Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Saturday 31 March 2012
ကြွေလွင့်သွားသော စံပယ်ဖြူတစ်ပွင့်.....
ဘာအံ တက္ကသိုလ်ရဲ့  တက္ကသိုလ်ဖွင့်စ ရက်လေးတစ်ရက်မှာ ကိုယ်သွားရမဲ့ လက်တွေ့ ခန်းက ဘယ်နေရာမှန်းကို မသိတဲ့ အူတူတူ အတတ ရုပ်လေးထွက်နေတဲ့ ကောင်မလေးတစ်ယောက်က ဘေးဘီကို ငေးမောရှာဖွေနေမိသည်..။ တစ်ယောက်ယောက်ကို လှမ်းမေးရအောင်လဲ အားလုံးက သူ့ အဖွဲ့ လေးနဲ့ သူ စကားဖောင်ဖွဲ့ နေကြတဲ့ ရွယ်တူတွေကြား တစ်ယောက်ထဲ မဝံ့ မရဲ အားငယ်စွာနှင့် မေးဖို့ ရန် မရဲဝံ့လှတာကြောင့် လျှောက်နေတဲ့ ခြေလှမ်းအတိုင်းသာ လျှောက်နေမိ၏။
ဘေးဘီဝဲယာ ငေးကြည့်နေရင်းပဲ ကံ့ကော်ပင်အောက်က ထိုင်ခုံမှာ တစ်ယောက်ထဲ ထိုင်နေသူတယ်ယောက်ကို တွေ့မိတာကြောင့် ဝမ်းသာအားရနှင့် ထိုသူကိုပဲ မေးမြန်းရန် ဆုံးဖြတ်လိုက်ပြီး ပါဝါတစ်ထောင်ကျော်လုလုနီးပါးဖြစ်နေတဲ့ ကိုယ့်ရဲ့  ပုလင်းဖင်လောက် ထူထဲနေသော မျက်မှန်ကို ပင့်တင်ရင်း သူမရှိရာသို့  ခြေလှမ်းကို ပြင်ဆင်လိုက်၏..။
ထိုသို့  သွားနေရင်းမှ သူမကို အကဲခတ်ကြည့်ရင်း
“အင်း...တော်တော်လှတာပဲ”
ဟု ရင်ထဲတွင် တီးတိုးမှတ်ချက်ချလိုက်မိသည်..။ မိန်းကလေးချင်းပင် ငေးယူရလောက်အောင် လှပနေသော ဖြူဝင်းကြည်စင်နေသည့် အသားအရေနှင့် အမည်ဖော်ပြလို့ မရသည့် ညှို့ အားတစ်မျိုးကို ပိုင်ဆိုင်ထားသည့် သူမသည် ကျောင်းဝင်းတစ်ခုလုံးတွင် သူမတစ်ယောက်ထဲ ရှိသည့်အလား အေးအေးလူလူပင် ရှိနေသည်..။
ဝတ်စားထားသည်မှာလဲ ခေတ်ကိုမလွန်စေပဲ ခေတ်နှင့်အမှီ ရိုးရိုးစင်းစင်းနှင့် လှပသော ဝတ်စုံလေးနှင့်..။ သူမ၏ ကျောပြင်ကို ဖုံးအုပ်နေသော နက်မှောင်နေသည့် ဆံသားများမှာလဲ ပိုးသားလို တောက်ပြောင်နေပါသည်..။ ကိုယ့်ကိုကိုယ်ပြန်ငုံ့ ကြည့်လိုက်တော့ သူမရဲ့  ရှည်လားလှတဲ့ ဆံပင်ကို ဒီအတိုင်းတစ်ပတ်လျှိုထုံးလျှက် အပေါ်အောက်အရောင်မတူ အဆင်မတူသော အပေါ်ပွင့် အောက်ပွင့် လိုက်ဖက်မှုမရှိသည့်ထမီနှင့်အကျီ င်္ ကို အချိုးမကျစွာ ဝတ်ထား မိခဲ့ကြောင်း သတိပြုလိုက်မိသည်..။
လှမ်းလာသောခြေလှမ်းများကို သူမအနီးသို့ ရောက်သည်နှင့် ရပ်လိုက်ပြီး..
“ဟို...ဘော့တနီလက်တွေ့ ခန်းက ဘယ်မှာလဲ သိလားဟင်း..”
“အင်း..ဟိုရှေ့ က ၃ထပ်ဆောင်အောက်ဆုံးထပ်က အစွန်ဆုံးအခန်းလေး ”
လို့ သူမကအေးအေးလူလူပင် ပြန်ဖြေခဲ့သည်...။
“ကျေးဇူးနော်”
လို့ ပြောပြီး ထိုနေရာသို့ သွားရန် ခြေလှမ်းပြင်လိုက်သော သူမရဲ့  နောက်ကျောဆီမှ
“ဟိတ်.နေအုံးလေ..စောသေးတာပဲ..။နောက်မှ တူတူသွားကြတာပေါ့..”
ဆိုတဲ့စကားသံကြောင့်
“နင်လဲ ဘော့တနီက ပဲလား” လို့  ဝမ်းသာအားရ မေးလိုက်မိ၏..။
“အေး ဟုတ်တယ်..ငါ့နာမည် စံပယ်ဖြူ..နင့်နာမည်ကရော”
“မေသဇင်”
“ဟယ်..ငါတို့ နာမည်တွေက ပန်းနာမည်တွေကြီးပဲနော်”
လို့ဆိုမှ သူမလဲ သတိထားမိသွားပြီး ..
“အေး..ဟုတ်တယ်ဟဲ့”
လို့ သူမရဲ့  စကားကို ထောက်ခံမိလိုက်သည်..။ ထိုခဏမှာပင် သူမသည် စံပယ်ဖြူအား အလွန်ပင် ခင်တွယ်စိတ် ဝင်သွားခဲ့သည်...။သူမ ပထမဆုံးကျောင်းတက်ရသောနေ့ မှာ ပထမဆုံးတွေ့ ခဲ့ရတဲ့ သူငယ်ချင်း..။
..................@@@@@@@@@@@@@@@@@........................
ပုံမှန်အားဖြင့် သူမသည်အခြားသူများနှင့် ရောနှောလေ့ မရှိပဲ ဖတ်စရာ စာအုပ်တစ်အုပ်ဖြစ်သာ ငြိမ်သက်နေလေ့ရှိသည်..။ သူမကိုလဲ စံပယ်မှ လွဲ၍ အခြားသူများသိပ်ပြီးခေါ်ပြောလေ့မရှိ..။ စံပယ်က သူမကိုတော့ ဖေးမလေ့ရှိသည်.. စကားသိပ်ပြောလေ့မရှိသော သူမအား အနှောင့်ယှက်မပေးပဲ သူမလိုအပ်ချိန်မှာတော့ စံပယ်က ကူညီရန်အသင့်..။
အမှန်တော့ သူမတစ်ယောက်ထဲကိုမှ မဟုတ်ပါ ။ စပယ်က မည်သူ့ ကိုမဆို ကူညီရန် ဝန်လေးလှသူမဟုတ်ပဲ အားကြိုးမာန်တက် ကူညီလေ့ရှိသည်..။ထို့ ပြင် စံပယ်၏ အလှဂုဏ်သတင်းကလဲ အတော်လေးပင် ကျော်ကြားလှသည်..။ ဘာအံတက္ကသိုလ် တစ်ခုလုံးပင် မဆိုထားနှင့် နည်းပညာကောလိပ်၊ကွန်ပြူတာ ကောလိပ်များသို့ ပင် ပျံ့ နှံ့ ၍ စံပယ်ကို လာရောက် ရှုစား ပိုးပန်းသူက အများသား..။
ဒါပေမဲ့ စံပယ်သည် အမြဲတမ်း ယဉ်ကျေးချိုသာစွာပင် ငြင်းဆိုခဲ့သည်..။ စံပယ်ရဲ့ အပြောအဆိုယဉ်ကျေးချိုသာမှုကိုလဲ သူမ သတိပြုမိခဲ့သည်..။
ထို့ နောက်တွင်တော့ အားလုံး မျှော်မှန်းထားသည့်အတိုင်း ဘော့တနီကွင်းဘွဲ့ ကို စံပယ်ပိုင်ဆိုင်ခဲ့သည်..။
ရွာမှနေပြီးကျောင်းလာတက်ရသော သူမက ဘားအံမြို့ ရှိ အဘွားအိမ်တွင်နေထိုင်ခဲ့ရသည်..။မြဝတီနှင့်ဘာအံ ကုန်ကူးသည့် အဘွားက အိမ်မှာအမြဲမရှိ၍ သူမရဲ့ အဒေါ်ကျောင်းဆရာမ အပျိုကြီးဒေါ်သဇင်ထွန်းနှင့် နေထိုင်သည်..။ အပျိုကြီးဆိုပေမဲ့ အဒေါ်သည် ပိစိပိစပ်မများ..သူမတို့ နှင့်ရွယ်တူအတိုင်းပေါင်း၍ အဖွဲ့ ကျလေ့ရှိသည်..။
စာသင်နှစ်တစ်ဝက်ကျိုးလာချိန်တွင် စံပယ်ရဲ့ ကောင်းမှုကြောင့်ပဲ စံပယ်သူငယ်ချင်းတစ်ချို့ နှင့် သူမ သူငယ်ချင်းဖြစ်လာခဲ့သည်..။ ထိုသူငယ်ချင်းတွေ စာတွေအတူတူစုဖတ်မည်လို့  စိတ်ကူးလိုက်ကြသည်နှင့် ရှင်းလင်း၍ လူမရှိသည့် သူမအဘွားအိမ်တွင်သာ နေရာရွေး၍ စုံမိကြသည်..။
ဒီလိုနှင့် သူမမှာ စံပယ်အပါအဝင်အခြားသူငယ်ချင်း ၈ ယောက်ကို ပိုင်ဆိုင်လာခဲ့သည်..။အချက်အပြုတ်ဝါသနာ ပါသော သူမနှင့်အဒေါ် သဇင်ထွန်းကြောင့် သူငယ်ချင်းများက သူမတို့ အိမ်တွင် စားအိမ်သောက်အိမ်ဖြစ်လာကြသည်..။အဘွားမရှိသောာနေ့ မျိုးတွင်ပါ..။အဘွားရှိသောနေ့ မျိုးတွင်တော့ အားလုံး ငြိမ်နေတတ်ကြသည်..။ဒီလိုမှ မငြိမ်သက်လျှင် အဘွားက အဒေါ့်ကို
“သဇင်.နင်ကလေးမဟုတ် ဘာမဟုတ် ကလေးတွေ ကြားမှာ တရုန်းရုန်း ”
ဘာညာဆိုပြီး မပြီးဆုံးနိုင်သော တောက်တွန်းမှုများနှင့်ဆူတတ်သောကြောင့် အဘွားအိမ်မှာရှိသောနေ့ များတွင် အားလုံးမလှုပ်ရှားပဲ ငြိမ်သက်နေလိုက်သည်..။ဒီနေ့ လဲ အိမ်မှာအဘွားမရှိ၍  မုန့် ဟင်းခါး ချက်စားရန် စီစဉ်ထားသော အဒေါ်က နင့်သူငယ်ချင်းတွေကို အိမ်ခေါ်လိုက်ဆိုတာကြောင့် သူငယ်ချင်းများကို မုန့် ဟင်ခါးစားရန်ခေါ်လိုက်မိ၏..။
သူတို့ အားလုံးရောက်လာချိန်တွင် ခေါင်းလျှော်ထား၍ မခြောက်သေးသော ဆံပင်များကို ခါတိုင်းထုံးနေကြ တပတ်လျှို ထုံးမထားပဲ ဒီအတိုင်းကျောပြင်မှာချထား၍ အားလုံးသော သူငယ်ချင်းများမှာ အံ့သြခြင်းများစွာနှင့်....
“မေ..နင့်ဆံပင်တွေ...”
ကျော်ထိုက်မှာ စကားဆက်၍မပြောနိုင်ပဲ လက်ညှိုးထိုး၍သာ မေ့ကို ပြူး၍ ကြည့်နေလေသည်..။
အဲ့တော့ မေက စကားထောက်ပေး၍..
“အင်း ဘာဖြစ်လို့ လဲ ..ငါ့ဆံပင်..”
အဲ့ဒီတော့မှ သူက ဆက်၍....
“အဲ့ဒီလောက်တောင် ရှည်တယ်...”
ဆိုပြီး ခပ်တိုးတိုးထွက်လာသည်..။ကျန်သောသူများမှာလဲ မျက်လုံးအပြူးသားနှင့်...။ ဟုတ်သားပဲ.. မေ ဆံပင်ဖားလျားချတာ သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးဘူး....။သူမက အမြဲတမ်းတပတ်လျှိုသာ ထုံးထားလေ့ရှိသည်..။ဒါကြောင့်သူမရဲ့  တခေါက်ခွက်ကို ကျော်လွန်၍ ခြေသလုံးသား တဝက်ကိုတောင် ဖုံးအုပ်လုနီးနီးဆံပင်ရှည်များကို အံ့ အားသင့်သွားကြတာ..။
ဖြူနှင်းက ဆက်၍
“နင့်ဆံပင် အဲ့ဒီလောက်တောင်ရှည်တာ စာသင်နှစ်တစ်နှစ်တောင်ကုန်တော့မယ် ငါတို့ ခုမှ သိတယ်မေရယ်..နင်ဘာလို့  ဆံပင်ကို ဒီအတိုင်းအမြဲတမ်းထုံးထားတာလဲ..အမြဲတမ်းထုံးထားတော့ ဘယ်သူမှ မတွေ့ ဖူးပေါ့..”
“သူများတွေ့ အောင် ငါထားတာမှ မဟုတ်တာ..ငါ့ဟာငါ ကြိုက်လို့ ထားတာ..”
မေက ထုံးစံအတိုင်းအားနာရကောင်းမှန်းမသိ စကားကို တုတ်ထိုးအိုးပေါက် ပြန်ပြောလိုက်သည်..။သူမက အမြဲတမ်းစကားပြောမချိုသာတာ သူငယ်ချင်းများသိပြီးသာ..။ဒါကလဲ သူမရဲ့  ပေါင်းသင်းဆက်ဆံရေးညံ့ ဖျင်းမှုပင် ဖြစ်သည်..။
..............................................@@@@@@@@@@@@@@@@@.......................................
ယခုမှ ပထမနှစ်ပင် ရှိသေးသောလဲ တစ်ခါတရံ သူမတို့ က ကျောင်းပြီးသော တစ်နေ့ တွင် ငါတို့ ဘာလုပ်ကြမလဲ ဆိုပြီးတွေးတောလေ့ရှိသည်..။ဝေဖြိုးနှင့် မြတ်ကိုက အိမ်မှာ စီးပွားရေးလုပ်ငန်းများစွာပိုင်ဆိုင်ထား၍
“ငါတို့ ကတော့ အိမ်က အလုပ်ပဲ ပြန်လုပ်ကြမယ်”
ဆိုပြီး အနာဂတ်ကို လှမ်းမြင်နေသောလေသံနှင့်စကားပြောလေ့ရှိသည်..။ကျော်ထိုက်ကလဲ ..
“ငါက သင်္ဘောလိုက်မှာ”
ဟု အားတက်သရော ပြောလေ့ရှိသည်..။
သူရကလဲ အားကျမခံ
“ငါက ကျောင်းပြီးရင် ငါ့အမျိုးတွေ ရှိတဲ့ ဂျပန်ကို လိုက်သွားမှာ”
သြော်..သူတို့  ယောင်္ကျားလေးတွေက ဟုတ်လို့  ကျောင်းပြီးတာနှင့် အလုပ်ကိုယ်စီ ..အမြဲတမ်းရွှတ်နောက်နောက်နေတတ်သော နှင်းဖြူကတော့
“ငါကတော့ ကျောင်းပြီးရင် ယောကျာင်္းယူပြီး ယောကျာင်္းလုပ်စာ ထိုင်စားမှာ”
ဆိုပြီးဝင်ဖောက်တော့ ယောင်္ကျားလေးများက
“ဒါကြောင့် နင့်ကို ငါတို့ အဖွဲ့ ထဲက တစ်ယောက်မှ မယူရဲတာ”
ဆိုကာ ပြန်လည်နောက်ပြောင်ကြသည်...။
စံပယ်ကတော့
“ငါ တက္ကသိုလ်မှာ ဆရာမ လုပ်ချင်တယ်..။မေ လဲလုပ်ပါလား ငါတို့  ဂုဏ်ထူးတန်းဝင်အောင်ကြိုးမယ်လေ..နင် စာသင်ပြကောင်းတာပဲဟာ..ဝါသနာပါတယ်မဟုတ်လား..ငါတို့  ဂုဏ်ထူးတန်းရအောင်တူတူ ကြိုးစားကြတာပေါ့..”
