊ ထို့နောက် မေလ (၈) ရက် နေ့ တွင် ပြည်သာယာမြောက်ရပ်ကွက်တွင် ဦးသိန်းဝင်း၏ နေအိမ်တွင် မိမိဆိုင်ကယ်အား ပြန်လည်တွေ့ရှိ၍ စုံစမ်းကြည့်သောအခါ   ဆိုင်ကယ်ရောင်းသူ မှာ သီဟဇော် (ခ) ဂေါက် ကြောင် (၂၂) နှစ် ဖြစ်ကြောင်း သိရ၍ ဆိုင်ကယ် ခိုးယူသူ သီဟဇော်အား  အရေးယူပေး ရန် ဇေယျမောင်က တရားလိုပြုလုပ်၍ တိုင် ကြားမှုအား အမှတ် (၂) နယ်မြေ ရဲစခန်းက (ပ) ၁၅၉/၂၀၁၄၊ ပုဒ်မ-၃၇၉ (ဆ) ဖြင့် အမှု ဖွင့်ထား အရေးယူထားသည်။
အာဆီယံခေါင်းဆောင်တွေ ပူးပေါင်းဆောင်ရွက်ဖို့ ကြေညာစာတမ်းထုတ်ပြန်
၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး
ကနေ အာဆီယံနိုင်ငံတွေကြား ပူးပေါင်းဆောင်
ရွက်မယ့် နေပြည်တော်ကြေညာစာတမ်းကို
ထုတ်ပြန်ခဲ့ပါတယ်။ အာဆီယံဆွေးနွေးပွဲအပြီး
 ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဆီယံ
အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မြန်မာနိုင်ငံက ဆောင်ရွက်နေတာတွေနဲ့ မျှော်မှန်းချက်တွေကို သမ္မတဦးသိန်းစိန်က ပြောခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာ အာဆီယံခေါင်းဆောင်တွေဟာ နေပြည်တော် ကြေညာစာတမ်းကို အတည်ပြုနိုင်ခဲ့ကြတယ်လို့ ဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သမ္မတဦးသိန်းစိန်က အခုလို ပြောကြားခဲ့ပါတယ်။
“ဒီအစည်းအဝေးရဲ့ အဓိကရလဒ်ကတော့ အာဆီယံအသိုင်းအဝိုင်းကို အကောင်အထည်ဖော်ရေးဆိုင်ရာ နေပြည်တော်ကြေညာစာတမ်းကို အာဆီယံနိုင်ငံ ခေါင်းဆောင်များအနေနဲ့ အတည်ပြု ထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။”
ဒီကြေညာစာတမ်းမှာ ကျယ်ပြန့်တဲ့ ကဏ္ဍစုံအတွက် အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံက ခေါင်းဆောင်တွေဟာ နောင်မှာ အခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးမှုတွေအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။ ၂၀၁၄ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ မျှော်မှန်းချက်တွေကိုလည်း သမ္မတဦးသိန်းစိန်က အခုလို ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံဟာ ပြည်သူကို ဗဟိုပြု ဖွံ့ဖြိုးတိုးတက်စေတဲ့ နည်းဗျူဟာနဲ့အတူ ပြည်သူကို ဗဟိုပြုတဲ့ အာဆီယံဖြစ်ရေးကို တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ အာဆီယံကိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြောတဲ့ အသိုက်အဝန်းတစ်ခုဖြစ်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများရဲ့ ခိုင်မာတဲ့ စည်းရုံးညီညွတ်မှုကို ထိန်းသိမ်းထားဖို့လည်း အရေးကြီးလှပါတယ်။”
ပြည်သူကို ဗဟိုပြုတဲ့ အာဆီယံဖြစ်ရေး၊ တည်ငြိမ်အေးချမ်းပြီး သာယာဝပြောတဲ့ အသိုင်းအဝိုင်းဖြစ်ဖို့အတွက် စည်းလုံးညီညွတ်မှုရဖို့ အရေးကြီးကြောင်း၊ ပဋိပက္ခနဲ့ ဘေးအန္တရာယ်တွေကို ခံနိုင်ရည်ရှိတဲ့ အာဆီယံဖြစ်ဖို့အတွက် ရည်မှန်းချက်တွေ ချထားခဲ့ပြီး ဒီရည်မှန်းချက်တွေရဖို့ မြန်မာနိုင်ငံက အလေးပေး ဆောင်ရွက်သွားရမယ့် ကဏ္ဍတွေကိုလည်း အခုလို သတ်မှတ်ခဲ့ပါတယ်။
“၂၀၁၅ ခုနှစ်အလွန် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်များကို စုစည်း အကောင်အထည်ဖော်သွားဖို့ အသေးစားနဲ့ အလတ်စားလုပ်ငန်းများကို ၂၁ ရာစု အာဆီယံစီးပွားရေး တိုးတက်မှုရဲ့ပင်မ သွေးကြောဖြစ်လာသည်အထိ အားပေးလုပ်ဆောင်သွားဖို့၊ အဖွဲ့ဝင်နိုင်ငံများကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး ဆောင်ရက်ဖို့၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေဖို့၊ ပဋိပက္ခနဲ့ ဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိစွာ ဖြေရှင်းရင်ဆိုင်နိုင်ရန် ဆွေးနွေးဘက် နိုင်ငံများနဲ့ ဟန်ချက်ညီစွာ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်သွားဖို့၊ လက်တွေ့ရရှိနိုင်မယ့် ရလဒ်များကို မျှော်မှန်းထားဖို့အတွက်ပဲဖြစ်ပါတယ်။”
နေပြည်တော်ကြေညာစာတမ်းအရ လက်ရှိ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ဒေသ ကိစ္စကို အင်အားမသုံးဘဲ ကိုယ့်ဖာသာကိုယ် ခုခံကာကွယ်ဖို့အတွက် တောင်းဆိုထားပါတယ်။ အာဆီယံအဖွဲ့ကြီးမှာ မြန်မာနိုင်ငံ ပါဝင်ခဲ့ပြီးချိန်ကစလို့ ၁၇ နှစ် သက်တမ်းအတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူချိန်မှာ အခုလို ထိပ်သီးအစည်းအဝေး အောင်အောင်မြင်မြင် ကျင်းပနိုင်ပြီး ကြေညာစာတမ်း ထုတ်ပြန်နိုင်ခဲ့တာဟာ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ တိုးတက်မှုတစ်ခု ဖြစ်ပါတယ်။
မကွေးတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရန် စာရေးသား ဆန္ဒပြမှုများပေါ်ပေါက်
မကွေးမြို့အတွင်းရှိ နေရာအချို့တွင် ၀န်ကြီး
ချုပ်ဦးဘုန်းမော်ရွှေ ရာထူးမှ နုတ်ထွက်ပေးရန် စာရေးသားဆန္ဒပြမှုများပြုလုပ်ခဲ့ကြောင်း သတင်း
ရရှိသည်။
မကွေးမြို့အတွင်းရှိ လူစည်ကားရာနေရာများ၊ အဆောက်အအုံအချို့၏ နံရံများနှင့် ကြော်ငြာဆိုင်းဘုတ်များတွင် ‘ဘုန်းမော်ရွှေ မကွေးတိုင်းမှ နုတ်ထွက်ပေး’ဟု ရေးသားထားပြီး ၀န်ကြီးချုပ်အား ရာထူးမှ ဆင်းပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းစာရေးသားဆန္ဒထုတ်ဖော်မှုမှာ မေလ ဒုတိယပတ်အတွင်း စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အာဏာပိုင်များက လိုက်လံဖျက်ပစ်နေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။
