Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 11 May 2014

သမ္မတရုံး ဝန်ကြီးနှင့် နေပြည်တော် မြို့တော်ဝန် ဦးသိန်းညွန့် စင်ကာပူတွင် အရေးပေါ် ဆေးကုသမှု ခံယူ

အစိုးရသစ် လက်ထက်တွင် သမ္မတရုံးဝန်ကြီး
(၁)၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်
 နေပြည်တော် မြို့တော်ဝန်အဖြစ် တာဝန်ယူ
ထားသော ဦးသိန်းညွန့်သည် ကျန်းမာရေး
အခြေအနေကြောင့် စင်ကာပူနိုင်ငံတွင်


အရေးပေါ် ဆေးကုသမှု သွားရောက် ခံယူနေရကြောင်း နိုင်ငံတော်သမ္မတရုံး အသိုင်းအဝိုင်းက ပြောကြားသည်။

ဦးသိန်းညွန့်၏ ကျန်းမာရေး အခြေအနေသည် နှလုံးရောဂါကြောင့် စိုးရိမ်ရသည်ဟု နေပြည်တော်ကောင်စီ အသိုင်းအဝိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အရိုးကျီးပေါင်းတက်သည့် ရောဂါသာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၎င်း၏ ကျန်းမာရေး အခြေအနေကြောင့် မေလ ၇ ရက်နေ့တွင် စင်ကာပူသို့ ဆေးကုသမှု ခံယူရန် သွားရောက်ခဲ့ပြီး လက်ရှိ အချိန်အထိ ပြန်လည်ရောက်ရှိမှု ရှိမရှိကို အတည်ပြုပေးနိုင်ခြင်း မရှိကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

ဦးသိန်းညွန့်သည် ယခင်က လေဖြတ်ရောဂါ ခံစားခဲ့ရသောကြောင့် ဆိုးဝါးသည့် ကျန်းမာရေး အခြေအနေ မရှိခဲ့သော်လည်း ပုံမှန် ဂရုစိုက်နေရသည့် အခြေအနေ ရှိကြောင်း နေပြည်တော်ကောင်စီ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့