အမြဲတမ်း လက်ချာ ပြေးတတ်သော ယောင်္ကျားလေး ၄ယောက်ကို စံပယ်၊ မြတ်နိုးနှင့် သူမကအမြဲတမ်းစာပြန်လည်သင်ကြားပေးရတာကို ရည်ရွယ်၍ စံပယ်ဆိုလိုမှန်းသူမ သဘောပေါက်လိုက်မိသည်..။
“ငါ ဒီဇိုင်နာ ဖြစ်ချင်တယ်..”
မေ့ ရဲ့  မဆိုင်မတွ ပြန်လည်ဖြေကြားချင်နောက်မှာ သူငယ်ချင်းမျာ၏ခွက်ထိုးခွက်လန် ရယ်သံများက ကပ်၍ လိုက်လာပါတော့သည်..။အမြဲတမ်းအားမနာတမ်းပြောတတ်သည့်မြတ်ကိုနှင့် ကျော်ထိုက်မှာ သူမကို ရယ်မောလို့ မဆုံး..။ကျော်ထိုက်ဆိုလျှင်...
“မေ..နင့်ပုံလဲ နင်ပြန်ကြည့်အုံး..မျက်နှာမှာတောင် သနပ်ခါးက လိမ်းတစ်ချက် မလိမ်းတချက်..ဆံပင်က ပုံမပြောင်းတစ်ပတ်လျှို ၊ဝတ်လိုက်တဲ့ အဝတ်အစားက ဘာတွေမှန်းမသိတဲ့ အပေါ်အောက်အရောင်မတူ အပွင့်မတူတဲ့ အကျီ င်္ထမီ..ဒီပုံစံနဲ့ များ နင်က ဒီဇိုင်နာလုပ်ဦးမယ်..နင့်ကိုနင်ပဲ အရင် ပြင်လိုက်အုံး..”
ဆိုပြီး မညာမတာကို ပြောဆိုလိုက်သေးသည်..။
“ငါဖြစ်ချင်တာကို ငါပြောတာပါ”
ဟု သူမ တိုးတိတ်စွာဆိုတော့ စံပယ်ကလဲ..
“အေးလေ..နင်တို့ ကလဲ သူဖြစ်ချင်တာကို သူပြောတာဝိုင်းရယ်နေစရာလား..နင်တို့ကရော နင်တို့ ပြောတာတွေ ခုဖြစ်နေပြီးလို့ လား”
ဆိုပြီး မေ့ ဘက်နေ၍ ကာကွယ်ပေးခဲ့သည်..။ထို နေ့ က စ၍ ဒီဇိုင်နာမကြီး ဟု နောက်ပြောင်ခေါ်ဆိုလေ့ရှိသည်..။
တနေ့ မှာတော့ မေ စိတ်ကူးရ၍သူမ ဝတ်နေကျလို အပွင့်များမဟုတ်ပဲ အဖြူခံပေါ် ဗေဒါဖောက် အပွင့်နုတ်နုတ်ပါသော အစကို စံပယ်အတွက်ဂါဝန်အဖြစ် လက်ဆောင် ချုပ်ပေးခဲ့ပါသည်..။ထိုဂါဝန်လေးကို အတွေ့ မှာတော့ အားလုံးက မျက်လုံးအပြူးသာနှင့်..
“ဒါ နင်ကိုယ်တိုင်ချုပ်တာလား”
ဆိုပြီး နှင်းဖြူက မေးလာပါသည်...။
“အင်း”
လို့ သူမကတစ်လုံးတည်းပြန်ဖြေတော့..
“နင် စက်လဲ ချုပ်တတ်တာပဲလား”
ဆိုသည့် အမေးကို ခေါင်းသာညိတ်ပြခဲ့လိုက်၏။
ဒါပေမဲ့ ထိုနေ့ မှစ၍ သူမ၏ ဒီဇိုင်နာလုပ်မည်ဆိုသော စိတ်ကူးကို မည်သူမှ မရယ်မောတော့ပါ..။
..............................@@@@@@@@@@@@@@@@@...................................
ဒီလိုနှင့် စာသင်နှစ်တစ်နှစ်ကို အပြီးသတ်ရန် စာမေးပွဲ ဆိုသော ကာလ တစ်ခုကို သူမတို့ ဖြတ်သန်းခဲ့ရပြီး..။ထိုကာလမှာတော့ မည်သူမှ မအား၍ သူမတို့ မတွေဆုံနိုင်ခဲ့ကြပါ..။စာမေးပွဲ နောက်ဆုံးနေ့ တွင်တော့ ထုံးစံအတိုင်း သူမတို့ အိမ်တွင် လာရောက်စုဆုံကြပါသည်..။ထိုအချိန်မှာ ကျော်ထိုက်က စလာပါသည်..။
“မကြာဘူး သင်္ကြန်ရောက်တော့မယ် နင်တို့ တွေ မပြန်ကြနဲ့ ”
တဲ့..။အားလုံးက ဘာအံမြို့ ပေါ်မှ မဟုတ်၍စာမေးပွဲပြီး အိမ်ပြန်ရန်ပြင်ဆင်နေသော သူမတို့ အား စည်းရုံးရေးဝင်ပါတော့သည်..။မေက
“ငါ တခါမှ သင်္ကြန်မလည်ဖူးဘူး.. မလည်တော့ဘူး.နင်တို့ ပဲ သွားကြတော့ ”
လို့ မဆိုင်မတွ ပင်ပြန်ပြောလိုက်သည်..။ စံပယ်ကလဲ..
“ဟုတ်တယ်..ငါလဲပဲတစ်ခါမှ မလည်ဖူးဘူး ..အမိုးတို့ လဲ ကြိုက်မှာ မဟုတ်ဘူး..”
ဟု ဆိုကာ သူမဘက်မှဝင်ရောက်ပြောဆိုလိုက်သည်..။
“မရဘူး..ငါတို့ တွေ နင်တို့ တွေ အိမ်မှာ လိုက်ပြောပေးမယ်..လည်ကိုလည်ရမယ်.. ငါအိမ်မှာ ငါကားတောင်းမယ်”
လို့  ဝေဖြိုးက ဆိုလိုက်တော့ ကျန်သောသူများက အားတက်သရော....။အားလုံး၏ တိုက်တွန်းမှုနှင့်ပင် တစ်ကြိမ်တစ်ခါမှ မလည်ခဲ့ဘူးသော သင်္ကြန်ကို လည်ပတ်ရန် သူမတို့ သဘောတူခဲ့မိသည်။
ဒီလိုနှင့် သင်္ကြန်ရက်တွေအတွင်း ဘယ်နေ့ ဘယ်နေရာသွားမလဲ ဆိုတာ ကြိုတင်တိုင်ပင် ကြကာ စိတ်ဓာတ်တွေ ထက်သန်နေကြသည်..။စာမေးပွဲပြီး အိမ်မပြန်လျှင် အိမ်က စိတ်ပူမည်စိုးသောကြောင့် သင်္ကြန်တွင်းပြန်လာပါ့မယ် ကတိအထပ်ထပ်ပေး၍ သူမတို့ အိမ်ခဏ ပြန်ခဲ့သည်..။
အကြိုနေ့ မှာ ပြန်ဆုံကြမယ်ဟု အားလုံးသဘောတူပြီး ထိုနေ့ ကို ပြန်လည်ဆုံစည်းခဲ့ကြလေသည်..။
သင်္ကြန်ရက်အတွင်းတွင် တစ်ကြိမ်တစ်ခါမျှ မလည်ပတ်ခဲ့ဖူးသော သူမအတွက် အတော်လေးကိုပင် ပျော်ရွှင်ခဲ့ပါသည်..။ဝေဖြိုးရဲ့  ဦးလေးက ကားမောင်းကာ နေရာစုံအောင်လိုက်ပို့ ပါသည်..။ ဘားအံ တစ်မြို့လုံးရှိ ရေတံခွန်၊ ဆန္ဒဂူမကျန် နေရာစုံသွားခဲ့ယုံပါမက မော်လမြိုင် ကျိုက်ခမီ စက်စဲ သို့ပါ သွားရန်ပြင်ဆင်ခဲ့ပါသည်..။ထို့ ကြောင့် သင်္ကြန်အတက်နေ့ တွင် မော်လမြိုင်သို့ သွားကြ၍ ကျိုက်ခမီတွင် တစ်ညအိပ်ခါ နှစ်ဆန်းတစ်ရက်နေ့  မှ ပြန်လာရန် စီစဉ်ကြသည်..။
သို့ သော်..............
စည်ကားသိုက်မြိုက်လှတဲ့ မော်လမြိုင် ကမ်းနားလမ်းတစ်လျှောက် ရေပက်ခံ ထွက်ရင်း..................
သင်္ကြန်ရေပက်ခံထွက်၍ ကားများကို အမိုးဖွင့်ကာကားထဲတွင် ထိုင်ကြပါသည်..။ရေပက်များလှသော မဏ္ဍပ်များတွက်တော့ ကားဝမ်းဗိုက်ထဲတွင် ရေများဝင်လွန်တာကြောင့် ကားဘောင်ပေါ်မှာ ခဏ တက်ထိုင်ဖြစ်ကြပါသည်..။သင်္ကြန်တစ်တွင်းလုံးဒီလိုပင် ဘောင်ပေါ်ထိုင်လိုက် ကားထွက်လျှင် ဝမ်းဗိုက်ပေါ်ပြန်ဆင်းထိုင်လိုက်နှင့် ရှိနေခဲ့သော်လည်း  ၊ ထိုနေ့ မှာတော့ ....
အောက်သို့ဆင်းထိုင်ရန် အဆင်သင့်မဖြစ်သေးသော စံပယ်မှာ ရုတ်တရက် ဆောင့်ထွက်လိုက်သော ကား၏ အရှိန်ကြောင့်လူက မထိန်းနိုင်ဘဲ ပက်လက်လှန်ကာ ကားပေါ်မှ ရုတ်တရက်.....
“စံပယ်........”
အားလုံး၏ အလှန့် တကြားခေါ်လိုက်သံကိုတောင် စံပယ် ကြားနိုင်ခဲ့ရဲ့ လား သေချာမသိနိုင်ပါ..။ စံပယ်ရဲ့ ခေါင်းနှင့် ကတ္တရာလမ်းမ ထိတွေ့သံက ကျယ်လောင်စွာတောင် မထွက်နိုင်ပဲ
“ခွပ်”
ဆိုတဲ့ ခပ်အုပ်အုပ် အသံသာ ထွက်ပေါ်နိုင်လာတော့သည်..။စံပယ်ရဲ့  နက်မှောင်နေတဲ့ဆံနွယ်ကြားက ယိုစိပ်ထွက်လာတဲ့ သွေးစီးချောင်းကြီးက သူမ ဝတ်ထားတဲ့ ဂျာကင် အဂျီ င်္အဖြူရောင်ကို ချင်းချင်းနီစေခဲ့ပြီး..။နွေနေ့ ရဲ့  အပူရှိန်ကြောင့် သွေးတစ်ချို့ က အမြုပ်တွေ ဝေဖြာလို့ ...။ဆေးရုံကို အမြန်သယ်ဆောင်ခဲ့ပေမဲ့ ...ဆရာဝန်က...
“နေရာမှာတင် ပွဲချင်းဆုံးခဲ့တာတဲ့”
သင်္ကြန်ရက်မှာ သတိလေးတစ်ချက်လွတ်တာနဲ့ စံပယ် ဘဝပေးခဲ့ရပြီး...။ဝမ်းနည်းလို့ မဆုံး.....
သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်စရာ ဆိတ်သုန်း၍ မျက်ရည်တို့ အိုင်ဖွဲ့နေသော မျက်ဝန်းများနှင့်သာ။
.......................................@@@@@@@@@@@@@@@@@@........................................
