Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 10 May 2014

မေးလိုက်ချင်တယ် ချစ်သူရယ်

ပျော်တယ်..ပျော်တယ်...တို့ပျော်တယ်..
အော်သာအော်တယ် ရင်ထဲမှာဟာနေတယ်...
ညစ်တယ်...ညစ်တယ်...ညစ်တယ်...
ပြောသာပြောတယ် ရင်ထဲမှာဗလာဖြစ်နေတယ်
ဝမ်းနည်းတယ်..ဝမ်းနည်းတယ်..ဝမ်းနည်းတယ်..
ငိုချင်ပေမယ့် မျက်ရည်တွေ ကုန်ခမ်းနေတယ်
အရယ်ခတ် အငိုခတ် အရှိုက်ခတ်တဲ့ ရင်ခွင်
မင်းမရှိရင် အရာအားလုံဟာ
ဟာတာတာ နာတာတာနဲ့
ဝေဝါးလို့ စေစားခံလိုက်ရတဲ့စိတ်
အတိတ်ဆိုတာမရှိစေချင်ပေမယ့်
မင်းနဲ့ပျော်ခဲ့တဲ့ အတိတ်အိပ်မက်
ငါနိုးမထချင်ဘူး....
လက်ရှိဘဝကြတော့ ဘလာအတိ
အနာဂါတ်ဆိုတာရှိတဲ့ အသိကြောင့်
မင်းနဲ့နီးဖို့ ငါ့ခြေလှမ်းတွေ အသက်သွင်း
ဘဝတွေကိုရင်းလို့ အမောတကောနဲ့
အပြေးလာမယ့် မျှော်လင့်ခြင်းလူသားတယောက်ကို
အကြိုထောက်လို့ ထွေးပွေ့နှစ်သိမ့်
အချစ်ဆိုတဲ့ အေးစိမ့်တဲ့ရေ
တိုက်ကြွေးမှာလားချစ်သူ......

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့