ဝန်ကြီးချုပ် နုတ်ထွက်ပေး ရေးစာရေးသား လှုံ့ဆော်သူများသည် အများပိုင်နေရာများတွင်လည်း ရေးသားမှုများ ပြုလုပ်ခဲ့ ကြောင်း၊ စာရေးသားမှုများပြုလုပ်ခဲ့သည့် လက်သည်တရားခံကို စုံစမ်းလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ကျရဲအရာရှိက 7Day မှ ဖုန်းဖြင့် မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့သည်။ သို့သော် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ယောက်ကိုမျှ ဖမ်းဆီးအရေးယူမှုမပြုထားသေးကြောင်း အဆိုပါအရာရှိက ပြောသည်။
ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုအနည်းဆုံး ၀န်ကြီးချုပ်အဖြစ် သတင်းမီဒီယာများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ၏ ဝေဖန်မှုကို တောက်လျှောက်ခံခဲ့ရသူ လည်းဖြစ်သည်။
သူ၏ ၀န်ကြီးချုပ်သက်တမ်းအတွင်း သတင်းမီဒီယာများကို တရားစွဲဆိုခြင်း၊ စာပေဟောပြောပွဲများနှင့် ဆန္ဒထုတ်ဖော်ပွဲများကို ပိတ်ပင်ခြင်းများကြောင့်လည်း ဝေဖန်ခံခဲ့ရသူလည်း ဖြစ်သည်။ ဝေဖန်မှုများရှိနေသော်လည်း ဦးဘုန်းမော်ရွှေလက်ထက်တွင် မကွေးမြို့နယ်သည် နိုင်ငံတော်သမ္မတက ပေးအပ်သည့်  ၂၀၁၄ အတွက် ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့နယ်ဆု ရရှိခဲ့သည်။
သမ၀ါယမအသင်းစုမြေနေရာတွင် ကွန်ဒိုမီနီယမ် ဆောက်လုပ်သည်ဆိုကာ ဆန္ဒပြ
ရန်ကင်းမြို့နယ် သမ၀ါ ယမအသင်းစု မြေနေ
ရာပေါ်တွင် ရန်ကုန်မြို့တော်စည်ပင်၊ မြို့နယ် သမ၀ါယမအမှုဆောင်လူကြီး များနှင့်
 ပုဂ္ဂလိကလုပ်ငန်းရှင်တို့ ပူးပေါင်း၍
ရွှေမိုးကောင်းကွန်ဒိုမီ နီယမ်ဆောက်လုပ်သည်ဟု ယူဆ သောကြောင့် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဖုန်းမြင့် အောင် ဦးဆောင်၍ မေလ ၁၁ ရက်တွင် ကန့်ကွက်ကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့သည်။
‘‘သမ၀ါယမအသင်းစုမြေ က နိုင်ငံတော်ပိုင်မြေဖြစ်တဲ့အ တွက် ကွန်ဒိုတိုက်ခန်းဆောက် မယ်ဆိုရင်လည်း ပွင့်ပွင့်လင်း လင်းနဲ့ တင်ဒါခေါ်ပြီး နိုင်ငံတော် က ဘယ်လောက်ရတယ်၊ ကန်ထ ရိုက်က ဘယ်လောက်ရတယ်ဆို တာမျိုး သိခွင့်ရသင့်တယ်။ အခု ကျတော့ သမအမှုဆောင်လူကြီး တွေရော၊ ဆိုင်နေရာပါ ဘာမှ မသိရဘဲ ပျောက်သွားတဲ့အတွက် လူထုကိုယ်စားဦးဆောင်ပြီး ဆန္ဒ ထုတ်ဖော်တာပါ’’ ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်း မြင့်အောင်က ပြောသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကွန်ဒိုတည်ဆောက်ရေး လုပ်ငန်း များဆောင်ရွက်နေသည့် ရွှေမိုး ကောင်းဆောက်လုပ်ရေးကုမ္ပဏီ မှ တာဝန်ခံ ဦးသက်ထွေးအား မေးမြန်းရာ ၎င်းအနေဖြင့် မှတ်ချက်ပြုစရာမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
‘‘သမကိစ္စတွေနဲ့ပတ်သက် ပြီး ကျွန်တော်စုံစမ်းနေတာ ကြာ ပြီ။ တောင်ဥက္ကလာမြို့နယ်က မင်္ဂလာသမ၀ါယမ ရောင်းဝယ် ရေးအသင်းဆိုင်ဆိုရင် ဗိုလ်ချုပ် ကြီးတစ်ဦးက ဂရန်ဖောက်ပြီး တော့ သမအမှုဆောင်လူကြီးတွေ ကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲ ခံထားရတယ်။ လွှတ်တော်မှာ ဖြေတော့သာ လူကြားကောင်း တာပါ။ လက်တွေ့မှာတော့ သမ တွေဟာ ဘာမှအကူအညီမရတဲ့ အပြင် လက်သိပ်ထိုးရောင်းစားခံ ရတဲ့အဖြစ်ကို ရောက်သွားတယ်’’ ဟု ဦးဖုန်းမြင့်အောင်က ဆက် လက်ပြောသည်။
နိုင်ငံတော်သမ္မတက သမ၀ါ ယမအသင်းများနှင့် ဆင်းရဲမွဲတေ မှုလျှော့ချရေးလုပ်ငန်းများ အ ကောင်အထည်ဖော်ရန် ဆောင် ရွက်နေသည့်အချိန်တွင်ယခုကဲ့ သို့ အသင်းပိုင်မြေနေရာအား ကွန်ဒိုဆောက်ခွင့်ပြုလိုက်ခြင်း သည် မသင့်လျော်ကြောင်းနှင့် ကန်ထရိုက်ဘက်သို့ ဆက်သွယ် ကြည့်ရာတွင်လည်း အခန်းဝယ် သည့်ကိစ္စမှလွဲ၍ အခြားကိစ္စများ အတွက် ဆက်သွယ်ခြင်းမပြုရန် ပြန်လည်ဖြေကြားခဲ့ကြောင်း ဦး ဖုန်းမြင့်အောင်က ဆိုသည်။
‘‘ကျွန်တော်တို့အသင်းဆို ရင် နှစ်ငါးဆယ်လောက် ပြည်သူ့ ဆိုင်အနေနဲ့ ရပ်တည်ခဲ့တာ။ ဒု ဗိုလ်ချုပ်ကြီး ကျော်ဘက ၂၀၁၀ ခုနှစ်မှာ ဂရန်ဖောက်ယူထားတယ်။ ၂၀၁၁ ခုနှစ်ကျတော့ သူ့ချွေးမက တရားစွဲတယ်။ အခု ခြောက်ဦး တရားရင်ဆိုင်နေရတယ်။ တစ်ယောက်လွတ်သွားတယ်’’ ဟု တောင်ဥက္ကလာပမြို့နယ် မင်္ဂလာသမ၀ါယမ ရောင်းဝယ်ရေးအသင်းမှ ဦးမောင်ထွေးက ပြောသည်။
အဆိုပါကိစ္စအတွက် ဆန္ဒ ထုတ်ဖော်ခြင်းကို ခွင့်ပြုမိန့်တင်ပြ ပြီး တရားဝင်ခွင့်ပြုချက်ဖြင့် ထုတ် ဖော်ခဲ့ခြင်းဖြစ်ပြီး ဦးဖုန်းမြင့် အောင်အပါအ၀င် နိုင်ငံရေးအ ကျဉ်းသားဟောင်းများ၊ အခြား မြို့နယ်များမှ သမအမှုဆောင် လူ ကြီး ၁၀ ဦးက ဆန္ဒထုတ်ဖော်ခဲ့ ကြောင်း သတင်းရရှိသည်။
အမွေကိစ္စစကားများရာမှ ညီမလက်ချက် ဖြင့် အစ်မသေ
မှော်ဘီမြို့နယ် လိပ် ပုတ်ကျေးရွာတွင် မေလ
၁၀ ရက်က ညီအစ်မနှစ်ဦးအမွေ
ကိစ္စဖြင့်စကားများရန်ဖြစ်ရာမှအစ်မ ဖြစ်သူကို
 ညီမက တုတ်ဖြင့်ရိုက်၊ ဓားဖြင့်ခုတ်သဖြင့် အစ်မသေဆုံးသွားခဲ့၍မှော်ဘီမြို့နယ်ရဲစခန်းတွင်
 ဖမ်းဆီးစစ်ဆေးကြောင်း သတင်းရရှိသည်။
