Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 30 March 2012

♀ ♥ ♂ “အချစ်နှင့်ကခုန်ခြင်း” ♀ ♥ ♂



♀♂ ကောင်လေးတစ်ယောက်နဲ့
ကောင်မလေးတစ်ယောက်
ပျော်ရွှင်မှုတွေပိုက်လို့
တစ်စိုက်တစ်မတ်
ခရီးနှင်နေကြလေရဲ့○○
○○○  မိုးမမြင် လေမမြင်ပေါ့  ○○○
☼ ကောင်းကင်ရဲ့အသံ
☼ မြေကြီးရဲ့အရသာ
ဘာတစ်ခုကမှ
မဆွဲဆောင်နိုင်ကြဘူး ○○○
ဘယ်အရာမှ မတည်မြဲရင်နေ
“စိတ်ကူးတွေလတ်ဆတ်နေရမယ်”
ဆိုတဲ့ အသိ ○○○
“သစ္စာတွေ ခိုင်မာနေရမယ်”
ဆိုတဲ့ အယူအဆ တွေနဲ့
မေတ္တာတွေ စိုက်ပျိုးကြလေရဲ့○○○
နားခိုရာ ဒေသအဖြစ်
မုန်တိုင်းပဲ ထန်ထန်
လေနီတွေပဲကြမ်းကြမ်း
တစ်ယောက်ရင်ကို တစ်ယောက်
တိုးဝှေ့နေရယုံနဲ့
လုံလောက်နေစေတယ် ○○○
အဲဒီယဉ်ကျေးမှုကို
“ဖွင့်ဆိုချက်တိုင်း မလုံလောက်စေခဲ့ဘူး”
“စိတ်ကူးတွေ တိုက်စားတိုင်းလည်း
ကုန်ခမ်း မသွားနိုင်ခဲ့ဘူး”
ဟိုး ရှေး ရှေး တုန်းတည်းကပေါ့
“အချစ်”ဆိုတဲ့ “အင်ပါယာ” ရှိခဲ့တယ်..
 နောင်နှစ်ပေါင်းများစွာထိ  ♥

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့