Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Sunday 11 May 2014
သဘာဝတရားကို သိစွမ်းနိုင်တဲ့ ပညာဆိုတာ။
       ပညာဆိုတာကတော့ ဗုဒ္ဓမြတ်စွာက လောကကြီးမှာ လိုအပ်တဲ့ အမြင့်ဆုံးပညာကို
ဟောထားတယ်။ ပညာဟူသည်မှာ အကောင်းအဆိုး၊ အကြောင်းအကျိုး လုပ်သင့် မလုပ်သင့်
စတာတွေကို ခွဲခြားသိတာကို ပညာခေါ်တယ်။ လောကမှာ သင်ယူထားတဲ့ ပညာအများစုဟာ
သညာအဆင့်ပဲရှိသေးတယ်၊ အဲဒီအပေါ်မှာ အကောင်းအဆိုး ခွဲခြားသိတာမှ ပညာဖြစ်တယ်။
သင်ယူထားတဲ့ အချက်တွေပေါ်မှာ ဆင်ခြင်သုံးသပ်တယ်၊ လက်တွေ့လုပ်တယ်၊ ဒါကို ပညာ
လို့ခေါ်ရမယ်။ “ ပကာရေနဇာနာတီတိ ပညာ ” တဲ့။
         လူ့လောကမှာ လူရယ်လို့ ဖြစ်လာတဲ့အခါမှာ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးနဲ့
ကြုံတွေ့တဲ့ အချိန်မှာ တကယ့်ကို ရရှိရမယ့်ပညာကတော့ ဖြစ်ခြင်းပျက်ခြင်းဆိုတဲ့ သဘာဝ
တရားကို သိစွမ်းနိုင်တဲ့ ၀ိပဿနာပညာမျိုး ဖြစ်တယ်။ ဘ၀ဆိုတာ ရုပ်တရား နာမ်တရား ၂
မျိုးနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်။ ထို ရုပ်တရား နာမ်တရား ၂ မျိုးစလုံးဟာ အကြောင်း
ကို မှီပြီးတော့ ပြောင်းလွဲနေကြတယ်။ မြဲတဲ့အရာတွေ မဟုတ်ဘူးဆိုတာကို သိလာတယ်။ အဲဒီ
လို သိလာတာကို ၀ိပဿနာပညာလို့ ခေါ်ပါတယ်။
နိုင်ဘူး၊ အတွယ်အတာကို မဖြုတ်နိုင်သေးသမျှ သံသရာ လည်နေဦးမှာ ဖြစ်ပါတယ်။ ဘ၀ကို
တွယ်တာရင် သံသရာ လည်နေမှာ ဖြစ်ပါတယ်။
         ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း သဘာဝတရားကို သိစွမ်း
နိုင်တဲ့  ပညာကိုရရှိကာ ကျင့်ကြံအားထုတ်နိုင်ကြပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ
ကုန်သတည်း။ ။
{၁၃၆၉ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် (၁၁) ရက်နေ့ည မန္တလေးမြို့ ဗုဒ္ဓဂယာဓမ္မာရုံကြီးအတွင်း
 အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(PhD) ဟောကြားသော မြတ်သောဥစ္စာ စုဆောင်းပါ
 တရားတော်မှ ကောက်နုတ်ရေးသားပါသည်။}
    “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
No comments:
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့