နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသော
ရာဇာမင်း ခရီးသည်တင်ယာဉ် တစ်စီးသည်
မေ ၁၂ ရက် ည ၇ နာရီခန့်က ရန်ကုန်-မန္တလေး
အမြန်လမ်းမကြီး မိုင်တိုင် ၁၉၇/၆ အနီးရှိ
ပျဉ်မနား-တောင်တွင်းကြီး မီးရထားခုံးကျော်
တံတားအောက် ထိုးကျခဲ့ရာ ယာဉ်ပေါ်ပါခရီးသည် ၁၄ ဦးသေဆုံး ပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ် ချောက်ထဲထိုးကျမှုကြောင့် ကျား ၁၁ ဦး၊ မ နှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးရုံရောက်မှ သေဆုံးခြင်းဖြစ်ကာ ကျား၊ မခွဲခြားနိုင်ရန် စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သော ခရီးသည် ၃၀ ဦးတွင် ၂၇ ဦးကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ကုသနေပြီး ကျန်သုံးဦးကို နေပြည်တော်၊ လယ်ဝေးဆေးရုံတွင် ကုသနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါခရီးသည်တင်ယာဉ် 5G/1527 သည် မိုင်တိုင် ၁၉၇/၆ အရောက်တွင် မိုးသည်းထန်းစွာ ရွာသွန်းနေချိန်ဖြစ်၍ အရှိန်မထိန်းနိုင်ဘဲ ပျဉ်မနား-တောင်တွင်း မီးရထားကုန်းကျော် တံတားအောက် မီးရထားသံလမ်းပေါ်သို့ ထိုးကျခဲ့ခြင်းဖြစ်သည်ဟု အကြမ်းဖျင်း ယူဆရကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
"ဖြစ်ဖြစ်ချင်းမှာ ၁၃ ဦးပွဲချင်းပြီး သေတယ်။ တစ်ယောက်က ဆေးရုံမှာသေတယ်။ အခင်းဖြစ်ပွားနေတဲ့ အချိန်မှာ အမြန်လမ်းမှာ မိုးအရမ်းရွာနေတယ်။ အမြန်လမ်းမှာ မိုးအရမ်းရွာနေရင် ကားကိုရပ်ထားသင့်ပါတယ်။ ဒါပေမဲ့ အဲ့ဒီကားက ရပ်မထားပဲ မိုးရွာနေတဲ့ အချိန်လည်း မောင်းလို့လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ အောက်ကိုထိုးကျ သွားတယ်လို့ အကြမ်းဖျင်း ယူဆထားပါတယ်။
ယာဉ်မောင်းဖြစ်သူကို နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှာ ရဲတွေနဲ့ စောင့်ကြည့်ထားရှိ ထားပါတယ်။ ဒီဖြစ်စဉ်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ အဆိုးရွားဆုံး ဖြစ်စဉ်လို့ ပြောလို့ရပါတယ်" ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းက The Daily Eleven သို့ ပြောကြားခဲ့သည်။
အဆိုပါမီးရထား ခုံးကျော်တံတားမှာ ပေ ၂၀ ကျော်ခန့်မြင့်ကာ အောက်ဘက်ရှိ မီးရထားသံလမ်းပေါ်သို့ ယာဉ်၏ ဦးခေါင်းပိုင်းဖြင့် ထိုးကျခဲ့ခြင်းဖြစ်ပြီး မေ ၁၂ ရက် ည ၁၀ နာရီ မိနစ် ၃၀ ခန့်အထိ ၎င်းရာဇာမင်း ခရီးသည်တင်ယာဉ်ကို အပေါ်သို့မယူ၍ မရသေးကြောင်း သိရသည်။
"ကျွန်တော်တို့က အမြောက်တပ်ကပါ။ ကားမှောက်တယ်ဆိုလို့ ကျွန်တော်တို့ဆီက ကရိန်းကားနဲ့ဆွဲတင်ဖို့ လုပ်နေပါတယ်။ တပ်နဲ့သိပ်မဝေးတော့ ဖြစ်ပီးပီးချင်းနီးပါးလောက်တော့ ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့နဲ့ အမြန်လမ်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ၀ိုင်းဝန်းပြီး ကယ်ဆယ်မှုတွေ လုပ်ခဲ့ပါတယ်" ဟု ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော တပ်မတော်သားတစ်ဦးက ဆိုသည်။