  မှော်ဘီမြို့နယ်လိပ်ပုတ် ကျေးရွာအုပ်စု ဆယ်အိမ်တန်း ကျေးရွာရှိ နေအိမ်တစ်ခုတွင် ညီအစ်မနှစ်ဦး  အမွေကိစ္စဖြင့်  စကားများရန်ဖြစ်ရာမှ ညီမဖြစ်သူက အစ်မကို သစ်သားတုတ်ဖြင့်​ ရိုက်ကာ အရိုးအသွား တစ်ပေခန့် ရှိဓားဖြင့်ခုတ်ခဲ့သည်။   ထို့ နောက် ဒဏ်ရာ အပြင်းအထန်ရရှိနေ သည့် အစ်မကို အိမ်နောက်ဘက်ငှက်ပျောပင်ခြေရင်းတွင် ထားခဲ့ကြောင်းသတင်းရရှိသည်။
‘‘အမွေကိစ္စလို့ပဲသိတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ သူ့ညီမက အိမ်ရှေ့မှာရေမိုးချိုးပြီး ထိုင်နေတာ။ သူ့အစ်မကို နောက် ဖေးမှာဝှက်ထားတာ။ ဒီတော့ ကျွန် တော်တို့ကလည်း အစ်မတို့ခုနက စကားများရန်ဖြစ်ကြတယ်ဆို မေးတော့ မှင်သေသေပဲ။ ဒါနဲ့ ကျွန်တော်တို့က အစ်မပုံစံက တုန်လှုပ်နေတဲ့ပုံပေါ်တယ်ပြောတော့မှ သူ့အစ်မ ဘယ်မှာလဲဆိုတာသိတာ။ နောက်ဖေးငှက်ပျောပင်ခြေရင်းမှာပစ်ထားတာ။ စိုးရိမ် ရလို့ ဆေးရုံပို့ရင်းဆုံးသွားတယ်’’ ဟု လိပ်ပုတ်ကျေးရွာအုပ်ချုပ်ရေး မှူးဦးရွှေသီးကပြောသည်။
အဆိုပါညီအစ်မနှစ်ဦးသည် ရွှေပြည်သာမြို့နယ် လှော်ကား တွင်နေထိုင်သူများဖြစ်ပြီး ၎င်းတို့ ဝယ်ယူထားသည့်အခင်းဖြစ်ပွား ရာခြံသို့ ခေတ္တလာရောက်ခြင်းဖြစ် သည်။ အစ်မဖြစ်သူမှာနဖူး၊ မေးစေ့၊ မျက်ခုံးနှင့် မျက်နှာတို့တွင် ဖူးရောင်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
‘‘ပြစ်မှုကျူးလွန်သူကို ဖမ်း ထားပါပြီ။ မနက်ဖြန်ရမန်ယူပြီး ရုံးတင်စစ်ဆေးမှာပါ’’ဟု မှော်ဘီ မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
   ဖြစ်စဉ်နှင့်ပတ်သက်၍ မှော်ဘီမြို့နယ်ရဲစခန်းတွင် ပြစ်မှု ဆိုင်ရာပုဒ်မ ၃၀၂  လူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဆိုင်ကယ်ကယ်ရီနှင့် ငှားရမ်းသူများအဖွဲ့လိုက် ရန်ဖြစ်ရိုက်နှက်ရာတစ်ဦးသေဆုံး
ဆိုင်ကယ်ကယ်ရီမောင်းသူ ခြောက်ဦးနှင့်ဆိုင်
ကယ်ငှားသူ လေးဦးတို့ စကားများပြီးအုပ်စုဖွဲ့
 ရန်ဖြစ်ရာမှ ဆိုင်ကယ်ငှားသူများ အရိုက်
ခံရပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း
  သတင်းရရှိသည်။
လှိုင်သာယာမြို့နယ်နေ အ မျိုးသားလေးဦးသည် မေ ၁၀ရက် ညက အလုပ်ကိစ္စဖြင့် ရွှေလင်ပန်း ရပ်ကွက်ရှိ ၁၀၃လိုင်းကားဂိတ်သို့ စက်ဘီးဖြင့်သွားခဲ့ကြသည်။ အပြန် လမ်းတွင် စက်ဘီးဘီးပေါက်၍ ဆိုက်ကယ်ကယ်ရီငှားစီးရန် ရွှေလင်ပန်းဘုန်းကြီးကျောင်း ရှေ့ရှိ ဆိုင်ကယ်ကယ်ရီဂိတ်တွင် ဆိုင်ကယ်ငှားကြသည်။
ထိုအခါ ကယ်ရီမောင်းသူ များနှင့် စကားများသောကြောင့် ဆိုင်ကယ်မငှားတော့ဘဲ စက်ဘီး ကို ဆက်တွန်းလာခဲ့ကြသည်။ ရွှေလင်ပန်း တံတားအဆင်းသို့ ရောက်သောအခါ ဆိုင်ကယ်ကယ်ရီသမား ခြောက်ဦးခန့်က နောက်မှလိုက်လာကာ သစ်သားတုတ်များဖြင့် ၀ိုင်းရိုက်ခဲ့ကြောင်း အမှုဖွင့်သူများ ကပြောသည်။
ဖြစ်စဉ်ကြောင့် အမျိုးသား တစ်ဦး ညာဘက်နားအုံပေါက်ခဲ့၍ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသ စဉ် မေ ၁၁ရက် နံနက်ကသေဆုံး ခဲ့သည်။ နောက်ထပ်အမျိုးသား တစ်ဦးတွင်လည်း ဦးခေါင်းနှင့် ဘယ်ဘက်မျက်ခုံးတို့၌ ဒဏ်ရာ များရခဲ့၍ ပြစ်မှုကျူးလွန်သူများ ကို အရေးယူပေးရန်လှိုင်သာယာ မြို့မရဲစခန်းသို့ တိုင်ကြးခဲ့သည်။
လှိုင်သာယာမြို့နယ်နေသူ များဖြစ်သည် လှသိန်း၊ စိုးသိန်း၊ သန်းလွင်တို့သုံးဦးနှင့်အခြားအ မည်မသိသူသုံးဦးတို့ ကျူးလွန်ခဲ့ ခြင်းဖြစ်ကြောင်း ရဲစခန်းမှတာဝန် ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်မြို့တွင် ဆိုင်ကယ်မ စီးရန် သတ်မှတ်ထားသော်လည်း ဆိုင်ကယ်စီးသူများနှင့်အခကြေး ငွေဖြင့် ဆိုင်ကယ်ကယ်ရီအငှား လိုက်သူများများပြားနေရာ အ ထက်ပါအတိုင်းပြစ်မှုများဖြစ်ပွား မှသာ ဖမ်းဆီးအရေးယူလေ့ရှိ သည်။ တရားမ၀င်ဆိုင်ကယ်စီးသူ များကို အင်းစိန်နှင့် လှိုင်သာယာ မြို့နယ်အတွင်း အများဆုံးဖမ်းမိ လေ့ရှိကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းအ ရသိရှိရသည်။
လမ်းပြောင်းပြန်နှင့် မီးနီ ဖြတ်မောင်းသူများကို ယာဉ်မောင်းလိုင်စင် တစ်နှစ်မှ လေးနှစ်အထိ ပိတ်မည်
ရန်ကုန်မြို့တော်တွင် မောင်းနှင်လျက် ရှိသော
 မော်တော်ယာဉ်များ အနေနှင့်
လမ်းပြောင်းပြန်နှင့်၊ မီးနီ ဖြတ်မောင်းပါက
သတ်မှတ်ထားသော ဒဏ်ကြေးငွေများ
အပြင် လိုင်စင်ကို တစ်နှစ်မှ လေးနှစ်အထိ (နှစ်အကန့်အသတ်ဖြင့်) ပိတ်သိမ်းရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ညှိနှိုင်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။
မော်တော်ယာဉ်များ အနေနှင့် မီးနီ ဖြတ်မောင်းခြင်း၊ ကွေ့ကြောကို အ
တည့်ထွက်ခြင်း၊ နှစ်ထပ်ရပ်ခြင်း၊ လမ်းပြောင်းပြန် မောင်းခြင်းများကို ဒဏ်ငွေ ကျပ်၁၅၀၀ ပေးဆောင်ရပြီး ယခုအခါ စည်းကမ်း တင်းကျပ်သည့် အနေနှင့် ယဉ်မောင်းလိုင်စင်ကို တစ်နှစ်မှ လေးနှစ်အထိ ပိတ်သိမ်း အရေးယူနိုင်ရေးနှင့် ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသော ကာလအတွင်း ဆက်လက် မောင်းနှင်ပါက ထောင်ဒဏ် တစ်လအထိ ချမှတ်ရန် စီစဉ်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
“ယာဉ်မောင်းတွေက ဒဏ်ငွေ ၁၅၀၀ လောက်ကို မမှုတော့ဘဲ လမ်းစည်းကမ်း ချိုးဖောက်မှုတွေ ပိုများလာလို့ အခုလို စည်းကမ်း တင်းကျပ်ဖို့ လုပ်တာပါ။ နှစ်ပတ်အတွင်း အတည်ပြု ထုတ်ပြန်သွားမှာပါ” ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။