“ စံပယ်...ခုဆို ဆယ်စုနှစ်တစ်ခုပြည့်ဖို့  ၃ နှစ်ဆိုတဲ့ အချိန်ကာလ တစ်ခုပဲ လိုတော့တယ်..။ဒါပေမဲ့  ငါ့မျက်လုံးထဲမှာ မနေ့ ကလိုပဲ မြင်တွေ့ နေရတယ်..။တစ်ချက်လေး လက်လွတ်သွားခဲ့တဲ့ သတိက နင့်ကို ဘဝချင်းပိုင်းခြားလိုက်တယ်နော်..။
ငါလေ... နင်မရှိတဲ့နောက် မြူးကြွနေတဲ့ သင်္ကြန်သီချင်းသံတွေကြားတိုင်း ရင်မှာနာကျင်နေခဲ့တယ်..။တိုးတိတ်စွာ ငိုကြွေးနေမိခဲ့တယ်..။
ငါ့အတွက်တော့ နင်နဲ့ လည်ပတ်ခဲ့ဖူးတဲ့ သင်္ကြန်ဟာ ပထမဆုံးနဲ့နောက်ဆုံးသင်္ကြန်လည်ပတ်မှုပါ..။သင်္ကြန်ရက်တွေမှာ လည်ပတ်ဖို့ ပြင်ဆင်နေကြတဲ့ သူငယ်ချင်းတွေ မောင်ငယ်ညီမငယ်တွေအတွက် နင့်အဖြစ်အပျက်ဟာ ငါ့အတွက်တော့ မရိုးနိုင်စရာပြောခဲ့ သတိပေးခဲ့တဲ့ သဏ္ဍန်ရီတစ်ပုဒ်ပါ..။
သူတို့ ဆင်ခြင်နိုင်ဖို့  အမြဲတမ်း ငါသတိပေးစေနိုင်ဖို့  နင်က သင်္ကြန်ရောက်တော့မယ်ဆိုတိုင်း ခါတိုင်းထက် ပိုပြီး ငါ့စိတ်နှလုံးကို ဝင်ရောက်ခဲ့တာပါ..။”
“စံပယ်..ငါလေ..တချိန်က နင်တို့ တွေ နှစ်သက်ခဲ့တဲ့ ငါ့ရဲ့  ခြေသလုံးတစ်ဝက်ကျော်ရှည်ခဲ့တဲ့ ဆံပင်ကလဲ အခြေနေအရပ်ရပ်ကြောင့် ငါ့ရဲ့  ပခုံးထဲမှာ ဝဲပျံနေယုံ ရောက်ခဲ့ ပြီး..။
ငါ့ရဲ့  ပုလင်းဖင်လောက် ထူထဲနေတဲ့ မျက်မှန်နေရာမှာလဲ ကာလာစုံ မျက်ကပ်မှန်တွေ အစားထိုးခဲ့ပြီး...။
ငါ့ရဲ့  အပေါ်အောက် မတူညီတဲ့ ကာလာစုံ အပွင့်စုံ ဝတ်စားပုံက အင်တာနေရှင်နယ် ကာလာအဖြစ် မော်ဒန်ပန်ချီဆရာတို့ ရဲ့  မျက်ဝန်းထဲမှာ အချိုးကျနေခဲ့ပြီး...။
ငါဟာ..နာမည်ကျော် ဒီဇိုင်နာကြီး မဖြစ်ခဲ့ပေမဲ့
“ဒါ..မေ့  လက်ရာလေး”
လို့  သူငယ်ချင်းတွေ အချင်းချင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောတဲ့ အသံတစ်ချို့  ငါ့နားထဲ လွင့်ပျံလာခဲ့ပြီး...။”
“ငါ့ရဲ့  အပြောင်းလဲ ကြီး ပြောင်းလဲ သွားပုံကို နင်တွေ့ ရင် နင်အံ့ သြမှာသေချာပါတယ်..။ဒါပေမဲ့ စံပယ်...ငါ့ရဲ့ ခန္ဒာပေါ်က ပြင်ဆင်မှု သာပြောင်းလဲခဲ့တယ်.. ငါ့ရဲ့  စိတ်နှလုံးထဲမှာ နင့်ကို လွမ်းခဲ့တဲ့ လွမ်းဆွတ်မှုက မပြောင်းလဲခဲ့ပါဘူး..။
အထူးသဖြစ် ဒီသင်္ကြန်ရောက်တော့မယ်ဆိုတိုင်း ငါနင့်ကို ပိုလွမ်းဆွတ်ခဲ့တယ်...။တခါတလေ ဒီအတိုင်းသိမ်းထားရတဲ့ ဘွဲ့ လက်မှတ်လေးကို ထုတ်ကြည့်မိတိုင်း ငါ့ရဲ့  ကျောင်းတက်စနေ့ မှာ ပထမဆုံးသူငယ်ချင်း ၊ ငါ့ကို အရာရာဖေးမပေးခဲ့တဲ့ သူငယ်ချင်းလေးကို ငါ ရင်နှင့်အမျှလွမ်းတယ် စံပယ်..။”
“သူများတွေ ပျော်နေခဲ့တဲ့ သင်္ကြန်မှာ နင့်ကို လွမ်းဆွတ်မှုနဲ့  ငါ တစ်နေ့ မှ မပျော်ရွှင်ခဲ့ပါဘူး..။ငါနင့်အတွက် သင်္ကြန်ရက်တွေမှာ နင့်ကို ရည်စူးပြီး ကုသိုလ်ဒါန လုပ်ခဲ့ပေးတယ်..။ နင် ရမှာပါနော်....။”
“စံပယ် နင်က နဂိုကတည်း ကနေ စိတ်ကောင်းစေတနာကောင်းလေးမို့  နင် ဘဝပြောင်းပေမဲ့ ကောင်းရာ ဘုံဘဝကို ရောက်မှာပါလို့  ငါယုံကြည်ပါတယ်..။ ငါ နင့်အတွက် ဒါနတွေ လုပ်ပေးတိုင်းလဲ နင် ကောင်ရာဘုံဘဝကို ရောက်ပါစေလို့  ငါအမြဲတမ်း ဆုတောင်းပေးခဲ့ပါတယ်..။ဒီနှစ်ကိုလဲ ထပ်ဆုတောင်းပေးမှာပါ..။”
မကြာခင်ကျရောက်လာတော့ မည့် သင်္ကြန်မှာ ငါကတော့ နင့်ကို လွမ်းတဲ့ အလွမ်းနဲ့  ကြေကွဲခြင်းတစ်ချို့ ကို ရင်မှာပိုက်ပြီး ဖြတ်သန်းရအုံးမယ်..။”
“စံပယ်..နင်လေ.ပိတောက်တွေ ပွင့်တဲ့ တစ်နေ့ မှာ ကြွေသွားခဲ့တယ်နော်..။
ပိတောက်တွေကို နေရာဖယ်ပေးခဲ့တာလား..။
ငါ့ရင်ထဲမှာတော့ ဖြူစင်တဲ့ စံပယ်ပန်းလေးတစ်ပွင့် အမြဲတမ်း လန်းဆန်းစွာပွင့်နေခဲ့ပါတယ်..။
တွေးခြိမ်ခြင့်စရာ (မိမိကိုယ်မိမိ အရေးကြီးသူဟု ထင်နေသူများ)
တွေးခြိမ်ခြင့်စရာ
(မိမိကိုယ်မိမိ အရေးကြီးသူဟု ထင်နေသူများ)
မိမိကိုယ်မိမိ အရေးကြီးသူဟု ထင်နေသူများကို တစ်ခါတစ်ရံ တွေ့ကြုံရတတ်ပါတယ်။စီးပွားရေး အထိုက်အလျောက်
ကောင်းလာပြီး ပညာအထိုက် အလျောက် ရှိလာပြီဆိုရင် လူတွေဟာ မိမိကိုယ်မိမိ အထင်ကြီးတဲ့စိတ် ၀င်လာတတ်တာ
တော့ ဓမ္မတာပါ။သို့သော် လုပ်သင့်တာထက်ပိုပြီး လုပ်သူ များကို တွေ့ရတတ်ပါတယ်။မိမိကိုယ်မိမိ မသိသော်လည်း
ဘေးလူများက သတိထားမိတတ်ကြပါတယ်။
ဟောပြောပွဲတွေ၊အစည်းအဝေး တွေကျရင် သူတို့က နေရာကောင်းကိုပေးမှ ကြိုက်ပါတယ်။နေရာကောင်းမပေးရင်
ကသိကအောက် ဖြစ်နေတတ်ကြပါတယ်။ သူတို့ဟာ အရေကြီးတဲ့နေရာမှာမှ ထိုက်တန်တယ်လို့လည်း ထင်နေတတ်
ကြပါတယ်။နေရာကောင်းမရရင် တဖျစ်တောက်တောက်နဲ့ ပြောနေ သူများ ကျွန်တော်တွေ့ဖူးပါတယ်။ ကျွန်တော်တို့
နားလည်ထားသင့်တာက ဒီလိုဧည့်ခံပွဲတို့၊အစည်းအဝေးတို့မှာ စီစဉ်ရတဲ့လူတွေဟာ တော်တော် ပင်ပန်း ပါတယ်။
တတ်နိုင်သလောက် အဆင်ပြေအောင်လည်း စီစဉ်ဆောင်ရွက်ကြပါတယ်။ဒီလိုလုပ်ရတဲ့ကြားကနေ လစ်ဟင်းသွားတာ
လေးတွေ ရှိနိုင်ပါတယ်။
ဒါကြောင့်လည်း လိုအပ်တာတွေ၊လစ်ဟင်းတာတွေရှိရင် တောင်းပန်တဲ့အကြောင်းကိုပြောလေ့ပြောထရှိကြတာပါ။
ကျွန်တော် အထက်က ပြောခဲ့သလို နားလည်မှုရှိတဲ့သူတွေရှိသလို နားလည်မှု မရှိတဲ့သူတွေလည်း ရှိတတ်ပါတယ်။
နားလည်ရခက်တဲ့သူတွေကတော့ သူတို့ကိုယ်သူတို့ အရေးကြီးတယ်လို့ ထင်နေတဲ့သူများဖြစ်ပါတယ်။
ဒီလိုလူတွေဟာ သေသေချာချာ စဉ်းစားပြီး အများနဲ့လုပ်နေရတဲ့ကိစ္စတွေဟာ နားလည်မှုရှိပေးဖို့လိုပါတယ်။ေ
နရာတစ်ခုသွားလို့ လုံခြုံရေးစစ်ဆေးတဲ့နေရာမှာ တာဝန်အရ စစ်ဆေးတာကိုတောင် မကြိုက်တဲ့သူများကို
တွေ့ရတတ်ပါတယ်။တကယ်မှာ အများလုံခြုံရေးအတွက် စစ်ဆေးတာကို ကောင်းကောင်းမွန်မွန် ဖြေကြားလက်ခံရမှာ
ဖြစ်ပါတယ်။
ငါ့ကိုဘယ်သူလို့ထင်နေသလဲ စတဲ့အတွေးတွေဟာ မှားယွင်းနေပါတယ်။မိမိကိုယ်မိမိ အရေးကြီးတယ်လို့ထင်နေပေမယ့်
ဘေးလူတွေအမြင်မှာတော့ ကိုယ်လိုသူလိုပဲ ဖြစ်တယ်လို့ ထင်နေတာတွေကို သိထားဖို့လိုပါတယ်။
ဘ၀မှာ အရေးကြီးတဲ့ ပညာရေးတွေ၊ဗဟုသုတရှာဖွေရေးတွေ၊စီးပွားရေးတွေ စတဲ့ ကိစ္စတွေနဲ့ပြည့်နေတဲ့အချိန်မှာ
ဘာမဟုတ်တဲ့ မိမိကိုယ်မိမိအထင်ကြီးပြီး အရေးကြီးတယ်လို့ထင်နေတဲ့ စိတ်ဓာတ်တွေကို လျှော့သင့်ပါတယ်။
သင့်ကြောင့် မိသားစုဘ၀ မပြိုကွဲပါစေနှင့် ...
ရုံးတော်ကအပြန် .... ကြေကွဲခံစားမိတာတော့ အမှန်ပဲ ... ပထမအကြိမ် ရုံးတော်ကို လက်ထပ်စာချုပ် လက်မှတ်
ရေးထိုးတုန်းက ပြုံပျော် ရွှင်မြူး ကြည်နူးခဲ့သလောက် ... တစ်ယောက်နဲ့ တစ်ယောက် ရှု့မ၀ ..ကြည့်မ၀..
ရင်နစ်အောင် ချစ်မ၀ ဖြစ်ခဲ့သလောက် ... အခုတကြိမ်က .. ဘယ်လိုမှ ညှိနှိုင်းလို့ မရတဲ့ အဆုံး ... လက်လွှတ်
ဆုံးရှုံးရတော့ မလား .. အဖေကို ခွင့်လွှတ်ပါသမီး... အဖေ မျက်ရည်စက်လက် နဲ့ ကလောင်တစ်ချက် ရေးခြစ်
ရတော့မှာပါလား ... သမီးမေမေ တို့ အသိုင်းအ၀ိုင်းရဲ့ တွန်းအားပေးမှုကြောင့်ပဲ ဖေဖေ .. ကွာရှင်းစာချုပ်မှာ ....
လက်မှတ်ထိုးပေးလိုက်ရတယ် သမီး .... ရက်စက်လိုက်ကြတာကွာ.... ဖေဖေကို ခွင့်လွှတ်ပါ သမီး ..
မသိ နားမလည်သေးတဲ့ ဖေဖေ ချစ်သမီး တစ်နေ့တော့ နားလည်လာမှာပါ ....
သမီးလေး ... အဖေ မမှားပါဘူးနော်... သမီးမေမေရဲ့ အသိုင်းအ၀ိုင်းက ဂုဏ်ပကာသနမက် ... ငွေကြေးကိုစံထား ..
ဂုဏ်ယူဝန့်ကြွားနေလိုက်ကြတာ.. ကိုယ့်မြေ ..ကိုယ့်ရေ..ကိုစွန့်ခွါပြီး.. နိုင်ငံရပ်ခြားမှာ အခြေချမလို့တဲ့ .. မတူညီတဲ့
လူ့အသိုင်းအ၀ိုင်း အဖေ လိုက် မနေနိုင်ဘူး သမီး... လောကစည်းစိမ်တွေ ဘယ်လောက်ပဲ ချမ်းသာနေပစေ ..
ဖေဖေလေ ... ကိုယ့်နိုင်ငံ ကိုယ်လူမျိုးရဲ့ ဓလေ့စရိုက်တွေကို မစွန့်ခွာနိုင်ဘူးသမီး ...
" ရှင် ကျွန်မနဲ့ နိုင်ငံရပ်ခြားမှာ အတူလိုက်မနေနိုင်ဘူးဆိုရင်.. သမီးကိုလည်း ဆုံးရှုံးရမယ်...
ကျွန်မကိုလည်း ကွာရှင်းခွင့်ပေးရမယ် " လို့ အကြပ်ကိုင်ခဲ့ကြတဲ့ သမီး မေမေတို့ အသိုင်းအ၀ိုင်း ...
သမီးအမေရဲ့ ဆန္ဒ ... ဖေဖေ နားမလည်နိုင်ခဲ့ဘူး ... တကယ်ဆို သမီးမေမေ က ဖေဖေဆန္ဒနဲ့ တထပ်တည်း
ဖြစ်သင့်တာ... ဖေဖေ ဘယ်လို ဆုံးဖြတ်ချက်ချသင့်သလဲသမီး ... ရွေးစရာလမ်းမရှိတော့လို့ .. သမီး မေမေနဲ့
ကွာရှင်းဖို့ သဘောတူခဲ့ ရတာပါ... မိသားစု အသိုက်အမြုံ ပျက်ဆီးခဲ့ရပြီ သမီးလေးရေ ...
စိတ်ညစ်တယ်.. သမီးလေးရေ... ဖေဖေ ဘ၀ မှာ ချစ်ဇနီးကလည်း မုန်း ..သမီးလေးကိုလည်း ဆုံးရှုံးရတဲ့
ဘ၀တစ်ခုမို့ .. ဒီ သောကအမုန်းတွေကို ဖြေဖျောက်ဖို့ အရက်ကိုပဲ အဖော်ပြုခဲ့မိတယ် သမီး ...
ညနေတိုင်း အရက်သောက်... စားသောက်ဆိုင် စင်မြင့်ထက်က တေးဂီတကိုခံစား .. ခါးသီးလှတဲ့ ဖေဖေဘ၀ကို
လျှော့ပါးစေမလားလို့ .. အရက်ကို အဖော်ပြု .. သောက ကို မျက်ကွယ်ပြုခဲ့မိတယ်သမီး ...
ညနေပိုင်း အချိန်တွေကိုရောက်မှာ ဖေဖေ အကြောက်ဆုံးပဲ သမီး... မိသားစုဘ၀ ကို တမ်းတမိလွန်းလို့ပါ ...
အပူသောက မီးပွားတွေကို အရက်ခါးခါးနဲ့ ဖြေပျောက်မိခဲ့တယ်သမီး ...
အရက် ၀ ရင် .. ဘာမှ သတိမရတော့လို့ ... အရက်ဟာ ဖေဖေအတွက် အဖော်မွန်ဖြစ်နေပြီလား ...?
အရက် ၀ ရင် ..ဘာမှ သတိ မရတာကိုပဲ ကျေနပ်ခဲ့နေပြီလား ..?
ဆိုင်သိမ်း မှ အရက် ၀ လို့ လူမှန်းသူမှန်းမသိ မူးရူးပြီး အိမ်ပြန်တတ်တာ ဖေဖေ အကျင့်ဖြစ်နေပြီလား..?
တစ်နေ့ ..အလုပ်က လွှဲငွေအများအပြားနဲ့ အိမ်မရောက်ပဲ ..စားသောက်ဆိုင်ကို အရင်ရောက်ခဲ့မိတယ်သမီး ..
x x x ချစ်ဇနီးလေးအေးနဲ့ xx မောင်ဝေးခဲ့တယ် xxx သမီးလေးကိုလဲ တမ်းတတယ်.xx လွမ်းရတယ် xx
ဆွေးရတယ်xx ဆိုတဲ့ ဒီသံစဉ် တေးသွားကို ဖေဖေ မခံစားနိုင်ဘူးသမီး... သမီးလေးကို သတိရလိုက်တာ ...
ဖေဖေ လွှဲငွေတွေပါလာလို့ အစောပြန်မယ်လို့ ဆုံးဖြတ်ထားပေမယ့် .. သမီးကို သတိရလွန်းလို့ ...
ဖေဖေ လူမှန်းသူမှန်းမသိ .. သောက်ခဲ့မိတယ်သမီး.. ဆိုင်သိမ်းလို့ အိမ်အပြန် ..
ရီဝေတဲ့ အရက် ဒဏ် နဲ့ ဖေဖေ လမ်းမထက်မှာ မူးလဲသွားခဲ့တယ်သမီး ...
ဖေဖေ ..အမူးပြေပြီး သတိရလိုက်တဲ့ အချိန်မှာ ... အိမ်တစ်အိမ်ကို ရောက်နေခဲ့တယ်သမီး ...
အမူးလွန်ပြီး လမ်းမထက်မှာ လဲနေတဲ့ ဖေဖေကို စားသောက်ဆိုင်မှာ သီးချင်းဆိုတဲ့ မိန်းကလေးကပဲ သူအိမ်ကို
ခေါ်လာပေးခဲ့တာ... အဲဒီအိမ်မှာ စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ မိန်းကလေးရယ်... သူ့မောင်လေးရယ်..
သူ့အမေရယ် .. မိသားစု သုံးယောက်ပဲ ရှိတယ်သမီး ... တကယ်ကို နွမ်းပါးတဲ့ မိသားစုလေးပဲ သမီး ...
မပြည့်မစုံနဲ့ မိသားစု ဘ၀ကို ဖြတ်သန်းနေရာတာ.. သီလ လုံခြုံတဲ့ ဒီမိသားစုကို ဖေဖေ ကျေးဇူးတင်သင့်တယ် သမီး ..
ဖေဖေ အလုပ်က လွှဲငွေတွေလဲ မပျောက်မပျက်နဲ့ ... ဖေဖေဘ၀အတွက် ... တကယ့်ကို ကျေးဇူးရှင် မိသားစုပဲ....
တကယ်လို့များ အရက်မူးလဲနေတဲ့ဖေဖေကို့ လမ်းမထက်မှာ မသိကျိုးကျွံပြုပြီး ထားသွားခဲ့ရင် ...
မတွေးဝန့်စရာပဲ သမီးလေးရေ ....အသိမဲ့ သောက်ခဲ့မိတဲ့ ဖေဖေ ရဲ့ အပြစ်တွေပါပဲ ..
နေ့တိုင်းနေ့တိုင်း .. ဖေဖေကတော့ အလုပ်သိမ်းရင် စားသောက်ဆိုင်ရောက် .. အရက် ကို ဖက်တွယ်ရင်းနဲ့ပဲ ...
