Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 9 May 2014

တစ်နိုင်ငံလုံးနီးပါး ကောက်ယူနိုင်ခဲ့သည့် (၂၀၁၄)ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း

လွန်ခဲ့တဲ့နှစ်(၃၀)ကျော် (၁၉၈၃)ခုနှစ် သန်းခေါင်စာရင်း ကောက်ယူစဉ်က ကောက်ယူခြင်း မပြုနိုင်ခဲ့တဲ့ နေရာအားလုံးနီးပါးကို

(၂၀၁၄)ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းမှာ ကောက်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ (၁၉၈၃)ခုနှစ်က သန်းခေါင်စာရင်း ကောက်ယူခဲ့ပေမယ့်လည်း နယ်မြေလုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်တွေရှိနေတဲ့အတွက် ပဋိပက္ခနယ်မြေတွေမှာ ကောက်ယူခြင်း မပြုနိုင်ခဲ့ဘူးလို့ သိရပါတယ်။

အခုတစ်ကြိမ်မှာတော့ အရင်က အစဉ်အဆက်သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိတဲ့ အထူးဒေသ(၂) (၀)ဒေသ၊ အထူးဒေသ(၄) မိုင်းလားဒေသ၊ ကိုးကန့်ဒေသနဲ့ ကရင်၊ မွန်၊ ပအိုဝ်၊ ရှမ်း၊ ကရင်နီ၊ ကယားစတဲ့ နယ်မြေတွေမှာ စာရင်းကောက်ကွက်အပြည့်နီးပါး ကောက်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှုကို UNFPA တို့ရဲ့ ပူးပေါင်းကူညီဆောင်ရွက်မှုတွေနဲ့ အဆင့် (၄)ဆင့်ပါတဲ့ အစီအမံကို ဗဟိုသန်းခေါင်စာရင်းကော်မရှင်နဲ့ ရေးဆွဲပြီး အဆင့်ဆင့် အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ သန်းခေါင်စာရင်းကောက်ယူရရှိခဲ့တဲ့ အချက်အလက်တွေကိုတော့  လာမယ့်သြဂုလမှာ ရှေ့ပြေးလူဦးရေစာရင်းအဖြစ် ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး ပြည့်စုံတဲ့စစ်တမ်းကိုတော့ (၂၀၁၅)ခုနှစ် မေလခန့်မှာ ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့