စည်းကမ်း ဖောက်ဖျက်သော မော်တော်ယာဉ်များကို အရေးယူရာတွင် မူဝါဒအတိုင်း တစ်ပြေးညီ ဖြစ်စေချင်ပြီး၊ ယာဉ်ကြော ပိတ်ဆို့သော နေရာတွင် ယာဉ်ထိန်းရဲများကို ချထားပေးစေလိုကြောင်း ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သည့် အသက် ၆၅ နှစ်အရွယ် အငှားယာဉ်မောင်း ဦးမောင်မောင်က ပြောကြားသည်။
လေဘေးသင့် ဒေသခံများ ဆန်နှင့်ဆီမှအပ အခြားထောက်ပံ့မှု မရရှိ
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်
 ရွှေတောင်မြို့တွင် မေလ ၇ ရက်နေ့က
တိုက်ခတ်သွားသည့် လေပြင်းကြောင့်
အိမ်ပြိုကျ ပျက်စီးခဲ့ရသူများမှာ ဆန်နှင့်
ဆီတို့မှအပ အခြားထောက်ပံ့မှုများ မရရှိသေးကြောင်း လေဘေးသင့် ဒေသခံများထံမှ သိရသည်။
ရွှေတောင်မြို့နယ်တွင် မေလ ၇ ရက်နေ့က တိုက်ခတ်ခဲ့သည့် လေပြင်းဒဏ်ကြောင့် ရွှေဟင်္သာ ကျေးရွာအုပ်စု ညောင်ကုန်းရွာဟောင်းနှင့် ကျီးသဲကျေးရွာအုပ်စု ချောင်းထောင့် ကျေးရွာတို့ရှိ အိမ်ခြေ ၂၄ လုံး ပြိုကျခဲ့ပြီး အိမ်ခြေ အနည်းဆုံး ၂၀ ကျော် ပျက်စီးခဲ့၍ လူဦးရေ ၁၇၄ ဦး လေဘေးသင့်ခဲ့ရပြီး ကျပ်သိန်း ၃၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ခရိုင်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
“အိမ်တိုင်ကနေ ကျွတ်ထွတ်သွားတယ်။ ခုတော့ ယာယီ တဲထိုးနေရတာပဲ။ ဆန်နဲ့ဆီ ထောက်ပံ့ပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေအနေ ဆိုတော့ အလုပ်မလုပ်နိုင်တော့တဲ့ အတွက် ငွေကြေးကတော့ ခက်ခဲတာပေါ့။ မိုးကလည်း ရွာနေတော့ တဲမှာ မိသားစု သုံးယောက် မလုံ့တလုံနေ နေရတာပဲ” ဟု ညောင်ကုန်းရွာဟောင်းက ဦးအောင်မင်းက The Voice သို့ ပြောဆိုသည်။
လေဘေးသင့် ဒေသခံများကို မြို့နယ် သဘာဝဘေး တားဆီးကာကွယ်ရေး အဖွဲ့က တစ်အိမ်လျှင် ဆန် ၁၀ ပြည်နှုန်း ထောက်ပံ့နေပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်တို့က ဆန်ငါးပြည် ထပ်မံ ထောက်ပံ့ပေးထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးက တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ကယ်ဆယ်ရေး ပစ္စည်းတွေအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားတယ်။ လေဘေးသင့်တဲ့ သူတွေက ဆွေမျိုးနီးစပ် အိမ်တွေ၊ စာသင်ကျောင်းတွေမှာ နေတယ်။ တချို့လည်း တဲထိုးနေကြတယ်။ ထောက်ပံ့မှုထဲမှာ ငွေပါ မပါတော့ အစိုးရအဖွဲ့က ပြန်ချပေးမှပဲ သိမယ်” ဟု ၎င်းက ထပ်မံ ရှင်းပြသွားသည်။
ရွှေတောင်မြို့နယ်တွင် ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်းကလည်း လေပြင်းဒဏ်ကြောင့် လူသုံးဦး သေဆုံးခဲ့ကာ ကသစ်တိုင်း အုပ်စု၊ မဲတောအုပ်စု၊ ဆည်ကြီးကုန်းအုပ်စု အစရှိသည့် ကျေးရွာအုပ်စုများမှ လူဦးရေ ၁၃၈ ဦးခန့် လေဘေးဒဏ်သင့်ခဲ့ပြီး ထိုစဉ်က ပြိုကျ ပျက်စီးခဲ့သည့် နေအိမ် အများစုမှာလည်း ငွေကြေး အခက်အခဲကြောင့် ပြန်ဆောက်ရန် အကူအညီ လိုအပ်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။
The  Voice Weekly
စွန်းထင်းခဲ့သူ
မှန်းရခက်တဲ့ ကြိုးတစ်စက
ကောင်မလေးရဲ့ မျက်ဝန်းနဲ့
ခဏတာဆုံဆည်းလိုက်တိုင်း
ငါ့နှလုံးသားမှာ နှောင်ကြိုးအဖြစ်
ရစ်ထုံးသွားတာဘယ်သူသိနိုင်မှာလဲ
တစ်ကရ်ဆို……..
ငါဟာ အချစ်နဲ့ပတ်သက်လို့ မာယာကင်းမဲ့သူပါ
ဖြူစင်ခြင်းဆိုတဲ့ ၀ဲဂယက်ထဲမှာ
အေးချမ်းစွာကူးခတ်နေရတဲ့ ဘ၀လေးကို
မက်မောခုံမင်စွာ
ကျေနပ်မှုများစွာနဲ့
ရောင့်ရဲနေတက်သူပေါ့
အခုတော့……….
မမျှော်လင့်တဲ့ ချည်နှောင်မှုရဲ့အောက်မှာ
အတ္တ မာန တပ်မက်မှု မာယာ ဆိုတဲ့
မကောင်မှန်သိတဲ့ အရာတွေကို
အလိုအလျှောက်ပိုင်ဆိုင်နေခဲပြီ
ဒါပေမယ့်
ပြန်လည်ရုန်းထွက်ဖို့ အခွင့်အရေးရှိတောင်
အဲဒီအခွင့်အရေးတွေကို ဟိုးခပ်ဝေးဝေး
ကမ္ဘာ့အပြင်ဘက်ကို လွှင့်ပစ်လိုက်မယ်
ဒီလို လူ (၁၀)မျိုးကိုတွေ့ခဲ့ရင် တန်ဖိုးထားပါ==
ဒီလို လူ (၁၀)မျိုးကိုတွေ့ခဲ့ရင် တန်ဖိုးထားပါ
===========================
၁။ ကိုယ်တစ်ကယ်ချစ်တဲ့သူကိုတွေ့ခဲ့ရင် သူနဲ့ဘ၀တစ်လျှေက်လုံးလက်တွဲသွားဖို့အခွင့်အရေးရအောင်ကြိုးစားပါ။ဘာကြောင့်လဲဆိုတော့သူထွက်သွားတဲ့အခါအရာအားလုံးနောက်ကျသွားပါလိမ့်မယ်။
၂။ ကိုယ်တစ်ကယ်ယုံကြည်ရတဲ့သူငယ်ချင်းကိုတွေ့ခဲ့ရင် သူနဲ့အဆင်ပြေပြေကောင်းကောင်းမွန်မွန်ဆက်ဆံသွားပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘ၀မှာသူငယ်ချင်းအစစ်တွေ့ရဖို့ဆိုတာမလွယ်တော့လို့ပါ။
၃။ ကိုယ့်ကိုတစ်ချိန်တုန်းကကူညီပေးခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူ့ကိုကောင်းကောင်းကျေးဇူးတင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာကိုယ့်ဘ၀ရဲ့အလှည့်အပြောင်းဖြစ်ခဲ့လို့ပါဘဲ။
၎။ ကိုယ်တစ်ချိန်တုန်းကချစ်ခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူ့ကိုပြုံးပြုံးလေးနဲ့ကျေးဇူးတင်ဖို့မမေ့ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့သူက ကိုယ့်ကိုအချစ်အကြောင်းပိုနားလည်စေခဲ့လို့ပါ။
၅။ ကိုယ့် ကိုတစ်ချိန်တုန်းကမုန်းတီးခဲ့ဖူးတဲ့ သူကိုတွေ့ခဲ့ရင်ပြုံးပြုံးလေးနဲ့သူ့ကိုနှုတ်ဆက်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူ့ကြောင့်ကိုယ်ကပိုပြီးသတ္တိရှိလာခဲ့တယ်။