"မိုင်တိုင် ၁၉၇ မှာ ကားတစ်စင်း တံတားအောက် ထိုးကျသွားတယ်လို့ သတင်းရတာနဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေကို အကြောင်းကြားပြီး ချက်ချင်းလာခဲ့တာပါ။ ကားထဲကနေ ကယ်ထုတ်တဲ့အချိန်မှာ ၁၃ ယောက်လောက်က အသက်မရှိတော့ဘူး။ ကျန်တဲ့ဒဏ်ရာရတဲ့ သူတွေကိုလည်း ဆေးရုံပို့ဖို့ အမြန်လုပ်ဆောင် ရပါတယ်။ မသေသင့်ဘဲ မသေအောင်ပေါ့" ဟု ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
အဆိုပါ ရာဇာမင်း ခရီးသည်တင်ယာဉ်တွင် ယာဉ်မောင်းအပါအ၀င် ခရီးသည် ၄၄ ဦး လိုက်ပါလာခဲ့ကြောင်း သိရပြီး ၁၄ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားရာ နေရာသို့ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများက ကူညီမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားအောက်သို့ ထိုးကျသွားသော ယာဉ်အား တွေ့ရစဉ်
Eleven media Group
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Monday, 12 May 2014
နေပြည်တော်-ရန်ကုန် ရာဇာမင်း ခရီးသည်တင်ယာဉ် အမြန်လမ်း ၁၉၇ မိုင်တွင် တံတားပေါ်မှ ထိုးကျပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၄ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာရ
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2014
(208)
-
▼
May
(91)
- သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းများ ပြင်ဆင်ရန် ပဉ္စ...
- မိုးကြိုးပစ်ခံရပြီး လူသေဆုံးမှုများနေ၍ မိုးတိမ်တောင...
- ယာဉ်လက်ကိုင်တန်း ပြုတ်ကျ၍ ခရီးသည်များ ဒဏ်ရာရစဉ် ယာ...
- ရာဇာမင်းမှန်လုံယာဉ် အရှိန်လွန် အမြန်လမ်းပေါ်မှ ရထား...
- စစ်ဆေးရေးဂိတ်တွင် ပိုက်ဆံကောက်ခံ မရတော့သဖြင့် ထိုင...
- နေပြည်တော်-ရန်ကုန် ရာဇာမင်း ခရီးသည်တင်ယာဉ် အမြန်လမ...
- ဌာနပိုင်မြေမှာ ကွန်ဒိုဆောက်မှု လွှတ်တော်အမတ် ဆန္ဒပြ
- မေလ (၁၂) ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(...
- စစ်တပ်ကို ဦးစားပေးတဲ့ ပုဒ်မများ ပြင်ပေးဖို့ ဆန္ဒပြ
- မတ္တရာ တပ်သိမ်းမြေ ကိစ္စ ညှိနှိုင်းမယ်
- မန်စီးတီး ချန်ပီယံ ဖလား ဆွတ်ခူး
- ပဋိပက္ခများ ဖြေရှင်းပေးဖို့ စက်မှုဇုန် လုပ်သားများ ဆ...
- အာဆီယံ ထိပ်သီးစည်းဝေးပွဲ ဦးသိန်းစိန် မိန့်ခွန်ြးေ...
- အရေပြားဆဲလ်မှ သုက်ပိုးဆဲလ်သို့ ပြောင်းလဲသည့် နည်းပ...
- သန်လျင်မြို့နယ်တွင် မီးလောင်မှုဖြစ်
- ဆိုင်ကယ်တိမ်းမှောက်၍ သတိလစ်နေစဉ် ဆိုင်ကယ်အခိုးခံရ
- အာဆီယံခေါင်းဆောင်တွေ ပူးပေါင်းဆောင်ရွက်ဖို့ ကြေညာစ...
- မကွေးတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရန် စာရေးသား ဆန...
- သမ၀ါယမအသင်းစုမြေနေရာတွင် ကွန်ဒိုမီနီယမ် ဆောက်လုပ်သ...
- အမွေကိစ္စစကားများရာမှ ညီမလက်ချက် ဖြင့် အစ်မသေ
- ဆိုင်ကယ်ကယ်ရီနှင့် ငှားရမ်းသူများအဖွဲ့လိုက် ရန်ဖြစ...
- လမ်းပြောင်းပြန်နှင့် မီးနီ ဖြတ်မောင်းသူများကို ယာ...
- လေဘေးသင့် ဒေသခံများ ဆန်နှင့်ဆီမှအပ အခြားထောက်ပံ့မှု...
- စွန်းထင်းခဲ့သူ
- ဒီလို လူ (၁၀)မျိုးကိုတွေ့ခဲ့ရင် တန်ဖိုးထားပါ==
- သဘာဝတရားကို သိစွမ်းနိုင်တဲ့ ပညာဆိုတာ။
- မရှင်သန်ခြင်း
- မသက်ဆိုင်တဲ့ဘာသာရပ်တခုပါချစ်သူ
- သေခြင်း
- လဲသေလိုက်
- ရသေ့ကို ဖျက်ဆီးသော သိကြားမင်း
- ''မြန်မာနိုင်ငံနှင့်ကိုက်ညီသော ဖက်ဒရယ်စနစ် ကျင့်သံ...
- ယင်းလပ်ရှင်နာဝပ် ထောက်ခံဆန္ဒပြသူတွေ အင်အားသုံးလူစုခ...
- သမ္မတရုံး ဝန်ကြီးနှင့် နေပြည်တော် မြို့တော်ဝန် ဦးသ...
- မပုပ်မသိုးဘဲ ရှိနေသေးသော ဘန္တ၀ဏ္ဏသာမိ မဟာထေရ်မြတ်ကြီ...
- လမ်းပြောင်းပြန်နှင့် မီးနီ ဖြတ်မောင်းသူများကို ယာ...
- မြစ်ဆုံအနီး အရပ်သား ၃၂ ဦးကို ကေအိုင်အေ ဖမ်းဆီး
- အစိုးရ နှုတ်ထွက်ပေးရေး စာရွက်ဝေငှသူနှစ်ဦးကို ဖမ်းဆ...
- မေလ (၁၁) ရက်နေ့ ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာ
- Yingluck ထောက်ခံဆန္ဒပြသူတွေ အင်အားသုံးလူစုခွဲခံရ
- ဘန်ကောက်မြို့တွင် အစိုးရဆန့်ကျင်ဆန္ဒပြသူတွေ အစိုးရအ...
- ရွေးကောက်ပွဲကော်မရှင် နိုင်ငံရေး ပါတီ ၆၅ ခုနဲ့ တွေ...
- အာဆီယံဆွေးနွေးပွဲ ရေပိုင်နက်အငြင်းပွားမှု အရေးပါ
- တောင်တရုတ်ပင်လယ်အရေး အာဆီယံ ဝန်ကြီးတွေ စိုးရိမ်
- အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပ
- ရခိုင်ပြည်နယ်က မွတ်စလင်တွေ ဥပဒေလေးစား လိုက်နာကြဖို...
- The Voice Weekly Vol.10/No.17
- အလိုတော်ပြည့်ဆရာတော်ကြီး၏ နိုင်ငံအနောက်တံခါးအတွက် ...
- ချစ်သူစင်စစ်ဧကန်ဖြစ်ပါလျက်
- *** ချစ်ခြင်းသက်သေ ***
- အုတ်ခဲနှင့် လေယာဉ်ပျောက်ဆုံးမှု အရှုပ်တော်ပုံကြီး (သ...
- ပွင့်သောပန်းတိုင်း လန်းစေချင်
- ခွင့်လွှတ်ခြင်းဆိုတာ
- တိုင်းပြည်ကို တကယ်ချစ်ပါသလား? တိုင်းပြည်တကယ်တိုးတက...