ဖေဖေ အပေါ် ကျေးဇူးရှိခဲ့တဲ့ သီးချင်းဆိုတဲ့ မိန်းကလေးနဲ့ ခင်မင် ရင်းနှီးခွင့် ရခဲ့တယ်သမီး ..
သူ့မိသားစု အကြောင်း ..ကိုယ့်မိသားစုအကြောင်း ပြောဖြစ်ခဲ့ကြတယ်သမီး ..
တကယ်တော့ ဒီမိန်းကလေးဘ၀က ပိုပြီး ရင်နာစရာကောင်းတယ် သမီး ...
သူတို့ရဲ့ ဖခင်ဟာ ..ဒီမိသားစုဘ၀ကို ပြစ်ပါယ်ပြီး နောက်အိမ်ထောင်ပြုသွားလို့ပဲ သမီး ... ဒီအဖြစ်အပျက်ကြောင့်ပဲ
မိခင်က သောက ဒဏ်ရာတွေရ .. အဖမဲ့တဲ့ မိသားစုကြား ဒီ မိန်းကလေးက စားဝတ်နေရေးအတွက် လွယ်ကူတဲ့
စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ အလုပ်ကိုလုပ်ရင်း သူတို့မိသားစုဘ၀ကို ဖြတ်သန်းနေရတယ် သမီး ...
သူ့ရည်ရွယ်ချက်ကလည်း သူသိပ်ဝါသနာပါတဲ့ အဆိုတော် တစ်ယောက် ဖြစ်ချင်တယ်လို့ ဆိုတယ်သမီး ..
ဖေဖေလည်း .. ဖေဖေရဲ့ အထီးကျန်ဆန်တဲ့ ကွက်လပ်လေးတစ်ခုကို ဖြည့်ဆည်းပေးတဲ့ ဒီမိန်းကလေးပေါ်မှာ
သာယာမိတာတော့ အမှန်ပဲသမီး ... ကျေးဇူးရှိတဲ့ ဒီမိန်းကလေးကို အသိအမှတ်ပြုတဲ့ အနေနဲ့ စီးရီးတစ်ခွေ ထုတ်ဖို့
ဖေဖေ အကူအညီပေးခဲ့တယ်သမီး ... စိတ်ရင်းကောင်းတဲ့ ဒီမိန်းကလေးရဲ့ ဘ၀ကံကြမ္မာကလည်း တစ်ခွေတည်း နဲ့
ပေါက်မြောက်သွားတယ် သမီးလေးရေ.. အခုဆိုရင် အဆိုတော်တစ်ယောက်တောင် ဖြစ်နေပြီပေါ့ ...
ရိုးသားစွာဝန်ခံရရင် ဖေဖေရဲ့ အထီးကျန်ဆန်တဲ့ ဘ၀ခရီးလမ်းကို ခရီးဆက်ဖို့ ဒီ မိန်းကလေးနဲ့ ဘ၀ကြင်ဖော်အဖြစ်
လက်တွဲဖို့ သေနေတဲ့ ဖေဖေနှလုံးသားကို ရိုက်ပုတ် လှုပ်နိုးခဲ့မိတယ် သမီးလေးရေ ...
ဒါပေမယ့် ဖေဖေ နဲ့ ဒီမိန်းကလေးတို့ရဲ့ နှလုံးသားအသိတရားက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကိုချနိုင်ခဲ့တယ်သမီး
ဒါကလည်း .. ဒီမိန်းကလေးကို ကျေးဇူးတင်ရမှာပဲ သမီး ...
ဖေဖေ ရဲ့ နှလုံးသားကို နားလည်ပေးနိုင်တယ်လို့ ဆိုခဲ့တာလဲ ဒီမိန်းကလေးပဲသမီး ...
ဖေဖေ ရဲ့ သောကတွေကို ပြေပျောက်ဖို့ အရက်အလွန်အကျွံ မသောက်ဖို့ ဒီမိန်းကလေးကပဲ အသိပေးခဲ့တယ်သမီး ..
သမီးကိုချစ်ရင် ... သမီးကို မျှော်လင့်ချက်ပေးသင့်တယ်လို့ ပြောခဲ့တာလဲ ဒီမိန်းကလေးပဲ သမီး ...
သူ့ဘ၀နဲ့ နှိုင်းယှဉ်ပြီး ကိုယ်ချင်းစာလို့တဲ့ သမီးရေ ...
ဖခင်တစ်ယောက် နောက်အိမ်ထောင်ပြုသွားရင် ခံစားရတဲ့ သား သမီးတွေရဲ့ သောကအပူပြီး .. ငြိမ်းသတ်ဖို့ .. .
ကျော်ဖြတ်ဖို့ သိပ်ကို ခက်ခဲလွန်းတယ်လို့ ဆိုတယ်သမီး ..ရင် နဲ့ အမျှ ပေးဆပ်ပြီး ခံစားရတယ်လို့ ဆိုတယ်သမီး....
ဖေဖေ သိလိုက်ပြီ သမီးလေးရေ ...
အထီးကျန်ဆန်တယ်လို့ ဖေဖေထင်နေတာ... ဘယ်ကာလာ အထီးကျန်ဆန်ရမှာလဲ .. ဖေဖေ့ သမီးလေးရှိနေတာပဲ ..
သမီးကို မျှော်လင့်ချက်ထားသင့်တယ်... အနေဝေးပေမယ့် နှလုံးသားချင်းထိယှက်နေတဲ့ ဖေဖေ့ သမီးလေး....
#########################################
" ကလင် ..ကလင်..ကလင်.."
" ဟယ်လို ဖေဖေလား .."
မကြားရတာ ကြာပြီဖြစ်သော မပြီကလာ ပြီကလာနဲ့ သမီးလေး၏ စကားသံ ...
ကတုန်ကရင်နဲ့ .. ရင်သိမ့်တုန် ခံစားလိုက်ရသည်...
" ဟုတ်တယ်သမီးလေးရေ .. သမီးလေးနေကောင်းတယ်နော်..."
" ဖေဖေ နောက်မိန်းမ ယူတော့မလို့ဆို ..."
" မဟုတ်ရပါဘူးသမီးလေးရေ .."
" သမီးရှိတယ်လေ..နောက်မိန်းမ မယူပါနဲ့နော် .."
ငိုရှိုက်နေသော သမီးလေး၏ စကားသံသည် ရင်သို့ တိုးဝှေ့ရိုက်ခတ်စေပါသည်...
" ဒီမှာ ..သမီး မပျော်ဘူးဖေဖေ .... သမီးမြန်မာပြည်ကိုပဲလွမ်းတယ် ..ဖေဖေကိုလည်း သတိရတယ် ...
ဖေဖေ သမီးတို့နဲ့ ခွဲမသွားပါနဲ့နော် ..."
အရွယ်နဲ့ မလိုက်အောင် ပြောတတ်လိုက်တာ သမီးလေးရယ်...
" ဖေဖေ ကတိပေးတယ် သမီးလေးရေ ..
ဖေဖေ ဘ၀ မှာ သမီးလေးကလွဲလို့ ဘယ်သူ့ကိုမှ အစားမထိုးဘူးဆိုတာ ကတိပေးတယ် သမီးလေး ...
သမီး ပြန်လာမယ့်နေ့ကို ဖေဖေ စောင့်ကြိုနေမယ်နော် ..."
ချစ်သမီး ရဲ့ ဦးဆောင် လမ်းပြတဲ့ အဖေတစ်ယောက်ဖြစ်ဖို့ ဖေဖေမှာ တာဝန်ပြည့်ရှိတယ်သမီး ..
ဖေဖေ အခု သမီးအတွက် အရက်ဖြတ်လိုက်ပြီ သမီးလေးရေ .. သမီး ရဲ့ အဖေဟာ အရက်သမား မဖြစ်စေရဘူးသမီး ..
အဖေ ရဲ့ ပြုမူဆောင်ရွက်ချက်တိုင်းဟာ သမီးအတွက်ပဲ ဖြစ်စေရမယ် ...ဖေဖေ ရဲ့ ဘ၀ဟာ သမီးပဲဖြစ်ရမယ် ..
#########################################
အိမ်ထောင်တစ်ခု.. မိသားစုဘ၀တစ်ခု တည်ဆောက်ပြီးသွားပြီ ဆိုရင်ဖြင့် ....
မည်သည့်အကြောင်းအရင်းကြောင့်ပဲ ဖြစ်ဖြစ် သား .. သမီးတို့ ဘ၀ရှေ့ရေး ရတက် အေးချမ်း သာယာ စိုပြေ လှပစေဖို့
မိသားစု အသိုက်အမြုံ ပြိုကွဲ ပျက်ဆီးစေဖို့ အရေး.. အိမ်ထောင်ပြိုကွဲဖို့ အရေး ... အစ မပျိုးမိပါစေနှင့် ....
တာဝန်အရှိဆုံး အဖေ နှင့် အမေ တို့သည် အသိတရား နှင့် သတိတရား လက်ကိုင်ထားရပါမည်...
သားငယ်..သမီးငယ်တို့၏ ဘ၀ရှေ့ရေးအတွက် ..
အဖေ နှင့် အမေ တို့တွင် ၀တ္တရားကိုယ်စီ ရှိကြပါသည်....
သင့်ကြောင့် မိသားစုဘ၀ မပြိုကွဲပါစေနှင့် ...
အေးချမ်း သာယာ စိုပြေ လှပသော ခိုင်မြဲသည့် မိသားစုဘ၀များ ပိုင်ဆိုင်ကြပါစေဟု ဆန္ဒပြုလျှက် .....
လေးစားစွာဖြင့် .....
မှတ်သားစရာ စာစုလေးတွေ -
ငါက ငါပြောလိုက်တာအတွက်ဘဲ တာဝန်ရှိတယ် ။
မင်းနားလည်တာ မလည်တာက ငါ့တာဝန်မပာုတ်ဘူး ။
ဒီနေ့ မင်းကို တစ်ယောက်မှ ချစ်တယ်လို့ မပြောသေးဘူးဆိုရင် မင်းပာာ လူမှားတွေနဲ့  နေ နေ မိလို့ ပဲ ။
မိန်းမတစ်ယောက်ပာာ လက်ဖက်ခြောက်ထုပ်လိုပဲ ပျော့ပျောင်းပါတယ် ။
ဒါပေမဲ့ မင်း သူမ ကို ရေနွေးပူပူထဲ မထည့် မချင်း သူမ ဘယ်လောက် သန်မာလဲ ဆိုတာကို မသိပါဘူး ။
စောင့်နေကျတဲ့ သူတွေဆီကို ကောင်းတဲ့အရာတွေက လာကျတယ် ။
ဒါပေမဲ့  ပိုကောင်းတဲ့အရာတွေက အဲ့အတွက် အလုပ်လုပ်တဲ့ သူတွေဆီကို လာကျတယ် ။
လက်တုံ့ ပြန်မှုဆိုတာ မလိုပါဘူး ။ နောက်ကို ကျောမှီ ပြီး ထိုင်စောင့်နေယုံပါပဲ ။ မ
င်းကို ထိခိုက်စေတဲ့လူတွေကနေ သူတို့ ပာာသူတို့  တစ်ပတ်ပြန်လည်လိမ့်မယ် ။
အကယ်၍ မင်းကံကောင်းတယ်ဆိုရင် ဘုရားသခင်ကနေ မင်းကိုသူတို့ ဖြစ်ပျက်နေတာကို ကြည့် ရှုခွင့်ပေးလိမ့်မယ် ။
နေ့ တိုင်းမှာ ကျွန်ုပ်ပာာ မနက်ခင်းတွေဆီကို ပြောင်းလဲစေခဲ့တဲ့ ညတွေကို ကျေးဇူးတင်မိပါတယ် ။
မိသားစုအဖြစ်ကို ပြောင်းလဲစေခဲ့တဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်မိပါတယ် ။
တကယ့် အမှန်အဖြစ်ကို ပြောင်းလဲစေခဲ့တဲ့ အိပ်မက်တွေကိုလည်း ကျေးဇူးတင်မိပါတယ်။
ဒါပေမဲ့ ဦးနှောက်ကိုပါ တစ်ပါတည်း ယူဆောင်သွားပါ ။
သင် ချစ်မြတ်နိုးတဲ့ တစ်ယောက်ယောက်ကို မေ့ ဖို့ ကြိုးစားနေတာပာာ သင် သိတောင် မသိဖူးသေးတဲ့
တစ်ယောက်ယောက်ကို သတိရအောင် ကြိုးစားနေတာနဲ့ အတူတူပါပဲ ။
ငတုံးတွေအားလုံး ကျေးဇူးပြုပြီး ပါးစပ်ပိတ်ပေးကြပါ..
ဒါပာာ "နောက်တာ သပ်သပ်ပါ" ဆိုတဲ့နောက်မှာ အမြဲတမ်း အမှန်တရား အနည်းငယ်ပာာရှိတယ် ။
"ငါမသိဘူးဆို" တဲ့ နောက်မှာ အမြဲတမ်း နည်းနည်းလေး သိတာတွေရှိတယ် ။
"ငါဂရုမစိုက်ဘူး " ဆိုတဲ့နောက်ပိုင်းမှာ အမြဲတမ်း ခံစားရတာ အနည်းငယ် တော့ ရှိတယ် ။
" အဆင်ပြေပါတယ်"  ဆိုတဲ့နောက်ပိုင်းမှာ အမြဲတမ်း နာကျင်မှု အနည်းငယ် ဆိုတာရှိတယ် ။
သန်မာ ခြင်းပာာ သင် တစ်ခုတည်းသော ရွေးချယ်ရတော့မဲ့ပာာ မဖြစ်သရွှေ့
သင်ကိုယ့် ကို သင်ဘယ်လောက် သန်မာလဲ ဆိုတာ မသိပါဘူး..
ငါတို့ တွေမွေးတုန်းက အောက်က ပာာလေးတွေပါခဲ့ကြတယ်...
"မြင်ဖို့ အတွက် မျက်လုံးနှစ်လုံး"
"ကြားဖို့ အတွက် နားနှစ်ဖက်"
"ကိုင်တွယ် ၊ ထိတွေဖို့ အတွက် လက်နှစ်ဖက်"
"လမ်းလျှောက်ဖို့  အတွက် ခြေထောက်နှစ်ချောင်း" 
ဒါပေမဲ့ ဘာလို့ များ အသည်းနှလုံးက တစ်ခုပဲ ပါရတာတုန်း ???