၆။ ကိုယ့်ကိုတစ်ချိန်တုန်းက သစ္စာဖောက်ခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူနဲ့အေးအေးဆေးဆေးစကားစမြည်ပြောလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူ့ကြောင့်မဟုတ်ရင် ကိုယ်လည်းလောကအကြောင်းကိုသိလာမှာမဟုတ်ဘူး။
၇။ ကိုယ်တစ်ချိန်တုန်းက တိတ်တခိုးချစ်ခဲ့ဖူးတဲ့ သူကိုတွေ့ခဲ့ရင်သူ့ကိုပျော်ရွင်ပါစေဆိုပြီး ဆုတောင်းပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ကိုယ်သူ့ကိုတိတ်တခိုးချစ်ခဲ့တုန်းက သူပျော်၇ွင်တာကိုဘဲ လိုလားခဲ့တာမဟုတ်လား။
၈။ ကိုယ့်ဘ၀ထဲကနေထွက်သွားခဲ့တဲ့သူကိုတွေ့ခဲ့ရင် သူကိုယ့်ဘ၀ထဲဝင်ခဲ့တာကိုကျေးဇူးတင်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူကကိုယ့်ဘ၀ရဲ့ပျော်ရွင်စရာကောင်းတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တယ်လေ။
၉။ ကိုယ့်ကိုတစ်ချိန်ကအထင်လွဲခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် အချိန်မှီဖြေရှင်းချက်ပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူနားလည်အောင်ဖြေရှင်းပေးဖို့အခွင့်အရေးကတစ်ခါဘဲရှိနိုင်လို့ပါ။
၁၀။ ယခု ကိုယ်နဲ့ဘ၀တစ်လျှောက်လုံး လက်တွဲသွားမယ့်သူကိုတွေ့ရင် သူကိုယ့်ကိုချစ်တာ ရွေးချယ်ခဲ့တာကို ရာနှုန်းပြည့်ကျေးဇူးတင်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့အ ခုနှစ်ယောက်လုံးပျော်ရွင်မှု့နဲ့အချစ်စစ်ကိုပိုင်ဆိုင်နေရလို့ပါ။
သဘာဝတရားကို သိစွမ်းနိုင်တဲ့ ပညာဆိုတာ။
       ပညာဆိုတာကတော့ ဗုဒ္ဓမြတ်စွာက လောကကြီးမှာ လိုအပ်တဲ့ အမြင့်ဆုံးပညာကို
ဟောထားတယ်။ ပညာဟူသည်မှာ အကောင်းအဆိုး၊ အကြောင်းအကျိုး လုပ်သင့် မလုပ်သင့်
စတာတွေကို ခွဲခြားသိတာကို ပညာခေါ်တယ်။ လောကမှာ သင်ယူထားတဲ့ ပညာအများစုဟာ
သညာအဆင့်ပဲရှိသေးတယ်၊ အဲဒီအပေါ်မှာ အကောင်းအဆိုး ခွဲခြားသိတာမှ ပညာဖြစ်တယ်။
သင်ယူထားတဲ့ အချက်တွေပေါ်မှာ ဆင်ခြင်သုံးသပ်တယ်၊ လက်တွေ့လုပ်တယ်၊ ဒါကို ပညာ
လို့ခေါ်ရမယ်။ “ ပကာရေနဇာနာတီတိ ပညာ ” တဲ့။
         လူ့လောကမှာ လူရယ်လို့ ဖြစ်လာတဲ့အခါမှာ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးနဲ့
ကြုံတွေ့တဲ့ အချိန်မှာ တကယ့်ကို ရရှိရမယ့်ပညာကတော့ ဖြစ်ခြင်းပျက်ခြင်းဆိုတဲ့ သဘာဝ
တရားကို သိစွမ်းနိုင်တဲ့ ၀ိပဿနာပညာမျိုး ဖြစ်တယ်။ ဘ၀ဆိုတာ ရုပ်တရား နာမ်တရား ၂
မျိုးနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်။ ထို ရုပ်တရား နာမ်တရား ၂ မျိုးစလုံးဟာ အကြောင်း
ကို မှီပြီးတော့ ပြောင်းလွဲနေကြတယ်။ မြဲတဲ့အရာတွေ မဟုတ်ဘူးဆိုတာကို သိလာတယ်။ အဲဒီ
လို သိလာတာကို ၀ိပဿနာပညာလို့ ခေါ်ပါတယ်။
နိုင်ဘူး၊ အတွယ်အတာကို မဖြုတ်နိုင်သေးသမျှ သံသရာ လည်နေဦးမှာ ဖြစ်ပါတယ်။ ဘ၀ကို
တွယ်တာရင် သံသရာ လည်နေမှာ ဖြစ်ပါတယ်။
         ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း သဘာဝတရားကို သိစွမ်း
နိုင်တဲ့  ပညာကိုရရှိကာ ကျင့်ကြံအားထုတ်နိုင်ကြပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ
ကုန်သတည်း။ ။
{၁၃၆၉ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် (၁၁) ရက်နေ့ည မန္တလေးမြို့ ဗုဒ္ဓဂယာဓမ္မာရုံကြီးအတွင်း
 အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(PhD) ဟောကြားသော မြတ်သောဥစ္စာ စုဆောင်းပါ
 တရားတော်မှ ကောက်နုတ်ရေးသားပါသည်။}
    “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
မရှင်သန်ခြင်း
နာကျင်မူတွေ
ခ၀ါချ ငါမာနတွေ
ပြာကျသွားတုန်းကဆို
နင်မျက်နှာမှာ
အပြုံးတွေနဲ.ပေါ.
အဆုံးမရှိတဲ. အမုန်းတွေက
ငါရင်ဘက်ထဲမှာပြည်.နှက်နေပြီး
အောက်ကျခံတဲ.မျက်လုံးမျိုးနဲ.
ငါဘေးကိုမလာနဲ.တော.
အရင်လိုငါမသနားတတ်တော.ဘူး
သစ္စာမရှိတဲ. နင်လိုလူအတွက်
ငါရင်ထဲမှာ
အချစ်ဆိုတာ မရှင်သန်တော.ဘူး
မသက်ဆိုင်တဲ့ဘာသာရပ်တခုပါချစ်သူ
သတိရလို့လွမ်းနေတတ်ခဲ့ပြီချစ်သူ
ဘာမှမဟုတ်တဲ့ကိစ္စလေးနဲ့
နင်ငါ့ကိုပြောခဲ့တာက
သစ္စာမရှိဘူးတဲ့လားဟာ
ငါ့ရင်ဘတ်မှာတံဆိပ်ကပ်ပြီး
ချစ်တယ်လို့အရင်ပြောခဲ့တာဘယ်သူလ
စဉ်းစားကြည့်ပါဦး
ရင်ခုန်တတ်အောင်သင်ပေးပြီး
ချစ်တတ်လာခဲ့တော့မှ
မင်းကထားခဲ့ရက်ချင်တာလား
အေးပေါ့ကွာ မင်းကအောင်နိုင်သူကြီးပေါ့
ငါကအရှုံးသမားကြီးပေါ့
စိတ်ချပါလေ ငါကနင့်အတွက် အတ္တမရှိချစ်တဲ့သူ
ငါမွေးကထဲက ငါတတ်မြောက်ထားတဲ့
ဘာသာတခုအကြောင်းပြောပြမယ်
နင်မှတ်ထားပေးပါ
တကယ်တော့ ပိုင်ဆိုင်မှုဆိုတာ
ငါနဲ့မသက်ဆိုင်တဲ့ဘာသာတစ်ရပ်ပါချစ်သူ
သေခြင်း
မှော်ဆရာတစ်ယောက်ရဲ.
အသွားထက်တဲ.
ကျိန်စာအောက် ပိတ်မိနေတဲ.
ငါအတွက်တော.
သေခြင်းတရားဆိုတာ
ကြောက်စရာမကောင်းတော.ပါဘူး
ငိုရိုက်ခြင်း ၀တ်ရုံစကို
ခြုံလွှမ်းရင်း နာကျင်ခြင်း
ပင်လယ်ပြင်ကို ငါကူးခပ်ရအုံးမယ်
လဲသေလိုက်
ငါကရက်စက်တတ်တယ်ဟုတ်လား
ဟုတ်မှာပါ
ဒါပေမယ်. နင်လိုတော.
မလိမ်ညာတတ်ခဲ.ဘူး
ငါကိုနင်မုန်းတယ်မဟုတ်လား
ငါကတော. နင်ကို
မေတ္တာကိုမရှိတော.တာ
ဘာမှခံစားချက်ရှိမနေတဲ.အတူတူ
ငါကိုနင်မုန်းမနေနဲ.
ငါကိုမုန်းရင်နင် ငါကိုသတိရနေလိမ်.မယ်
နင်သတိရခြင်းတွေထဲမှာ
ငါမနေထိုင်ခြင်းဘူး
Sorry လို.ပြောတဲ.နင်မျက်နှာပေကို
မြင်ယောင်မိတိုင်း
နင်ကိုရွံရှာနေမိတယ်
ဒီတစ်သက်တော.ဒီမျှသာပဲ
ငါရင်ခွင်ကိုပြန်လာရင်တော.
အားနာပါးနားစကားတခွန်းတော.
