Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 10 May 2014

နင်မေ့ဖို့ပဲလိုတာပါ .....

ဘယ်တော့မှမမေ့တော့မဲ့ငါက

သိပ်ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းနဲ့

နင့်ရင်ကိုအတင်းတွန်းဖွင့်မ၀င်ခဲ့ဘူးနော်

ငါကြိတ်မှိတ်ငိုနေခဲ့တာ

မျိုသိပ်ခြင်းရဲ့ဝေဒနာတွေပေါ့

နင်လက်ပြနေတာသိတယ်

လာချင်လာ သွားချင်သွား

ငါ့မှာတားပိုင်ခွင့်မှမရှိခဲ့တာ

စွန့်လွှတ်၇မယ်တဲ့လား

ဖြေစမ်းပါဦးကွာ

ဟိုးးးးးးးးအတိတ်ကနေ

အခုအချိန်အထိ

ဘယ်တုန်းကများပိုင်ဆိုင်ခွင့်ရှိခဲ့လို့လဲ

ပြောတတ်လိုက်တာ

မေ့လိုက်ပါတဲ့

တိုက်ဆိုင်မှု့တွေရှိတိုင်း

ငါ့မှာလွမ်းခွင့်တော့ရှိသေးတယ်

မုန်းလိုက်တဲ့လား

သွားစမ်းပါကွာ

ငါအနစ်နာခံခဲ့သမျှပြန်နာကျဉ်းရရင်

နင့်ရင် 10 ခါပြန်ကွဲလည်း

မလုံလောက်ဘူး

ငါတစ်ယောက်တည်းချစ်နေပါရစေ

ငါတစ်ယောက်တည်းလွမ်းနေပါရစေ

ငါတစ်ယောက်တည်းငိုနေပါရစေ

နှစ်သိပ်ဖို့လည်းမလိုဘူး

သနားဖို့လဲမလိုဘူး

အနည်းဆုံးတော့ ဒီဘ၀မှာ

ငါ့နလုံးသားကိုငါပိုင်နေသေးတယ်

နင်လိုချင်တဲ့တစ်စုံတစ်ရာအတွက်

နင့်နှလုံးသားကိုနင်ပေးဆပ်

မွန်းကြပ်တဲ့ရင်ခွင်တစ်ခုမှာ

နင်ငြီးငွေ့လို့နေမပျော်တဲ့အခါ

နင်စွန့်ပစ်ခဲ့တဲ့

  ကြယ်လေးဆိုတဲ့ငါ့ကို

နင်မေ့ဖို့ပဲ လိုတာပါ

တစ်ကယ်တော့

နင်မေ့ဖို့ပဲလိုတာပါကွာ.........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့