ဘာကြောင့်လဲဆိုတော့ တခြားတစ်ယောက်ကနေ သူ့ အသည်းနှလုံးကို ပေးဖို့ အတွက် မင်းကိုလိုက်ရှာမှာ မို့ လိုပဲ ။
လူမိုက်တို့ သွားရာလမ်း
မြတ်ဗုဒ္ဓ မပေါ်ထွန်းမှီ အချိန်ကာလ အိန္ဒိယနိုင်ငံ တောင်ပိုင်း အလယ်ဗဟိုအနားတွင် အင်မတန်မှ ကြီးမားသော ရေအိုင်ကြီး တခုတည်ရှိပါသည် ။ ထိုရေအိုင်ကြီးမှာ ရေများ လျှံကျ၍ စီးဆင်းရာက ဂေါဓါဝဒီ မြစ်ကြီးသည် ဖြစ်ထွန်းကာ စီးဆင်းလျှက် ရှိသည် ။ ထိုဂေါဓါဝဒီ မြစ်ကြီး စီးဆင်းရာ မြစ်ကမ်းခြေ တစ်လျှောက်တွင် တိုင်းပြည်မြို့ရွာများ တည်ဆောက်ကာ မင်း အသီးသီးတို့ စိုးစံနေကြလေသည် ။
ထို ဂေါဓါဝဒီ ရေအိုင်ကြီး အနားတွင် ဈာန် အဘိဥာဉ် နှင့် ပြည့်စုံသော သရဘင်္ဂ ရသေ့ကြီး တစ်ပါး သည် လက်ထောက် ရသေ့ ( ၇ ) ပါး နှင့် အတူ ရသေ့ပေါင်း သောင်းနှင့် ချီ၍ သီတင်းသုံးနေထိုင်ကြလေသည် ။ အင်မတန်မှာ များပြားသည့် ရသေ့ အရေအတွေကြောင့် ခေါင်းဆောင် သရဘင်္ဂရ သေ့ကြီးက သူ့တပည့် (၇ ) ယောက်ကိုခေါ်၍ ယခုနေရာသည် လူပေါင်းများစွာ အတူတကွ နေထိုင်၍ မသင့်တော်သောကြောင့် သင့်တင့်မျှတသော နေရာရှာ၍ သီတင်းသုံးနေထိုင်ရန် ညွှန်ကြားသော အခါ တပည့် (၇)ပါးသည် သူ့တို့ နောက်လိုက်နောက်ပါ အသီးအသီးနှင့် ထိုရေအိုင်ကြီး အနားမှ ထွက်ခွာသွားကြလေသည် ။
ထိုတပည့်များထဲမှ ရသေ့တပါး ဖြစ်သော ကိသ၀စ္ဆ ရသေ့ကြီးသည် ဒါန္တကီမင်းကြီး အုပ်ချုပ်ရာ ကုပ္မ၀တီ တိုင်းပြည်တွင်းက မင်းဥယျာဉ်ထဲတွင် သီတင်းသုံးနေသည် ။ ကိသ၀ိစ္ဆရသေ့ကြီးသည် အလွန်ရှည်လျားသော ဆံပင်ကို ထုံး၍ ခေါင်းတွင် ထုံးထားသည့် အပြင် ခန္ဓာကိုယ်၌ အမွှေးအမျှင်တို့ဖြင့် ဖုံးလွှမ်းထားသောကြောင့် ပြင်ပ အမြင်၌ မတင့်တယ်သော်လည်း သမထ အရာ၌ ပြီးပြည့်စုံကာ ဈာန် အဘိဥာဉ်ရ သူတော်ကောင်း ရသေ့ကြီးဖြစ်သည် ။
ထို ဒါန္တကီမင်းကြီးသည် အလွန်လှပသည့် အမျိုးသမီး တဦးကို ပြည်တန်ဆာ အဖြစ် သတ်မှတ်၍ ရာထူးပေးကာ ပျော်ပါးလေ့ရှိသည် ။ ထိုမိန်းမသည် အလွန်လှပသောကြောင့် ပျော်ပါးလိုသူ အင်မတန်များပြား လှ၍ ၀င်ငွေ အလွန်ကောင်းလေသည် ။ ထိုအချိန်တွင် ဘုရင်ကြီးသည် ၀င်ငွေနည်းပါး၍ စိတ်ညစ်နေသောကြောင့် အရက်သေစာတို့ကို သောက်စားမူးယစ် နေတုန်း ပြည်တန်ဆာမ၏ ၀င်ငွေသည် သူ့ထက် ၀င်ငွေပိုမိုကောင်းသည်ကို သိသော အခါ ထိုမိန်းမကို ပြည်တန်ဆာ ရာထူးမှ ဖြုတ်ပြစ်လိုက်လေသည် ။
နောက်တနေ့မနက်ခင်းတွင် ရာထူးပြုတ်၍ စိတ်ပျက်နေသော ထိုမိန်းမသည် အိပ်ယာ ထထခြင်း မင်းဥယျာဉ်ထဲသို့ ရောက်လာသော အခါ တရားကျင့်ကြံနေသည့် ကိသ၀ိစ္ဆရသေ့ကြီးကို တွေ့မြင်လေသည် ။ ထိုအချိန်တွင် ထိုမိန်းမစိတ်၌ စိတ်ပြေလက်ပျောက်ထွက်လာမိသည် ဤမျှ ကျက်သရေ ယုတ်သော ပုဂ္ဂိုလ်ကို တွေ့ရလေခြင်း ဆိုကာ ထင်မှတ်ကာ စိတ်ပျက်သွားလေသည် ။ မျက်နှာသစ် သွားမတိုက်ရသေးသော ထိုမိန်းမသည် ထိုနေရာ၌ ခံတွင်းကို သန့်ရှင်း၍ ထွက်လာသော အညစ်အကြေး ၊ တံတွေးတို့ဖြင့် ရသေ့ကြီး မျက်နှာကို ထွေးရုံသာ မက တံပူများကို ဆံထုံးပေါ်သို့ ပစ်တင်သွားလေသည် ။
(၇ ) ရက်မျှ ကြသော အခါ ရှင်ဘုရင်ကြီးသည် ထိုမိန်းမကို သတိရ၍ တမ်းတမိသော ကြောင့်ပြည်တန်ဆာမ ရာထူး ပြန်ခန့်လေသည် ။ ထိုအချိန်တွင် တိုက်ဆိုင်စွာပင် နန်းတော် အတွင်း၌ ၀န်ကြီး တပါးကို ရှင်ဘုရင်က အမျက်တော် ရှ၍ ရာထူးမှ ဖြုတ်ပြစ်လိုက်ပြန်လေသည် ။ ထိုအခါ ထိုဝန်ကြီးသည် ပြည်တန်ဆာမကို ချဉ်းကပ်၍ သင်ရာထူးပြန်ရအောင် ဘယ်လို လုပ်သလည်း ဟု မေးမြန်းသော အခါ
ထိုမိန်းမက ဒါလေးများအလွယ်လေး အမတ်ကြီး ။ မင်းဥယျာဉ်ထဲကို သွား ၊ အဲဒီထဲက ကိသ၀ိစ္ဆဆိုတဲ့ ရသေ့ကြီးရဲ့ မျက်နှာကို တံတွေးဖြင့် နာနာထွေး သင့်ရာထူး ပြန်ရလိမ့်မယ် ဟု ပြောဆို အကြံပေးသည် ။ ထို ဥာဏ်နည်းပါးသည့် အမတ်သည် မိန်းမယုတ် အကြံအတိုင်း လုပ်ဆောင်ခဲ့ ပြီးနောက် (၇ ) ရက်မျှ ကြာသောအခါ ဘုရင်က စိတ်ပြေ၍ ထိုအမတ်ကို ရာထူးပြန်လည် ပေးအပ်ပြန်လေသည် ။
ထိုအချိန်တွင် တိုင်းပြည် နယ်စပ်၌ သူပုန်ထ၍ ရှင်ဘုရင်က စစ်ချီတက်ရန် ပြင်ဆင် နေချိန်တွင် ထိုဥာဏ်နည်းပါးသော အမတ်သည် ဘုရင့်ထံ ချဉ်းကပ်ကာ အရှင်မင်းကြီး သင်စစ်ပွဲမှာ အောင်နိုင်လိုပါသလားလို့ မေးသော အခါ ဘုရင်က ဘယ်လို နည်းလမ်းများ လုပ်ဆောင်သင့်သလည်းဟု မေးမြန်းလေသည် ။ အမတ်ကြီးက သိပ်မခက်ပါဘူး အရှင်မင်းကြီး ဥယျာဉ်ထဲကို သွား အဲဒီထဲက
ရသေ့ကြီးကို တံတွေးနဲ့ ထွေးကာ ယတြာ ချေလိုက်ရင် အရှင်မင်းကြီး စစ်ပွဲမှာ အောင်ပွဲရတော်မူပါလိမ့်မယ်ဟု လျှောက်သော အခါ ပညာမရှိသည့် ရှင်ဘုရင်တွေ စစ်ထွက်ခါနီး၌ ရသေ့ကြီးကို တံတွေးဖြင့် ထွေးခဲ့လေသည် ။
ရှင်ဘုရင်က သူတော်ကောင်းကို စော်ကားသော အခါ နောက်လိုက်နောက်ပါ မှူးမတ်များ ၊ စစ်သည်များက သူတော်ကောင်းကို စော်ကားသည့် ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကြီးကို ယတြာချေသည်ဟု ဆိုကာ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြလေသည် ။
အကြောင်းတိုက်ဆိုင်မှု၏ အထွဋ်အထိပ် အဖြစ် ထိုရှင်ဘုရင်ကြီးသည် ရန်သူတပ်ကြီးကို အောင်မြင်စွာ တိုက်ထုတ်နိုင်၍ အောင်ပွဲခံသည့် အခါ ဘာမှ မသိနားမလည်သော ပြည်သူလူထုကြီးကပါ ရှင်ဘုရင်ကြီးက မှားယွင်းသော လုပ်ရပ်များကို ၀ိုင်းဝန်း ထောက်ခံ အားပေးကာ တတိုင်းပြည်လုံး ပျော်ရွှင်နေကြသည် ။
သူတော်ကောင်းကို စော်ကားသည့် လုပ်ရပ်များကို မြင်ရသည့် အခါ ထိုတိုင်းပြည်ကို စောင့်ရှောက်သည့် နတ်အပါင်း တို့သည် လွန်စွာမှ ပင် အမျက် ဒေါသထွက်ကြလေသည် ကို ဈာန် အဘိဥာဉ်ရ ဆရာ သရဘင်္ဂ ရသေ့ကြီးက သိရှိသော အခါ တားဆီး နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လိုသော်လည်း သူတော်ကောင်းကို သူယုတ်မာလို့ သတ်မှတ်၍ အောင်ပွဲခံကာ ပျော်မြူးနေသည့် ရှင်ဘုရင် နှင့် အဖွဲ့သားများ သည် အမှန်ကို လက်ခံနိုင်မည် မဟုတ်၍ စိတ်လျှော့လိုက်လေသည် ။
ထို့နောက် သူ့တပည့်များကို လွှတ်၍ ကိသ၀ိစ္ဆရသေ့ကြီးနှင့် နောက်လိုက်နောက်ပါ ရသေ့များကို ထိုတိုင်းပြည်မှ ထွက်ခွာပြီး ရေအိုင်ကြီး အနားသို့ ပြန်လည် သီတင်းသုံးရန် လျှောက်ထားလိုက်လေသည် ။ သူတော်ကေကာင်း ကိသ၀ိစ္ဆ ရသေ့ကြီးနှင့် တပည့်အပေါင်း ထိုတိုင်းပြည်မှ ထွက်ခွါသွားသည်နှင့် တပြိုင်နက်ထဲ သူယုတ်မာတို့ စံပျော်ရာ ထိုတိုင်းပြည်ကြီးကို အမျက်ဒေါသထွက်နေသော နတ်တို့သည် စတင်ဒုက္ခပေးလေသည် ။
ပထမဦးစွာ မိုးကြီး သည်းထန်စွာ ရွာသွန်းလိုက်လေသည် ။ ထိုအခါ တတိုင်းပြည်လုံး အမှိုက်သရိုက်များ ကင်းစင်သွား၍ လူအားလုံးက နတ်များကပါ ကောင်းချီးပေးသည်ဟု ထင်မှတ်ကြလေသည် ။ ထို့နောက် သဲဖြူမိုး ရွာချ၍ တတိုင်းပြည်လုံး ချိုင့်ခွက်မရှိ ပကတိ တပြေးညီ ဖြစ်သွားသော အခါ သူတို့သည် ယုံကြည်မှုသည် ပိုမိုခိုင်မာကြလေသည် ။ ထို့နောက် ပန်းမိုးများရွာချ၍ တနိုင်ငံလုံး ပန်းခင်းသောလမ်းကို လျှောက်လှမ်းကြရသည့် အခါ ပြည်သူလူထုကား ရှင်ဘုရင်ကြီး၏ လုပ်ရပ်သည် မှန်ကန်ပေစွ ။ ဘုန်းတန်ခိုး ကြီးမားလှပစွ ၊ နတ်တို့ကတောင် ချီးကြူးဂုဏ်ပြုကြသည်ဟု ကြွေးကြော်မည်တမ်းကြလေသည် ။
ထို့နောက် ရွှေမိုး ၊ ငွေမိုးများ ၊ ထို့နောက် လက်ဝတ်တန်ဆာမိုး များ ရွာ ၊ ထို့နောက် ကျောက်သံပတ္တမြားမိုးများ ရွှာချကာ အိမ်ထဲရှိ လူမှန်သမျှ လမ်းပေါ်ကို ရောက်လာအောင် နတ်တို့သည် ဆွဲဆောင်ကြလေသည် ။ လူမိုက်တို့သည် သူတို့ မိုက်မဲတွေ အကျိုးမပေးသေးသော အခါ သူတို့၏ ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကြီးသည် ပျားသကာလို ချိုမြနေပါသည် ဟု ထင်မှတ်ထားကာ ပျော်ရွှင်မြူးထူးစွာ အောင်ပွဲခံကြလေသည် ။
တနိုင်ငံလုံးက လူအများ လမ်းမပေါ်သို့ ထွက်လာသည့် အခါ နတ်များက လက်နက်မိုးများ ရွာချ၍ ခန္ဓာကိုယ်ကို လက်နက်တို့ ထိမှန်ခြင်းကြောင့် တတိုင်းပြည်လုံး သွေးများ ဖုန်းလွမ်းကာ ခြေပြတ် ၊ လက်ပြတ် ၊ ခေါင်းပြတ်တို့နှင့် မသေမရှင် ဖြစ်ကာ ဒုက္ခဆိုးကြီးကို ခံစားကြရလေသည် ။ ထို့နောက် ထိုမသေမရှင် ဖြစ်နေသော လူအများပေါ်သို့ ကျောက်ခဲမိုးကြီး ရွာချကာ စိစိညက်ညက် ကျေအောင် သုတ်သင်ကြပြန်သည် ။ ထို့နောက် မီးကျီးခဲမိုးရွာချကာ လူသေ အလောင်းတို့၏ ခန္ဓာကိုယ်အား မီးလောင်ကျွမ်းစေပြန်သည် ။ထို့နောက် သဲမိုး ရွာသွန်း၍ တနိုင်ငံလုံး သဲများ ဖုံးလွှမ်းကာ ထိုတိုင်းပြည်ကြီး ပျက်စီးသွားလေသည် ။
ပညာဥာဏ် နည်းပါးသော လူမိုက်တို့သည် နည်းလွဲနည်းမှားတွေကို နည်းမှန်လမ်းမှန်ဟု ထင်တတ်ကြသည့် အပြင် ထိုမှားယွင်းမှုများ အမှန်ထင်၍ အင်မတန်မှ တန်ဖိုးထားကြကာ သူတပါးအားလည်းလုပ်ဆောင်ရန် တိုက်တွန်းပြောဆိုလေ့ရှိပါသည့် အပြင် ထိုနည်းလမ်းများသည် မှားယွင်းနေသည်ဟု ပဲ့ပြင်ဆုံးမလျှင် လက်မခံချင်ကြဘဲ ရန်ရှာတတ်လေ့ရှိပါသည် ။
ကျွန်ူပ်တို့တိုင်းပြည်ကြီးတွင်လည်း အုပ်ချုပ်သူ အစိုးရသည် ပညာ ဥာဏ်နည်းပါးသည့် အပြင် သဘောထား သေးသိမ်ကာ အင်မတန်မှ ယုတ်မာရိုင်းစိုင်းသော အပြုအမူများ ဖြစ်သည့်
မြတ်ဗုဒ္ဓ၏ သာသနာတော်ကို ပြန့်ပွားအောင် ဆောင်ရွက်နေကြသော သံဃာတော်များကို အသေသတ်ခြင်း ၊ ရိုက်နှက်ခြင်း ၊ ထောင်သွင်း အကျဉ်းချခြင်း
ရဟန်းရှင်လူ ပြည်သူလူထုအား ရက်ရက်စက်စက် အကြမ်း ဖက် နှိမ်နှင်းခြင်း
ပညာရေး စနစ်ကြီး တခုလုံး ဆုတ်ယုတ် ပျက်သုဉ်းအောင်ဆောင်ရွက်၍ ပြည်သူလူထု အား အသိဥာဏ် အဆိပ်ခတ်ခြင်း
တတိုင်းပြည်လုံး ဒုက္ခလွှမ်းအောင် အာဏာလက်နက်ကို ကိုင်စွဲ၍ တိုင်းပြည်ဘဏ္ဍာများအား စိတ်ကြိုက် သုံးဖြုန်းပြစ်ခြင်း
အစ ရှိသည့် ယုတ်မာသည့် လုပ်ရပ်ပေါင်းများစွာကို အတိတ်ကံ ကုသိုလ်ကံ အားကိုးဖြင့် မိုက်မဲစွာ လုပ်ဆောင်နေကြသော်လည်း သူတို့ လုပ်ဆောင်သမျှ အကျိုးပေးချိန် မကျသေးချိန် အထိ ပျားရည် ချိုမြနေကြတုန်းပင်ဖြစ်ပါသည် ။
သို့သော် သူတို့ လုပ်ဆောင်ခဲ့တဲ့ ပြစ်မှုပေါင်းများစွာ အကျိုးပေးချိန်ကြသည့်အခါတွင်မူ လွန်စွာမှပင် ဆိုးဝါးသည့် ဒုက္ခများကို ခံစားကြရမည်မှာ အမှန်ပင်ဖြစ်ပါသည် ။
သူ တို့တွေသည် အင်မတန်မှ ယုတ်မာရိုင်းစိုင်းကာ ကောက်ကျစ်သော လုပ်ဆောင်ချက်များကို ကြိမ်ဖန်များစွာ ကျူးလွန်သော်လည်း ချမ်းသာသုခ ခံစားနေရသည်ကို မြင်ရသော ပြည်သူလူထုကြီးသည် သူတို့လုပ်ရပ်အမှန်ဟု ထင်ကာ အကုသိုလ်အလုပ်များကို ပျော်ပျော်ကြီး ဆင်နွှဲကာ လုပ်ဆောင်နေသော ကျနော်တို့ တိုင်းပြည်ကြီးသည် ကုပ္မ၀တီ တိုင်းပြည်ကြီးလို နတ်များက ဒဏ်ခံခြင်း ခံရသလို မထင်ရှားသော်လည်း တစတစ နှင့် စားဝတ်နေရေး လွန်စွာ ကြပ်တည်း ကျဉ်းမြောင်းလာသည့် အပြင် ဒုက္ခမျိုးစုံကို ခါးသီးစွာ ခံစားနေရပါသည် ။
