Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 10 May 2014

တောင်တရုတ်ပင်လယ်အရေး အာဆီယံ ဝန်ကြီးတွေ စိုးရိမ်


 နေပြည်တော်မှာ ပထမဆုံးအကြိမ် ကျင်းပနေတဲ အာဆီယံ ထိပ်သီး အစည်းအဝေး ပထမနေ့အဖြစ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို နိုင်ငံရေး ပြသနာတွေဖြစ်နေတဲ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မတက်ရောက်နိုင်ဘဲ သူရဲ့ ကိုယ်စားလှယ်သာ တက် ရောက်ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံအဖွဲဝင် ဗီယက်နမ်နိုင်ငံ နဲ တရုပ် နိုင်ငံကြား လောလောဆယ် တင်းမာမှူတွေရှိနေတဲ့ တောင်တရုပ်ပင်လယ်အရေးကို ဆွေးနွေးခဲ့ကြပြီး အခုလိုတင်းမာမှုတွေ အရှိန်မြင့်လာနေတဲ အပေါ် စိုးရိမ် မကင်း ဖြစ်ကြောင်း နဲ့ ပါ ဝင်ပတ်သက်နေတဲ့ နိုင်ငံတွေကို ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ တိုက်တွန်းကြောင့် အာဆီယံ ၁၀ နိုင်ငံ ကနိုင်ငံ ခြား ရေးဝန်ကြီးတွေရဲ့ သဘောတူညီချက် တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အစည်းအဝေး မှာ မြန်မာ နဲ အင်ဒို နီးရှား နိုင်ငံ ကြား ဗီဇာကင်းလွတ်ခွင့်ကို သဘောတူလက်မှတ်ရေး ထိုးနိုင်ခဲ့ကြပါတယ်။

နောက်ပြီး ၂၀၁၅ ခုနှစ်မှာစမယ့် အာဆီယံစီးပွားရေး အသိုင်းအဝိုင်း အကောင်အထည်ဖေါ်နိုင်ရေးမှာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီး ၈၀ ရာခိုင်နှုန်း နီးပါး အသင့်ဖြစ်နေပြီလို့ အာဆီယံအတွင်းရေး မှူးချုပ် လီယောင်မင် ကပြောပါတယ်။

မနက်ဖြန် ကျင်းပမယ့် အာဆီယံလူထုဖို ရမ်အတွက် ရွေးထားတဲ ကိုယ်စားလှယ်တွေ ကန့်ကွက်ခံရလို့ ကျန်တဲ့ ၇ နိုင်ငံက ကိုယ်စားလှယ်တွေ မတက်တဲ့ အတွက် အစီအစဉ်ပျတ်သွားတယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီနေ့ညနေပိုင်းမှာတော့ သတင်း ထုတ် ပြန်ပါတယ်။

မ နက် ဖြန် မနက် ပိုင်းမှာ တော့ အာဆီယံထိပ် သီးအစည်း ဝေး တရားဝင်ဖွင့် ပွဲ ကျင်းပဖို့ရှိသလို သမတဦး သိန်းစိန် မိန့် ခွန်းပြော ဖို့လည်းရှိ နေပါတယ်။

 ဘီဘီစီ (မြန်မာပိုင်း)

 အာဆီယံထိပ်သီးညီလာခံ ပထမနေ့

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့