Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 26 March 2012

ရှိနေဆဲပါ...................။

မင်းနဲ့ ငါနဲ့ဝေးနေရတာ ခုဆို
၎နှစ်တာ ကာလကြာနေပြီနော်
ကိုယ်ချစ်ရသူ

ဘယ်ဆီကိုမင်းရောက်လို့

ဘာတွေကိုမင်းလုပ်နေလဲ
ကောင်မလေး

ကိုယ့်ရင်ထဲမှာတော့

အနေဝေးနေပေမဲ့လည်း
မင်းနဲ့ ခွဲခွာနေရတာ
မနေ့တနေ့ကလိုပါပဲလားနော်

ဒီအချိန်ဆိုမင်းဘာလုပ်နေမလဲ

ငါကတော့ မင်းအကြောင်းကိုအချိန်တိုင်း
တွေးနေမိတယ် ကောင်မလေး
မင်းရော ဒီအချိန်ဆို
ဘာလုပ်နေမလဲ......................

ကိုယ်ကတော့

အမြဲတမ်း မင်းပြန်လာမယ့်နေ့ကို စောင့်နေဆဲပါ

မင်းလေးယုံအောင်

ကိုယ် သက်သေပြမယ်

မင်းပြောခဲ့တဲ့အတိုင်း ကိုယ် မင်းတစ်ယောက်ကိုပဲ စွဲစွဲမြဲမြဲချစ်နေဆဲ

မင်းပြောခဲ့တဲ့အတိုင်း ကိုယ် ဆေးလိပ်မသောက်တော့ဘူး
မင်းပြောခဲ့တဲ့အတိုင်း ကိုယ် ကွမ်းမစားတော့ဘူး
မင်းပြောခဲ့တဲ့အတိုင်း ကိုယ် မိုးချုပ်တွေ အပြင်မသွားတော့ဘူး
မင်းပြောခဲ့တဲ့အတိုင်း ကိုယ် ရန်မဖြစ်တော့ဘူး

ဒါမဲ့ မင်းမပြောခဲ့တာ တခုမကတော့ရှိပါသေးတယ်

မင်း ဘယ်တော့ပြန်လာမလဲ ဆိုတာ
မင်း ကိုယ့်ကို အရမ်းချစ်တယ် ဆိုတာ
မင်း ကိုယ့်ကို သတိရနေမယ် ဆိုတာ
မင်း ကိုယ့်အပေါ်မှာ စွဲစွဲမြဲမြဲချစ်နေမယ် ဆိုတာ
မင်း ကိုယ့်ကလွဲပြီး နောက်တစ်ယောက်ကို မချစ်ဘူးဆိုတာ

နောက် မင်းကိုယ့်ကိုမမှာခဲ့ပေတာကတော့

မင်းပေးခဲ့တဲ့ လက်စွပ်လေးကို ကိုယ့်ရဲ့ညာဘက်လက်သူကြွယ်မှာ
မင်းဝတ်ပေးခဲ့စဉ်ကအတိုင်း ရှိနေဆဲပါ......ကိုယ်ချစ်ရသူ........................။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့