ပြောလိုက်မယ်
***လဲသေလိုက်***
ရသေ့ကို ဖျက်ဆီးသော သိကြားမင်း
ဘုန်းဘုန်းဘုရား တပည့်တော် စိတ်ထဲမှာ သိလိုတာလေးတစ်ခု ရှိလာပါတယ် အဲဒါလေးကို မေးခွင့်ပြုပါဘုရား။ "ဣသိသိင်္ဂရသေ့ဟာ ရရှိထားသော ဈာန်ကိုကစားရင်း ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်လေရာ သိကြားမင်း၏ ဗိမာန်ပင် တုန်လှုပ်လေ၏။
သိကြားမင်းသည် စုံစမ်းဆင်ခြင်၍ ထိုရသေ့၏ သီလတန်ခိုးကြောင့် တုန်လှုပ်ခြင်းဖြစ်ကြောင်းသိသဖြင့် `ငါ့နေရာကို လိုချင်လို့များလား´ဟု ယုံမှားသံသယဖြင့် ကြောက်ရွံလှသဖြင့် အလမ္ဗုသာမည်သော နတ်သမီးကို စေလွှတ်၍ ထိုဣသိသိင်္ဂရသေ့၏ သီလကို ဖျက်ဆီးလေ၏။"
သိကြားမင်းသည် ရသေ့၏သီလကို နတ်သမီးအား စေလွှတ်ပြီးတော့ ရသေ့၏သီလကို ဖျက်ဆီးစေခဲ့ပါတယ်။ အဲဒီ့လို ရသေ့သီလကို ဖျက်ဆီးသော သိကြားမင်းက ငရဲကျလားဆိုတာကို သိလိုပါတယ်ဘုရား။
တပည့်တော်စာတွင် အမှားယွင်းပါရှိခဲ့လျှင် ရှိခိုးကန်တော့ တောင်းပန်ပါတယ်ဘုရား။
ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများ ကိုဦးထိပ်ပန် ကန်တော့လျှက်
ဒကာ ဟိန်းထွန်းစိုး
ဖြေ။ ။ အထက်ပါမေးခွန်းကို မေးလ်ပို့ပြီး မေးမြန်းထားတာ ကြာပါပြီ။ သို့ပါသော်လည်း အကြောင်းကြောင်းတွေကြောင့် အချိန်တွေ ကြန့်ကြာနေခဲ့ပါတယ်၊ ဘာသာရေးကို စိတ်ဝင်စားကြတဲ့ လူငယ်လူရွယ်လေးတွေ များပြားလာတာကို တွေ့ရတဲ့အတွက် စိတ်ထဲမှာလည်း ပီတိဖြစ်မိတယ်။ ဒါကြောင့်လဲ စာရေးသူဟာ လူငယ်လူရွယ် မျိုးဆက်သစ်လေးတွေ ဘာသာရေးနဲ့ မစိမ်းအောင် သူတို့စိတ်ဝင်စားမဲ့အကြောင်းအရာလေးတွေကို အလျင်းသင့်လျင် သင့်သလို ရေးသားလေ့ရှိခဲ့တယ်၊ အထက်ပါ မေးခွန်းအရ တိုတိုနဲ့လိုရင်းဖြေဆိုရရင် သိကြားမင်းဟာ အဲဒီ သိကြားမင်းဘ၀နဲ့ သောတာပန်ဖြစ်သွားတာကြောင့် သောတာပတ္တိမဂ်က လုပ်ခဲ့ဖူးသမျှ အကုသိုလ်ကို ပယ်သတ်ကာ အနိုင်ယူလိုက်တဲ့အတွက် ငရဲမကျတော့ဘူးလို့လွယ်လွယ် မှတ်သားနိုင်ပါတယ်၊ သို့သော်လည်း သူ့နောက်ကွယ်မှာ နက်နဲတဲ့ သမိုင်းကြောင်းတွေ ရှိနေခဲ့တယ်ဆိုတာကို သိရမှ ဒီအဖြေကို လက်ခံနိင်လိမ့်မယ်။
အခုလူ့လောကမှာ မေးနေကြတယ်၊ အကုသိုလ်တွေ နှစ်ပေါင်းများစွာလုပ်ပြီး အသက်မွေးဝမ်းကျောင်း စီးပွားရေးလုပ်နေသော်လည်း ဆက်လက်ကြီးပွားနေကြတယ်၊ အကုသိုလ်က သူတို့ကို အကျိုးမပေးဘူးလား၊ ဒဏ်မခတ်ဘူးလားတဲ့။ ကံ ကံရဲ့ သဘောအရ ဆိုလျင်တော့ သူတို့ အကုသိုလ်တွေဟာ ဒီဘ၀မှာ အကျိုးမပေးရင်တောင် နိဗ္ဗာန်မရောက်ခင် ဘ၀တွေအကြား ဘ၀တစ်ခုမှာ အကုသိုလ်အကျိုးကို ခံစားရမှာပါ၊ ယခုဘ၀ ချမ်းသာပြည့်စုံနေတာ အရင်ဘ၀တွေက ဒါနအကျိုးပေးတွေ မကုန်သေးလို့ပဲ ဖြစ်ပါတယ်။
သိကြားမင်းဆိုတာကလဲ ဟို(၅၅၀)ဇာတ်တော်တွေမှာလာတဲ့ သာသနာပကာလ သိကြားမင်းတွေလဲ အများကြီးရှိတယ်။ ဒီသိကြားမင်းကတော့ တို့ဂေါတမဗုဒ္ဓဘုရားမပွင့်ခင် မဂဓတိုင်း မစလရွာမှာ ရပ်ရွာကောင်းကျိုး သယ်ပိုးပြီး သူငယ်ချင်းတွေ အုပ်စုလိုက် နတ်ပြည်ရောက်သွားတဲ့ သူပါ၊ အဲဒီထဲမှာ ခေါင်းဆောင်နာမည်က ကိုမာဃလို့ ခေါ်တယ်။ အခု ဒီသိကြားမင်းကိုလဲ ကိုမာဃ သိကြားမင်းလို့ အလွယ်မှတ်နိုင်ပါတယ်၊
အခု သိကြားမင်းဟာ ရသေ့သီလကို ဖျက်ဆီး(ပျက်စီး)စေတာ မှန်သော်လည်း ဒီအဖြစ်အပျက်က ဘုရားမပွင့်ခင် သာသနာပကာလမှာ ဖြစ်ခဲ့တာပါ။ ဗုဒ္ဓစာပေတွေမှာ သက္ကပဥှသုတ္တန်ဆိုတာ ရှိတယ်၊ သိကြားမင်းက သူသိလိုတဲ့ မေးခွန်းတွေကို တန်းစီပြီး ဘုရားရှင်ကို မေးမြန်းထားတာကို မြတ်စွာဘုရားကလဲ အကျယ်တ၀င့် ဖြေဆိုဟောကြားပေးလိုက်တယ်။ တရားတော် အဆုံးမှာ သိကြားမင်းဟာ သောတာပန် ဖြစ်သွားတယ်။ တစ်ဆက်တည်းမှာ ထူးဆန်းအံ့သြစရာ ကောင်းတာ က သောတာပန်လဲဖြစ်ပြီးရော သိကြားမင်းဟာ ဘုရားရှင်ရှေ့မှာတင် စုတေသွားတယ်။ စုတေပြီး ဘွားကနဲ ခန္ဓာကိုယ်အသစ် ချက်ချင်းဖြစ်လာတယ်။ နောက်ကပါလာတဲ့ နတ်သား နတ်သမီးတွေ တစ်ယောက်မှ မသိလိုက်ဘူး၊ သိကြားမင်းကိုယ်တိုင်နဲ့ ဘုရားရှင်ပဲ သိလိုက်တယ်။
ဗဟုသုတအဖြစ်သိနိုင်တာက ဖယောင်းတိုင် ဆီမီးတိုင်များကုန်သွားရင် ဘာမှမကျန်ခဲ့သလိုပဲ။ နတ်တွေဗြဟ္မာတွေ သေပြီဆိုရင် လူတွေသေသလို ခန္ဓာကိုယ် မကျန်ရစ်ဘူး။ ဖျတ်ကနဲ့ ပျောက်သွားတယ်။ အခု သိကြားမင်းလဲ နောက်တကြိမ် သိကြားထပ်ဖြစ်တာဆိုတော့ ခန္ဓာကိုယ်က ဘွားကနဲ ပေါ်လာတာပေါ့၊ အဲဒီလို သောတာပန်လဲဖြစ်၊ ခန္ဓာကိုယ်အသစ် ဘ၀အသစ်လဲ ရလိုက်တယ်ဆိုတော့ သိကြားမင်းဟာ သိပ်ပြီးပျော်လွန်းလို့ ၀မ်းသာအားရ ဘုရားရှင်ကို လျောက်ထားတဲ့ စကားတွေ အများကြီးရှိခဲ့တယ်။
တပည့်တော် သိကြားမင်း တော်တော်အလုပ်များပါတယ်။ ဒါကြောင့် အရှင်ဘုရားဆီကို ခဏတိုင်း လာရောက် မဖူမျှော်နိုင်ခဲ့ဘူး။ အခုတော့ လာဖူးရကျိုး နပ်ပါပြီ။ နောက်ဘ၀သစ်ကိုလဲ ရလိုက်ပါပြီဆိုပြီး လျောက်ထားတယ်။ ဘာကြောင့် သိကြားမင်း အလုပ်များသလဲလို့ဆိုရင် ကာမဂုဏ်အာရုံတွေ ခံစားတာသက်သက်မဟုတ်ပဲ အခြားသော နတ်သားနတ်သမီးတွေရဲ့ အခက်အခဲတွေကိုလဲ ဖြေရှင်းပေးရသတဲ့။
ဥပမာ တစ်ချို့နတ်သား နတ်သမီးတွေက ဘွားကနဲ့ နတ်ပြည်မှာ ဗိမာန်နှစ်ခုအကြား လာဖြစ်ရင် နတ်သားတွေက သူယူမယ် ငါယူမယ် လုနေကြတော့ အဲဒီပြဿနာတွေကို သိကြားမင်းက ဒိုင်ခံဖြေရှင်း ပေးရတယ်။ နီးတဲ့ဗိမာန်ပိုင်ရှင် နတ်သားပိုင်စေပေါ့။ ဒီအကြောင်းတွေကို လင်္ကာလေးတွေနဲ့ အလွယ်မှတ်နိုင်ပါတယ်။
