Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 10 May 2014

အလိုတော်ပြည့်ဆရာတော်ကြီး၏ နိုင်ငံအနောက်တံခါးအတွက် သမ္မတထံ မေတ္တာရပ်ခံချက်

အချိန်သည် လူကိုမစောင့် အချိန်ဆုံးလျှင်
လူဖြစ်ရူံးလိမ့်မည် စသည့်စကားများသည်
အမှန်တရားသာဖြစ်၏ မိမိတို့၏ သတင်းမီဒီယာ
များအဖို့ အချိန်နှင့်စပ်၍ လူထုထံ တန်ဖိုးရှိသော



သတင်းအသိများပေးကြရသည်ဖြစ်ရာ ယခုဖော်ပြလိုက်သော( သမ္မတဦးသိန်းစိန် ထံ မေတ္တာ
ရပ်ခံချက်) မှာ အကြောင်းမသင့်၍ စာမျက်နှာလင့်ရှာရသော အလိုတော်ပြည့်ဆရာတော်ကြီး နှင့် မြန်မာသံတော်ဆင့်၏ အမေးအဖြေခန်းရှည်မှ အရေးတကြီးဖြစ်လှသည်များကို အသော့အနှစ် ထုတ်နုတ်တင်ပြရခြင်း စားတို စာစသောဖြစ်ပါသည်။ အရှည်ကိုလိုလျှင် ၀န်အားသုံး
ရမည်သာဖြစ်၍ ဆက်လက်ဖော်ပြမည်များကို မျှော်ချင့်ကြပါကုန်။




"ငါးပွက်ရာ ငါးစာချ ခဏလေးပဲငြိမ်မယ် ခေါင်းမရှောင်ဘဲနဲ့ခေါင်းဆောင်ဖြစ်ပြီးတော့ တာဝန်အသိ ရှိရှိနဲ့ အလုပ်လုပ် နောက်တစ်ကြိမ်မှာတော့ ဒီဒေသကိုအဖတ်ဆယ်လို့မရ....ယခင်စစ်အာဏာရှင်စနစ်မှ ယခုစနစ်အထိ မင်းအစိုးရများ ယုံကြည်ကိုးကွယ် သြ၀ါဒခံ အလိုတော်ပြည့်ဆရာတော်ကြီး၏ နိုင်ငံအနောက်တံခါးအတွက် သမ္မတထံမေတ္တာရပ်ခံချက်....

ကိုယ်တာဝန်မရှိသလို မသိမသာလုပ်နေတာတွေ့ရတယ် သူပဲ တာဝန်မရှိသလို ကိုယ်ပဲတာဝန်မရှိသလို လုပ်ပြန်တော့လည်းပဲ စေတနာမပါတဲ့အလုပ်တွေ အပေါ်ယံလုပ်သွားတာတွေရရတယ်။ ဒီဒေသရဲ့ပြဿနာကို ဖြေရှင်းဖို့အတွက် ငါးပွက်ရာ ငါးစာချဆိုတဲ့အတိုင်း ခဏတစ်ဖြုတ်
တစ်ခါပြင်ပြီး လှည့်မကြည့်တော့ဘူးဆိုတာ မဖြစ်သင့်ဘူး။

ဆေးမြီးတိုနဲ့ ကုနေတဲ့ပုံစံတွေရှိတယ် ဆေးမြီးတိုနဲ့ကုတာတို့ ငါးပွက်ရာ ငါးစာချတာတို့ လူထုကလည်း ဒီအတိုင်းပဲမြင်တယ် ဘုန်းကြီးကလည်းဒီအတိုင်းပဲမြင်တယ် ဒီဒေသကို ဘာပဲဖြစ်ဖြစ် ဖိဖိစီးစီးနဲ့ အကုန်လုံးတည်ငြိမ်အေးချမ်းအောင်လုပ်သင့်တယ်လို ဘုန်းကြီးကယူဆပါတယ်။
ဆေးမြီးတိုတို့ ငါးပွက်ရာ ငါးစာချတာတို့ဟာ ခဏလေးပဲငြိမ်သွားမယ် ဘယ်တော့မှ မငြိမ်းနိုင်ဘူးဆိုတာကို ဘုန်းကြီးက သုံးသပ်တယ်။

အစိုးရဘက်ကလည်း ဘုန်းကြီးမှာကြားချင်တာက ဒီဒေသကို ကိုယ့်မြန်မာနိုင်ငံ ကိုယ်ဒေသ ကိုယ်အုပ်ချုပ်ထားတဲ့ဒေသခံ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာဖို့ စီးပွားရေး၊ဘာသာရေး၊သာသနာရေး၊လူမူရေး၊တိုးတက်ဖို့အတွက် တာဝန်အများကြီးရှိတယ်။