- “အဓိဌာန်”
- မိဘက သားသမီးကို၊ ဆရာက တပည့်ကို၊ ဆဲဆူဆုံးမတာဟာ ဖရုသ...
- မြတ်စွာဘုရားရှင်၏ ဘက်မလိုက်သော ၀ါဒ
- ဟုတ်တယ်မလား?
- ငါ့ရင်ထဲမှာ
- သတိရတဲအခါ
- နင်မေ့ဖို့ပဲလိုတာပါ .....
- မေးလိုက်ချင်တယ် ချစ်သူရယ်
- ချစ်သူသိပါစေ
- “နွေဦးရဲ့ရင်ခွင်ထဲမှာ မျက်ရည်တွေနဲ့အိပ်စက်ခဲ့ဖူးတယ်”
- K pop group ရဲ့ပုံရိပ်လေးများ
- တကယ်မရှိတဲ့အချစ်....
- မောင် ဖတ်ဖို့
- မြောက်ဥက္ကလာ မယ်လမုဘုရားရှေ့၉၆၉မျီုးစောင့်တရားဟေြာေ...
- တစ်နိုင်ငံလုံးနီးပါး ကောက်ယူနိုင်ခဲ့သည့် (၂၀၁၄)ခုန...
- အမျိုးသမီးယာဉ်နောက်လိုက်တွေ ထားရှိသွားမည့် ရန်ကုန်...
- အခြားလူမျိုးနှင့် ဘာသာများကို နှောင့်ယှက် ဖျက်ဆီးမ...
- မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်...
- လူမဆန်သည့် ပြစ်ဒဏ်ချမှတ်ခြင်းက ဘုရင့်နိုင်ငံ၏ ကြမ်...
- ဆုပန်ထွာက ကြေးမုံသတင်းစာကနေ သတိပေးပြီ ဂုဏ်သိက္ခာကျဆ...
- အမျိုးစောင့်ဥပဒေ ဆန့်ကျင်ရေး ၉၇ ဖွဲ့ကို အမျိုးသားသ...
- ရွှေပေါက်ကံစက်မှုဇုန်မှာ အထည်ချုပ်လုပ်သားတွေ ဆန္ဒပြ
- သန်လျင်မြို့နယ်တွင် လေပြင်းတိုက်မှုကြောင့် အခြေခံပည...
- သံလမ်းပေါ် ကော်ရှူ၍ အိပ်ပျော်နေသည့် လူငယ်နှစ်ဦး ရထ...
- ကုသိုလ်တော် ဘုရားဝင်း ကျောက်စာများကို ကမ္ဘာ့  အမွေအ...
- ထိုင်းမှာ ရာချီ ဆန္ဒပြ၊ ရဲက ဖြိုခွင်း
- မေလ ၉ ရက်၊ သောကြာနေ့ ညနေခင်း Planet Evening
- မေလ (၁၀) ရက်နေ့ ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာ
- မေလ (၁၀) ရက်နေ့ ထုတ် ကြေးမုံနေ့စဉ်သတင်းစာ
- ခရိုင်းမီးယားကို ပထမဆုံး အကြိမ် ပူတင် ရောက်လာ
- ကွာရှင်းရန် တရားရုံးသို့ လာရောက်ရာမှ တပ်မတော် တပ်ြ...
- မြစ်ဆုံအနီး တန်ဖဲကျေးရွာတွင် နေထိုင်သူ ၃၂ ဦးအား K...
- ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် ကုသဆောင်တွင် မှုခင...
- စက်မှုဇုန် အလုပ်သမားဆန္ဒပြပွဲများ (ရုပ်/သံ)
- မေလ (၁၀) ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့စဉ်သတင်းစာ
- မေလ (၉) ရက်နေ့ ထုတ် မြန်မာတိုင်း(မ်)ဂျာနယ် အတွဲ - ...
- အသိပေးချက်
-
▼
May
(91)
No comments:
Post a Comment