နတ်သမီး ခွဲတမ်း ဥပဒေ
ရင်ခွင်ထက်တွင်၊ ဖြစ်ပေါ်လျင်၊ ခေါ်တွင် သားနှင့် သမီး၊
အဓိပ္ပါယ်က ဗိမာန်ပိုင်ရှင် နတ်သားရဲ့ ရင်ခွင်ထဲမှာ ဘွားကနဲပေါ်လာရင် နတ်သားရဲ့ သား သမီးတွေပါတဲ့။
အိပ်ယာထက်တွင်၊ ဖြစ်ပေါ်လျင်၊ ခေါ်တွင် ပါဒပရိစာရိက။
နတ်သားရဲ့ အိပ်ယာပေါ် လာဖြစ်ရင်တော့ မိဖုရားအနေနဲ့ သိမ်းပိုက်နိုင်ပါတယ်။
အိပ်ယာဘေးမှာ၊ ဖြစ်ပေါ်လာ၊ မှတ်ပါ အထိန်းတော်ဘ၀။
အိပ်ရာပတ်ပတ်လည်မှာ တဦးတည်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေပေါ်လာရင် မိဖုရားရဲ့ အထိန်းတော်တဲ့၊ အခုခေတ်လို ပြောရရင် ငယ်ကျွန် အိပ်ဖော်လို့ပဲ ပြောရမယ်။
ဗိမာန်အတွင်းမှာ၊ ဖြစ်ပေါ်က ၊ မှတ်ကြ အလုပ်သမား။
နတ်သားရဲ့ ဗိမာန်ထဲ တနေရာရာမှာဖြစ်လျင် အလုပ်သမား၊ အခြံအရံတွေပါတဲ့။
ဗိမာန်နှစ်ခုကြားဖြစ်၊ တရားစစ်။
နီးရာဘက် ၊ ပိုင်စေ ၊ ဆုံးဖြတ်ပေ။
မျက်နှာမူရာ၊ ပိုင်ဆိုင်ပါ၊
အနီး အဝေး၊ အကွာအဝေးက တူညီနေလျင် နတ်သမီး မျက်နှာမူထားရာ အရပ်က ဗိမာန်ရှင် နတ်သားကိုပေးဖို့ ဆုံးဖြတ်ပေးတယ်။
မဝေလောက်က ၊ ဆရာ ကောက်ရ။
ဟိုဘက် ဒီဘက် ဘာမှချိန်ညှိလို့မရရင် တရားသူကြီး သိကြားမင်းက တော်ကောက်တယ်လို့ စာပေများမှာ ဆိုပါတယ်။ ဒါကြောင့် အလုပ်ရှုတ်တယ် ဘုရားဖူးကို အမြဲမလာနိုင်တာလို့ သိရတယ်။
ဘုံစဉ်စံ သောတာပန်များ
သိကြားမင်းဟာ ဟောဒီသုတ္တန်အဆုံးမှာ သောတာပန်ဖြစ်လို့ တော်သေးတယ်။ စာပေတွေမှာတော့ တော်တော်အပျော်အပါးမက်ကြောင်း၊ ၀ဋဇ္ဈာသယ၊ ၀ဋာဘိရတလို့ ဖွင့်ဆိုကြတယ်၊ သိကြားမင်းရယ်၊ သာဝတ္ထိကဇေတ၀န်ကျောင်ဒကာ အနာထပိဏ်သူဌေးကြီးရယ်၊ ပုဗ္ဗာရုံကျောင်းအမကြီး ၀ိသာခါတို့ဟာ သတ္တက္ခတ္တု ပရမ သောတာပန်အဖြစ်နဲ့ နောက်ထပ် လူ့ပြည်နဲ့ နတ်ပြည်တို့မှာ (၆)ဘ၀တိတိ ကျင်လည်ပြီး လူ့စည်းစိမ် နတ်စည်းစိမ်တွေကို ခံစားပြီးရင် နောက်ဆုံးဘ၀မှာ အနာဂါမ်အဖြစ်နဲ့ သုဒ္ဓါဝါသ ဗြဟ္မာ့ပြည် ပထမထပ် အ၀ိဟာဘုံမှာ သက်တမ်းပြည့် ကပ်ပေါင်း တစ်ထောင်ခံစားအုံးမယ်။
နောက်ထပ် ဒုတိယ အတပ္ပါဘုံမှာ သက်တမ်းပြည့် ကပ်ပေါင်း နှစ်ထောင်၊ သုဒဿာဘုံမှာ သက်တမ်း ဆတိုးတက်ကာ ကပ်ပေါင်း လေးထောင်၊ သုဒဿီဘုံမှာ ကပ်ပေါင်း (၈)ထောင်၊ နောက်ဆုံး အကနိဋ္ဌဘုံမှာ ကပ်ပေါင်း (၁၆၀၀၀)ထောင်တိတိ နေရပါမယ်။ စုစုပေါင်း ကပ်ပေါင်း (၃,၁၀၀၀) သုံးသောင်း တစ်ထောင်သက်တမ်း နေကြရအုံးမယ်။ နားလည်လွယ်အောင် ပြောရရင် နောက်ထပ် ဘုရားရှင်တွေအဆူဆူ ပွင့်တာတောင်မှ သူတို့ဟာ ရဟန္တာမဖြစ်သေးဘူး၊ နိဗ္ဗာန်မ၀င်နိုင်သေးဘူးပေါ့။ ဒါကို သတိထားရပါမယ်။
ပြည့်စုံလွန်းရင် လက်မလွှတ်ချင်တာ လူ့သဘာဝ
အခု လူ့ဘ၀မှာ လူသားတွေတောင်မှ ကိုယ့်နေရာ၊ ရရှိပြီးသား ရာထူးအာဏာ စည်းစိမ်ဥစ္စာ၊ ဂုဏ်ဒြပ်တွေကို များပြားအောင် အထက်တက်နိုင်အောင်ပဲ ကြိုးစားနေကြတယ်၊ အကြောင်းတိုက်ဆိုင်လာလို့ လုယူမယ့်သူ ရှိရင်တောင် အသက်အိုးအိမ် စည်းစိမ်ဥစ္စာနဲ့ မိသားစုမပြိုကွဲဖို့ နည်းမျိုးစုံသုံးပြီး ကာကွယ်လေ့ရှိကြတယ်။ နောက်ဆုံး အသက်တောင် အသေခံပြီး ကာကွယ်နေကြတယ်၊ ဒါကြောင့် လူသားတွေရဲ့စိတ်ဟာ ပြည့်စုံလွန်းနေရင် ဘ၀မှာ မသေချင်ကြသေးဘူး၊ တစ်ချို့များဆို ဒီဘ၀မှာပဲ ပျော်ပျော်ပါးပါး နေချင်သေးတယ်။ နိဗ္ဗာန် မ၀င်ချင်သေးဘူးလို့ဆိုတဲ့သူတွေတောင် ရှိနေကြတယ်။
သိကြားမင်း အနာထပိဏ် ၀ိသာခါတို့ဟာလဲ လောကီဘက်ကကြည့်ရင် ဘာမှ လိုလေသေးမရှိဆိုတော့ ဘ၀ကို တွယ်တာနေကြတယ်။ မစွန့်ချင်ကြသေးဘူး၊ လောကုတ္တရာဘက်က ကြည့်ရင်လဲ သောတာပန်ဖြစ်နေပြီဆိုတော့ အပါယ်ငရဲကျမှာ ပူပင်စရာ မလိုတော့ဘူး၊ လူ့ပြည် နတ်ပြည် စိတ်ကြိုက် ခံစားနေရတာဆိုတော့ လက်ရှိဘ၀ ပြည့်စုံမှုကို တွယ်တာနေကြတယ်လို့ ဆိုရမယ်။
ဒီဆောင်းပါးကို ကောက်ချက်ဆွဲလိုက်ရင် သိကြားမင်းဟာ ဘုရားရှင်ဆီကို တရားနာ လာရမှာ မပျင်းရိတဲ့အတွက် ရလိုက်တဲ့ အကျိုးကျေးဇူးပါပဲ။ ဒါကြောင့် သူတော်ကောင်းတရားတွေကို နာကြားရခြင်းဟာ တစ်မဂ်တစ်ဖိုလ်ကို ရစေနိုင်တယ်လို့ မှတ်သားထားရင်း နိဂုံးချုပ်ပါတယ်။
''မြန်မာနိုင်ငံနှင့်ကိုက်ညီသော ဖက်ဒရယ်စနစ် ကျင့်သုံးတော့မည်''
မြန်မာနိုင်ငံအနေဖြင့် ပြည်ထောင်စု တိုင်းရင်း
သားများ လိုလားတောင့်တနေသော ဖက်ဒ
ရယ်စနစ်သို့ ပြောင်းလဲ ကျင့်သုံးသွားမည်
 ဖြစ်သော်လည်း အမေရိကန်နိုင်ငံတွင်
ကျင့်သုံးနေသည့် ဖက်ဒရယ် စနစ်မျိုး ကျင့်သုံးမည် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောသည်။
“ဖက်ဒရယ်စနစ်ကို ကျင့်သုံးတာ ဘာမှပြဿနာမရှိဘူး။ အငြင်းပွားစရာ မရှိဘူး။ ဒါပေမယ့် ပင်လုံ စာချုပ်မှာက ခွဲထွက်ခွင့် ပေးထားတယ်။ ခွဲထွက်မှာစိုးလို့ မကျင့်သုံးခဲ့တာပါ။ ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်စနစ် ပုံစံနဲ့ ကျင့်သုံး သွားမှာပါ” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆိုသည်။
