Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 10 May 2014

ခွင့်လွှတ်ခြင်းဆိုတာ

ခွင့်လွှတ်ခြင်းဆိုတာ သူတော်ကောင်းတရားတစ်မျိုးဖြစ်တယ်။
ခွင့်လွှတ်ခြင်းက အမုန်းရန်ငြိုးတွေကို ပျက်ပြယ်စေနိုင်တယ်။
စိတ်ကောင်းစေတနာရှိတဲ့လူတစ်ယောက် မတော်တဆ အမှားအယွင်းလုပ်ခဲ့မိရင် ခွင့်လွှတ်ပေးလိုက်ပါ။
ခွင့်လွှတ်ခြင်းဆိုတာ သူတစ်ပါးကို ကောင်းကောင်းဆက်ဆံတဲ့နည်းဖြစ်တယ်။ သူ့ကို အခွင့်အရေးတစ်ခုပေးတာဟာ ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်၊ ဒေါသမကြီးစေတဲ့အခွင့်အရေးတစ်ခု ပြန်ပေးလိုက်တာနဲ့တူတယ်။
ခွင့်လွှတ်ခြင်းက ဘဝမှာ ယုံကြည်မှုကင်းမဲ့သွားသူကို အခွင့်အရေးတစ်ခု ပေးတာဖြစ်တယ်၊ နွေးထွေးမှုပေးတာဖြစ်တယ်။
သူတစ်ပါးကိုခွင့်လွှတ်တာဟာ ကိုယ့်စိတ်ကို ကြည်လင်ပေါ့ပါးစေပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့