Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 30 March 2012

အဆိပ်သင့်ပန်းတစ်ပွင့်ရဲ့ခံစားချက်

လေလွင့်ခြင်း လမ်းမထက်
မျှော်လင့်ချက်မဲ့နေသူဟာ ကိုယ်ပါ
ပျော်ရွှင်ခြင်း အိပ်မက်တွေလည်း
ကိုယ်နဲ့မသက်ဆိုင်
ဝေးလွင့်သွားခဲ့ပြီပဲ........

အတိတ်က ပုံရိပ်ဟာ
မတည်မြဲတဲ့ လောကတရားရဲ့
ပြောင်းလဲခြင်းအောက်
ပြိးဆုံးပျောက်ကွယ်သွားခဲ့ပေမယ့်
စိတ်ရဲ့ဖြစ်တည်မှုကို
မလွန်ဆန်နိုင်တာကြောင့်
မဆုံးသေးသောသတိရခြင်းမှာ
ငြိတွယ်တတ်ဆဲပါ.........

ဘ၀နှင့်ဆန္ဒ
တစ်ထပ်တည်းကျဖို့
မဖြစ်နိုင်တာကို သိပေမယ့်
တွယ်ရာမဲ့လွင့်မျောနေတဲ့တိမ်ကိုမှ
မြတ်နိုးတွယ်တာမိတာ
ကိုယ့်ရဲ့အပြစ်ပါ..........

ကဗျာမဆန်တဲ့ အလွမ်းတွေနဲ့
ဒဏ်ရာမဲ့အနာတွေကြောင့်
ရင်ထဲမှာ မုန်တိုင်းထန်နေပြီ
ဆုတောင်းတိုင်းသာပြည့်နိုင်မယ်ဆိုရင်
တောင်းဆုတစ်ခုကို ပြုချင်ပါတယ်
ခံစားချက်မဲ့တဲ့ နှလုံးသားကိုသာ
                   ပိုင်ဆိုင်ပါရစေ.................

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့