ထို့ကြောင့် ထိုသို့သော လူယုတ်မာများ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားလျှင် နောင်အခါတွင် ယခုထက် ပိုမိုဆိုးဝါးသည့် ဒုက္ခများကို ခံစားရပါအုံးမည် ။ ယခုပုံ အတိုင်း ဆက်လက် သွားရင် မကြာခင် အချိန်ကာလတွင် မြန်မာနိုင်ငံဆိုသည် ကမ္ဘာမြေပုံပေါ်က ပျောက်ကွယ်တော့မည်မှာ အမှန်ပင် ဖြစ်ပါသည် ။
ထိုအာဏာရူး စစ်ဘီးလူးများ နှင့် လူယုတ်မာ အပေါင်းတို့ ခေါင်းဆောင် နေရာ ယူထားသမျှ တော့ သူတို့ရဲ့ နည်းလမ်းမှားကြီးကြောင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးဆိုတာ လေထဲမှာ တိုက်အိမ်ဆောက်သလိုဘဲ ဘယ်သောအခါမှ ဖြစ်လာလိမ့်မည် မဟုတ်ဘဲ ဆက်လက် ပြိုကျ ပျက်စီးနေမည်မှာ အသေအချာပင် ဖြစ်ပါသည် ။
မြန်မာနိုင်ငံသားတို့ အနေဖြင့် တိုင်းပြည်ကို တကယ်ချစ်ကာ ခေတ်မှီဖွံ့ဖြိုး တိုးတက်စေလိုသည်မှာ အမှန်ပါဟု ခံယူထားကြလျှင် မတရားမှု့ မှန်သမျှကို လက်မခံနိုင်ကြောင်း ပွင့်လင်းစွာ ပြောကြား၍ ဆန့်ကျင်ကြပါ ။ ထိုသို့မဟုတ်ဘဲ ယာယီကို ထာဝရ အမှတ်နှင့် လူယုတ်မာတို့ လုပ်ဆောင် သမျှ အားကျကာ ထောက်ခံ ၊ အနေအစားချောင်သည်ဟု ယူဆကာ သူတို့ အကြိုက် လုပ်ပြနေကြလျှင် တော့ မကြာခင်မှာ စာရိတ္တ မဏ္ဍိုင် ကြီး ယိမ်းယိုင်သော တိုင်းပြည်ကြီး မှ လူအများသည် ဆိုးရွားယုတ်မာမှု အပေါင်း သရဖူ ဆောင်းကာ တိုင်းပြည်ကြီး တခုလုံး ပြိုကျ ပျက်စီးသွားတော့မည် အနေအထားသို့ ဦးတည်ချီတက်နေကြောင်း တိုင်းပြည်အကျိုး မျှော်ကိုး၍ နိုးဆော် တိုက်တွန်းလိုက်ရပါသည်…..။
(တောင်းပန်ချက်။ ။ တရားခွေကို နားထောင်ရင်းက ပြန်လည်ရေးသားခြင်း ဖြစ်၍ စာလုံးပေါင်း မှားခဲ့ပါလျှင် သီးခံဖတ်ရှုကာ ပြင်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ )
***ခွက်ပဲ့လေး-တစ်လုံး***
ဒီပုံပြင်ကို အင်္ဂလိပ်လို ဖတ်ဖူးသူလည်း ရှိကြပါလိမ့်မယ်။ မြန်မာလို ဘာသာပြန်ဖူးသူလည်း ရှိကောင်းရှိမယ်။ ခပ်ဆင်ဆင်
ဇာတ်လမ်းမျိုးလည်းရှိလိမ့်မယ်။ ဒါပေမယ့် ကျွန်မဖတ်ဖူးတာလေးကို ရင်ဘတ်နဲ့ထပ်တူ ပြန်ခံစားလိုက်ပါတယ်။
 အဘွားအိုတစ်ဦးဟာ တုန်ချည့်ချည့်လက်အစုံနဲ့ အနားပဲ့ ပန်းကန်တစ်လုံးကို ကောက်ယူလိုက်ပြီး သက်ပြင်းအခါခါ ချနေ
မိတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ချွေးမဖြစ်သူက ဒီအနားပဲ့ ပန်းကန်နဲ့ပဲ အဘွားအိုကို ထမင်းထည့် ကျွေးခဲ့တာဖြစ်တယ်။
ကျွေးတဲ့ဟင်းက အချဉ်တည်ထားတဲ့ ဟင်းရွက်တစ်ချို့ဖြစ်ပြီး စားပွဲဝိုင်းမှာ ထမင်းအတူ မစားစေခဲ့ဘူး။ ထမင်းစားချိန
်ရောက်တိုင်း အဘွားအိုဟာ ကိုယ့်အခန်းထဲမှာ အဟာရမရှိတဲ့ အစာတစ်ချို့နဲ့ အထီးကျန်မှုတွေကိုပဲ ဝါးမျိုနေခဲ့ရတယ်။
ချကျွေးတဲ့အစာကို စားပြီး အဘွားအိုဟာ မမြင်မစမ်းနဲ့ မီးဖိုချောင်ထဲ သွားပြီး ကိုယ်စားတဲ့ ခွက်ပဲ့ကို ဆေးကျောရပြန်
တယ်။ ဒါဟာ အဘွားအိုရဲ့နေ့စဉ်အလုပ်ဖြစ်တယ်။ ချွေးမက ဘယ်တော့မှ အဲဒီခွက်ပဲ့ကို ဆေးကျောမပေးခဲ့ဘူး။
"မေမေ.. ဘွားဘွားက မျက်စိလည်း မမြင်တော့ဘူး။ ဘာဖြစ်လို့ သူ့ပန်းကန်ကို ဆေးမပေးရတာလဲ။
ပဲ့နေတဲ့ ပန်းကန်ကို ဘာဖြစ်လို့ အသစ်မလဲပေးတာလဲ?"
အမေကို မေးနေတဲ့ မြေးမလေးရဲ့ အသံကို အဘွားအို ကြားလိုက်မိတယ်။
"ကလေးက ကလေးနေရာမှာ နေစမ်း။ အသက် ၇ဝကျော် မျက်စိကန်းနေတဲ့ အဘွားကြီးကို အိမ်ပေါ်တင်
ကျွေးထားတာ မလုံလောက်သေးဘူးလား? သူစားတဲ့ခွက်ကို ငါကဆေးပေးရဦးမှာလား? အဲဒီခွက်သုံးလို့
ရသေးတာပဲ ဘာအသစ်လဲနေစရာ လိုလို့လဲ။ အသစ်လဲပေးလို့ မမြင်မစမ်းနဲ့ ကျကွဲသွားရင် ထပ်ဝယ်ပေးနေ
ရဦးမယ်။ ပိုက်ဆံက အလကား ရတာမဟုတ်ဘူး"
အသံမြင့်ပြီး ပြောတဲ့ ချွေးမရဲ့စကားကို အဘွားအို အလွတ်ရလုနီးနေပါပြီ။ မျက်စိထောင့်က စိမ့်ထွက်လာတဲ့မျက်ရည်ကို
အဘွားအို ပွတ်သုတ်လိုက်တယ်။
အဘွားအပေါ် ဆက်ဆံတဲ့ အမေရဲ့အပြုအမှုကို သမီးဖြစ်သူက မကြည့်ချင်ပေမယ့် ပြန်မပြောရဲခဲ့ဘူး။ အိမ်မှာရှိတဲ့ သူ
တွေအားလုံး အမေ့စကားကို နာခံကြရတယ်။ အဖေဖြစ်သူကလည်း ထိုနည်းလည်းကောင်းပါပဲ။ အမေ့မျက်နှာ အရိပ်
အကဲနဲ့ ရှင်သန်နေရသူဖြစ်တယ်။
ပန်းကန်ဆေးပြီး အမြင်အစမ်းနဲ့ ကိုယ့်အခန်းထဲ အဘွားအို ပြန်ဝင်ခဲ့ပြီး ကုတင်ပေါ် ထိုင်ချလိုက်တယ်။ မြေးမလေးက
အဘွားနောက် လိုက်ဝင်လာပြီး " ဘွားဘွား .. မေမေကို မမုန်းဘူးလားဟင်" လို့မေးလိုက်တယ်။
"မြေးလေးရယ်... အဘွားက နာတာရှည် ရောဂါသည် လူပိုတစ်ယောက်ပါ။ ထမင်းတစ်လုပ် စားခွင့်ရ
တာပဲ ပြည့်စုံနေပါပြီ။ အမုန်းဆိုတာ မရှိသင့်ဘူး။ မြေးမေမေ တတွတ်တွတ်ရွတ်တာကို ဒီနှစ်တွေအတွင်းမှာ
အဘွားကျင့်သားရနေပါပြီ" မြေးကိုပြောနေတဲ့ စကားသံတွေထဲမှာ အဘွားအိုရဲ့ ပြင်းသက်ချက်သံက
မသိမသာ ရောနေတယ်။
"ဟဲ့ .. ဒီကောင်မ.. ဘယ်သွားနေတာလဲ? ကိုယ့်အခန်းထဲ ဝင်နေစမ်း" ချွေးမရဲ့ အော်ဟစ်သံကြောင့် မြေးမလေး အဘွား
အိုအနားက ထွက်ပြေးသွားခဲ့တယ်။ ကုတင်ပေါ် အဘွားအို လဲချလိုက်တယ်။ အသက်အရွယ်ကြောင့်လား မသိ အဘွား
အိုအတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ညတွေ နည်းလာခဲ့တယ်။ ကုတင်ပေါ် လဲလျောင်းရင်း သွားလေသူ အဘိုးအို
ကို သတိရလိုက်မိတယ်။
အဘိုးအိုက ကုမ္ပဏီတစ်ခုက ပိုင်ရှင်ဖြစ်တယ်။ သားက အဲဒီကုမ္ပဏီက မန်နေဂျာဖြစ်ပြီး ချွေးမက စာရင်းကိုင်ဖြစ်တယ်။
ကုမ္ပဏီတစ်ခုထဲမှာ လုပ်တဲ့သားနဲ့ ချွေးမတို့ ချစ်ကြိုက်ညားခဲ့ကြတယ်။ ချွေးမက လက်ထပ်ပြီးစမှာ ယောက္ခမကို ရိုသေ
ကိုင်းရိုင်းသလို မယားဝတ္တရားလည်း ကျေပွန်ခဲ့ပါတယ်။ ဒါပေမယ့် သားဖြစ်သူက မယားကိုချစ်လွန်းလို့ ဘာမဆို
အလျော့ပေးချင်တယ်။ မယားပြောသမျှ ခေါင်းညိတ် နာခံသူဖြစ်ခဲ့တယ်။
မမြင်နိုင်တဲ့ ကံကြမ္မာရိုင်းကို ဘယ်သူရှောင်လွဲလို့ ရနိုင်မလဲ? အဘိုးအို ဦးနှောက်သွေးကျောပြတ် သေဆုံးသွားပြီး
နောက် ငြိမ်းချမ်းတဲ့ မိသားတစ်စုထဲ ကြမ္မာဆိုးက ဝင်ရောက်ခဲ့တယ်။ အဘိုးအို ဆုံးပြီးမကြာဘူး အဘွားအိုရဲ့
မျက်လုံးကွယ်ခဲ့ရတယ်။ ပိုဆိုးတာက လိမ္မာတယ်ဆိုတဲ့ ချွေးမရဲ့ ဗီဇရုပ်ပေါ်လာတာပါပဲ။ မျက်မမြင် အဘွားအိုကို ပြုစုရ
တာ တာဝန်တစ်ခုလို့ ထင်မှတ်ပြီး အပြစ်ရှာလာခဲ့တယ်။ အဲဒီကစလို့ နဂိုကတည်းက အမှောင်ပျောက်နေသူ အဘွားအို
ဟာ မှောင်မဲမဲ ကိုယ့်အခန်းငယ်ထဲမှာပဲ အထီးကျန်စွာရှင်သန်ခဲ့ရတယ်။
အဘွားအို အနားမှာ ရှည်လျှားတဲ့ နေ့ရက်တွေနဲ့ ခွက်ပဲ့လေးတစ်လုံးက လွဲရင် နေရောင်ခြည်၊ ရယ်မောသံ ကင်းမဲ့နေခဲ့
တာ ရက်ပေါင်း ၇ဝဝကျော် ရှိနေခဲ့ပါပြီ။
***************
နေအိမ်မှာ ကျင်းပမယ့် ညစာစားပွဲအတွက် သားနဲ့ချွေးမ အလုပ်များနေခဲ့ကြတယ်။ ဧည့်သည်တွေ မလာခင်မှာ ချွေးမက
သားကို " ခဏနေ ဧည့်သည်လာရင် အပြင်မထွက်ခဲ့ပါနဲ့လို့ ရှင့်အမေကို မှာထားအုန်း.. ဒီနေ့လာမဲ့ ဧည့်သည်တွေက
လူကြီးလူကောင်းတွေ.. မျက်ကန်းအဘွားကြီးကြောင့် ကျွန်မ အရှက်မကွဲစေနဲ့၊ ရှင့်နာမည် မပျက်စေနဲ့နော်" လို့ မှာတယ်။
မယားစကား နာခံသူသားမှာ ဘာမှစောဒက မတက်ရဲခဲ့ဘူး။ ဧည့်သည်တွေ မပြန်မချင်း အစာအိမ် ဟောင်းလောင်းနဲ့
အခန်းထဲမှာပဲ အဘွားအို အောင်းနေခဲ့ရတယ်။ အားလုံးပြီးစီးမှ ထမင်းကျန်ဟင်းကျန် ထည့်ထားတဲ့ ခွက်ပဲ့နဲ့ အမေ့အခန်း
ထဲ သားဝင်လာခဲ့တယ်။
ခုတစ်လော မြို့မှာကျောင်းတက်နေတဲ့ သားအကြီး ကျောင်းပိတ်လို့ အိမ်ပြန်ရောက်လာခဲ့တယ်။ သားကိုချစ်တဲ့ အမေတို့
ရဲ့ ထုံးစံအတိုင်း သားအတွက် အသား၊ ငါး ဟင်းမျိုးစုံကို ကိုယ်တိုင်ချက်ကျွေးတော့တယ်။
"ရပြီ.. မေမေရဲ့ သားဒီလောက် မစားနိုင်ဘူး" သားပန်းကန်ထဲ ဟင်းတွေထည့်ပေးနေတဲ့ အမေကို သားက လေသံနဲ့
"မေမေ .. ဘွားဘွားကိုလည်း သားတို့နဲ့ အတူတူစားခိုင်းပါလား? သားတို့ မိသားစု လက်စုံ စားကြရအောင်လေ" လို့
တောင်းဆိုလိုက်တယ်။
"သူက ကန်းနေပြီ အပြင်ထွက်စားဖို့ အဆင်မပြေဘူး။ ဘယ်နားစားစား အတူတူပဲလေသား။
အခန်းထဲမှာစားတာ သူကျင့်သားရနေပါပြီ"
အဘွားအပေါ်ထားတဲ့ အမေရဲ့ သဘောထားကို ပြောင်းလဲဖို့ သူဆုံးဖြတ်လိုက်မိတယ်။
******************
သူငယ်ချင်းဆီက ရခဲ့တဲ့အကြံ အဘွားကို ပြောပြတော့ အဘွားက ပျာပျာသလဲ ငြင်းတယ်။ "သားတို့က ဘွားဘွားကောင်း
ဖို့အတွက်ပါ သားတို့ပြောသလိုသာ လုပ်ပါ ဘွားဘွား" လို့ မြေးအကြီးက တောင်းဆိုတယ်။
"ဆရာမက ပြောတယ် "လူကြီးမိဘတွေကို ရိုသေလေးစားရမယ်" တဲ့။ မေမေ လုပ်ပုံက မဟုတ်သေးဘူး။ ဘွားဘွား
ကို သူဒီလို မဆက်ဆံသင့်ဘူး။ သမီးတို့ ပြောသလို လုပ်ပါနော် ဘွားဘွား" မြေးမလေးက ဝင်ထောက်ပြန်တယ်။
"ကိုယ့်ကို မရိုသေတဲ့ ချွေးမတစ်ယောက်ကို ဘွားဘွားလက်ခံနိုင်ပေမယ့် ယောက္ခမကို မရိုသေတဲ့ မိခင်တစ်ယောက်ကို
သားတို့ မလိုလားဘူး။ သားတို့ ပြောသလို လုပ်ပါနော် ဘွားဘွား" အတင်းတောင်းဆိုနေတဲ့ မြေးကို အဘွားအို
ခေါင်းညိတ်မိလိုက်တယ်။
ညစာ ထမင်းစားဝိုင်းမှာ ထုံးစံအတိုင်း အဘွားအို မပါဝင်ခဲ့ဘူး။ မြေးကြီးက တိုင်ပင်ထားတဲ့အတိုင်း ကြွေဇွန်းတစ်ချောင်း
ကို ကြမ်းပြင်ပေါ် မသိမသာ ပစ်ချလိုက်တယ်။ ဇွန်းကွဲစတွေက ကြမ်းပြင်ပေါ်မှာ ပြန့်လို့... ဇွန်းကျသံကြောင့် အဘွားအို
ဟာ တုန်တုန်ရီရီနဲ့ ခွက်ပဲ့လေးကို ကိုင်ပြီး အခန်းထဲကနေ ထွက်လာခဲ့တယ်။ ဒါကို ချွေးမက မြင်တော့ အဘွားအိုကို
အော်ဟစ်လိုက်တယ်။
"ဘာဖြစ်လို့ ထွက်လာရတာလဲ? အခုချက်ချင်း ပြန်ဝင်စမ်း"
ချွေးမရဲ့ အော်သံကိုကြားတော့ အဘွားအိုဟာ လက်ထဲက ခွက်ပဲ့ကို လွတ်ချလိုက်တယ်။ ကြမ်းပြင်ပေါ် ကျသွားတဲ့
ခွက်ကွဲသံထက် ချွေးမရဲ့ အသံက ပိုကျယ်လောင် နေပါတယ်။
"ကြည့်စမ်း .. ဒီအဘွားကြီး ကိုယ့်ခွက်ကိုတောင် ပစ်ချရဲတယ်။
အေး.. ဒီညထမင်းစားရဖို့ မစဉ်းစားနဲ့တော့"
အဲဒီအချိန်မှာ မြေးကြီးက "အဘွားကလဲကွာ.. ပန်းကန်ကို လုပ်ခွဲလိုက်ရတယ်လို့။ ဒါထမင်း ထည့်စားတဲ့ ပန်းကန်လေ
အဘွားရဲ့" ပြောရင်းဆိုရင်း ကြမ်းပြင်ပေါ် ကျနေတဲ့ ပန်းကန်စကို ကောက်ယူပြီး အမေဖက်ကို အသံမြင့်
လှည့်ပြောလိုက်တယ်။
"မေမေ စိတ်တိုတယ် ဆိုရင်လည်း တိုသင့်တယ် ဘွားဘွား။ ဒီပန်းကန်က အရမ်းအရေးပါတာ။
ဒီပန်းကန်ကို အဘွား လုပ်ကွဲလိုက်ရင် နောင်နောက် မေမေအိုလာတဲ့အခါ မေမေ့ကို သားတို့ ဘာပန်းကန်နဲ့
ထည့်ကျွေးရမလဲ?"
