Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Friday 30 March 2012
ပိတောက် နဲ့ ငုဝါ
ရွှေဝါရောင် ငုဝါပန်းကလေးကပြောတယ်....။
ပိတောက်လေးရယ်......
တစ်ချိန်ကတော့ နင့်ကို
တစ်နှစ်မှာ တစ်ခါ
တစ်ခါမှာတစ်လ
တစ်လမှာ တစ်ကြိမ်သာ ပွင့်တဲ့ပန်းရယ်လို့ 
နန်းမဆန်ပေမယ့် အဖိုးတန်ပန်းလို ပန်ကြတယ်နော်...။
ဖူးငုံပွင့်စ ရွှေအိုရောင်ပိတောက်လေးက
မ၀ံ့မရဲလေး ဆိုတယ်...။
ဒီလိုပဲပေါ့ ငုဝါပန်းကလေးရယ်....
ဘယ်အရာမှ မမြဲတဲ့ဓမ္မတာ
ဘုရားရှင်တောင် ပရိဗ္ဗာန်စံရတဲ့အဖြစ်
မနှစ်ကလို  တို့ ပိတောက်တွေ
ရွှေဝါရောင် မတောက်နိုင်သေးပေမယ့်
မိုးတစ်ဖြိုက်ရွာ
တစ်ဗီဇနာ (မျက်တခတ်)အကြာမှာ  
မြင်သူမှန်သမျှဖြင့်
ရင်နင့်အောင်မွှေးဖို့ 
အသင့်ပါကွယ်...။
No comments:
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့