ဒီတာဝန်ရှိတာကို သိပြီးတော့ ဒေသရဲ့လုံခြုံရေး ဒေသရဲ့ကာကွယ်ရေး စောင်ရှောက်ရေး ကျန်မာရေး စီးပွားရေးတွေကို ဖိဖိစီးစီးလုပ်သင့်တယ်လို့ ဘုန်းကြီးထင်ပါတယ်။ ဒီအတိုင်းသာပစ်ထားမယ်ဆိုရင် ဒီဒေသဟာ မကြာခင်မှာ တစ်မျိုးတစ်မည်ပြောင်းလဲသွားနိုင်တာအမှန်ပဲ။ဒေသရဲ့
အခြေအနေကို အောက်ခြေဆင်းပြီးတော့ လေ့လာတဲ့ပုဂ္ဂိုလ်တွေက ဒေသခံလူမျိုးပြောတဲ့စကားအတွေ့အကြုံတွေမြင်ခဲ့တွေခဲ့ရတယ်ဆိုတာ
အကုန်းလုံးသိပါတယ်။

ဒီဒေသကို မပြောင်းလဲစေချင်ဘူး မဖြစ်စေချင်ဘူးဆိုရင် ဖိဖိစီးစီး အာဏာပိုင်တွေ အစိုးရပိုင်တွေအကုန်လုံးခေါင်မရှောင်ဘဲနဲ့ ခေါင်းဆောင်
အဖြစ်နဲ့လုပ်ကြပါလို့ ဘုန်းကြီးတိုက်တွန်းလိုပါတယ်။ ဒီဒေသကလူတွေက အားကိုးရာမဲ့တော့ အကြောက်လွန်နေကြတယ်။ အကြောက်လွန်တော့ အားကိုးရှာကြတယ်။ ဘယ်သူကို အားကိုးရမှန်းမသိဘူးဖြစ်နေတယ် မေးစရာရှိတယ် အာဏာပိုင်တွေမရှိဘူးလား ရှိတယ်။

ထိထိရောက်ရောက် ပိုင်ပိုင်နိုင်နိုင် မလုပ်ပေးတဲ့အခါကျတော့ မထိရောက်ဘူးပေါ့ အပေါ်စီးဖြစ်နေတဲ့အခါကျတော့ မထိရောက်ဘူးအခါကျတော့ လူထုမှာ ခံစားချက်တအားပြင်ပြပြီးတော့ ကြောက်လန်တဲ့စိတ် စိုးရိမ်းတဲ့စိတ် ပူပန်တဲ့စိတ်တွေ တအားများပြီးတော့ အားကိုးရာမဲ့ဖြစ်
နေကြတဲ့ဒေသတစ်ခုလို့ ဘုန်းကြီးမြင်ပါတယ်။

နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ သမ္မတကြီးကလည်း ဒီဒေသအတွက်စေလွှတ်တာတွေရှိပါလိမ့် တာဝန်ပေးထားတာတွေရှိပါလိမ့်မယ် တာဝန်ပေးခံရတဲ့သူတွေက ထိရောက်အောင် အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်လိုထင်ပါတယ်။ ခေါင်းရှောင်မဟုတ်ဘဲခေါင်းဆောင်ဖြစ်ပြီး
တော့ တာဝန်အသိရှိရှိနဲ့ အလုပ်လုပ်ဖို့လိုပါတယ် အမျိုးဘာသာ သာသနာကို လူတိုင်းလူတိုင်း မြတ်နိုးကြတယ်ဆိုရင် ဒီဒေသကို ကာကွယ်သင့်တယ် လေးလေးစားစား အကောင်းအထည်ပေါ်အောင် လေးစားပြီးတော့ အလုပ်လုပ်သင့်တယ်လို့ထင်ပါတယ်။

အပေါ်ယံ ငါးပွက်ရာ ငါးစာချသလို ဆေးမြီးတိုနဲ့ ကုသလို့ အဲဒီလိုလုပ်နေလို့တော့ ဒီဒေသဟာ အချိန်မရွှေး တည်တံ့မှာမဟုတ်ဘူး မတည်တံ့တဲ့အပြင် ရှိပြီးသား ဘာသာရေး သာသနာရေး လူမူရေးတွေ အကုန်လုံးဆုတ်ယုတ်ပြီးတော့ နောက်ဆုံးအကုန်လုံးသိတဲ့အတိုင်းပါပဲ။
ဘာမှကျန်မှာမဟုတ်ဘူး အကုန်လုံးပျက်စီးဖို့အလားအလာရှိပါတယ်။

ဒါကို အခုအချိန်မှာ ဖိဖိစီးစီးမလုပ်ဘူးဆိုရင် သမ္မတကြီးအနေနဲ့ နောက်တစ်ကြိမ်မှာတော့ ဒီဒေသကို အဖတ်ဆယ်လို့မရလောက်အောင် ပျက်စီးဖို့အလားအလာရှိနိုင်တာကို ဘုန်းကြီးတို့ ဒါပဲမြင်တွေ့ပါတယ် လူကြီးတစ်ယောက်ကိုတော့ ဘယ်လိုလုပ် သတိပေးလို့ရမလဲမေတ္တာရပ်ခံချက်
ပေါ့။ မေတ္တာရပ်ခံလို့ပဲ ရမှာပေါ့ ကိုယ်ထက်ကြီးတဲ့လူကို ဘယ်လိုလုပ် သတိပေးလို့ရမလဲ။...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့