သားရဲ့စကားကို ကြားပြီး အမေမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာ ငုံ့ထားမိတယ်။ အဲဒီနောက် ထမင်းစားပွဲဝိုင်းက
နေ မသိမသာ ထသွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ချွေးမရဲ့ အပြစ်တင်သံကို အဘွားအို မကြားခဲ့ရတော့ဘူး။
အဘွားအိုအပေါ်ထားတဲ့ ချွေးမရဲ့ အပြုအမှုတွေလည်း ပြောင်းလဲလာခဲ့တယ်။ မိသားတစ်စုရဲ့ မနက်ဖြန်တိုင်းဟာ
နေရောင်ခြည်တွေနဲ့ နွေးထွေးလာခဲ့ပါတယ်။
နွေ ရောက်တိုင်း ငုဝါပန်းလေးတွေကတော့ ပွင့်နေဦးမှာပါပဲ
နွေဂိမာန်ကူးလို့ မြန်မာလူမျိုးတို့  အပျော်ရွှင်ဆုံး အတာင်္ကြန်ပွဲ ဆင်နွှဲ ချိန်လဲရောက်ပါတော့မယ်။
ဒီအချိန်ဆို ရင် အားလုံး မျှော်လင့်ရင်ခုန်နေကြတာကတော့ ပိတောက်ပန်းပွင့်လေးတွေပါ။
တကယ်တော့ ပိတောက်ဆိုတာကလဲ တခြားပန်းတွေနဲ့မတူ တမူထူးပြီး မိုးစက်ပက်ဖြန်းမှ လန်း
၇တာလေ-မိုးမရွာ ရင် သင်္ကြန်လဲ ဘယ်ပိတောက်မှ မပွင့်နိုင်ပါဘူး--
သင်္ကြန်မိုးလေးနဲ့အပြိုင် သိင်္ဂီရွှေ ပိတောက်ပန်းလေးတွေကို ပွင့်လန်းမယ့်ချိန်ခါ မျှော်ကာလေ
မောနေကြပါရဲ့ ။မရတာမှ လိုချင်ကြတာက  လူ့ သဘာဝ ပဲနော်--
အားလုံးကပိတောက်ကိုမျှော်နေချိန်မှာငုဝါပန်းလေးခိုင်လေးတွေကတော့ဝင်းတောက်ထိန်ကြည်စွာ
နဲ့ ဖူးပွင့် ဝေဆာပြီး နွေကိုအလှဆင်နေကြပါတယ်။
ငုပန်းလေးတွေရဲ့ ဘက်ကနေ ခံစားကြည့်ကာ မေးလိုက်မိလိုက်ပါတယ်-
သူ့ ခမျာ ဒီလောက် တာဝန်ကျေကျေ သစ္စာရှိရှိ နွေရောက်တိုင်း အချိန်မှန်ပွင့်ပေးနေတာတောင်
ပိတောက်ကို မျှော်နေကြတာစိတ်မနာဘူးလား--လို့-ဒီတော့--ငုဝါပန်းလေးကဖြေတယ်-
တို့ဟာ လောကကြီးကို အလှဆင်ဖို့ ပန်းပွင့်လေးဖြစ်လာတာပါ။အားလုံးကအသိအမှတ်ပြုမှ
ပွင့်မယ်ဆိုတဲ့ မာန်မာန မရှိပါဘူး--တဲ့-
ပူလောက်ခြောက်သွေ့ တဲ့ နွေ ကို လှပတင့်တယ်အောင် အစွမ်းရှိသလောက် အလှဆင်မှာပဲ--
ဘယ်တော့ဖြစ်ဖြစ်  နွေရောက်ရင် သူတို့  ပွင့်ပေးမှာပဲ--တဲ့လေ-
မှတ်သားဖို့ကောင်းလိုက်တဲ့  ငုဝါလေး၇ဲ့ ပန်းစကား-
တို့ ကတော့  ဒီလိုမဟုတ်ဘူး ငုဝါလေးရယ်---အတ္တ၊ မာန တွေနဲ့  ပူလောင် ခဲ့ဖူးတယ်။
ကိုယ်ကကြိုးစားပြီး ကောင်းတာလုပ်ပြရင် အသိအမှတ် ပြုခံချင်တယ်-
အသိအမှတ် မပြုရင် လုပ်နေတာ ရပ်ပစ်လိုက်ချင်တယ်။ကိုယ်က ဂရစိုက်ရဲ့သားနဲ့  ကိုယ့်ကို
 ဥပက္ခော ပြု၇င် နာကျည်းတတ်တယ်။ကိုယ့်အပေါ်မကောင်းရင် တသက်လုံးမခေါ်နိုင် မပြော
နိုင် စိတ်နာ မုန်းတီးတတ်တယ်။ကိုယ်ပေးသလောက် ပြန်၇မှ ကြိုက်တတ်တာကွယ့်--
ခုတော့ မင်းပြောတဲ့ ပန်းစကားလေးနားထောင်ရင်း တို့ လေ တတ်နိုင်သလောက် ကိုယ့်ကိုကိုယ်
ဆုံးမပဲ့ပြင်ရင်း စိတ်ထားတတ်အောင်ကြိုးစားပါတော့မယ်။ကိုယ်ကသာ စေတနာအရင်းခံနဲ့ 
ကောင်းဖို့  လုပ်တာမှန်ရင် ဘယ်သူအသိအမှတ်ပြုပြု ၊မပြုပြုပေါ့ နော်-
ကိုယ့်လိပ်ပြာကိုယ်သိ ၊ ကိုယ့် စိတ်စေတနာ ကိုယ်လေးစားပြီး ကိုယ်ယုံကြည်ရာလမ်းကိုရဲရဲ
ဆက်လျှောက်ပါတော့မယ်။ဘာပဲဖြစ်ဖြစ်လေ-- ကမ္ဘာတည်သရွေ့ နွေရောက်တိုင်း ငုဝါပန်း
လေးတွေကတော့  ပွင့်နေဦးမှာပါပဲ။
gtalk မှာ ခြေဆော့ရင်တော့ သေလောက်အောင် ရင်ကွဲရမယ်.......
   အလန်းတွေဆိုပြီး မစမ်းချင်ပါနဲ့
   အဲ့ဒီကောင်လေးတွေက အစကတည်းက
      ရမ်းရမ်းကားကား ဖြစ်နေတာ....
    အိုင်စိုးရိမ်စိတ်ကို မိုးရေလေးနဲ့တော့
      မပြေပျောက်ပါနဲ့ သေလောက်အောင်
     နာတဲ့ဝေဒနာက ဖြေဖြောက်စရာ
    ဆေးမရှိဘူးဆိုတဲ့အတိုင်း
      နင်တစ်ယောက်သာ ဒီကောင်က
     စေရောက်..စေချင်သူပါ......
   ကြွေလောက်စရာ စကားမပြောတတ်လို့
    နှင်ထုတ်ကာ ပြန်ခိုင်းလည်း
   လှန်တံတိုင်းတောင် ကျော်နိုင်ပါတယ်
   ဆော်နိုင်တယ့် ဆေးမရှိတာအမှန်ပဲ
 အခုကျန်တဲ့ ကျွန်တော့်ဘ၀ကိုကြည့်
    ဆော်တွေကို ငမ်းပြီး
     ပင်ပင်ပန်းပန်း ရင်ခုန်နေရတာလေ....
       " တစ်ခါတစ်လေကျ "
                                   မသေချာတာတွေက                                     
    ရေရေရာရာဖြစ်လာတတ်တယ်
     နင်စေရာသွားချင်ပေမယ့်
    ကိုယ်က ကယေကယာမှမဟုတ်တာ
     လှိမ့်ချင်သလို လှိမ့်ရအောင်လည်း
  ကိုယ်ဂေါ်လီမဟုတ်သေးဘူးးးးး၊
   နင် ကျေနပ်အောင်တော့ မစွမ်းဆောင်နိုင်ပေမယ့်
 ကျန်ကျောင်းကို အနိုင်ယူဆိုရင်တော့
     မနိုင်တဲ့အဆုံး ရင်ခွင်တောင်းပန်ပြီးး
   သေလောက်အောင် မင်းကိုချစ်ပြအုန်းမယ်...