မြန်မာနိုင်ငံ အနေဖြင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုသာ ပြောင်းလဲ ကျင့်သုံးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ပြောကြားချက်များအား ဧပြီလ၃၀ရက်နေ့ မနက်ပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့ ဒွါရာဝတီ ခန်းမ၌ နိုင်ငံရေး အဖွဲ့အစည်းများ အစိုးရ အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများ နှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ နိုင်ငံရေး လေ့လာသူများမှလည်း နိုင်ငံတော် အစိုးရ အနေဖြင့် တိုင်းရင်းသားများ လိုလား တောင့်တနေသည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်သို့ အမှန်တကယ် ကူးပြောင်းမည် ဆိုပါက သဘောထား ကွဲလွဲမှုများကြောင့် ဖြစ်ပေါ်နေသည့် ပြည်တွင်း ပဋိပက္ခများ လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရ စစ်တပ်တို့ ဖြစ်ပွားနေသည့် ပြည်တွင်း စစ်ပွဲများ ပြေငြိမ်းသွားမည် ဖြစ်သည့် အပြင် မြန်မာနိုင်ငံ အတွင်း ဖွံ့ဖြိုးမှု နောက်ကျလျက်ရှိသော ဒေသများလည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာရန် လုပ်ဆောင် ပေးသွားနိုင်မည် ဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် ကိုက်ညီသော ဖက်ဒရယ်စနစ်သို့ ပြောင်းလဲ ကျင့်သုံးရန် အတွက် အဓိကအားဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် များစွာ သက်ဆိုင်နေကြောင်း စည်းကမ်းတင်းကြပ်လှသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ဖြေလျော့ရမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဖွံ့ဖြိုးမှု နောက်ကျနေခြင်းမှာ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ နိုင်ငံများ နှင့် ကာလ အတန်ကြာ ကင်းကွာ နေခဲ့သည့် အပြင် နိုင်ငံတကာ ဖိအားများ ၀င်ရောက်လာခြင်းကြောင့် ဖြစ်သည်ဟု ၄င်းက သုံးသပ် ခဲ့သည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ရခိုင် ပြည်နယ် ဒေသခံများမှ လတ်တလော မိမိတို့ ကြုံတွေ့နေရသော အခက်အခဲများအား တင်ပြခဲ့ပြီး ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ မိမိတတ်နိုင်သမျှ လွှတ်တော်အတွင်းမှ ကူညီဆောင်ရွက် ပေးသွားမည်ဟု ကတိပေး ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းလပ်ရှင်နာဝပ် ထောက်ခံဆန္ဒပြသူတွေ အင်အားသုံးလူစုခွဲခံရ
ထိုင်းနိုင်ငံမှာတော့ ရွေးကောက်တင်မြှောက်ခြင်း
မရှိဘဲ အစိုးရတရပ်ထူထောင်ဖို့ အစိုးရ
ဆန့်ကျင်သူတွေက တောင်းဆိုဆန္ဒပြ
ခဲ့ကြတာကို တုံ့ပြန်တဲ့အနေနဲ့ ဖြုတ်ချခံ ဝန်ကြီးချုပ်
ယင်းလပ်ရှင်နာဝပ်ကို ထောက်ခံသူ ထောင်ပေါင်းများစွာတို့ဟာ ဘန်ကောက်မြို့တော် အနောက်
ဘက်ခြမ်းမှာ လမ်းပေါ်ထွက်ခဲ့ကြပါတယ်။
အစိုးရဆန့်ကျင်သူ လူအုပ်တွေက ရုပ်မြင်သံကြားဌာနတွေ၊ အစိုးရအဆောက်အဦးတွေကို သိမ်းပိုက်ဖို့ အားထုတ်ခဲ့ကြပြီး နောက်တနေ့မှာပဲ မစ္စ်ယင်းလပ်ကို ထောက်ခံသူတွေ ထွက်ခဲ့ကြတာပါ။ ဆန့်ကျင်သူတွေရဲ့လုပ်ရပ်ဟာ ဒီမိုကရေစီနည်းအရ ရွေးချယ်ထားတဲ့အစိုးရကို အတင်း အဓမ္မဖယ်ရှားတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
အစိုးရလုံခြုံရေးဌာနကို ဆန္ဒပြသူတွေ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးပမ်းကြတဲ့အတွက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ သုံးပြီးတော့ လူစုခွဲခဲ့ရပါတယ်။ ထိုင်းဖွဲ့စည်းပုံ တရားရုံးက မစ္စ်ယင်းလပ်နဲ့ သူ့အစိုးရအဖွဲ့ဝင် ၉ ဦးကို ဝန်ထမ်းအကြီးအကဲခန့်အပ်တဲ့ ကိစ္စတခုမှာ ပတ်သက်မှုနဲ့ ဗုဒ္ဓဟူးနေ့မှာ ရာထူးက ဖယ်ရှားခဲ့တာပါ။
အခုအခါမှာတော့ ထိုင်းအစိုးရအဖွဲ့ကို မစ္စ်ယင်းလပ်တို့နဲ့နီးစပ်တဲ့ မဟာမိတ်တစ်ဦးဖြစ်သူ ဘဏ္ဍာရေးဝန်ကြီး Niwatthamrong Boonsongphaisan က ကြားဖြတ်ဝန်ကြီးချုပ်အဖြစ် ဦးဆောင်နေပါတယ်။
သမ္မတရုံး ဝန်ကြီးနှင့် နေပြည်တော် မြို့တော်ဝန် ဦးသိန်းညွန့် စင်ကာပူတွင် အရေးပေါ် ဆေးကုသမှု ခံယူ
အစိုးရသစ် လက်ထက်တွင် သမ္မတရုံးဝန်ကြီး
(၁)၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်
 နေပြည်တော် မြို့တော်ဝန်အဖြစ် တာဝန်ယူ
ထားသော ဦးသိန်းညွန့်သည် ကျန်းမာရေး
အခြေအနေကြောင့် စင်ကာပူနိုင်ငံတွင်
အရေးပေါ် ဆေးကုသမှု သွားရောက် ခံယူနေရကြောင်း နိုင်ငံတော်သမ္မတရုံး အသိုင်းအဝိုင်းက ပြောကြားသည်။
ဦးသိန်းညွန့်၏ ကျန်းမာရေး အခြေအနေသည် နှလုံးရောဂါကြောင့် စိုးရိမ်ရသည်ဟု နေပြည်တော်ကောင်စီ အသိုင်းအဝိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အရိုးကျီးပေါင်းတက်သည့် ရောဂါသာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
၎င်း၏ ကျန်းမာရေး အခြေအနေကြောင့် မေလ ၇ ရက်နေ့တွင် စင်ကာပူသို့ ဆေးကုသမှု ခံယူရန် သွားရောက်ခဲ့ပြီး လက်ရှိ အချိန်အထိ ပြန်လည်ရောက်ရှိမှု ရှိမရှိကို အတည်ပြုပေးနိုင်ခြင်း မရှိကြောင်း ၎င်းက ထပ်လောင်းဆိုသည်။
ဦးသိန်းညွန့်သည် ယခင်က လေဖြတ်ရောဂါ ခံစားခဲ့ရသောကြောင့် ဆိုးဝါးသည့် ကျန်းမာရေး အခြေအနေ မရှိခဲ့သော်လည်း ပုံမှန် ဂရုစိုက်နေရသည့် အခြေအနေ ရှိကြောင်း နေပြည်တော်ကောင်စီ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့