       ' ယုံမယ်ဆို အခုဒီစာဖတ်တဲ့လူအပေါင်း
      အကြောင်းတစ်စုံတစ်ခုဖြစ်ပြီးး
        အချစ်ကိုခလုတ်တိုက် မနုတ်နိုင်တဲ့ဆူးနဲ့
      နှလုံးသားတည့်တည့်ကို တံခါးစောင့်
        မရှိပဲ ကြွေလောက်အောင်
           ထိမှန်ကြပါစေ လို့ဆုတောင်းပါတယ် '
သတ္တုဓါတ်များအကြောင်းသိကောင်းစရာ
သတ္တုဓါတ်များအကြောင်းသိကောင်းစရာ
လူရယ်လို့ဖြစ်လာတာနဲ့တပြိုင်နက် လူ့ခန္ဓာကိုယ်မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ လိုအပ်တယ်ဆိုတာ ကျွန်တော် တို့ သိခဲ့ကြပြီးဖြစ်ပါတယ် ။ ဒါပေမယ့် လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်သည် အနည်းငယ်မျှသော ပမာဏသာလျှင်ဖြစ်ပါတယ် ။ ဗီတာမင်နဲ့ သတ္တုဓါတ်တစ်မျိုးတည်းကို အများကြီးစားသုံးရုံနဲ့ ပြည့်စုံခြင်းမဟုတ်ပဲ လိုအပ်တဲ့ ပမာဏအနည်းငယ်အလျှောက် သင့်တင့်မျှတစွာ စားသုံးဖို့လိုအပ်ပါတယ် ။ ကဲ ဒီတခါတော့ ကျွန်တော်တို့အားလုံး လူသိနည်းတဲ့ သတ္တုဓါတ်တွေအကြောင်း ဆက်လက်လေ့ လာကြည့်ကြ ရအောင် ။ သတ္တုဓါတ်ဆိုတာ တကယ်တော့ အာဟာရအတွက် ဗီတာမင်တွေလိုပဲ မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တွေ ဖြစ် ပါတယ် ။ အမြဲတမ်းအလုပ်လုပ်နေရတဲ့ သူတွေ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်နေရတဲ့ သူတွေအတွက် လိုအပ်တဲ့ သတ္တုဓါတ်တွေက ဘာတွေလဲဆိုတာနဲ့ သူတို့ကို ဘယ်ကနေရရှိနိုင်သလဲဆိုတာ ကျွန်တော် တို့ လေ့လာကြည့်ရအောင် ။
Iron ( သံဓါတ်)
Haemoglobin လို့ခေါ်တဲ့ သွေးနီဥတွေ ဖြစ်ပွားစေဖို့အတွက် အိုင်းယွန်း ခေ (Zါ် သံဓါတ်ဟာ မရှိမဖြစ်လို အပ်ပါတယ် ။ ဟေမိုဂလိုဘင်တွေဟာ RBC ( သွေးနီဥဆဲလ်)ထဲက ရောင်ခြယ်ဖြစ်ပြီး ခန္ဓာကိုယ် တလျှောက် အောက် ဆီဂျင်တွေကို သယ်ယူပို့ဆောင်ပေးပါတယ် ။ အောက်ဆီဂျင်လိုအပ်တဲ့ ခန္ဓာကိုယ် လုပ်ဆောင် မှုတွေ (အထူးသဖြင့်ကြွက်သားလုပ်ဆောင်မှု) ဟာ ဟေမိုဂလို ဘင်ပမာဏနည်းနေတတ်ပါတယ် ။ အဲဒီအခါ သင်ဟာ သွေးအားနည်းရောဂါ ခံစားရမှာဖြစ်ပြီး အသက်ရှုမ၀တာတွေ ၊ မောပန်းနွမ်းနယ်တာတွေ ၊ ရင်တုန် တာတွေနဲ့ ခေါင်းမူးတာကို ခံစားရနိုင်ပါတယ် ။ သင့်မှာ သွေးအားနည်းရောဂါရှိတယ်လို့ သံသယရှိရင် စစ်ဆေးဖို့လိုအပ်ပြီး ကုသမှုပေးဖို့လိုပါတယ် ။
နေ့စဉ်လိုအပ်တဲ့ သံဓါတ်ပမာဏဟာ 14mg ဖြစ်ပြီး ဒါဟာ 100 g အသားနဲ့ 50 g အစိမ်းရောင်သို့မဟုတ် အညိုရောင် ပဲနီကလေး တို့နဲ့ ညီမျှပါတယ် ။ သံဓါတ်ကိုရရှိနိုင်တဲ့တခြားအရာတွေကတော့ အသည်း ၊ တရုတ်ဆီးသီး ၊ အစိမ်းရောင်အသီးအရွက်များ ၊ ဂျုံ စတာတို့ကနေ ရရှိနိုင်ပါတယ် ။
Calcium ( ကယ်လ်စီယမ်)
သင့်ရဲ့အရိုးတွေသန်မာနေစေဖို့အတွက် ကယ်လ်စီယမ်ကို လိုအပ်ပါတယ် ။ ဒါပေမယ့် ခန္ဓာကိုယ်မှာ ကယ်လ်စီ ယမ် level တွေနည်းနေပြီဆိုရင်တော့ သိရှိဖို့ရာခက်ခဲလွန်းလှပါတယ် ။ လေ့ကျင့်ခန်း လုပ်တာနည်း တဲ့သူ တွေထက် အားကစားသမားတွေက ပိုပြီး စိတ်ဖိစီးမှု ဆိုးကျိုးတွေကို ခံရလေ့ရှိပါတယ် ။ ကယ်လ်စီယမ် ဓါတ်နည်းတဲ့သူ ကယ်လ်စီယမ်ပါတဲ့အစားအစာ စားတာနည်းတဲ့သူတွေဟာ Osteoporosis လို့ခေါ်တဲ့အရိုး ပွရောဂါ ဖြစ်ဖို့များပြီးအရိုးကျိုးလွယ်ပါတယ် ။
နေ့စဉ်လိုအပ်တဲ့ ကယ်လ်စီယမ်ဓါတ်ပမာဏဟာ ၈၀၀ မီလီဂရမ်ဖြစ်ပြီးအဲဒါဟာ အ၀ါရောင်ဒိန်ခဲ လေးဆယ် ဂရမ် ၊ အဆီ နည်းဒိန်ချဉ် ၁၀၀ ဂရမ် ၊ တို့ဖူး ၆၀ ဂရမ်တို့နဲ့ ညီမျှပါတယ် ။ ဒါ့အပြင် အစိမ်းရင့်ရောင်အရွက်များ ၊ ငါး နဲ့ အရိုးတွေဟာလည်း ကယ်လ်စီယမ်ပါတဲ့အစားအစာတွေဖြစ်ပါတယ် ။
Zinc (ဇင့်ဓါတ်)
သင့်ရဲ့ခန္ဓာကိုယ်မှာ ပရိုတိန်းတွေထုတ်လုပ်ဖို့ ခုခံအားစနစ်နဲ့ အနာကျက်ခြင်းစတာတွေအတွက်ဇင့်ဓါတ်ဟာ အလွန်ပဲ အရေးပါပါတယ် ။ စွမ်းအင် ဇီဝဖြစ်ပျက်ခြင်းနဲ့ သက်ဆိုင်တဲ့ အင်ဇိုင်းတွေမှာ ဇင့်ကိုတွေ့ရှိနိုင်ပါတယ် ။ သင်ဟာ ခဏခဏ ပိုးဝင်ခြင်းခံစားနေရတယ် ဒါမှမဟုတ် အနာတစ်ခုဟာ ကျက်ဖို့အချိန်ကြာနေပြီဆိုရင် တော့ သင့်မှာ ဇင့်ဓါတ်တွေနည်းနေတာလို့ ကောက်ချက်ချနိုင်ပါတယ် ။
ဇင့်ရဲ့နေ့စဉ်လိုအပ်တဲ့ပမာဏကတော့ ၇ မီလီဂရမ်ဖြစ်ပြီးတော့ အဲဒါဟာ အမဲသား ၁၀၀ ဂရမ် သီဟိုသရက်စေ့ ၂၀ ဂရမ်တို့နဲ့ ညီမျှပါတယ် ။
Chromium ( ခရိုမီယမ်)
ခရိုမီယမ်ဟာ အင်ဆူလင်နဲ့အတူ သွေးတင်းအချိုဓါတ်ကို ပုံမှန်အတိုင်းလည်ပတ်အောင် လုပ်ဆောင်ပေးပါတယ် ။ လေ့လာ မှုတွေအရ ကြွက်သား တွေ ကြီးထွားသန်စွမ်းဖို့ ထောက်ပံ့ပေးပြီး အဆီကို လည်းကျစေ တယ် လို့ ထောက် ခံပေးထားပါတယ် ။ ခရိုမီယမ်နည်းနေတဲ့အခြေအနေကတော့ သိသာထင်ရှားခြင်းမရှိပါဘူး ။ ဒါပေမယ့် ပုံမှန်လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေ ( ကယ်လိုရီကန့်သတ်ထားသူများ) မှာ ခရိုမီယမ်နည်း တာပို ဖြစ်လေ့ ရှိပါတယ် ။
သီးသန့်သတ်မှတ်ထားတဲ့ Recommeded daily allowance တန်ဖိုးမရှိပါဘူး ။ ဒါပေမယ့်ခရိုမီယမ်ကို တော့ အမဲသား ၊ အသည်း ၊ ဥအမျိုးမျိုး ၊ ကြက်သား ၊ ပန်းသီးနဲ့ yeast စတာတွေကနေတဆင့်ရရှိနိုင်ပါတယ် ။
Magnesium (မက်ဂနီဆီယမ်)
အစားစာတွေထဲကနေ energy လို့ခေါ်တဲ့စွမ်းအင်ထုတ်လုပ်ဖို့အတွက် မက်ဂနီဆီယမ်ကို လိုအပ်ပါတယ် ။ မက်ဂနီဆီယမ်ဟာ နှလုံးကြွက်သားတွေ ကျုံ့ဖို့ ၊ အာရုံကြောတွေနဲ့ကြွက်သားတွေ သန်မာဖို့အတွက် အလွန်ကို အသုံးဝင် ပါတယ် ။ မက်ဂနီဆီယမ် မြင့်မားမှုဟာ အဆုတ်ကြပ်ခြင်းကို ကူညီပေးနိုင်ပြီး ဂနာမငြိမ်ဖြစ်ခြင်း ၊ ကြွက်တက်ခြင်းများ စတာတွေကိုလည်းလျော့ကျစေနိုင်ပါတယ် ။
နေ့စဉ်လိုအပ်တဲ့ မက်ဂနီဆီယမ်ပမာဏကတော့ ၃၀၀ မီလီဂရမ်ဖြစ်ပြီး အဲဒါကို ဘရာဇီးအစေ့ ၅၀ ဂရမ် ကိုကာ အမှုန့် ၂၀ ဂရမ် စတာတွေကနေရရှိနိုင်ပါတယ် ။ မက်ဂနီဆီယမ်ကိုရရှိနိုင်တဲ့တခြားအရာတွေကတော့ အစိမ်းရောင်အရွက်များ ၊ အစေ့အဆံများ ဂျုံ ၊ အသား ၊ ငါး ၊ ဥစားကြက် စသည်တို့ပဲဖြစ်ပါတယ် ။
ဒါကြောင့် သတ္တုဓါတ်တစ်မျိုးစီဟာလည်း ခန္ဓာကိုယ်အတွက်အလွန်အသုံးဝင်တဲ့အရာတွေဖြစ်ပြီး သတိမထား မိတဲ့ နေ့ စဉ် အစားအသောက်တွေကနေတဆင့်ရရှိနေပါတယ် ။ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အလေ့ အ ကျင့်ကောင်းများ ၊ အစားအသောက်များကို သင့်တင့်မျှတစွာ သုံးစွဲခြင်းအားဖြင့် ကျန်းမာပြည့် စုံတဲ့လူနေ မှုဘ၀ကို ရရှိနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း အဆုံးသတ်လိုက်ပါတယ် ။
တရုတ်ပြည်ရဲ.လိပ်ပြာလေးစုံတွဲအကြောင်.
ဒီပြင်ပုံကိုတော.သိကြတဲ.လူတွေလည်းများသလို    မသိတဲ.လူတွေလည်းရှိနေသေးတယ်လို.တော.ထင်ပါတယ်လေ
ဟိုးရှေ.ရှေ.တုန်းက   တရုတ်ပြည်က ကျူးရင်ထိုင်ခေါ် ကောင်မလေး  တယောက်ရှိတယ်  သူမလေးက  သူဌေးကြီးအရာရှိရဲ.သမီးပေါ  .ကျောင်းတက်ချင်လို.ဆိုပြီး  ကောင်လေးသဏ္ဌန်နဲ.ကျောင်းခိုးခိုးတက်ခဲ.ရတယ်လေ   ကျောင်းမှာသူမနဲ.အခန်းတခန်းတည်းမှာ  တူတူနေရတဲ.  ဆင်းရဲသား (  လျန်ဆန်ပေါ်   )  နဲ.တနေ.ပြီးတနေ. ခင်ကြပြီး  ကြာသော်  ကောင်မလေးဖြစ်နေမှန်းသိသွားသော်  ချစ်ကြိုးသွယ်ပြီး  သံယောဇဉ်တွေကြီးမားလာခဲ.တဲ.ချိန်မှာပဲ  ကောင်မလေးအိမ်က  သူမလေးကို  သူဌေးသားတစ်ယောက်နဲ.ပေးစားမယ်လို. သတင်းထွက်လာတယ်   အဲချိန်ကစပြီး  ဆင်းရဲသား  (လျှန်ဆန်ပေါ်)  က  ဝမ်းနည်းပြီး   နှလုံးရောဂါတွေရလာတယ်လေ  ဆင်းရဲပြီး  အလုပ်ကြမ်းလုပ်ရတဲ.ကြားက  ဒီလိုအသည်းကွဲစေမယ်.သတင်းကထွက်လာရော     ကောင်မလေးမင်ဂလာမဆောင်ခင်   တခါခိုးတွေ.ကြပြီး    နောင်ဘဝမှာတူတူနေဖို.ချိန်းတွေ.ပြောဆိုပြီး  နောက်ရက်မှာပဲ
်ကောင်လေးတယောက်ဝမ်းနည်းကြေကွဲပြီးသေဆုံးသွားတယ်      နောက်တလကြာသော်  ကောင်မလေးက  သူဌေးသားနဲ.မင်ဂလာဆောင်ဖို.   သတိုသားအိမ်သို.သွားတဲ.ခါ    (လျန်ဆန်ပေါ်)  ဂူသင်ချိုင်း  မှာခေတ္တာရပ်ပေးရန်တောင်းဆိုခဲ.တယ်   သူတို.ချစ်ခြင်းကိုသိနားလည်ကြတဲ.ရွာသားတွေလည်းသနားကြပြီ  ရပ်ပေးလိုက်တယ်    ဒီတော.  (ကျူးရင်ထိုင်)တယောက်    သူ.ချစ်သူရဲ.ဂူရှေ.မှာပဲ   သီချင်းဆိုပြီးအားရပါးရ  ငိုကြွေးခဲ.တယ်     ခဏကြာသော်  မိုးချိုန်းပြီးဂူလေးကအက်သွားပြီး  ငိုကြွေးနေသော  ကောင်မလေးကို  ဘယ်ကအရှိန်နဲ.လေးမသိ  ဂူထဲသို.   ဆွဲခေါ်သွားတာပဲ     ပြီးတော.  မိုးလဲရပ်  နေလဲပြန်ထွက်လာတဲ.ချိန်မှာပဲ  ဂူထဲကနေ  လိပ်ပြာလေးနှစ်ကောင်ပြန်သန်းထွက်လာတာကိုရွာသူရွာသားအားလုံးက   ဒါ  ချစ်သူနှစ်ယောက်ဝိညာဉ်ပဲတဲ.သူတို.အခုဘယ်သွားသွားမခွဲကြတော.ဘူး    ထာဝရတူတူနေရပြီတဲ.
ကဲ  ပုံပြင်ဆုံးပြီ    ပြောပြချင်တာက   လိပ်ပြာလေးကို ကြည်.ပါ  ဘယ်ချိန်မဆို  နှစ်ကောင်တွဲနေတတ်တယ်လေ    အဲဒါရှေ.ဘဝက တူတူမနေခဲ.ရတဲ.  စုံတွဲဝိညာဉ်တွေပါပဲ(  ရေးတာမကြိုက်လည်းသည်းခံကြပါနော်       မမတယောက်  အခုခံစားရတဲ.  ချစ်ချင်းက  ပုံပြင်ထဲကလိုဖြစ်နေလို.ပါ   အနေဝေး    နေရပ်ခြား   နေရာကွာ   တဲ.အချစ်မျိုး   စိတ်လေးရင်မောရတယ်လေ) 
နှုတ်ဆက်ခဲ့ပါတယ် ချစ်သူ
မင်းနဲ့ ပတ်သက်သမျှ..
အရာရာကို နှုတ်ဆက်လိုက်ပါပြီ..
ငါ့ရင်ဘတ် နှလုံးသွေးစက်တိုင်းမှာ..
စွန်းထင်နေတဲ့ တစ်ခုတည်းသော..
နင့်နာမည်ကိုလည်း..
မရရအောင် ဖျောက်ပစ်တော့မှာပါ ချစ်သူ...
ငါနဲ့ ပတ်သက်သမျှအရာရာကိုလည်း..
အရင်လိုပဲ..
စွန့်ပစ်နိုင်ပါစေ..
အရင်လိုပဲ..
စိမ်းကားနိုင်ပါစေ ချစ်သူ..
နင့်ကြောင့်..
ငိုကြွေးခဲ့ရတာတွေ..
နင့်ကြောင့်..
နေ့ရက်တွေထဲ..
ခေါင်းမဖော်နိုင်ခဲ့တာတွေ..
ငါ မခံစားနိုင်တော့ဘူး ချစ်သူ..
နင်မပါတော့တဲ့..
လမ်းတွေပေါ်..
ငါ တစ်ယောက်တည်း..
ထွက်သွားပါတော့မယ်..
နှုတ်ဆက်ခဲ့ပါတယ် ချစ်သူ...
“ချစ်သူ”
ချစ်သူ...................
မင်းနဲ့ဆုံတွေ့ သောနေ့ရက်
ရင်မှာချစ်ခြင်း
စတင်တည်ထောင်
မထင်မှတ်ခဲ့...............
မင်းလေးရဲ့မာန
မထင်ထားသော
ရင်တွင်းစကား
အမုန်းမီးတွေပွားခဲ့
ချစ်ရသူရင်တွင်း
အမုန်းလေးတွေပြည့်နှက်
ထင်မြင်ချက်တွေ
ပျက်ပြား
မင်းရဲ့အမုန်းတရား
ငါ့အချစ်အား
ပျက်ရယ်ပြုစား
မင်းထားသွားခဲ့
ချစ်ခြင်းလေးတွေပြည့်နှက်
ငါ့ရင်တွင်းစကား
မုသားဟုမင်းထင်မြင်
မခံချင်ပေမဲ့
မည်မျှကုစားမရ။
ဆွဲဆောင်မူအရှိဆုံးအမျိုးသမီး10ဦးရွေးချယ်
သင့်..ကောဘယ်သူကိုရွေးချယ်မလဲ....သင့်သဘောက...ဥယျာဉ်မှူးလေး...မှ..၁..ပါ...သင့်က...
ကမ္ဘာ့အကြီးဆုံး လိပ်ပြာကြီးတစ်ကောင်
ကမ္ဘာ့အကြီးဆုံး လိပ်ပြာကြီးတစ်ကောင်ကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဟိမ၀န္တာဒေသရှိ လမ်းတစ်ခုပေါ်၌ နားနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ အဆိုပါလိပ်ပြာကို Attacus သို့မဟုတ် Atlasဟုခေါ်ပြီး သူ၏ဗြက်သည် ၂၅စင်တီမီတာ(တစ်ပေ) ရှိကြောင်း သိရသည်။ ဆန်ဒစ်ရှ်ကာဒါ ဆိုသူသည် ကားမောင်းလာစဉ် ဟိမ၀န္တာအရှေ့ပိုင်း၌ အဆိုပါလိပ်ပြာကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ အဆိုပါ အကောင်သည် အရွယ်အစား ကြီးမားသော်လည်း လူများအတွက် အန္တရာယ်မရှိ ဟုဆိုသည်။ အဆိုပါ လိပ်ပြာအမျိုးအစားကို အရှေ့တောင် အာရှဒေသရှိ သစ်တောများအတွင်း တွေ့ရှိရလေ့ရှိပြီး အထူးသဖြင့် မလေးကျွန်းစု တစ်လွှား၌ တွေ့ရှိရတတ်သည် ဟုဆိုသည်။
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့